

မြန်မာနိုင်ငံ ရဟန္တာမထေရ်မြတ်ကြီး များ
၁။ လယ်တီဆရာတော်ဘုရားကြီး
၂။ ကန္နီ ဆရာတော်ဘုရားကြီး
၂။ ဝေဘူဆရာတော်ဘုရားကြီး
၃။ အင်ချောင်ဆရာတော်ဘုရားကြီး
၃။ စွန်းလွန်း ဆရာတော်ဘုရားကြီး
၄။ တောင်တန်း သာသနာပြုဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ
၅။ မင်းကွန်းဆရာတော်ဘုရားကြီး ဦဝိစိတ္တသာရဘိဝံသ (နောက်ဆုံးခန္ဓာဝန်ချခါနီး ကပ်၍ ရဟန္တာဖြစ်သွားသည်)
၆။ မဟာစည်ဆရာတော်ဘုရားကြီး
၇။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး
၈။ သဲအင်းဂူဆရာတော်ဘုရားကြီး
၉။ မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး
၁၀။ ပထမ တော်ကူးဆရာတော်ဘုရားကြီး
၁၁။ ဒုတိယ တော်ကူးဆရာတော်ဘုရားကြီး
၁၂။ ဆားတောင်ဆရာတော်ဘုရားကြီး
၁၃။ ပခုက္ကူ အနိစ္စ ဆရာတော်ဘုရားကြီး
၁၄။ ပထမ ဖားအောက်ဆရာတော်ဘုရားကြီး
၁၅။ ဒုတိယ ဖားအောက်ဆရာတော်ဘုရားကြီး
၁၆။ အနာဂါမ် ဆရာသက်ကြီး (နောက်ဆုံးခန္ဓာဝန်ချခါနီး ကပ်၍ ရဟန္တာဖြစ်သွားသည်)
မှတ်ချက်
အထက်ပါ စာရင်းသည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဒွိဟဖြစ်စရာ ရှိပါသည်။ ဤစာရင်းကို အာနာပါန ကမ္မဋ္ဌာန်းနှင့် ဎိပဿနာအားထုတ်သော ယောဂီများမှ သမာဓိ တရားအာရုံဖြင့် တာဝတံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ဝင်ပေါက်၏ ဘယ်ဘက် အခြမ်း ရွှေရောင် နံရံတွင် ကဗ္ဗည်းထိုး မှတ်တမ်းတင် ထားသော ဤကမ ္ဘာမြေ (တောင်ကျွန်း) နိုင်ငံအရပ်ရပ် မှ ရဟန္တာ ကြီးများ၏ ဘွဲ့အမည်နှင့် မဂ်ကျသော နေ့စွဲ စာရင်းမှ မြန်မာဆရာတော်ကြီးများ၏ စာရင်း တပိုင်းတစ ကို တရားအာရုံဖြင့် မြင်ရသမျှကို ပြန်လည် ပြုစုထားပါသည်။ မှန်သည်၊ မှားသည်ကိုတော့ မိမိတို့ အသိဉာဏ်ဖြင့် ချင့်ချိန် ယုံကြည်ကြစေလိုပါသည်။
တာဝတံသာနတ်ပြည် စူဠာမဏိ စေတီတော်၏ နံရံတွင် ကဗ္ဗည်းထိုး ထားသည့်စာရင်းမှာ နိုင်ငံပေါင်းစုံမှ ဆရာတော်ကြီးများ၏ မူလဘွဲ့အမည်ရင်းကိုသာ အသုံးပြုထားပြီး မြန်မာနိုင်ငံတွင် ရိုးရာဓလေ့အရ ဆရာတော်ကြီးများ၏ မူရင်းဘွဲ့အမည်အစား ဆရာတော်ကြီးများ သီတင်းသုံးသော ကျောင်းအမည်၊ သို့မဟုတ် နေရာဒေသ အမည် စသဖြင့် နာမ်စား ခေါ်ဆိုရိုး ထုံးစံရှိသည့်အလျှောက် နတ်ပြည်မှ စာရင်းနှင့် မြန်မာများခေါ်ဆိုသုံးစွဲသည့်အမည်ကို တိုက်ကြည့်ရန် အခက်အခဲရှိပါသည်။
