တခြား Mobile Phone များအတွက် Opera Browser ကို အသုံးပြုနိုင်ပါသည်။
Android version 2.1တွင် မြန်မာလို မမြင်ရပါ။ Android version 2.2 နှင့် ဒီထက်မြင့်သော Android Version များပါရှိသော Mobile, Tablet များကို အသုံးပြုက မြန်မာလို မြင်ရ နိုင်ပါသည်။
ဆရာမလေး
မမေသက်သည် ထိုင်းနိုင်ငံတွင်အခြေပြုလျှက် ဝိပသနာတရားထိုင် ရှုပွားပုံများကို
Guided Vipassana Meditation over Internet စနစ်
(အင်တာနက်မှ တိုက်ရိုက်ဥာဏ်အကူညီပေး Web-camမှတဆင့် တိုက်ရိုက်တရားထိုင်စနစ်)
ကို အသုံးပြု၍ နိဗ္ဗာန်အလှူပေးလျှက် ရှိပါသည်။
တရားစခန်းမ၀င်နိုင်သော်လည်း မြတ်စွာဘုရားကို အမြတ်ဆုံးတရားဖြင့်
ပူဇော်ချင်သော နိုင်ငံအရပ်ရပ်မှ စိတ်ဝင်စားသော သူတော်ကောင်းပုဂ္ဂိုလ်များ
ဆက်သွယ်နိုင်ပါသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှ ယောဂီများအတွက် စနေနေ့ တိုင်း
တနေ့ တာ အိမ်တွင်း တရားစခန်းနှင့်
အင်တာနက်မှ တရားဥာဏ်အကူညီပေးချိန်များတွင်လည်း လာရောက်တရားထိုင်နိုင်ကြပါသည်။
Contact No: +66-8-7576-3062
Email: globe9win@gmail.com
Messengers: Skype,Yahoo, Hotmail, Oovoo { User Name "globe9win" }
Website:
http://maythetwin.multiply.com
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထိုင်းနိုင်ငံရဲ့ ဒုတိယနယ်မြေ အကြီးဆုံး ချင်းမိုင်မြို့ကို လူတိုင်းကြားဖူးကြသလို
ရောက်ဖူးသူတွေလည်း တော်တော်များများ ရှိကြလိမ့်မယ် ထင်ပါတယ်။ ချင်းမိုင်မြို့ဟာ
နယ်စပ်မြို့လေးသဖွယ် ရှိနေပြီး ထိုင်းလူမျိုးတွေသာမက မြန်မာနိုင်ငံမှ
ပြောင်းရွေ့နေထိုင်ကြတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားမျိုးနွယ်စုအများအပြားကိုပါ
တွေ့ရပါတယ်။ စေတီ၊ ပုထိုးနဲ့ ရှေးဟောင်းလက်ရာများ၊ ဘုန်းတော်ကြီးကျောင်းများလည်း
နံမည်ကြီးသလို လွန်စွာပေါများလှသော်လည်း ကိုးကွယ်ယုံကြည်မှုမှာတော့ မိရိုးဖလာနဲ့
မဟာယန တို့ရောယှက်နေပြီး အကျင့်ပဋိပတ်ကို မဏ္ဍိုင်ပြုထားတဲ့ စစ်မှန်သော
ထေရဝါဒဗုဒွဘာသာ ကိုးကွယ်ယုံကြည်သူတွေကို တွေ့မြင်ရခဲပါတယ်။
ဒီမြို့လေးမှာ ပြောင်းရွေ့နေထိုင်ဖို့ ရောက်ရှိလာတဲ့ ကျွန်တော်တို့
မြန်မာတိုင်းရင်းသားအများစုဟာ ဆင်းရဲကြပါတယ်။ ဒီဆင်းရဲမှုကြောင့်ပဲ သူတို့တတွေဟာ
ဗုဒ္ဓဘာသာမဟုတ်တဲ့ တခြားသော ဘာသာဝင်တွေရဲ့ အထောက်အပံ့ကို ရယူကြပြီး ဗုဒ္ဓဘာသာမှ
တခြားဘာသာများသို့ ပြောင်း၍ ကိုးကွယ်ယုံကြည်လာကြပါတယ်။ အခြားဘာသာ များက
ဆင်းရဲမှုအတွက် ခဏတာအဆင်ပြေစေဖို့ ထောက်ပံ့မှုတွေ ပေးကြတယ်။
တဒင်္ဂဆိုတဲ့အချိန်တိုလေးအတွင်းမှာပဲ သူတို့လေးတွေ ဘာသာခြားဖြစ်သွားကြပါပြီ။
