Free Dhamma Download

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

 

 

 

 

 

email: dhammadownload.admin@gmail.com

 

contact: (65) 62537820 

Operation Hours:

Week days (9:00 pm to 11;00 pm) Singapore time

Week end (9:00 am to 9:00pm) Singapore time

 

ဓမ္မဒေါင်းလုပ် မိသားစု
~~~~~~~~~~

ဖွဲ့စည်းတည်ထောင်သည့်ခုနှစ်
~~~~~~~~~~

၁၉၉၇ ခန့်မှ စတင်၍ စင်္ကာပူနိုင်ငံတွင် ဓမ္မ ကတ်ဆက်ခွေများကို စတင်ဖြန့်ချီခဲ့ပြီး ၁၉၉၉ တွင် ကတ်ဆက် တရားခွေများကို စီဒီ စနစ်သို့ကူးပြောင်း ဖြန့်ဝေခဲ့ပါသည်။ ၂၀၀၀ ခန့်တွင် တရာခွေများကို MP3 သို့ ပြောင်းလဲ၍ ဖြန့်ချီခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် dhammadownload.org ကိုစမ်းသပ် တည်ထောင်ကာ 26 August 2002 တွင် dhammadownload.com domain name နှင့် သတ်သတ် မှတ်မှတ် website တခု ထူထောင်ခဲ့ပါသည်။ ဖွဲ့စည်းပုံကို ရာထူးများနှင့် မသတ်မှတ်ဘဲ မိသားစု နည်းစနစ်ဖြင့် လုပ်ဆောင်ရန် သတ်မှတ်ခဲ့ပါသည်။


ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်

~~~~~~~~~~~

 

ဗုဒ္ဓသာသနာတော် ကျယ်ပြန့်ထွန်းကား ရေးတခုကိုသာ အဓိကထား လုပ်ဆောင်သော မိသားစု အဖွဲ့ ကလေး ဖြစ်ပါသည်။


အဖွဲ့ဝင်အရေအတွက်
~~~~~~

သတ်သတ် မှတ်မှတ် မရှိပါ။ Ad-hoc နည်းစနစ်ဖြင့် အခါအားလျှော်စွာ လုပ်ဆောင်မည့် mini project တခုချင်းစီတိုင်းကို အဲဒီ အချိန်ကာလ အပိုင်းခြား ကလေးမှာ သဒ္ဒါထက်သန်သူ လုပ်အားပေးများဖြင့် စုပေါင်း လုပ်ဆောင်လေ့ရှိပါသည်