နတ်ပြည် ရှိ ရဟန္တာကြီးများ၏ စာရင်းသည် အလွန်များပြားလှပါသည်။ ထိုစာရင်းမှ မည်သည့် ဘွဲ့အမည်သည် မြန်မာပြည်မှ ဆရာတော်ဖြစ်ကြောင်း ခွဲခြားရန်လဲ ခက်ခဲပါသည်။ ထို မှတဖန် ဘွဲ့အမည်ကို မြန်မာအများစုခေါ်ဆိုသော အမည်သို့ပြောင်းလဲရန်လည်း အခက်အခဲရှိပါသည်။ သို့ဖြစ်ပါ၍ လက်လှမ်းမှီသလောက်ကိုသာ ဖေါ်ပြထားပါသည်။
တာဝတံသာနတ်ပြည် စူဠာမဏိ စေတီတော်၏ ဂူ ဝင်ပေါက် ဘယ်ဘက်အခြမ်း အတွင်းနံရံတွင် ရဟန္တာ ကြီးများ အမည်ကို မှတ်တမ်းတင်ထားပြီး ညာဘက်အခြမ်း ဂူနံရံတွင် မြတ်စွာဘုရားဟောကြားခဲ့သော အဘိဓမ္မာတရားတော်များကို မှတ်တမ်း တင်ကဗ္ဗည်းထိုးထားပါသည်။ ရုတ်တရက်ကြည့်လျှင် ရွှေရောင်နံရံပေါ်တွင် ဓါးနှင့် မြောက်များစွာ ချစ်ထားသလို အရာများသကဲ့သို့ ဖြစ်ပေါ်နေပြီး စာတလုံးခြင်းကို အာရုံပြုလျှင် သင့်လျှော်သည့် ဘာသာဖြင့် ထင်ရှားပြသပါသည်။
တာဝတံသာနတ်ပြည် စူဠာမဏိ စေတီတော်သည် ရွှေတိဂုံစေတီ်တော်မြတ်ကြီးနှင့် ဆင်တူယိုးမှားရှိသော်လည်း စူဠာမဏိ စေတီတော်သည် အောက်ခြေ အတွင်း၌ လှိုဏ်ဂူပါသော စေတီတော် ဖြစ်ပါသည်။ မန္တလေးမြို့ရှိ ဘုရားနီစေတီတော်နှင့် ပုံစံတူ ဖြစ်ပါသည်။ (ဘုရားနီ စေတီ ပြန်လည်တည်ဆောက်စဉ်က ဆရာတော်ကြီးတပါးပါးမှ တရားအာရုံဖြင့် မြင်ရသော စူဠာမဏိ စေတီပုံစံတူကို ဆောက်လုပ်ခဲ့သည်ဟု ယူဆရပါသည်)။ စူဠာမဏိ စေတီတော်၏ ဂူ ဝင်ပေါက်သည် တပေါက်တည်းရှိပြီး၊ လှိုဏ်ဂူအတွင်း ဝင်ပေါက်တည့်တည့်တွင် ဗုဒ္ဓမြတ်စွာဘုရား၏ ရုပ်ပွားတော်တဆူနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်နှင့် ဆံတော်များကို ဖန်အုပ်ဆောင်း အစရှိသော အကာအကွယ်မပါသော ရွှေကလပ်ပေါ်တွင် ကြည်ညို ဖွယ် ဖူးတွေ့နိုင်ပါသည်။ (နတ်ပြည်တွင် သူခိုး၊ ဓါးပြရန် မရှိ၍ အကာအကွယ်မထားခြင်းဟု ယူဆရပါသည်။) စူဠာမဏိ စေတီ တော် လှိုဏ်ဂူ၏ အကျယ်အဝန်း(သို့မဟုတ်) နတ်ပြည်ရှိ ပုံသန္တာန်များသည် ကြီးမားလှသဖြင့် လူသားမျက်စေ့ဖြင့် မြင်နိုင်ပါစေဟု မေတ္တာပြု၍ ဖူးမျှော်နိုင်ပါသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် ဗုဒ္ဓမြတ်ဘုရား၏ တရားတော်များနှင့် ကမ္မဋ္ဌာန်း ဎိပဿနာကျင့်စဉ်များကို ယုံကြည်စိတ်ချစွာ အားထုတ်ပြီး တရားထူးတရားမြတ်များ လျှင်မြန်စွာ ရနိုင်ကြပါစေ..........
