ဘဒ္ဒန္တတိလောကာဘိဝံသ

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

 

ဘဒ္ဒန္တတိလောကာဘိဝံသ


အဂ္ဂမဟာပဏ္ဍိတ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ
အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်
လက်ရှိ ပဓာန မဟာနာယကဆရာတော်

 

ဟောကြားတော်မူသော တရားတော်များ

 

 

 

***************************************************************************************************

ဆရာတော် အရှင်တိလောကာဘိဝံသ၏ ထေရုပ္ပတ္တိအကျဉ်း


ဖွားမြင်တော်မူခြင်း
ဆရာတော်ဘဒ္ဒန္တတိလောကာဘိဝံသသည် ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ ညောင်ပင်သာရွာ၊ ခမည်းတော် ဦးဘဖေ+မယ်တော် ဒေါ်စောစိန် တို့မှ ၁၃၀၀ ပြည့်နှစ်၊ တပေါင်းလဆန်း၁-ရက်၊ စနေနေ့နံနက် ၄နာရီအချိန်တွင် ဖွားမြင်သော စတုတ္ထမြောက် သားရတနာဖြစ်ပါသည်။

ရှင် ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၆ နှစ်သားအရွယ်တွင် တစ်ကြိမ်၊ ၁၅ နှစ်သားအရွယ်တွင်တစ်ကြိမ်၊ ဇလွန်မြို့နယ်၊ ညောင်ပင်သာကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသကို ဥပဇ္ဈာယ်ပြု၍ ခမည်းတော်+မယ်တော်တို့၏ ပစ္စာယာနုဂ္ဂဟ ကိုခံယူကာ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်၊ ဘွဲ့တော်မှာရှင်တိလောက ဖြစ်ပါ သည်။ ၁၃၂၀ ခုနှစ်၊ ကဆုန်လဆန်း ၁၀ရက်၊ တနင်္ဂနွေနေ့ သက်တော် ၂၀ အရွယ်တွင် ဇလွန်မြို့နယ်၊ ပကွဲ ကျောင်းဟောင်းဆရာတော် ဘဒ္ဒန္တစန္ဒာဝရကို ဥပဇ္စ္စ္စ္ဈာယ်ပြု၍ ညောင်ပင်သာကျေးရွာနေ နောင်တော်ဖြစ်သူ ဦးမျက်ပြူး + ဒေါ်သိန်းရင် တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ညောင်ပင်သာကျောင်း ခဏ္ဍသိမ်တော်၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

စာပေပရိယတ္တိ သင်ကြားဆည်းပူးတော်မူခြင်း
ဆရာတော်လောင်းလျာသည် ညောင်ပင်သာရွာဦးကျောင်းဆရာတော် နှင့်ညောင်ဦးမြို့နယ်၊ ကံကြီးကုန်းရွာ တောင်ကျောင်းဆရာတော် ဦးဝါသ၀ တို့ထံတွင် အခြေခံမှစ၍ ပိဋကတ်ကျမ်းစာ များကိုသင်ယူဆည်းပူးတော် မူခဲ့ပြီး ၁၃၁၇ ခုနှစ်တွင် မြင်းခြံမြို့၊ ကိုးဆောင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ
ဇောတိကဓဇ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တသောဘိတထံတွင် မူလတန်းမှ၊ အစိုးရ ဓမ္မာစရိယ ပြီးသည့်တိုင်အောင် ၉နှစ်ခန့် ပိဋကတ်ကျမ်းစာများကို သင်ယူဆည်းပူးတော်မူခဲ့ပါသည်။ ထို့နောက် မန္တလေးမြို့၊ ချမ်းသာကြီးတိုက်၊ ညောင်ကန်တိုက်၊ ရန်ကုန်မြို့ခြောက်ထပ်ကြီးတိုက်တို့တွင် လှည့်လည် သီတင်း သုံးလျက် စာချအကျော် ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို လေ့လာသင်ယူတော်မူခဲ့ပါသည်။

