Satipatthana Meditation Centre

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast
iPhone, iPAD ကိုအသုံးပြုသူများသည် Mp3 များကို တိုက်ရိုက် နာယူနိုင်ပါသည်။ ဗီဒီယိုတရားတော်များ အတွက် App Store တွင် Oplayer Lite (သို့မဟုတ်) yxplayer2 Lite ကို Free Download အသုံးပြုပြီး ကြည့်ရှုနိုင်ပါသည်။

တခြား Mobile Phone များအတွက် Opera Browser ကို အသုံးပြုနိုင်ပါသည်။

Android version 2.1တွင် မြန်မာလို မမြင်ရပါ။ Android version 2.2 နှင့် ဒီထက်မြင့်သော Android Version များပါရှိသော Mobile, Tablet များကို အသုံးပြုက မြန်မာလို မြင်ရ နိုင်ပါသည်။

download Myanmar font

 

 

စင်္ကာပူနိုင်ငံ သတိပဋ္ဌာန်ရိပ်သာ (SMC) လူငယ် အထူး ဝိပဿနာ ၅ ရက် တရားစခန်း (ပထမအကြိမ် ၂၀၁၂)
************************************

မတ်စွာဘုရားရှင်၏ တရားအမွေအနှစ်အစစ်ကို လိုက်နာကျင့်သုံးနိုင်စေရန် သတိပဋ္ဌာန်ရိပ်သာ (SMC) မှ လူငယ်များအား အထူးတရားစခန်းသို့ ဖိတ်ခေါ်ပါသည်။

 
သတိပဋ္ဌာန်ရိပ်သာ၏ ရည်ရွယ်ချက်
**************************

- လူငယ်များ အသိမှန် အမြင်မှန် ရရှိပြီး၊ လက်တွေ့ဘဝတွင် အသုံးချနိုင်စေရန်

- မြတ်ဗုဒ္ဓ၏ အမွေအနှစ်ဖြစ်သော သီလ၊ သမာဓါ၊ ပညာ သိက္ခာသုံးပါးကို
နားလည်သဘောပေါက်ပြီး၊ မျိုးဆက်သစ် လူငယ်များအနေဖြင့် ဆက်လက် သယ်ဆောင်ရန်

- ကိုယ်၊ နှုတ်၊ စိတ် အပြုအမူသုံးပါးစလုံး ယဉ်ကျေးလိမ္မာ သိမ်မွေ့မှုကို မြတ်နိုး တန်ဖိုးထားတတ်စေရန်၊

- သာသနာ၏ အနှစ်ဖြစ်သော “သတိ” နှင့် ဝိပဿနာတရား အားထုတ်ခြင်းသည် အရေးကြီးဆုံး အလုပ်ဖြစ်ကြောင်း သိရှိနားလည်စေရန်

ထို့အပြင် ရိုရိုသေသေ အားထုတ်သူများအား မရေမတွက်နိုင်သော ဝိပဿနာအကျိုးများ ရရှိနိုင်စေရန် ဖြစ်ပါသည်။

အောက်ပါ အစီအစဉ်များကို ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ အဆုံးအမ တိုင်း စာတွေ့ လက်တွေ့ လေ့လာ အားထုတ်ကြမည် ဖြစ်ပါသည်။


- ဗုဒ္ဓဘာသာ အခြေခံ သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်

- လူငယ်များအတွက် ဝိပဿနာ တရားစနစ်တကျ အားထုတ်နည်း

- သမ္မာ သတိ ဖြစ်ပွားရေးနှင့် အားကောင်းထက်မြက်သော သတိ ဖြစ်စေရန် လုပ်ဆောင်ပုံ

- ဝိပဿနာတရား အရေးကြီးပုံနှင့် လက်တွေ့ ဘဝတွင် အသုံးချပုံ

- နေ့စဉ် တရားနာယူခြင်း၊ မေတ္တာပွားခြင်း၊ ဆရာတော်များထံမှ သီလယူခြင်း

- တရားအားထုတ်ရာတွင် သဘောပေါက် နားလည်စေရန် အထောက်အကူ ပစ္စည်းများ (video/slideshow) များကို အတွေ့အကြုံရှိသော ယောဂီများ၏ အကူအညီဖြင့် လက်တွေ့ သရုပ်ပြ သင်ကြားခြင်း

