

တခြား Mobile Phone များအတွက် Opera Browser ကို အသုံးပြုနိုင်ပါသည်။
Android version 2.1တွင် မြန်မာလို မမြင်ရပါ။ Android version 2.2 နှင့် ဒီထက်မြင့်သော Android Version များပါရှိသော Mobile, Tablet များကို အသုံးပြုက မြန်မာလို မြင်ရ နိုင်ပါသည်။
e-Book in Myanmar
ဓမ္ဓ ကျမ်းစာများ
အောက်ပါ နာမည် အစီအစဉ်များမှာ ၀ါအလိုက်၊ ဘွဲ့ အလိုက်၊ နာမည်ကျော်ကြားမှု အလိုက် စီစဉ်ထားခြင်း မဟုတ်ပါ။
မှတ်ချက်....
webmaster များ၊ eBook ဒါနပြုလိုသူများအတွက် dhammadownload မှ အကြံပြုချက်
မြန်မာနိုင်ငံတွင် လက်ရှိ စာအုပ်များကို Size မျိုးစုံဖြင့် ထုတ်ဝေနေကြပါသည်။ ထိုစာအုပ်များကို နည်းမျိုးစုံနှင့် scan ဖတ်ပြီး eBook များအဖြစ် ဓမ္မဒါန ပြုလုပ်နေကြပါသည်။
scanner မျိုးစုံရှိနေသလို scan ဖတ်သောနည်းမျိုးစုံရှိသဖြင့် eBook စာအုပ် quality မျိုးစုံ ဖြစ်နေသည်ကို ကြုံတွေ့ရပါသည်။
ရုံးများရှိ photo copier စက်များကလဲ PDF scanning လုပ်လို့ရသဖြင့် တချို့သော eBook များသည် ရုံးများရှိ photo copier များမှ scan ဖတ်ထားဟန်တူပါသည်။
ဤနေရာတွင် အောက်ပါ အကြောင်းအရာကို တင်ပြလိုပါသည်.
၁) scan ဖတ်သည့်အခါ စာအုပ် ချုပ်ရိုး နေရာတွင် အမဲရောင်များ ထင်ပေါ်နေခြင်း
၂) စာအုပ် size သည် Standard Paper Size များဖြစ်သော A4, A5, B4, B5 စသည်များနှင့် အံဝင်ခွင်ကျ မဖြစ်ခြင်းကြောင့် စာသားများနှင့် ထက်၊အောက်၊ဘေး အကွာအဝေးTop/Bottom/left/right margin များသည် စာမျက်နှာ တခုနှင့်တခု တူညီစွာ မရရှိခြင်း
၃) စာအုပ်ထူ နေလျှင် scan ဖတ်သည့်အခါ တပြေးညီ flat surface မရဘဲ အလည်ခေါင်ချုပ်ရိုးက ဖေါင်းကြွလာသည့်အလျှောက် အလည်မှ အမဲရောင်များ ပိုမိုများပြားလာခြင်၊ စာမျက်နှာမှ စာကြောင်းများ ဖြောင့်တန်းမှုမရှိပဲ ကောက်ကွေးလာခြင်း..
၎) စာမျက်နှာ နှစ်ဘက်ကို auto duplex ဖြင့် scan ဖတ်လျှင် စာရွက်များ စက်ထဲတွင် ညပ်ခြင်း၊ စုတ်ပြဲခြင်းတို့ ကြုံတွေ့နိုင်ပါသည်။
၅) eBook ကို download လုပ်ပီး ပြန်လည် Print out လုပ်ပီး ဖတ်လေ့ရှိသော စာဖတ်သူများသည် double sided print လုပ်လိုပါက အထက်ဖေါ်ပြပါ ပြသနာ(၂)မှ Margin များ မတူညီမှုကြောင့် ကောင်းမွန်သော စာဆောင်အဖြစ် ပြန်လည် Print လုပ်ဖို့ အခက်အခဲရှိပါသည်...
သို့ဖြစ်ပါ၍ dhammadownload မှ eBook များကို scan လုပ်သည့် နည်းစနစ်ကို မျှဝေလိုပါသည်။
scanner ကို fujitsu scan snap အမျိုးအစား အသုံးပြုပါသည်။
http://www.fujitsu.com/global/services/computing/peripheral/scanners/ss/lineup/
ဤ scanner သည် sensor ၂ခုပါသဖြင့် scanner ၂ခုကို အပေါ်အောက်ထပ်ြပီးတပ်ဆင်ထားသကဲ့သို့ဖြစ်ပါသည်။ တခါ scan လျှင် စာမျက်နှာ ၂ဘက်စလုံးကို တပြိုင်နက်တည်း scan ဖတ်သွားသဖြင့် left/right margin တွေ တထပ်တည်း ရရှိသလို စာရွက်ညပ်ခြင်း၊ စုတ်ပြဲခြင်းမှလည်း သက်သာစေပါသည်။
စာအုပ်ကို scan ဖတ်လိုလျှင် .. စာအုပ်၏ ချုပ်ထားသော အနှောင့်ကို ဒါးဖြင့်သော်လည်း၊ ဖြတ်စက်ဖြင့်သော်လည်း၊ လှီးဖြတ်လိုက်ပါက စာအုပ်မှသည် စာရွက် တရွက်ခြင်း ရပါသည်။ ဤသို့ တရွက်စီဖြစ်အောင်လှီးဖြတ်လိုက်သဖြင့် အထက်ဖေါ်ပြပါ ပြသနာ (၁) စာအုပ်ချုပ်ရိုးနေရာတွင် အမဲရောင်များ ပေါ်ပေါက်မှုမှ သက်သာစေပါသည်။
fujitsu Scanner Driver များတွင် Twain driver and scansnap driver ဟု ၂ မျိုးရှိပါသည်။ scan snap driver သည် paper size ကို မိမိကြိုက်နှစ်သက်သလို custom size လုပ်ရ လွယ်ကူပါသည်။ scan ဖတ်မည့် စာအုပ်၏ အလျား၊ အနံ အတိုင်းအတာကို ပေတံတချောင်းဖြင့် တိုင်တာပီး scan snap manager software ထဲ မှ custom paper size နေရာတွင် ဖြည့်စွက်ပီး.. eBook paper size ကို အလို အပို မရှိပဲ scan ဖတ်နိုင်ပါသည်။