အောင်မြင်တော်မူခဲ့သော စာမေးပွဲများ
နိုင်ငံတော်အစိုးရ အဘိဓမ္မာစာမေးပွဲ ပထမ၊ ဒုတိယ၊ တတိယ - ၃ဆင့်၊ ဋီကာကျော် ဂုဏ်ထူးဆောင် ပထမ၊ ဒုတိယ၊ တတိယ - ၃ဆင့်၊ ဇလွန်မြို့နယ် လယ်ဦးကျောင်း၌ ကျင်းပသော ဝိနယ မူလတန်းနှင့် ဝိနယန္တရိက သြင်္ဂ ိုဟ်တန်း၊ မြင်းခြံမြို့၊ ကိုးဆောင်တိုက် သဒ္ဓမပါလ စာမေးပွဲ ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ စာချတန်း၊ နိုင်ငံတော်အစိုးရ ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ သာသနဓဇဓမ္မာစရိယ (တစ်နိုင်ငံလုံး ဒုတိယ) သာသနဓဇ သိရီပဝရ ဓမ္မာစရိယ (ပဋိသမ္ဘိဒါမဂ်မြန်မာဂုဏ်ထူး) မန္တလေး သကျသီဟ စာသင်တန်း၊ ဓမ္မာစရိယ တန်း တို့ကို အောင်မြင်တော်မူခဲ့ပါသည်။

စာပေကျမ်းဂန်သင်ကြားပို့ချတော်မူခြင်း
ညောင်ဦးမြို့နယ်၊ ကံကြီးကုန်းရွာ၌၁၃၂၈-၂၉ခုနှစ်တွင် ဘကမူလတန်း ဆရာအဖြစ် လည်းကောင်း၊ မြင်းခြံမြို့၊ ကိုးဆောင်တိုက်၌ ၁၃၂၉ ခုနှစ်တွင် စာချဂဏဝါစကအဖြစ် လည်းကောင်း၊ အင်းစိန်မြို့ရွာမပရိယတ္တိစာသင် တိုက်၌ ၁၃၃၂ခုနှစ်မှ ယနေ့တိုင်အောင် တာဝန်ခံစာချအဖြစ်လည်းကောင်း၊ စာပေပရိယတ္တိများကို ပို့ချတော်မူခဲ့ ပါသည်။ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) စတင်ဖွင့်လှစ်ချိန်မှစ၍ ၁၃၅၀ ခုနှစ်အထိ ၄နှစ်ခန့် အဘိဓမ္မမဟာဌာန နာယက (ပါမောက္ခ) ၊ ဒုတိယနာယကချုပ်(ဒုတိယပါမောက္ခချုပ်) အဖြစ်တာဝန်ယူ၍ စာပေ ကျမ်းဂန်များကို သင်ကြားပို့ချတော်မူခဲ့ပါသည်။