အခြား သိမှတ်ဖွယ် အချက် အလက်များ
သူတော်စင် အများစုတို့သည် ငယ်စဉ်အခါမှ ဗုဒ္ဓဘာသာစာပေများကို ထိတွေ့ရင်းနှီးကြပေလိမ့်မည်။ ဘာသာရေးအကြောင်းအရာဆိုလျှင် ငရဲမင်းကြီး၏ အခန်းကဏ္ဏသည် မပါလျှင် မပြီးသော အကြောင်း အရာ တခုဖြစ်သည်။ ပန်းချီ၊ ပန်းပု စာပေ အနုပညာရှင်ကြီးများသည် မိမိတို့၏ စိတ်ကူးဖြင့် မှန်းဆ၍ ငရဲပြည်၏ မြင်ကွင်းကို ပုံဖေါ်၍ ပန်းချီ ရုပ်ပြ ပုံဆောင်များကို ရေးဆွဲခဲ့ကြသည်ကို ကြုံတွေ့ဖူးကြပါလိမ့်မည်။
အာနာပါန ကမ္မဋ္ဌာန်းနှင့် ဎိပဿနာအားထုတ်သော ယောဂီများသည် သမာဓိ တရားအာရုံဖြင့် ငရဲပြည်သို့လည်း စူစမ်လေ့လာခဲ့ကြပါသည်။
ထိုယောဂီများ၏ အဆိုအရ ငရဲမင်းကြီးသည် ပန်းချီသရုပ်ဖေါ်များသကဲ့သို့ ချိုကြီးများနှင့် ကြောက်စရာ မသွင်သတ္တန် မဟုတ်ဘဲ အလွန်တရာလှပ ချောမောသော နတ်သား တပါးသာဖြစ်ကြောင်း သိရှိရပါသည်။ (သူ၏အတိတ်ဘဝ ကုသိုလ်ကြောင့်သာ ငရဲမင်းကြီးအဖြစ် အမှုထမ်းနေရသည်ဟု ယူဆရပါသည်။)
ငရဲမင်းကြီးသည် အလွန်တရာ သဘောကောင်းပြီး သတ္တဝါများကို ငရဲမှ ခံစားစေလိုစိတ် ရှိဟန်မတူပါ။ ငရဲသား သတ္တဝါအပေါင်းတို့ ငရဲခံမှုများကို လျှော့ပေါ့စေရန် ယ္ခင်ကပြုခဲ့ဘူးသော အလှုဒါနများကို သတိရအောင် ကူညီပြောပြပေးတတ်သည်ဟု သိရှိရပါသည်။ အထူးသဖြင့် သူတော်စင်တို့အမျှပေးဝေသည့်အခါ ငရဲမင်းကိုလည်း တိုင်တည် အမျှဝေခဲ့ဘူးမည်ဖြစ်ပါသည်။ ထိုသို့ငရဲမင်းကြီးကို တိုင်တည် အမျှပေးဝေခဲ့သည့် ကုသိုလ်ကို ပြန်လည်သတိရရန် ငရဲမင်းကြီးက ဘယ်နေ့ဘယ်အချိန်က သူ့ကို ဘယ်လိုကုသိုလ်ပြု၍ အမျှပေးဝေခဲ့ကြောင်း သတိရရန် ပြောပြပေးတတ်သည်ဟုလည်း သိရှိရပါသည်။
ငရဲမင်းကြီးသည် လပြည့်၊ လကွယ် နေ့များတွင် နတ်ပြည်သို့တက်၍ ဥပုဒ်သီလ စောင့်တည်တတ်ပါသည်။ ဤအချက်ကို အကြောင်းပြုခဲ့ဟန်တူပါသည်။ အချို့သော လူကြီးသူမများက လပြည့်၊ လကွယ် နေ့များတွင် သေလျှင် အပါယ်တံခါးပိတ်သည်ဟု ပြောစမှတ်ရှိကြပါသည်။ ဤအချက်ကို သမာဓိ တရားအာရုံဖြင့် ငရဲပြည်သို့စူစမ်လေ့လာခဲ့ကြသော ယောဂီများကို မေးမြန်းရာ ငရဲမင်းကြီး နတ်ပြည်သို့သွား၍ ဥပုဒ်သီလ စောင့်တည်နေခြင်းကြောင့် ငရဲမင်းကြီး အလုပ်ပြန်ဆင်းတဲ့အထိ စောင့်နေကြရခြင်းပါ၊ ငရဲကျဖို့ တရက်နောက်ကျခြင်းမျှသာဖြစ်သည်ဟု ရှင်းပြကြပါသည်။