Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

 

Tipitakadhara

Tipitaka Kovidha

Tipitakadhara Dhamma Bandagarika

Agga Maha Pandita

Bhaddanta

Yaw SayaDaw Sirinandabhivamsa

 

 

တိပိဋကဓရ-အဂ္ဂမဟာပဏ္ဍိတ

ယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ

 

*******************

 

ယောဆရာတော်

အရှင် သီရိန္ဒာဘိဝံသ(ယောဆရာတော်) (၁၃၀၄)

၁။ အမည်ရင်း မောင်သာမောင်
၂။ မိဘအမည် ဦးရဲနိုင် + ဒေါ်တုတ်ခိုင်
၃။ မွေးသက္ကရာဇ် ၁၃၀၄ ခုနှစ် ၊ သောကြာနေ့
၄။ မွေးဖွားရာရာ ဒေသ မကွေးတိုင်း၊ ဂန့်ဂေါ်မြို့နယ် (ယောနယ်)၊ လက်ပံရွာ

ကိုယ်ရေးဖြစ်စဉ်

အရှင် သိရိန္ဒာဘိဝံသည် အဖ ဦးရဲနိုင်၊ အမိ ဒေါ်တုတ်ခိုင် တို့မှ ၁၃၀၄ ခုနှစ်၊ တပေါင်း လပြည့်ကျော် ၆ ရက် သောကြာနေ့တွင် မကွေးတိုင်း ဂန့်ဂေါမြို့နယ် (ယောနယ်)၊ လက်ပံရွာ၌ ဖွားမြင်ခဲ့သော သားဦး ရတနာ ဖြစ်ပါသည်။ ၁၃၂၄ ခုနှစ်၊ ကဆုန် လပြည့်ကျော် ၂ ရက် စနေနေ့တွင် ဂန့်ဂေါ်မြို့နယ် ကန်တောရ ကျောင်းတိုက်တွင် ရဟန်း အဖြစ်သို့ ရောက်ရှိ ခဲ့ပါသည်။

ပါဠိ ပထမပြန် စာမေးပွဲ ငယ်၊ လတ်၊ ကြီးနှင့် ဓမ္မာ စရိယ စာမေးပွဲတွင် သာသန ဓဇသီရိပဝရ ဓမ္မာစရိယ ဘွဲ့ကို လည်းကောင်း၊ အဂ္ဂမဟာ အကျော်ဘွဲ့ကို လည်းကောင်း၊ ဝိနယ ပါဠိ ပါရဂူ ဘွဲ့နှင့် ပဋိသမႝိဒါမဂ္ဂ ပါဠိ ပါရဂူဘွဲ့ကို လည်းကောင်း၊ နိကာယ် စာမေးပွဲတွင် နိကာယုဇ္ဇောတက အတ္တဝိသာရဒ မူလအာဘိ ဓမ္မိကဘွဲ့၊ ဓမ ္မဝိသာရဒ မဇ္ဈိမ အာဘိဓမ္မကဘွဲ့၊ အတ္တဝိသာရဒဒီဃဘာဏက ဘွဲ့ကို လည်းကောင်း၊ မန္တလေး သကျသီဟ ဓမ္မာ စရိယ ဘွဲ့ကို လည်းကောင်း၊ ရန်ကုန် စေတီယင်္ဂဏ ဓမ္မာ စရိယ ဘွဲ့ကို လည်းကောင်း၊ တိပိဋက ရွေးချယ်ပွဲတွင် (၂၃) ကြိမ်မြောက်၌ ဝိနယဓရဝိနယ ကောဝိဒ ဘွဲ့ကို လည်းကောင်း၊ (၂၄) ကြိမ်မြောက်၌ အဘိဓမ္မာ၊ ပထမပိုင်း ငါးကျမ်း အာဂုံကို လည်းကောင်း၊ (၂၇) ကြိမ်မြောက်၌ အဘိဓမ္မာ ပထမပိုင်း ငါးကျမ်း သဘော ရေးဖြေကို လည်းကောင်း၊ (၂၉) ကြိမ်မြောက် အာဘိဓမ္မိက အဘိဓမ္မကောဝိဒ ဘွဲ့ကို လည်းကောင်း၊ (၃၁) ကြိမ်မြောက်၌ ဒီဃဘာဏက ဘွဲ့နှင့် တိပိဋကဓရ ဘွဲ့ကို လည်းကောင်း ရရှိ အောင်မြင် ခဲ့ပါသည်။