ရေးသားပြုစုသော ကျမ်းစာများ
စာပေပရိယတ် ပို့ချတော်မူရင်း စာသင်သားများနှင့် သုတေသီတို့အတွက် ကျမ်းဂန်များ ပြုစုရေးသားခဲ့သည်၊ ယင်းကျမ်းစာများမှာ-
(က)အဖြေစုံ ၇ကျမ်း (စနစ်ဟောင်းငယ်၊လတ်၊ကြီး အဖြေစုံ ၃ ကျမ်း၊ စနစ်သစ်မူလ၊ ငယ်၊ လတ်၊ ကြီး အဖြေစုံ ၄ ကျမ်း) ၊
(ခ) လက်ဆောင်ကျမ်း ၁၁ ကျမ်း (မာတိကာဓာတုကထာ လက်ဆောင်၊ ယမက လက်ဆောင် ၂ ကျမ်း၊ ပဋ္ဌာန်းလက်ဆောင်၊ ပဋ္ဌာန်းပို့ချစဉ်လက်ဆောင်၊ အဘိဓမ္မာလက်ဆောင်၊ ဆန်းလက် ဆောင်၊ ပါဠိသဒ္ဒါအသုံးအနူန်းနှင့် ပါဠိစာပေ ကောက်နူတ်ချက်လက်ဆောင်၊ သဒ္ဒါလက်ဆောင်၊ သုတ်နက်လက် ဆောင်၊ သဒ္ဒါကြီးနိဿယလက်ဆောင်)။
(ဂ) ဗဟုသုတပညာပေး ၆ကျမ်း (ရဟန်းခံရှင်ပြုအကြောင်း၊ ကိုးကွယ်မှုဆိုင်ရာသိစရာနှင့်ဗုဒ္ဓသာသနာ့သမိုင်း၊ စေတီပုထိုး၊ မဲလံဆံတော်ရှင်၊ သကျမုနိ၊ လက်ရွေးစင် ဆောင်းပါးများ၊ ပရိတ် +ဂါထာ+ မန္တန်စသော ပုံနှိပ်ပြီး ကျမ်းပေါင်း ၂၄ကျမ်း နှင့် ဂန္ထာဘရဏနှင့် ဘုရားကြီးနိယံလက်ဆောင်၊ အဋ္ဌသာလိနီ အဖြေစုံစသော ပုံမနှိပ် ရသေးသည့် ကျမ်းများကို ရေးသားပြုစုတော်မူခဲ့ပါသည်၊
ယခု နောက်ဆုံး ရေးသားခဲ့သည်မှာ မြန်မာ့သာသနာ့သမိုင်းတွင် အထင်ကရအနေဖြင့် သမိုင်းတွင်ကျန်ရစ်မည့် ပါဠိဘာသာဖြင့် ရေးသားခဲ့သည့် ပရိတ်ကြီးဋီကာသစ်ခေါ် ပရိတ္တအဘိနဝဋီကာကျမ်းနှင့် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်သစ်ကျမ်းများ ဖြစ်ပါသည်။

သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်း
ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်း ပထမအကြိမ် မြို့နယ်နှင့်တိုင်း ဝိနည်းဓိုရ်၊ ဒုတိယအကြိမ် အင်းစိန်မြို့နယ် သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တတိယအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်နှင့် တောင်တန်း သာသနာပြု သြဝါဒါစရိယ၊ အင်းစိန်မြို့နယ် ပထမပြန်စာမေးပွဲကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) အဘိဓမ္မပါမောက္ခ၊ ဒုတိယနာယကချုပ် (ဒုတိယပါမောက္ခချုပ်) ၊ ပဉ္စမအကြိမ် နိုင်ငံတော် သံဃာ့မဟာနာယက၊ ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက တွဲဖက်အကျိုးတော် ဆောင်၊ နိုင်ငံတော်သံဃမဟာနာယက ဒုတိယ ဥက္ကဋ္ဌ၊ အဘိဓမ္မာ ပြန့်ပွားရေးအသင်း ပရိယတ္တိနုဂ္ဂဟအသင်း စသော အသင်းများ၏ သြဝါဒစရိယ တာဝန်များကို ထမ်းဆောင် တော်မူခဲ့ပါသည်။ ၎င်းပြင်နွေရာသီ ယမိုက်+ပဋ္ဌာန်း+ဆန်းစသောသင်တန်းများကို ရန်ကုန်မြို့မင်္ဂလာဗျူဟာအသင်း၌ ၃-နှစ်၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်၌ ၁၄-နှစ်၊ ပဲခူး၊ မန္တလေး၊ တောင်ကြီး၊ ကလေးမြို့တို့၌ အခါအားလျော်စွာ လှည့်လည် ပို့ချတော်မူခဲ့ပါသည်။ လူဝတ်ကြောင်များအတွက် အဘိဓမ္မာသင်တန်းများကိုလည်း အဘိဓမ္မာ စာမေးပွဲများ ဖြေဆိုနိုင်သည်အထိ ၁ နှစ် ၂ ကြိမ်ခန့်ပို့ချပေးတော်မူခဲ့ပါသည်။ ရဟန်းခံ သိမ်သမုတ်စသော ကံကြီး၊ ကံငယ် သံဃာ့ကိစ္စများကိုလည်း ဆက်စပ်နေသည့် နေရာတိုင်း ဦးဆောင်ဦးရွက်ပြုကာ အလေးထား ဆောင်ရွက် ပေးတော်မူလေ့ရှိသည်။

