တခြား Mobile Phone များအတွက် Opera Browser ကို အသုံးပြုနိုင်ပါသည်။
Android version 2.1တွင် မြန်မာလို မမြင်ရပါ။ Android version 2.2 နှင့် ဒီထက်မြင့်သော Android Version များပါရှိသော Mobile, Tablet များကို အသုံးပြုက မြန်မာလို မြင်ရ နိုင်ပါသည်။
လူ ၂၅၀၀ ရရင် ဗမာတွေ အလင်းပွင့်ပြီ
နာရေးကူညီမှုအသင်း (ရန်ကုန်) ဦးကျော်သူ၏ သုခကမ္ဘာဆေးခန်းအတွက်
လိုအပ်ချက်လေးဖြစ်ပါတယ်။
ဒီဇင်ဘာ ၇၊ ၂၀၁၀
အမြင်အာရုံများ စူးရှထက်မြက်စေရန်
အမြင်အာရုံများ ကြည်လင်ပြတ်သားလာစေရန်
အမြင်အာရုံများ အေးမြတောက်ပလာစေရန် ရည်ရွယ်၍ စက္ခုအလင်း မှုန်ဝါးခြင်း၊
တိမ်စွဲခြင်း တို့ကို ကျွန်တော်တို့ နိုင်သလောက် စွမ်းဆောင်ဖေးမ
ကုသပေးခဲ့သည်မှာ ၂၀၀၇ ခုနှစ် မတ်လမှစ၍ ယနေ့အချိန်ထိ မျက်စိဝေဒနာရှင်ပေါင်း
၁၂,၀၀၀ ယောက်ကျော်တို့အား ကုသခွဲစိပ်ပေးခဲ့ပြီ ဖြစ်သည်။
ကျွန်တော်တို့ နာရေးကူညီမှုအသင်း
(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ပြီး ကုသ ပြသကြသော
မျက်စိဝေဒနာရှင်များကို စေတနာရှင် မျက်စိအထူးကုဆရာဝန်ကြီးများ၏ အကူအညီဖြင့်
စစ်ဆေးစမ်းသပ်၍ ခွဲစိတ်မှုလိုအပ်ပါက သက်ဆိုင်ရာဆေးခန်း၊ ဆေးရုံများသို့
ပို့ဆောင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခဲ့ပါသည်။ ခွဲစိတ်ခန်း စရိတ်များကို
သုခကုသိုလ်ဖြစ်ဆေးခန်းမှ အကုန်အကျခံ ပေးအပ်ခဲ့ပါသည်။ သို့ရာတွင်
လူနာများအနေနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသရသော လမ်းစရိတ်၊
ခွဲစိတ်ရမည်ဆိုပါက သက်ဆိုင်ရာဆေးခန်း ဆေးရုံများသို့ သွားရောက်ရသည့် လမ်းစရိတ်၊
စားစရိတ် စသဖြင့် အချိန်ကုန် ငွေကုန် လူပန်းဖြစ်နေရသည်။
ထို့ကြောင့် ဤကဲ့သို့
မလိုလားအပ်သော ကုန်ဆုံးမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ယခု ကျွန်တော်တို့သည်
သုခကုသိုလ်ဖြစ်ဆေးခန်းတွင် မျက်စိခွဲစိတ် ကုသခန်း ကို ဖွင့်လှစ်ရန်
ကြိုးပမ်းလိုက်တော့သည်။
ထိုသို့ ကြိုးပမ်းမှုတွင် အလှူငွေများ လိုအပ်လျှက်ရှိသည်။
ကျွန်တော်တို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အလှူငွေများရှိသော်ငြားလည်း ယခု
