ဆရာတော်ဦးသဇ္ဇန၏ စာပေရေးရာ အလှူ ပါဝင်ကူ
 

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

download Myanmar font

ဆရာတော် ဦးသဇ္ဇန
သာသနဓဇ သိရီပဝရ ဓမ္မာစရိယ, ပါဠိပါရဂူ
ဝိနယဓရ, ဝိနယကောဝိဒ ။ ဒီဃဘာဏက, ဒီဃနိကာယကောဝိဒ
အာဘိဓမျွိက-အဘိဓမျွကောဝိဒ
ဒွိပိဋကဓရ, ဒွိပိဋကကောဝိဒ

 

email: athitzana@gmail.com

facebook:

 

မ်းမြောက် ဂုဏ်ယူဖွယ်ရာ သတင်း

 

 စင်္ကာပူနိုင်ငံ သတိပဌာန်ရိပ်သာ၌ သီတင်းသုံးလျှက်ရှိသော ဆရာတော် ဦးသဇ္ဇန လင်္ကာရ (ဒွိပိဋကဓရ -ဒွိပိဋက ကောဝိဒ သိရီပဝရဓမ္မာစရိယ-ပါဠိပါရဂူ) အရှင်မြတ်သည် ပါဠိစာသင်သားများနှင့် အနာဂတ်သာသနာတော် အတွက်ကျေးဇူးများစေရန်

သုခါဝဗောဓနီ အလွယ်သင် မစိုးရိမ်ပါဠိသဒ္ဒါ (A Comprehensive Manual of Pāli Grammar) ကို ၂၀၁၁-ခုနှစ်တွင်၎င်း

နာမာ-ချာတဂဏသမ္ဗောဓနီ (Noun Declension,Verb Conjugation Handbook and Basic Pāli Reader) အမည်ရှိ ပါဠိသဒ္ဒါနှင့် တွဲဖက်သင် ကျမ်းစာ ကို ၂၀၁၂-ခုနှစ်တွင်၎င်း

 

 ရေးသားစီရင်၍ ပုံနှိပ်ကာ ပရိယတ္တိသာသနာလင်္ကာရ သာမဏေကျော်တန်းအတွက် အထူးပြုလေ့လာပိုဏ္ဍချ သော စာသင်တိုက်များသို့ ဦးစားပေးလှူဒါန်းခဲ့ပါသည် အဆိုပါ ပါဠိသဒ္ဒါသင်ယူမှု အထောက်အကူပြုသဒ္ဒါ ကျမ်းစာအုပ်နှစ်ခုလုံး ကို သာသနဝေပုလ္လ ဖောင်ဒေးရှင်းမှ ၂၀၁၄-ခု နှစ် ဗုဒ္ဓစာပေဆု ပထမဆု နှင့် ဒုတိယဆု ချီးမြှင့်လိုက် ကာင်းသိရှိုရ၍ သူတော်စဉ်များဝမ်းမြောက်သာဓုခေါ်နိုင်စေရန် တင်ပြအပ်ပါသည်

 

အဆိုပါ ဖောင်ဒေးရှင်းကီးသည် သက်တမ်း(၁၃)နှစ်ရှိပြီး ဗုဒ္ဓစာပေဆုနှင့် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပရိယတ္တိသာသနာ ပြု ပါဠိ စာမေးပွဲကီးများ၌ နံပါတ်()ရသူများကိုသာ သီးသန့်ရွေးချယ်၍ ဆုပေးသော အဖွဲ့အစည်းကီးဖြစ်ပါ သည် ယခုနှစ်အတွက် ဆရာတော်ရေးသားပြုစုသော ကျမ်းစာ နှစ်အုပ်သာ ပထမဆု-ဒုတိယဆု ရွေးချယ် ပေးအပ်ခြင်းခံရေကာင်းသိရှိရသည်၊

ဆရာတော်သည် ယခုအခါ ဗုဒ္ဒသာသနာတော့် ရှေးအကျဆုံးပါဠိသဒ္ဒါကျမ်းတစ်ဆူဖြစ်သော ကစ္စာယန ပါဠိသဒ္ဒါကျမ်းကြီးကို နိုင်ငံတကာ ကမ ္ဘာအရပ်ရပ်မှ ပါဠိဘာသာ နှင့် ဗုဒ္ဓဒေသနာတော်လေ့လာ သင်ယူလိုသူ များ အထောက်အကူ ဖြစ်စေရန် အနာဂတ်သာသနာတော်အားကျေးဇူးများစေရန်ရည်ရွယ်၍ အင်္ဂလိပ် ဘာသာသို့ အထူးကြိုစားပြန်ဆိုလျှက်ရှိရာ မကြာမီအတွင်း ပုံနှိပ်ဖြန့်ချီနိုင်မည်ဟုခန့်မှန်းရပါသည်