ကြည်ညိုဖွယ်ရာ ထူးခြားသောဂုဏ်ရည်များ
ဆရာတော်သည် ပရိယတ္တိစာပေများကို မြတ်မြတ်နိုးနိုး ကိုယ်ကြိုးမငဲ့ပဲ ဆောင်ရွက်လေ့ရှိခြင်း၊ စာပေဗဟုသုတ အကူအညီ တောင်းခံလာသူမှန်သမျှအား ပုဂ္ဂိုလ်မရွေး၊ အချိန်အခါမရွေး အများအတွက်ကို မဆိုထားနှင့် သာမန် တစ်ဦးတစ်ယောက်ကိုပင် ထက်သန်စွာ ကူညီပေးလေ့ရှိခြင်း၊ သင်နည်းစနစ်များကိုလည်း လွယ်သည်ထက် လွယ်အောင် ခေတ်မီအောင် တီထွင်ကြံဆပြီး သင်ကြားပို့ချရေးသားလေ့ရှိခြင်း၊ အများနှင့်ဆက်ဆံရာတွင် ဟိတ်ဟန်မရှိပဲ တည်ငြိမ်အေးဆေးစွာ ရိုးရိုးသားသား ဆက်ဆံလေ့ရှိခြင်း၊ ပရိယတ်၊ ပဋိပတ် ၂ မျိုးလုံးကို မြတ်နိုးစွာ မိမိအတွက်ရော သူတစ်ပါးအတွက်ပါ ဆောင်ရွက်ပေးလေ့ရှိခြင်း၊ ပစ္စည်းလာဘ်လာဘကို တွယ်တာမှု မရှိဘဲ ရက်ရက်ရောရော ပေးကမ်းလှူဒါန်းလေ့ရှိခြင်း၊ တပည့်များအပေါ် မိဘသဖွယ် စေတနာ မေတ္တာထား၍ စောင့်ရှောက်ချီးမြှောက်လေ့ရှိခြင်း၊ ပြောဆိုဆုံးမရာ၌ အမိန့်ပေးသည့်သဘောမျိုးမဟုတ်ပဲ ကျိုးကြောင်း ယုတ္တိ ပြ၍ တရားဓမ္မဖြင့် ညင်သာစွာ ဆိုဆုံးမလေ့ရှိခြင်း ဒါယကာ ဒါယိကာမများ အပေါ်တွင် တွယ်တာမက်မောမှု မထားပဲ ကုလေသု အနနုဂိဒ္ဓဂုဏ်နှင့် ညီနိုင်သမျှညီအောင် လိုက်နာကျင့်သုံးလေ့ရှိခြင်း စသောဂုဏ်တို့သည် ရဟန်းရှင်လူ ပြည်သူတို့၏ ကြည်ညိုလေးစားခြင်းခံရသော ဆရာတော်၏ ဂုဏ်ရည်များဖြစ်ပါသည်။

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူခြင်း
ဤသို့သော ဂုဏ်တို့နှင့် ကုံလုံ ပြည့်စုံတော်မူသော ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသအား ၁၃၅၉ခု (၁၉၉၈-ခုနှစ်)တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

 

*****************************************************************************************************

 

 

  ပထမငယ်တန်း ပုစ ္ဆာ + အဖြေစုံ (၂၀၀၆-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်းစိန်)

 

 

  ပထမငယ်တန်း ပုစ ္ဆာ + အဖြေစုံ (၂၀၀၈-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်းစိန်)

 