ဈာပနအဆောက်အဦ တည်ဆောက်ရာ၌ များစွာကုန်ကျလျှက်ရှိသည်။ ဈာပန အဆောက်အဦတွင်
ရုံးခန်း၊ ဈာပနလမ်းကြောင်း လက်ခံခြင်းရုံးခန်း၊ စာကြည့်တိုက်၊ ပညာဒါန
(ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး) စသည့် စာသင်ခန်းများ လူသားများအတွက်
အကျိုးပြုစေမည့် အကျိုးရှိစေမည့် လုပ်ငန်းစဉ်များ ပါဝင်သည်။
ထို့ကြောင့် ယခု လက်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်အဦတွင် အခမဲ့
ဆေးဝါးကုသမည့် လုပ်ငန်းစဉ်များသာ တိုးချဲ့ဆောင်ရွက်တော့မည် ဖြစ်ပါသည်။
ယင်း အဆောက်အဦတွင် မျက်စိခွဲစိတ်ခန်း အခန်း ပြုပြင်တည်ဆောက်တော့မည်
ဖြစ်ပါသည်။ ဤတွင် ခွဲစိတ်ခန်းသုံး အထောက်အကူပြုပစ္စည်းများ ဝယ်ယူရမည့်အကြောင်း
ဖြစ်ပေါ်လာခဲ့သည်။
ယင်း ပစ္စည်းစာရင်းမှာ -
Digital Slit Lamp 5704 US$ (လက်ရှိပေါက်ဈေး)
Kerato Refractometer 10025 US $ (လက်ရှိပေါက်ဈေး)
Biometry Machine 7698 US $ (လက်ရှိပေါက်ဈေး)
OT Table (EYE) 4480 US $ (လက်ရှိပေါက်ဈေး)
Surgeon Chair 101 US $ (လက်ရှိပေါက်ဈေး)
Spot Light 2439 US $ (လက်ရှိပေါက်ဈေး)
Cataract Surgical Set (4 - Set) 1724 US $ (လက်ရှိပေါက်ဈေး)
Eye Minor Surgical Set (4 - Set) 1752 US $ (လက်ရှိပေါက်ဈေး)
Operatin Microscope (Motorized) 12348 US $ (လက်ရှိပေါက်ဈေး)
ယင်းပစ္စည်းများအနက် Digital Slit Lamp နှင့် Operatin Microscope (Motorized)
တို့အား အလှူရှင် ကိုဝင်းထွန်း + မပေါက် (သိင်္ဂီရွှေဝါပိုးထည်) က
ဝယ်ယူလှူဒါန်းပြီး ဖြစ်ပါသည်။ ကျန်ရှိနေသော ပစ္စည်းများအတွက် အလှူငွေ 28219 US$
ခန့် လိုအပ်လျှက်ရှိပါသည်။
ထို့ကြောင့် လူသားတို့၏ စက္ခုအမြင် ကြည်လင်ပြတ်သားရန်၊ စူးရှထက်မြက်လာရန်၊ အေးမြ
တောက်ပလာရန်အတွက် လျင်မြန်စွာ ကုသိုလ်ဖြစ် အခမဲ့ ခွဲစိတ်ကုသပေးလိုပါသဖြင့်
အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် တက်အားသ၍ လျင်မြန်စောလျှင်စွာ
ကုသိုလ်ယူကြပါရန် နှိုးဆော်လိုက် ရပါသည်။
ပြည်တွင်း/ပ ရှိ မြန်မာလူမျိုးများအနေဖြင့်လည်း တဦးလျှင် 10 US$ (တစ်ဆယ်