ဘာသာတစ်ခုရဲ့ အနှစ်သာရကို သေချာဂဃနဏ မသိရှိကြဘဲ မိမိအသက်ရှင်သန်နိုင်ဖို့ကိုပဲ
ဦးတည်ပြီး ဒီလမ်းကို ရွေးချယ်ကြတယ်လို့မြင်ပါတယ်။
လူတစ်ဦးတစ်ယောက်၏ ဆင်းရဲကြပ်တည်းမှုကို “ငွေကြေး” ထောက်ပံ့ခြင်းဖြင့် ကူညီ၍
ပြောင်းလဲပေးသည်မှာ လွယ်ကူသော်လည်း ဘာသာတရား၏ အဆုံးအမ၌ စစ်မှန်သော
သက်ဝင်ယုံကြည်မှုရရှိစေရန်မှာ မလွယ်ကူလှပေ။ မြတ်ဗုဒ္ဓက ”လာလှည့်၊ ရှူလှည့်” ဟုသာ
ဝေနေယျတို့အား တိုက်တွန်းခဲ့ သလို၊ နီကုန်းသားတို့မေးလျှောက်သည်ကိုလည်း “ငါ
ဘုရားဟောတိုင်းလည်း မယုံနဲ့၊ ခန္ဓာက ပြောမှ ယုံ” လို့ မိန့်တော်မူခဲ့ပါသည်။ ဤသည်မှာ
ကျင့်ဝတ်ပဋိပတ်ဖြင့်သာ “အမှန်” သိနိုင်ကြောင်း ထင်ရှားလှပါသည်။
မြတ်စွာဘုရား ပဋိနိဗ္ဗာန်စံပြီးနောက် တပည့် ရဟန်းသံဃာအပေါင်းက မြတ်စွာဘုရား၏
အဆုံးအမကို နာယူ၍ “ပဋိယတ်၊ ပဋိပတ်၊ ပဋိဝေဒ” သာသနာတော်သုံးရပ် စည်ပင်ပြန့်ပွား၍
အရှည်တည်တံ့စေရန် ကြိုးစားတော်မူခဲ့ကြသလို၊ ဒါယကာ၊ ဒါယကာမများကလည်း
သာသနာတော်ကြီးကို မိမိတို့တတ်စွမ်းသ၍ ထောက်ပံ့လှူဒါန်းလာခဲ့ကြပါသည်။
“အလှူတကာတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။” လို့ မြတ်ဗုဒ္ဓ ဟောကြားခဲ့သလို
ဗုဒ္ဓဘာသာဝင်တို့သည် တရားအလှူပေးလှူလျက်ရှိသော တရားရိပ်သာများသို့ သွားရောက်၍
ကျင့်ကြံအားထုတ်လှူဒါန်းမြဲဖြစ်
သည်။ ဤကဲ့သို့ မြန်မာနိုင်ငံ၌ တရားရိပ်သာအများအပြားတွင် တရားအလှူ
ပေးလှူနိုင်ကြသော်လည်း နိုင်ငံရပ်ခြားဒေသများတွင်မူ ယင်းကဲ့သို့ပြုနိုင်ရန်မှာ
ခဲယဉ်းလှပေသည်။ ပြည်ပတွင် ရောက်ရှိနေသော ရဟန်းသံဃာများ နှင့်
ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် မည်မျှပင် ခက်ခဲစေကာမူ “ဆရာ၊ ဒကာ” လက်တွဲ၍ ဗုဒ္ဓသာသနာ
အရှည်ခန့်၍ တည်တံ့စေရန် ကြိုးစားလျက် ရှိကြပါသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဆရာမလေး “မမေသက်” ဦးဆောင်သော
ပဋိပတ္တိသာသနာပြုအဖွဲ့လေးသည်လည်း မြန်မာနိုင်ငံဖွား တိုင်းရင်းသားတို့
အယူဝါဒစွဲများမရှိစေဘဲ မြတ်ဗုဒ္ဓ၏အဆုံးအမ ဩဝါဒတရားတို့ကို ကျင့်ကြံအားထုတ်၍
သိရှိနိုင်ကြစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိသလို မြန်မာနိုင်ငံ နှင့် နိုင်ငံရပ်ခြား
ဒေသအသီးသီးတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား တိုင်းရင်းသားများကိုလည်း
အင်တာနက်မှတဆင့် တရားအလှူပေးလှူလျက်ရှိပါသည်။
(ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ မမေသက်၏ တရားအလှူကို ဓမ္မဒေါင်းလုပ်တွင် Thailand
၂၀၁၀ တရားပွဲများ သတင်း ခေါင်းစဉ်အောက်တွင် သွားရောက်၍ ကြည့်ရှူနိုင်ပါသည်။
http://www.dhammadownload.com/dhammadownload-news.htm#Thailand )
ဤကဲ့သို့ မြတ်စွာဘုရား၏ အတုမရှိ အနန္တကျေးဇူးများဦးထိပ်ထားကာ ပြည်တွင်း၊ ပြည်ပရောက်
မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် လက်လှမ်း မှီရာ ဘာသာခြားများ
နိုင်ငံခြားသားများ၊ သံသရာမှတော်စပ်ခဲ့သော ကျွန်တော်တို့ ဓမ္မဆွေမျိုးများအား
တရားဖြင့် ကျေးဇူးဆပ်နေသော ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှ “မမေသက်” ဦးဆောင်သော
ပဋိပတ္တိသာသနာပြုတရားစခန်း နှင့် အွန်လိုင်းပဋိပတ္တိသာသနာပြုလုပ်
ငန်းများတွင်မိမိတို့အနေဖြင့် အမွန်မြတ်ဆုံးသော တရားအလှူပေးလှူရာတွင် ၀င်ရောက်
တရားလေ့ကျင့်ရင်း သာသနာပြုနိုင်ကြပြီး ဘုရားအကြိုက် တရားဖြင့်ပူဇော်ခြင်းကို ထိုသို
့မပြတ်လေ့ကျင့်ခြင်းအားဖြင့် အမြတ်ဆုံး ဥာဏ်ကုသိုလ် ရယူစုဆောင်းနိုင်ကြောင်း
နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် လိုက်ရ ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနေရာမှနေ၍ ဆရာမ၏ ဝေယာဝစ္စအသုံးပြုရန် လှုဒါန်းနိုင်ပါသည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိမိတို့ ကံတွေကောင်းအောင် စွမ်းနိုင်တာ ဒီအကျင့်၊ စိတ်မရှုတ်ပဲ
ကြည်လင်အောင်စွမ်းနိုင်တာ ဒီအကျင့်၊
တကယ့်ကို လွတ်လပ်တဲ့ အရသာခံစားနိုင်တာ ဒီအကျင့်၊
ကဲ့ရဲ့ ခံရခြင်း ချီးမွန်းခံရခြင်း၊ ဥစ္စာရရှိခြင်း မရရှိခြင်း၊ အခြွေအရံများခြင်း
မရှိခြင်း၊
ကိုယ်စိတ် ချမ်းသာခြင်း ဆင်းရဲခြင်းစတဲ့  လောကဓံ ၈ပါး တွေ့  ကြုံလာချိန်မှာ
အပြုံးမပျက် ရင်ဆိုင်နိုင်အောင် စွမ်းနိုင်တာ ဒီအကျင့်၊ ကျန်းမာရေး ကောင်းအောင်
စွမ်းနိုင်တာဒီအကျင့်၊
ရုပ်ကြီးဖောက်ပြန်မှု လွန်ကဲလာလို့  မကျန်းမာတဲ့ အချိန်မှာ
ကိုယ်နာသော်လည်းစိတ်မနာစေတာ ဒီအကျင့်၊
အပါယ် ၄ပါးက အလွတ် ရုန်းနိုင်အောင် စွမ်းနိုင်တာ ဒီအကျင့်၊
အများကို စိတ်အေးချမ်းစွာနေတတ်အောင်၊အပါယ်လွတ်အောင် တကယ့် ကူညီခြင်းအစစ်နဲ
့ကူညီနိုင်တာ ဒီအကျင့် ၊
ကိလေသာအပူဓါတ်တွေ ဘယ်လောက်ရိုက်ရိုက် ငြိမ်းအေးသော နိဗ္ဗာန်ကို အာရုံပြုနိုင်တာ
ဒီအကျင့်....
အကျိုးတွေကတော့ ပြောမကုန်ပါ။ စာသိ၊ အများပြောအသိ၊ သင်္ညာသိနဲ့ သူများပါးစပ်
လမ်းမဆုံးပဲ
ဤ၀ိပဿနာ အကျင့်ဖြင့် လက်တွေ့ စမ်းကြည့်စေ ချင်ပါတယ်။ တရားခွေတွေ
မနက်တိုင်းဖွင့်နေရုံ၊ တရားနာရုံ၊
တရားစာတွေ ရွတ်နေ ဖတ်နေရုံနဲ့ အပါယ်လေးပါးက အလွတ်ရုန်းလို့ မရပါ။ အကျင့်ကျင့်မှ
ရမှာပါ။
နည်းမသိလို့ ..မလုပ်တတ်လို့ ခက်နေတာ.. တရားတွေရဖို့  ကြာနေတာပါ။
နည်းလွယ်လေးနဲ့ စက္ကန့် မလပ်သာ ကြိုးစား ကြည့်ပါ။ တရားက ဆုပေးလာပါလိမ့်မယ်။
မိမိအလုပ်ကတော့ တရစပ်သာကျင့်ပေးနေရုံပါ။
တငါငါအစွဲတွေနဲ့ မလုပ်မိအောင် သတိထားပြီး တသံသရာလုံးက
မပြုပြင်ဖူးတဲ့ စိတ်ကိုပြုပြင်ပေးပါ။ သုံးရုံသုံးတတ်ပါစေ..