  ပထမငယ်တန်း ပုစ ္ဆာ + အဖြေစုံ (၂၀၀၉-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်းစိန်)

 

ပထမငယ်တန်း ပုစ ္ဆာ + အဖြေစုံ (၂၀၁၀-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်းစိန်)

 

 

 

  ပထမငယ်တန်း ပုစ ္ဆာ + အဖြေစုံ (၂၀၁၁-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်းစိန်)

 

 

 

 

 

 


  မာတိကာ+ဓာတုကထာလက်ဆောင်၊  စာအမှတ်စဉ်-၄  (အရှင်တိလောကာဘိဝံသ-အင်းစိန်)

 


ယမကလက်ဆောင်၊ အောက်ယမိုက်-၅ကျမ်း၊  စာပေအမှတ်စဉ်-၇   (အရှင်တိလောကာဘိဝံသ-အင်းစိန်)

 


ပထမလတ်တန်း ပုစ ္ဆာ + အဖြေစုံ ၊ ၂၀၁၀-ခုနှစ် (ပြည်နယ်နှင့်တိုင်း-၁၇)   (အရှင်တိလောကာဘိဝံသ-အင်းစိန်)

 

 

 

 


 


အဘိဓမ္မာလက်ဆောင် (အရှင်တိလောကာဘိဝံသ-အင်းစိန်)

 

 


ပဋ္ဌာန်းလက်ဆောင်၊  ပို့ချစဉ်ဆိုရိုး (သုဒ္ဓသင်္ချာ+အရကောက်) စာပေအမှတ်စဉ်-၁၁ (အရှင်တိလောကာဘိဝံသ-အင်းစိန်)

 

 


ဆန်းလက်ဆောင်၊  စာပေအမှတ်စဉ်-၁၇  (အရှင်တိလောကာဘိဝံသ-အင်းစိန်)

 

 

  ပဌာန်းလက်ဆောင် ၊စာပေအမှတ်စဉ်-၅  ( အရှင်တိလောကာဘိဝံသ - အင်းစိန်)


 

 

 


ပထမလတ်တန်း ပုစ ္ဆာ + အဖြေစုံ (၂၀၀၂-ခုနှစ်) အရှင်တိလောကာဘိဝံသ(အင်းစိန်)


ပထမလတ်တန်း ပုစ ္ဆာ + အဖြေစုံ (၂၀၀၅-ခုနှစ်) အရှင်တိလောကာဘိဝံသ(အင်းစိန်)


ပထမလတ်တန်း ပုစ ္ဆာ + အဖြေစုံ (၂၀၀၇-ခုနှစ်) အရှင်တိလောကာဘိဝံသ(အင်းစိန်)


ပထမလတ်တန်း ပုစ ္ဆာ + အဖြေစုံ (၂၀၀၈-ခုနှစ်) အရှင်တိလောကာဘိဝံသ(အင်းစိန်)


ပထမလတ်တန်း ပုစ ္ဆာ + အဖြေစုံ (၂၀၀၉-ခုနှစ်) အရှင်တိလောကာဘိဝံသ(အင်းစိန်)


ပထမလတ်တန်း ပုစ ္ဆာ + အဖြေစုံ (၂၀၁၁-ခုနှစ်) အရှင်တိလောကာဘိဝံသ(အင်းစိန်)

 

 


သဒ္ဒါကြီးနိဿယ လက်ဆောင် (အရှင်တိလောကာဘိဝံသ - အင်းစိန်)

 


ပထမကြီးတန်း စာမေးပွဲ ပုစ ္ဆာ+အဖြေစုံ ၂၀၀၈  (အရှင်တိလောကာဘိဝံသ - အင်းစိန်)

 

ပထမကြီးတန်း ပုစ ္ဆာ + အဖြေစုံ (၂၀၀၄-ခုနှစ်) အရှင်တိလောကာဘိဝံသ(အင်းစိန်)