ဒေါ်လာ) လှူဒါန်းကြပါက လူအယောက် (၂,၅၀၀) ဦး ဆိုပါက လိုအပ်သော
မျက်စိခွဲစိတ်ခန်းသုံး ကရိယာပစ္စည်းများ ဝယ်ယူနိုင်ပါတော့မည်ဖြစ်ပါကြောင်း
ထို့ကြောင့် တဦးလျှင် တစ်ဆယ်ဒေါ်လာ လူ ၂,၅၀၀ ဆိုလျှင် ဗမာတွေ အလင်းပွင့်တော့မည်
ဖြစ်ပါသည်။
ပါဝင်လှူဒါန်းလိုသော စေတနာရှင် ညီအကိုမောင်နှမများအနေဖြင့် အောက်ဖော်ပြပါ Lotus Foundation အသင်းဝင် ညီအကိုမောင်နှမများထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မေတ္တာရှေ့ထား၍ နိဗ္ဗာန်အကျိုးမျှော်ကာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
- ကိုဝင်းထွန်းဆင့်
- ဖုန်း
(+၆၅) ၉၀၂၂၃၆၄၃
- မခင်မမ - ဖုန်း (+၆၅) ၉၇၃၃၄၃၀၂
- ကိုအောင်ပြည့်စုံအေး
- ဖုန်း (+၆၅) ၉၁၁၉၇၃၆၁
- ကိုထင်ကျော်
- ဖုန်း (+၆၅) ၉၄၂၄၂၉၆၁
- ကိုကျော်ဝဏ္ဏ
- ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
(၀၈-၁၂-၂၀၁၀)
ကိုစိုးမင်းလတ် + မယဉ်ယဉ်ထွန်း သမီးကြီး ရွှေသဲလှိုင်၊ သမီးငယ် ယဉ်သီရိလတ် နှင့်
သား ထက်အောင် မိသားစု - S$ 100.00
ကိုထိန်လင်း - S$ 25.00
ကိုလှမျိုးလှိုင် + မလွင်လွင်ခိုင် သား မောင်ဉာဏ်ဘုန်းဇော် မိသားစု - S$ 25.00
မကြည်ပြာဝင်း - S$ 100.00
ကိုခင်မောင်အေး + မတင်ညိုလင်း မိသားစု - S$ 30.00
(၀၉-၁၂-၂၀၁၀)
၁။ ကိုထွန်းအောင်ကျော် + မအေးနုခင် မိသားစု - S$ 50.00
၂။ Mr. Kenny Woo + မဋ္ဌေးဋ္ဌေးရှိန် မိသားစု - S$ 50.00
၃။ မမျိုးမျိုးအေး - S$ 20.00
(၁၀-၁၂-၂၀၁၀)
၁။ မတိုးတိုးဝင်း S$ 30.00
၂။ ဦးရွှေ + ဒေါ်ရင်လှမိသားစု S$ 20.00
၃။ ကိုနေမင်းသူ + မဝါဝါထွန်း မိသားစု S$ 100.00
၄။ ဦးကျော်ဆင့် + ဒေါ်မြမြစန်း မိသားစု S$ 100.00
ကိုထက်မြက်ဝင်း + မစန္ဒာလှိုင် မိသားစုတို့မှ အလှူငွေ S$ 50.00
နှစ်ဖက်သောမိဘများအား အမှူးထား၍ ကိုဇော်ဇော်ထွဋ် + မသီသီဝင့်ဝါကို မိသားစုတို့ကလည်း အလှူတော်ငွေ S$ 50.00
(၁၁-၁၂-၂၀၁၀)
၁။ ဦးကြည်ဝင်း + ဒေါ်ကျင်ထွေး မိသားစု - S$ 15.00
၂။ ကိုသီဟ - S$ 30.00
၃။ ဦးမြမောင် + ဒေါ်စန်းရင် မိသားစု - S$ 25.00
၄။ ဦးသိန်းတင် + ဒေါ်ကျင်ပြုံး မိသားစု - S$ 50.00
၅။ ကိုစောလင်းဦးခိုင် - S$ 10.00