သို့ဖြစ်ပါ၍ ဆရာတော်၏ စာအုပ်ဖြစ်မြောက်ရေးနှင့် ပုံနှိပ်ဖြန့်ချီရေးအတွက် ပါဝင်လှုဒါန်းလိုကြသော သူတော်ကောင်းများသည် အောက်ပါ အတိုင်း လှုဒါန်းနိုင်ကြပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

 

******************************************************

ဆရာတော်ဦးသဇ္ဇန၏ စာပေရေးရာ အလှူ ပါဝင်ကူ

******************************************************

 

 

စင်္ကာပူမှ အလှုရှင်များ ATM or iBanking မှ လှူဒါန်းရန် -
---------------


အလှူရှင်များသည် အောက်ပါ DBS Saving Plus အကောင့်ထဲသို့ တိုက်ရိုက် လှုဒါန်းနိုင်ပါသည်...
၀၇၀-ဝ-၀၁၂၂၅၇
070-0-012257

 

အပြည်ပြည်ဆိုင်ရာများတွင်ရှိကြကုန်သော ဓမ္မမိတ်ဆွေ အပေါင်းတို့သည်.. အောက်ပါ Paypal အကောင့်ထဲသို့ တိုက်ရိုက် send money ဖြင့်လှုဒါန်းနိုင်ပါသည်...

kyawlwin2000@gmail.com



အလှုငွေ လွှဲပြီးပါက အလှုရှင် စာရင်းပြုစုရန်အတွက် အောက်ပါ အကြောင်းအရာ ၄ ချက်ကို dhammadownload.admin@gmail.com သို့ email ပို့ပေးပါရန်လည်း မေတ္တာ ရပ်ခံပါသည်...

၁) အလှုရှင်၏ နာမည် အပြည့် အစုံ၊
၂) လှုဒါန်းသည့် အကြောင်းအရာ - ဆရာတော်ဦးသဇ္ဇန၏ စာပေရေးရာ အလှူ
၃) လွှဲသည့် ပမာဏ -
၄) ဆက်သွယ်ရန် ဖုံးနံပါတ် -

 


----------------------------

 

ဆရာတော် ဦးသဇ္ဖန
သာသနဓဇ သိရီပဝရ ဓမ္မာစရိယ, ပါဠိပါရဂူ
ဝိနယဓရ, ဝိနယကောဝိဒ ။ ဒီဃဘာဏက, ဒီဃနိကာယကောဝိဒ
အာဘိဓမျွိက-အဘိဓမျွကောဝိဒ
ဒွိပိဋကဓရ, ဒွိပိဋကကောဝိဒ

 

ထေရုပတ္တိ အကျဉ်းချုပ်


 

 


ဇာတိ


ဆရာတော်ကို စစ်ကိုင်းတိုင်း ။ မုံရွာခရိုင် ။ ပုလဲမြို့နယ် ။ လှော်ကားကြီးရွာတွင် ခမည်းတော်ဦးအောင်တင် ။
မယ်တော် ဒေါ်တင်မေတို့မှ ၁၃၁၃-ခု ။ နတ်တော်လတွင် မွေးဖွားသန့်စင်ခဲ့ပါသည် ၊


ရှင်သာမဏေပြုခြင်း


၁၃၂၄-ခုနှစ်တွင် လှော်ကားကြီးရွာ -ကံဦးကျောင်း ။ မဟာစည်သာသနာ့ရိပ်သာ ။ သက်တော်ရှည်
ဆရာတော် ဦးကောဏ္ဍည(အဂ္ဂမဟာကမ္မဌာနာစရိယ)ထံ၌ ရှင်သာမဏေပြုခဲ့သည် ၊


ပညာသင်ကြားခြင်း


၁၃၁၉-ခုနှစ်မှ ၁၃၂၄-ခုအထိ လှော်ကားရွာ ။ အစိုးရမူလတန်းကျောင်း၌ အခြေခံမူလတန်းပညာကို စတုတ္ထ တန်းအောင်မြင်သည်အထိ လေ့လာသင်ယူခဲ့သည် ။
အခြေခံ ပရိယတ္တိစာပေများကို လှော်ကားကြီးရွာ-ကံဦးကျောင်း ။ မဟာစည်သာသနာ့ရိပ်သာ ။ သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန ္တကောဏ္ဍည(အဂ္ဂမဟာကမ္မဌာနာစရိယ)အထံတော်၌ စတင်သင်ကြားသည် ၊
၁၃၂၄-၂၅-ခု၌ မန္တလေးမြို့ ။ မစိုးရိမ်တိုက်သစ်သို့ရောက်ရှိကာ ဆရာတော်ဦးနာယကာဘိဝံသနှင့် မစိုးရိမ်ဂန ္တဝါစက ဆရာတော်ဦးကောဝိဒါဘိဝံသ ။ ဦးသီရိန္ဒာဘိဝံသ ။ ဦးရာဇဓမ္မာဘိဝံသ ။ အဘိဓဇမဟာရဋ္ဌဂုရု ။
အဂ္ဂမဟာပဏ္ဍိတ ။ ဆဋ္ဌသင်္ဂ ီတိ သင်္ဂါယနာတင် သံဃဥက္ကဌ ။ ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ဘဒ္ဒန ္တသူရိယာဘိဝံသမဟာထေရ် ။ ပဌာန်းဆရာတော်ဦးဝိသုဒ္ဓာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ) အထံတော်တို့၌ အထက်တန်း
ပရိယတ္တိ ပိဋကစာပေများကို လေ့လာသင်ကြားခဲ့သည်၊