- အမေးအဖြေ ကဏ္ဍ


၅ ရက် တရားစခန်း အစီအစဉ်
**********************

အသက်အကန့်အသက် ---> ၁၅နှစ်မှ ၂၅နှစ် (စိတ်ဝင်စားမှုရှိပါက ငယ်ရွယ်သူများအားလည်း စဉ်းစားလက်ခံမည်)

နေ့ရက် ---> နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၁၂ (အင်္ဂါနေ့) မှ နိုဝင်ဘာလ ၂၄ ရက် ၊ ၂၀၁၂ (စနေနေ့) ထိ

အချိန် ---> နံနက် ၉း၃၀ မှ ညနေ ၆း၃၀ (နေ့ တရားစခန်း)

နေရာ။ ---> SMC at 40, Jalan Salang, behind Sembawang Shopping Center, Singapore 769522

တရားပြ ဆရာတော်များ။ ---> ဆရာတော် ဦးရာဇိန္ဒ၊ ဆရာတော် ဦးသဇ္ဇနာ လင်္ကာရ

ဘာသာစကား ----> အင်္ဂလိပ်၊ မြန်မာဘာသာ

ဆောက်တည်ရန် သီလ။ ---> မေတ္တာအဦးထားသော အာဇီ ဝဋ္ဌမက သီလ

စာရင်းပိတ်ရက် ---> ၃၁-အောက်တိုဘာ (သတ်မှတ် ဦးရေပြည့်သွားပါ စာရင်းပိတ်မည်။)

၅-ရက်လုံး အားထုတ်နိုင်မည့် ယောဂီများအား ပို၍ ဦးစားပေး လက်ခံ သွားပါမည်။

လူဦးရေကန့်သတ်ချက်ရှိပါ၍ စာရင်းကို စောစော ပေးသွင်းကြစေလိုပါသည်။

စာရင်းပေးသွင်းရန်ပုံစံကို smc.retreat@gmail.com  မှ တောင်းယူနိုင်သည်။

ပုံစံများကို ဖြည့်သွင်းပြီးနောက် email ဖြင့် ပြန်လည် ပို့ပေးရပါမည်။

 

**********************************************************************

 

သတိပဋ္ဌာန် ဝိပဿနာရိပ်သာ၊ စင်္ကာပူ

 

အဆောက်အဦးသစ်

 

 

ဤရိပ်သာကို စတင်ဆောက်လုပ်လျှက်ရှိပြီး ခန့်မှန်းခြေ ဇန်နဝါရီ ၂၀၁၃ ခုနှစ်တွင် ပြီးဆုံးမည် ဖြစ်ပါသည်။

 

အဆောက်အဦးအတွက် ပါဝင်လှုဒါန်းလိုပါက ရိပ်သာ၏ ဒီဘီအက် ကားရန့်အကောင့် ၀၁၄၉၀၂၆၂၂၈ သို့ ပေးပို့ လှုဒါန်းနိုင်ပါသည်။

အလှုရှင်၏ အမည်၊ လိပ်စာ၊ လက်ကိုင်ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ နေ့စွဲနှင့် အလှုငွေပမာဏကို sati_patthana@yahoo.com.sg အီးမေးသို့ ပို့ပေးပါရန် မေတ္တာရပ်ပါသည်။

 

ဆက်သွယ်ရန်။

 

ဦးကျော်ဟန် - (၆၅) ၉၆၁၉၉၅၄၀

ဦးသန်းမြင့်ဦး - (၆၅) ၉၂၉၅၉၅၁၀

ဦးယုခင် - (၆၅) ၉၃၆၂၉၅၈၄

ဒေါ်ခင်မြသန်း - (၆၅)၈၁၀၂၁၃၉၄