ပထမကြီးတန်း ပုစ ္ဆာ + အဖြေစုံ (၂၀၀၅-ခုနှစ်) အရှင်တိလောကာဘိဝံသ(အင်းစိန်)


ပထမကြီးတန်း ပုစ ္ဆာ + အဖြေစုံ (၂၀၀၆-ခုနှစ်) အရှင်တိလောကာဘိဝံသ(အင်းစိန်)


ပထမကြီးတန်း ပုစ ္ဆာ + အဖြေစုံ (၂၀၀၇-ခုနှစ်) အရှင်တိလောကာဘိဝံသ(အင်းစိန်)


ပထမကြီးတန်း ပုစ ္ဆာ + အဖြေစုံ (၂၀၀၉-ခုနှစ်) အရှင်တိလောကာဘိဝံသ(အင်းစိန်)


ပထမကြီးတန်း ပုစ ္ဆာ + အဖြေစုံ (၂၀၁၁-ခုနှစ်) အရှင်တိလောကာဘိဝံသ(အင်းစိန်)

 

 

 

 

 

 

 

 

 

 

 

Dhamma Talk Video

 

 

****dhamma talks uploaded on 5 May 2012****

 

 

(၁၇)ကြိမ်မြောက် နွေရာသီ ယမိုက် + ပဋ္ဌာန်း အထူး သင်တန်း

 

ဘာသာ + စဉ်

 

ဆန်း (၁)

 

 ၁။ ဆန်း(၁) ၆-၅-၂၀၁၀

 ၂။ ဆန်း(၁) ၇-၅-၂၀၁၀

 ၃။ ဆန်း(၁) ၈-၅-၂၀၁၀

 ၄။ ဆန်း(၁) ၉-၅-၂၀၁၀

 

 

 

ဆန်း (၂)

 

 ၁။ ဆန်း(၂) ၁၀-၅-၂၀၁၀

 ၂။ ဆန်း(၂) ၁၁-၅-၂၀၁၀

 

 

ပဋ္ဌာန်း (၁)

 

 ၁။ ပဋ္ဌာန်း (၁) ၂၂-၄-၂၀၁၀

 ၂။ ပဋ္ဌာန်း (၁) ၂၃-၄-၂၀၁၀

 ၃။ ပဋ္ဌာန်း (၁) ၂၄-၄-၂၀၁၀

 ၄။ ပဋ္ဌာန်း (၁) ၂၅-၄-၂၀၁၀

 

 

ပဋ္ဌာန်း (၂)

 

 ၁။ ပဋ္ဌာန်း (၂) ၂၆-၄-၂၀၁၀

 ၂။ ပဋ္ဌာန်း (၂) ၂၈-၄-၂၀၁၀

 ၃။ ပဋ္ဌာန်း (၂) ၂၉-၄-၂၀၁၀

 ၄။ ပဋ္ဌာန်း (၂) ၃၀-၄-၂၀၁၀

 

 

ပဋ္ဌာန်း (၃)

 

 ၁။ ပဋ္ဌာန်း (၃) ၁-၅-၂၀၁၀

 ၂။ ပဋ္ဌာန်း (၃) ၂-၅-၂၀၁၀

 ၃။ ပဋ္ဌာန်း (၃) ၃-၅-၂၀၁၀

 ၄။ ပဋ္ဌာန်း (၃) ၄-၅-၂၀၁၀

 

 

ပဋ္ဌာန်း (၄)

 

 ၁။ ပဋ္ဌာန်း (၄) ၅-၅-၂၀၁၀

 ၂။ ပဋ္ဌာန်း (၄) ၆-၅-၂၀၁၀

 ၃။ ပဋ္ဌာန်း (၄) ၇-၅-၂၀၁၀

 ၄။ ပဋ္ဌာန်း (၄) ၈-၅-၂၀၁၀

 

 

ပဋ္ဌာန်း (၅)

 