 


အောင်မြင်ခဲ့သော ပညာရေးအဆင့် နှင့် ပညာရေးဘွဲ့များ


၁၃၂၆-မှ ၁၃၃၀ အထိ လေးနှစ်တာကာလအတွင်း မန ္တလေးမြို ။ ပရိယတ္တိသာသနဟိတအသင်း ။ သာမဏေကျော်တန်း ။ နိုင်ငံတော်အစိုးရ ။ သာသနာရေးဝန်ကြီးဌာနမှ ကျင်းပအပ်သော ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း ။ ဓမ္မာစရိယတန်းများကို လုံးဝ ပြီးစီးအောင်မြင်ခဲ့သည် ။ ဓမ္မာစရိယတန်းကို အသက်(၁၇)နှစ်အရွယ် ရှင်သာမဏေဘဝဖြင့်ပင် တစ်နှစ်ထဲ့ ကျမ်းရင်းသုံးကျမ်းကို နှစ်ချင်းပေါက် အပို ကျမ်းစာမြန်မာဂုဏ်ထူးကျမ်း တစ်ခုဖြင့် အောင်မြင်ခဲ့၍  "သာသနဓဇ သိရီပဝရဓမ္မာစရိယ ဘွဲ့ကို ၁၃၃၀-ခုနှစ်၌ ရရှိခဲ့သည် ။


ပါဠိပါရဂူဂုဏ်ထူးတန်းကို နောက်တစ်နှစ်၌ ဝင်ရောက်ဖြေဆိုခဲ့ရာ ပါဠိဂုဏ်ထူးတန်းကိုလည်း နှစ်ချင်းပေါက် ထူးခြားထက်မြက်စွာ ဖြေဆိုအောင်မြင်ခဲ့၍ ဝိနယပါဠိပါရဂူဘွဲ့ကိုရရှိခဲ့သည် ၊
ထို့နောက် နိုင်ငံတော်အစိုးရ တိပိဋကဓရရွေးချယ်ရေးစာမေးပွဲကြီးကို ဆက်လက်၍ ဝင်ရောက်ဖြေဆိုရန် ပရိယတ္တိစာပေဆက်လက်လေ့လာခဲ့သည် ။ စာမျက်နှာ(၂၀၀၀)ကျော်ရှိ ဝိနယပိဋကကြီးကို အလွတ်အာဂုံရ
ကျက်မှတ်ပြန်ဆို အောင်မြင်ခဲ့ရာ တိပိဋကဓရ စာမေးပွဲကြီး.သာသနာ့သမိုင်း၌ ထူးထူးခြားခြား ရှင်သာမဏေဘဝဖြင့် ပြန်ဆိုအောင်မြင်နိုင်ခဲ့၍ ဝိနယဓရဘွဲ့တော်ကို ရရှိခဲ့သည် ။ နောက်တစ်နှစ်အကြာ၌ ဝိနယပိဋက
အပိုင်း(ခ)သဘောရေးဖြေကိုပါ ဆက်လက်အောင်မြင်ခဲ့၍ ဝိနယကောဝိဒဘွဲ့ကို ရရှိခဲ့သည် ။


ထို့အပြင် ဆရာတော်သည် သုတ္တန ္တပိဋကကို ဆက်လက်ဖြေဆိုရာ အာဂုံ ရေးဖြေ နှစ်ရပ်လုံးကိုအောင်မြင်ခဲ့၍
ဒီဃဘာဏက-ဒီဃနိကာယကောဝိဒဘွဲ့များကို၎င်း ။ အဘိဓမ္မပိဋက ရှေ့ပိုင်းငါးကျမ်း အာဂုံ-ရေးဖြေနှစ်ရပ်
လုံးကို အောင်မြင်ခဲ့၍ အသိအမှတ်ပြုအောင်လက်မှတ်များကို၎င်း ရရှိခဲ့၍ ပိဋကဓရ နှစ်ပုံခွဲအပြည့် ပြီးစီးအောင်
မြင်သည်အထိ လေ့လာသင်ယူခဲ့သည် ။ ကျမ်းမာရေးကြောင့် တိပိဋကဓရစာမေးပွဲကိုဆက်လက်မဖြေဆိုတော့ပဲ
အနားယူခဲ့သည်။