၁၃၄၆ ခုနှစ်၊ (၄၇) ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲတွင် သုတ္တန္တဋကဒီဃနိကာယ သုံးကျမ်း (သဘော ရေးဖြေပွဲ) ကို အောင်မြင်တော် မူသောကြောင့် ဒီဃနိကာယ ကောဝိဒ ဘွဲ့တံဆိပ်တော်နှင့် ၎င်းအောင်လက်မှတ် တို့ကို ရရှိ ခဲ့ပါသည်။ အရှင် သိရိန္ဒာဘိဝံသသည် သင်ရိုး ပိဋကတ် သုံးပုံကို ပြီးဆုံး အောင်မြင်ပြီး ဖြစ်သဖြင့် တိပိဋကဓရ တိပိဋက ကောဝိဒ ဘွဲ့တံဆိပ်တော်၊ ၎င်းအောင်လက်မှတ်နှင့် အရိုးဝါကနက္ကဒဏ် ထီးဖြူတော် သုံးလက် တံဆိပ် ပါရှိသော သာသနာ့ အောင်လံတော်ကို ခံယူ ရရှိခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက လှူဒါန်းသော ကုန်း၊ ရေ၊ လေ သုံးဌာန၌ ခရီး သွားလာခွင့် အခလွတ် အမြဲတမ်း အထက်တန်း လက်မှတ် တို့ကိုလည်း ရရှိ ခဲ့ပါသည်။

e-Book in Myanmar

ဓမ္ဓ ကျမ်းစာများ

 

**********************

ဆရာတော်၏သက်တော် (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်

                                     ဘဝဖြစ်စဥ် ကြောင်းကျိုးထင်

 

(၅၁) ဘဝတစ်ခေါက် ခြောက်ဆယ့်ခြောက်

 

(၅၂) ယနေ့အလုပ် ယနေ့လုပ်

 

(၅၅) ဓာတ်

 

(၅၉) သတိကိုင်စွဲ နှုတ်ဆက်ပွဲ

 

(၆၂) ယခုအလုပ်ယခုလုပ်

 

(၆၉) ကိုယ့်ဟာနဲ့သာ ကိုယ်နေပါ

 

(၇၀) ကိုယ့်ဟာနဲ့သာ ရွေးယူပါ

 

(၇၂) အသိဆန်းကြယ် အနှစ်ကြွယ်

 

ဝိသုဒ္ဓါရုံ ခွင့်ခါကြုံခိုက် စာသင်တိုက်

 

အသိမှန်ကန် အဖိုးတန်

*********************************************

 

 ဘဝလမ်းညွှန်လက်ဆောင်မွန် (ထမတွဲ)

 

တိပိဋကဓရ ယောဆရာတော်

 

အသိမှန်ကန်အဖိုးတန်

 

စိတ်စွမ်းရည်


ကိုယ့်ဝန်ကိုယ်ထမ်း လူ့အစွမ်း


အသီးတစ်ရာအညှာတစ်ခု


လူ့ဘဝထဲက စာမေးပွဲ


သမုဒ္ဒရာ ဝမ်းတစ်ထွာ


အဆင်း အတက် လမ်းနှစ်ဖက်


စိတ်အေးစရာ သာသနာ


ကုသိုလ်လည်းရ ဝမ်းလည်းဝ


ဘဝပင်လယ် ခရီးသည်


ယောတရားတော်


အဆိုးကိုရှောင် အကျိုးဆောင်


အိမ်တွင်းမဂ္ဂင် လူ့ကျင့်စဉ်


ပစ္စည်းတန်ဖိုး လူ့တန်ခိုး


ပညာလမ်းပြ လူ့အလှ

 

(၁) မှ (၅၀) တိပိဋကဓမ္မလက်ဆောင်တရားတော်များ

 

(၁၁) ကိုယ်ပိုင်အလုပ် ခပ်သုတ်သုတ

 

(၁၄) နှလုံးသားဝယ် ဘုရားတည်

 

(၁၆) လူ၏စွမ်းအား မြတ်တရား

 

(၁၇) ကိုယ့်ကိုကိုယ်ချစ် လူအစစ်

 

(၂၁) ကျန်းမာရွှင်လန်း မေတ္တာစွမ်း

 

(၂၈) မွေးနေ့မင်္ဂလာ ရတနာ

 

(၅၆) ဘဝကိုယ်ဆောင်အလင်းရောင်

 

(၅၇) လူသားမေတ္တာ ဤကမ္ဘာ

 

(၇၁) နေကောင်းရဲ့လား

 

(၇၆) သူဦးကိုယ်ဦး ၃မြွှာပူး

 

(၇၇) ကိုယ့်ဟာကိုယူ စွမ်းတဲ့လူ

 

 

 

 

 

 

 

 

 


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Yaw SayaDaw Sirinandabhivamsa