 ၁။ ပဋ္ဌာန်း (၅) ၉-၅-၂၀၁၀

 ၂။ ပဋ္ဌာန်း (၅) ၁၀-၅-၂၀၁၀

 ၃။ ပဋ္ဌာန်း (၅) ၁၁-၅-၂၀၁၀

 ၄။ ပဋ္ဌာန်း (၅) ၁၂-၅-၂၀၁၀

 

 

ပဋ္ဌာန်း (၆)

 

 ၁။ ပဋ္ဌာန်း (၆) ၁၃-၅-၂၀၁၀

 ၂။ ပဋ္ဌာန်း (၆) ၁၄-၅-၂၀၁၀

 ၃။ ပဋ္ဌာန်း (၆) ၁၅-၅-၂၀၁၀

 ၄။ ပဋ္ဌာန်း (၆) ၁၆-၅-၂၀၁၀

 

 

ပဋ္ဌာန်း (၇)

 

 ၁။ ပဋ္ဌာန်း (၇) ၁၇-၅-၂၀၁၀

 ၂။ ပဋ္ဌာန်း (၇) ၁၈-၅-၂၀၁၀

 ၃။ ပဋ္ဌာန်း (၇) ၁၉-၅-၂၀၁၀

 ၄။ ပဋ္ဌာန်း (၇) ၂၀-၅-၂၀၁၀

 

 

ပဋ္ဌာန်း (၈)

 

 ၁။ ပဋ္ဌာန်း (၈) ၂၁-၅-၂၀၁၀

 ၂။ ပဋ္ဌာန်း (၈) ၄-၅-၂၀၁၀

 

 

 

အောက်ယမိုက် (၁)

 

 ၁။ အောက်ယမိုက် (၁) ၂၂-၄-၂၀၁၀

 ၂။ အောက်ယမိုက် (၁) ၂၃-၄-၂၀၁၀

 ၃။ အောက်ယမိုက် (၁) ၂၄-၄-၂၀၁၀

 ၄။ အောက်ယမိုက် (၁) ၂၆-၄-၂၀၁၀

 

 

 

အောက်ယမိုက် (၂)

 

 ၁။ အောက်ယမိုက် (၂) ၂၈-၄-၂၀၁၀

 ၂။ အောက်ယမိုက် (၂) ၂၉-၄-၂၀၁၀

 ၃။ အောက်ယမိုက် (၂) ၃၀-၄-၂၀၁၀

 ၄။ အောက်ယမိုက် (၂) ၁-၅-၂၀၁၀

 

 

အောက်ယမိုက် (၃)

 

 ၁။ အောက်ယမိုက် (၃) ၂-၅-၂၀၁၀

 ၂။ အောက်ယမိုက် (၃) ၃-၅-၂၀၁၀

 ၃။ အောက်ယမိုက် (၃) ၄-၅-၂၀၁၀

 ၄။ အောက်ယမိုက် (၃) ၅-၅-၂၀၁၀

 

 

အောက်ယမိုက် (၄)

 

 ၁။ အောက်ယမိုက် (၄) ၆-၅-၂၀၁၀

 ၂။ အောက်ယမိုက် (၄) ၇-၅-၂၀၁၀

 ၃။ အောက်ယမိုက် (၄) ၈-၅-၂၀၁၀

 ၄။ အောက်ယမိုက် (၄) ၉-၅-၂၀၁၀

 

 

အောက်ယမိုက် (၅)

 

 ၁။ အောက်ယမိုက် (၅) ၁၀-၅-၂၀၁၀

 ၂။ အောက်ယမိုက် (၅) ၁၁-၅-၂၀၁၀

 ၃။ အောက်ယမိုက် (၅) ၁၂-၅-၂၀၁၀

 ၄။ အောက်ယမိုက် (၅) ၁၃-၅-၂၀၁၀

 

 

အောက်ယမိုက် (၆)

 

 

 ၁။ အောက်ယမိုက် (၆) ၁၄-၅-၂၀၁၀

 ၂။ အောက်ယမိုက် (၆) ၁၅-၅-၂၀၁၀

 ၃။ အောက်ယမိုက် (၆) ၁၆-၅-၂၀၁၀

 ၄။ အောက်ယမိုက် (၆) ၁၇-၅-၂၀၁၀

 