ပရိယတ္တိ-ပဋိပတ္တိသာသနာရေးကိစ္စများအားထုတ်ဆောင်ရွက်ခြင်း


၁၃၃၁ မှ ၁၃၃၇ အထိ မန္တလေးမြို]့ ။ မစိုးရိမ်တိုက်သစ် ၌ ၎င်း ။ ၁၃၃၇ မှ ၁၃၅၃-ခုအထိ ရန်ကုန်တိုင်း ။ ရန်ကင်းမြို့နယ် ။ ပဉ္စနိကာယသာသနဗိမာန်ကျောင်းတိုက်၌၎င်း ရဟန်းသာမဏေများအား စာပေများပို့ချ သင်ကြားလျှက် ပရိယတ္တိသာသနာပြုခဲ့သည် ။ ၁၃၃၁-၁၃၃၃-ခုနှစ်များတွင် မဟာစည်သာသနာ့ရိပ်သာကြီး၌ ကျေးဇူးတော်ရှင် ရွှေတောင်ကုန်းဆရာတော်ဦးပဏ္ဍိတာဘိဝံသ အထံတော်၌ ဝိပဿနာ တရားတော်များကို စိတ်ကျေနပ်မှုရသည်အထိ ပွားများအားထုတ်ခဲ့သည်။

 


၁၃၅၃-ခုနှစ် ကဆုန်လမှစ၍ အမေရိကန်နိုင်ငံသို့ ရောက်ရှိသီတင်းသုံးခဲ့သည် ။ အမေရိကန် ။ ကနေဒါ ။ စင်္ကာပူ ။ မလေးရှား စသောနိုင်ငံများသို့ အခါအားလျော်စွာ ကြွရောက်၍ တရားဓမ္မများဟောပြောပြသခြင်း၊ စာပေရေးသားခြင်း၊ စသော အကျိုးပြုလုပ်ငန်းများကို အားထုတ်ဆောင်ရွက်လျှက်ရှိသည် ။

 

ပါဠိဘာသာ ဖြင့်ရေးသားမှတ်တမ်းပြုထားသည့် ပိဋကတော်များကို လေ့လာသင်ယူလိုသူများအားကျေးဇူးများစေရန်-သာသနာတော်အတွက်ကျေးဇူးများစေရန်ရည်ရွယ်၍ ပါဠိသဒ္ဒါသင်ယူမှုလက်စွဲစာအုပ်များကို ရေးသားပြုစုလျှက်ရှိရာ

 

(၁) သုခါဝဗောဓနီ အလွယ်သင် မစိုးရိမ်ပါဠိသဒ္ဒါ (A Comprehensive Manual of Pāli Grammar)
(၂) နာမာချာတဂဏသမ္ဗောဓနီ နှင့် အခြေခံပါဠိဝါကျသိက္ခာ (Noun Declension,Verb Conjugation Handbook and Basic Pāli Reader) 

 

စာအုပ်များကို ပါဠိစာသင်သားများအတွက် ကျေးဇူးများစေရန် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။

 

 

******************************************************

အလှူရှင်များ စာရင်း

******************************************************

 

ထပ်မံဖေါ်ပြပါမည်

စဉ် အလှုရှင်အမည် လှုဒါန်းသည့် နေ့    လှုဒါန်းငွေ 
           
           
           
Yu Thinn Cho ၃-၁၀-၂၀၁၄ စင်ကာပူဒေါ်လာ ၁၀၀
Yu Thinn Cho ၂၉-၈-၂၀၁၄ စင်ကာပူဒေါ်လာ ၁၀၀
Yu Thinn Cho ၂၈-၇-၂၀၁၄ စင်ကာပူဒေါ်လာ ၁၀၀
ဖိုးဖိုးဖွားဖွား၊ဖေဖေ မေမေ ကိုဦးထိပ်ထား၍ သမီးလေး Moon Shi ၏ အလှူ ၂၃-၄-၂၀၁၄ စင်ကာပူဒေါ်လာ ၅၀
U Aye Maung and family ၂၂-၄-၂၀၁၄ စင်ကာပူဒေါ်လာ ၃၀
 ဒေါ်ပုံ့ပုံ့ထူး ၂၂-၄-၂၀၁၄ စင်ကာပူဒေါ်လာ ၃၀
         
         
စဉ် ရန်ကုန်ဓမ္မာစရိယတက္ကသိုလ်အား ပြန်လည် အပ်လည် အပ်နှံငွေ      
         
       
           
    ခန့်မှန်းခြေ စုစုပေါင်း စင်္ကာပူဒေါ်လာ (လက်ကျန်ငွေ)