ဆောင်ရွက်မှုများ
~~~~~~

၁) ဗုဒ္ဓသာသနာတော်ကြီးကို လူနေမှု စနစ်များ၊ Technology များ ပြောင်းလဲလာမှုနှင့် လိုက်လျှောညီထွေ ဖြစ်အောင်၊ လူတွေရဲ့ just a one finger click away မှာ တရားတော်တွေကို နာနိုင်အောင်၊ dhammadownload.com website ကို ထူထောင်ထားရှိခြင်း

၂) website ထူထောင်ရာတွင် audience behaviour ကို analysis လုပ်သောအခါ သံဃာတော်များသည် တရားနာခြင်းထက် စာဖတ်မှုကိုသာ အားသန် ကြကြောင်း တွေ့ရှိရသည်။ ထို့အတွက်ကြောင့် နိုင်ငံရပ်ခြား တွင် ရှိနေကြသော စာသင်သား သံဃာတော်များ thesis လုပ်နိုင်ရန်၊ စာသင်သားမဟုတ်သော သံဃာတော်များ လဲ အလွယ်တကူ ရှာဖွေလေ့လာနိုင်ရန် သံဃာတော်များ လက်စွဲစာအုပ်များကို ရှာဖွေ၍ Digital eBook များ အဖြစ် scan ဖတ်ပြီး dhammadownload.com website ပေါ်သို့ တင်ပြပေးခြင်း

၃) အခါအားလျှော်စွာ တရားပွဲများ ကျင်းပပေးခြင်း

၄) စင်္ကာပူရှိ ဘာသာရေးအဖွဲ့အစည်းများသည် ငွေကုန်ကြေးကျခံ၍ တရားပွဲများ၊ တရားစခန်းပွဲများကို အားတက်သရော လုပ်ဆောင်နေကြသော်လည်း တရားပွဲသတင်းကို လူတွေလက်ထဲရောက်အောင် ပို့ဆောင်ပေးနိုင်မှု အင်အားနဲနေသည့်အတွက် တရားနာလိုသော်လဲ မသိလိုက်လို့ လာရောက် မနာယူလိုက်ရခြင်းမဖြစ်အောင်၊ အဖွဲ့အစည်း အသီးသီးက ပြန့်ကြဲနေသည့် သတင်းများကို တနေရာထဲမှာ တစု တစည်းထဲ ဖြစ်သွားအောင်၊ တရားပွဲ သတင်းများကို dhammadownload.com website တွင် ကြော်ငြာပေးခြင်း၊

၄) သာသနာသာတော်ကြီး တည်တန့်ရေးသည် ဗုဒ္ဒဘာသာဝင်များ၏ ဘာသာတရားကို နားလည်သဘောပေါက်မှု အတိမ်အနက်ပေါ်တွင် မူတည်နေသည့်အလျှောက် သဒ္ဒါတရားကို အခြေပြုသည့် ဗုဒ္ဓဘာသာဝင်များမှသည် ပညာကို အခြေပြုသည့် ဗုဒ္ဓဘာသာဝင်များဖြစ်လာအောင်၊ ခက်ခဲနက်နဲသည့် အဘိဓမ္မာသင်တန်းများကို အဓိကထား၍ ဖွင့်လှစ်ပေးခြင်း

၅) သာသနာတော်၏ အသက်သည် ပရိယတ္တိ သာသနာတော် တည်တန့် ထွန်းကားမှုတွင် ရှိပါသည်။ ယ္ခုခေတ်တွင် သံဃာတော်များသည် နိုင်ငံရေး လုပ်ဆောင်မှု၊ လှုမှုရေး Project များ လုပ်ဆောင်မှုများ များပြားလာပါသည်။ သဒ္ဒါတရားကောင်းသည့် ဗုဒ္ဒဘာသာဝင်များကလည်း ဝိပဿနာ တရားဟောသည့် ဓမ္မကထိက ဆရာတော်များ၊ လူမှုရေး Project လုပ်သည့် ဆရာတော်များကိုသာ အလှုငွေ အလုံးအရင်းနှင့် ပံ့ပိုးနေကြပြီး စာသင်တိုက်များတွင် ဒုက္ခရောက်နေကြသော ပရိယတ္တိ သာသနာတော်ကြီး၏ ခံတပ်ကြီးကို စောင့်ထိန်းနေကြသော သံဃာတော်များကို လှုဒါန်းမှု အားများ အလွန်တရာ လျှော့နဲနေပါသည်။ ထိုကိစ္စကို ဓမ္မဒေါင်းလုပ် မိသာစုများမှ Balance လုပ်သည့် အနေဖြင့် ပရိယတ္တိ စာသင်တိုက်များကို ကူညီသည့် လုပ်ငန်း လုပ်ဆောင်ပေးခြင်း။

၆) ဗုဒ္ဓဘာသာဝင်များသည် မိမိကို တရားဟောနိုင်သည့် ဓမ္မကထိကကို ပုံအောပြီး လှုဒါန်းလေ့ရှိပါသည်။ လက်ရှိ စာသင်တိုက်များသည် စာသင်သား သံဃာတွေထံမှ ကျောင်းဝင်ကြေး ကောက်ခံလေ့ မရှိပါ။ စာသင်တိုက်များသည် ပြင်ပမှ အလှုငွေများနှင့်သာ လည်ပတ်နေရပါသည်။ ပရိယတ္တိစာသင်တိုက်များ အလှုများ ရရှိအောင် စာသင်တိုက်မှ စာချ ဆရာတော်ကြီးများ လူတွေကို သဘောကျအောင် ဟောနိုင်မှသာ အလှုငွေ ရနိုင်ပါသည်။ သို့သော် သံဃာတော်များကြားမှာသာ အမြဲနေပြီး ပါဋိလိုဘဲ အမြဲ စာချနေသော ဆရာတော်များသည် တရားဟောရာတွင် စာသံပါနေသည့်အတွက် လူကြိုက် နဲလှပါသည်။ အလှုခံ ရရှိမှုလဲ နဲပါးလှပါသည်။ ထို ဆရာတော်ကြီးများ အလှုခံ ရရှိမှုနဲပါးမှုသည် စာသင်တိုင်ဝင်ငွေ နဲပါမှုနှင့်အတူ အနာဂါတ် သာသနာတော်အတွက် စိုးရိမ်စရာ ဖြစ်ပါသည်။ ဤ Missing Gap ကို ဓမ္မဒေါင်းလုပ် မိသားစုမှ ဝင်ရောက် ဖြည့်စွက်ကာ စာသင်တိုက် ဆရာတော်များကို လူတွေနဲ့ ဝင်ဆန့်အောင် မိတ်ဆက်ပေးသည့် တရားပွဲများ၊ သင်တန်းများ ပြုလုပ်ကာ ဆရာတော်တွေ အလှုငွေ ရရှိအောင် လုပ်ဆောင်ပေးပါသည်။



၈) ဆရာတော်ကြီးများ စင်္ကာပူသို့ ဆေးဝါးလာရောက် ကုသရာတွင် လည်းကောင်း၊ တခြားသော သံဃာတော်များနှင့်ပါတ်သတ်သော၊ သာသနာကိစ္စနှင့် ပါတ်သတ်သော အကြောင်းအရာများကို dhammadownload network မှ တဆင့် အလှုခံ၍ ပါရမီဖြည့်ဆည်းပေးပါသည်။

၉) ပရိယတ္တိ စာပေကို ကျွမ်းကျင် ထိရောက်စွာ ပို့ချနိုင်သော စာချ ဆရာတော်ကြီးများ ရှားပါးလာသည့် အလျှောက် သာသနာတော်၏ ခရီးတဝက်တွင် နာမည်ကြီး စာချဆရာတော်များတိမ်းပါးသွား၍ အကယ်၍များ နောက်ထပ် သာသနာ့ အာဇာနည် စာချဆရာတော် များ မပေါ်ထွက်မီ သာသနာတော်ခါးပျက် မသွားစေရန် နာမည်ကြီး စာချ ဆရာတော်ကြီးများ၏ စာချ သင်တန်း Video များ ရိုက်ကူးထား၍ Archive အဖြစ်ထိန်းသိမ်းထားကာ သာသနာတော်ကြီးကို Time Shift လုပ်နိုင်ရန် ကြိုးပမ်းပါမည်။
 

 

We accept dhamma audio CD, MP3, VCD, book donation.

If you like to donate dhamma media, we suggest you to provide the media with proper title and date for each talk, better quality MP3 (128kbps and above), photo of monk or teacher, etc.

 

We will provide our mailing address upon email request.

 

စကာၤပူနိုင်ငံ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ လိပ်စာ

 

 

Please post your views and dhamma discussions on our Blogger

 

 

 

 

 

Our website Daily Traffic Statistics

 

 

 

 

 

 

 

 

 

Daily Downloaded MP3/Video/eBook files in Bytes

 

 
Date  Daily Downloaded GB  Daily Visits Daily Visitors
Monday, June 25, 2012  647 GB  5130 3274
Tuesday, June 26, 2012  519 GB  4883 3077
Wednesday, June 27, 2012  551 GB  4841 3089
Thursday, June 28, 2012  514 GB  4601 2947
Friday, June 29, 2012  498 GB  4365 2738
Saturday, June 30, 2012  503 GB  4517 2887
Sunday, July 01, 2012  477 GB  4710 2941
Monday, July 02, 2012  461 GB  4583 2850
Tuesday, July 03, 2012  536 GB  4608 2907
Wednesday, July 04, 2012  551 GB  4752 2971
Thursday, July 05, 2012  515 GB  4523 2822
Friday, July 06, 2012  545 GB  4577 2881
Saturday, July 07, 2012  541 GB  4592 2907
Sunday, July 08, 2012  526 GB  4821 3012
Monday, July 09, 2012  566 GB  4778 3012
Tuesday, July 10, 2012  711 GB  4866 3069
Wednesday, July 11, 2012  609 GB  4760 2985
Thursday, July 12, 2012  568 GB  4745 3028
Friday, July 13, 2012  490 GB  4626 2889
Saturday, July 14, 2012  551 GB  4904 3063
Sunday, July 15, 2012  561 GB  5104 3215