 

အောက်ယမိုက် (၇)

 

 ၁။ အောက်ယမိုက် (၇) ၁၈-၅-၂၀၁၀

 ၂။ အောက်ယမိုက် (၇) ၁၉-၅-၂၀၁၀

 ၃။ အောက်ယမိုက် (၇) ၂၀-၅-၂၀၁၀

 ၄။ အောက်ယမိုက် (၇) ၂၁-၅-၂၀၁၀

 

 

အထက်ယမိုက် (၁)

 

 ၁။ အထက်ယမိုက် (၁) ၂၂-၄-၂၀၁၀

 ၂။ အထက်ယမိုက် (၁) ၂၃-၄-၂၀၁၀

 ၃။ အထက်ယမိုက် (၁) ၂၄-၄-၂၀၁၀

 ၄။ အထက်ယမိုက် (၁) ၂၅-၄-၂၀၁၀

 

 

အထက်ယမိုက် (၂)

 

 ၁။ အထက်ယမိုက် (၂) ၂၆-၄-၂၀၁၀

 ၂။ အထက်ယမိုက် (၂) ၂၈-၄-၂၀၁၀

 ၃။ အထက်ယမိုက် (၂) ၂၉-၄-၂၀၁၀

 ၄။ အထက်ယမိုက် (၂) ၃၀-၄-၂၀၁၀

 

 

အထက်ယမိုက် (၃)

 

 ၁။ အထက်ယမိုက် (၃) ၁-၅-၂၀၁၀

 ၂။ အထက်ယမိုက် (၃) ၂-၅-၂၀၁၀

 ၃။ အထက်ယမိုက် (၃) ၃-၅-၂၀၁၀

 ၄။ အထက်ယမိုက် (၃) ၄-၅-၂၀၁၀

 

 

အထက်ယမိုက် (၄)

 

 ၁။ အထက်ယမိုက် (၄) ၅-၅-၂၀၁၀

 ၂။ အထက်ယမိုက် (၄) ၆-၅-၂၀၁၀

 ၃။ အထက်ယမိုက် (၄) ၇-၅-၂၀၁၀

 ၄။ အထက်ယမိုက် (၄) ၈-၅-၂၀၁၀

 

 

အထက်ယမိုက် (၅)

 

 ၁။ အထက်ယမိုက် (၅) ၉-၅-၂၀၁၀

 ၂။ အထက်ယမိုက် (၅) ၁၀-၅-၂၀၁၀

 ၃။ အထက်ယမိုက် (၅) ၁၁-၅-၂၀၁၀

 ၄။ အထက်ယမိုက် (၅) ၁၂-၅-၂၀၁၀

 

 

အထက်ယမိုက် (၆)

 

 ၁။ အထက်ယမိုက် (၆) ၁၃-၅-၂၀၁၀

 ၂။ အထက်ယမိုက် (၆) ၁၄-၅-၂၀၁၀

 ၃။ အထက်ယမိုက် (၆) ၁၅-၅-၂၀၁၀

 ၄။ အထက်ယမိုက် (၆) ၁၆-၅-၂၀၁၀

 

 

အထက်ယမိုက် (၇)

 

 

 ၁။ အထက်ယမိုက် (၇) ၁၇-၅-၂၀၁၀

 ၂။ အထက်ယမိုက် (၇) ၁၈-၅-၂၀၁၀

 ၃။ အထက်ယမိုက် (၇) ၁၉-၅-၂၀၁၀

 ၄။ အထက်ယမိုက် (၇) ၂၀-၅-၂၀၁၀

 

 

အထက်ယမိုက် (၈)

 

 ၁။ အထက်ယမိုက် (၈) ၂၁-၅-၂၀၁၀

 ၂။ အထက်ယမိုက် (၈) ၂၂-၅-၂၀၁၀