မစွဲမိအောင်ကြိုးစားပေးရပါမယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သတိအစဉ်ကပ်... ကိုယ့်စိတ်ကိုယ်စစ်.. သူများစိတ်မစစ်နဲ့ ။
ကိုယ်ပိုင်ကိုယ်ဆိုင်လုပ်လို့ မရ.. သူ့ သဘောသူဆောင်ပြီး ပေါ်လိုက်တိုင်းလည်း
မရှိတော့တာပဲ။
သဘာဝတရားကြီးကိုက မမြဲတာပဲတကယ်ရှိနေတာ။
ကိစ္စနည်းအောင်နေ.. ပြောနေရသမျှ၊လုပ်နေရသမျှ၊သိနေရသမျှ ဒုက္ခချည်းပဲ။
ကိလေသာစိတ်တွေ ဖြစ်ရင်ဖြစ်မှန်း သိအောင်ကြိုးစား။
ကိလေသာစိတ်တွေဖြစ်လာတာသိရင် ဖယ်ထုတ်၊ဖြတ်ချ၊ ဆက်ဖြစ်ခွင့်မပေးပါနဲ့ ။
ကိလေသာနဲ့ ပေါင်းနေသ၍လက်ခံထားသ၍ပူမယ်။ အေးချမ်းတာကြိုက်ရင် အပူလာရိုက်တိုင်း
ဖယ်ထုတ်တတ်ပါစေ။
ကိလေသာစိတ်တွေ ဖြစ်ခွင့်မရအောင် အဓိကသတိလေး အမြဲကပ်ကပ်ပြီး နှလုံးသွင်းနေရမှာကတော့
ရုပ်ခန္ဓာမှာဘာဖြစ်လာလာ {တရစပ်ဖောက်ပြန်ပျက်စီးပြီး အသစ်အသစ်တွေ
အစားထိုးလိုက်တိုင်းလည်း ပျက်စီးနေတယ်}
လို့  တလုံးပဲ ဆက်တိုက် နှလုံးသွင်းပေးနေပါ။
နာမ်ခန္ဓာ(စိတ်)မှာ ဘာသိလာလာ { သိလိုက်တိုင်း မရှိတော့ဘူး။ အသစ်အသစ် သိတိုင်းလည်း
မရှိတော့ဘူး} လို့ 
တလုံးပဲ ဆက်တိုက် နှလုံးသွင်းပေးနေပါ။
သတိကပ်သိပေးနေရပါမယ်။ စိတ်မလွတ်ပါစေနဲ့ ။ လွတ်တဲ့စိတ်ကိုပြန်ဖမ်း၊ ပျောက်သွားတာ၊
မရှိတော့တာတွေကို ထပ်သတိထား။
စိတ္မျငိမ္ဘူးလို ့ စိတ္ဓါတ္မက်ပါနဲ ့။ တသံသရာလုံးကငြိမ်အောင် မလေ့ကျင့်ခဲ့လို့ ပါ။
ဒါကြောင့်တစက္ကန့်  ကနေစပြိးလေ့ကျင့်ပါ။
ဥာဏ်တဆင့်မြင့်သူများက "တရစပ်ဖောက်ပြန်ပျက်စီးသွားနေတာကို
လှမ်းလှမ်း သိလိုက်တဲ့  စိတ်တွေလည်း မရှိတော့ဘူး" လို့  စကားလုံးမပါဥာဏ်လေးနဲ့ 
တရစပ်သိပေးခြင်းဖြင့် ကိလေသာစိတ်ကြမ်းတွေ ၀င်ခွင့်မရအောင်
အမြဲတရစပ်နှလုံးသွင်းပေးပါ။
အဲ့ဒါအပါယ်တံခါးပိတ်ပြီး နိဗ္ဗာန်တံခါးဖွင့်ဘို့  သော့လေးပေးတာမို့  ဖွင့်တတ်အောင်
အမြဲလေ့ကျင့်ကြပါလို့ ...
မေတ္တာဖြင့်
မမေသက် (အင်တာနက်)
Website: http://maythetwin.multiply.com
Email - globe9win@gmail.com