(၁၂-၁၂-၂၀၁၀)
၁။ မခင်မြင့်ရီ - S$20
၂။ မခင်ဝါဝါ - S$15
၃။ မောင်ဝိုင်းအောင်၊ မဆုရည်မွန် - S$ 20
၄။ ကိုအောင်အောင်ကို + မအိအိဖြိုး - S$ 30
၅။ ကိုအောင်ပြည့်စုံအေး - S$50
၆။ မနှင်းရီလွင် - $25
တနင်္လာနေ့(၁၃-၁၂-၂၀၁၀)
(ကိုအောင်လင်းထက်)+ မပြည့်ပြည့်ခိုင်ဆွေ S$ 10
ကိုအောင်တင်မိုး + မခိုင်ပိုပိုချစ် S$ 20
ကိုကျော်ကျော်သူ + မနှင်းယဉ်လှိုင် S$ 30
ကိုအောင်စစ် + မချယ်ရီတင်ရွှေ S$ 20
ကိုညီဇော် + မခင်စန္ဒာထွေး S$ 10
ကိုအောင်ကျော်ဇော + မအေးစုရတနာလွင် S$ 20
ကိုနေလင်းထွန်းအောင် + မတင်လေးနွယ် S$ 50
ကိုအုန်းကျော် + မလင်းလင်းသီ S$ 20
မသန္တာမြင့် S$ 10
ကိုသန်းထွန်းဝင်း S$ 20
ကိုသောင်းတင်ထွန်း S$ 20
မလှလှဝင်း S$ 10
မသန္တာမြင့် S$ 30
မငြိမ်းအေးသန့် S$ 20
ကိုခွန်ချိူ S$ 20
ကိုထူးအောင် မိသားစု S$ 50
ကိုဖြိုးဝေလွင် S$ 30
ကိုဝဏ္ဍတင့်ေ၀ + မမေသဉ္စာဟန် S$ 100
ကိုဇေယျာလင်း + မသန္ထာဝင်း S$ 15
မအိစပါယ်ဖြူ S$ 10
(၁၄-၁၂-၂၀၁၀)
၁။ ကိုမျိုးမင်းသောင်း + မတင်မိုးဝေ မိသားစု - S$ 50.00
၂။ ကိုရဲမြင့်အောင် + မကေသွယ်လှိုင် မိသားစု - S$ 50.00
ဗုဒ္ဓဟူးနေ့(၁၅-၁၂-၂၀၁၀)
၁။ မသန်းသန်းလှ - S$ 15.00
၂။ မခင်မာဖြူ - S$ 10.00
၃။ Kaw Seng - S$ 5.00
ကြာသပတေးနေ့(၁၆-၁၂-၂၀၁၀)
၁။ Daw Win Yu Nwe - S$ 100.00
၂။ Ma Khin Lay Mon - S$ 30.00
၃။ Ko Soe Win Naing + Ma Mi Mi Thein and Mg Kung Htet San (Son) - S$ 50.00
(၁၇-၁၂-၂၀၁၀)နေ့ မှ (၂၀-၁၂-၂၀၁၀)နေ့အထိ
၁။ Soe Soe Yee - S$ 25.00
၂။ ကိုအောင်သူလင်း - S$ 20.00
၃။ ဦးထွန်းရှင် နှင့် သမီး - S$ 50.00
၄။ ကိုစိုင်းသီဟအောင် + မခင်စောမွန် မိသားစုကောင်းမှု - S$ 100.00
၅။ ကိုတင်လှ + မဝင်း မိသားစု S$ 50.00
၆။ ကိုကျော်ဝင်းလှိုင် + မမီမီအောင် မိသားစု S$ 50.00
၇။ မခင်မမ S$ 50.00
(၂၅-၁၂-၂၀၁၀)
၁။ ကိုကျော်ဇေယျ + မလုလု (သား - မောင်ကောင်းခန့်ပြည့်စုံ) (သမီး -
မရှင်းသန့်ပြည့်ဝေအောင်) မိသားစုကောင်းမှု - S$ 50.00
၂။ ကိုအောင်စိုး + မစိုးစိုးမူ မိသားစုကောင်းမှု - S$ 100.00