

တခြား Mobile Phone များအတွက် Opera Browser ကို အသုံးပြုနိုင်ပါသည်။
Android version 2.1တွင် မြန်မာလို မမြင်ရပါ။ Android version 2.2 နှင့် ဒီထက်မြင့်သော Android Version များပါရှိသော Mobile, Tablet များကို အသုံးပြုက မြန်မာလို မြင်ရ နိုင်ပါသည်။
မြန်မာပြည်ရှိ ဘုန်းတော်ကြီး သင် ပညာရေးကျောင်း များ စာရင်း
၁) ကျောင်းတည်ရှိရာ။ ။ ... စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မြင်းစီးကျေးရွာ
ကျောင်းအမည်။ ။ အမှတ်(၅) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ သုဝဏ္ဏပါသာဒါရာမတိုက်
(ရွှေကျောင်းကြီး)
ကျောင်းသားဦးရေ ။ ။ စုစုပေါင်း ၂၄၇ ယောက်
ဆက်သွယ်ရန်။ ။ 0095+22348 Ext..701
0095+ 95947060615
ကျောင်းအုပ် ဆရာတော် ။ ။ ဦးဇဋိလ
စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာ၊ ကျေးဇူးတော်ရှင်
သုဝဏ္ဏပါသာဒါရာမတိုက်(ရွှေကျောင်းကြီး) သက်တော်ရှည်ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တအဂ္ဂ၀ံသမဟာထေရ်၏ သြ၀ါဒစရိယကိုခံယူကာ တပည့်များ ဖြစ်ကြသော အရှင်ပဏ္ဍ၀ံသ၊
အရှင်ဇဋိလ၊ အရှင်တိလောက အရှင်ဝိသုတ (Ph.D)နာလန္ဒာ တက္ကသိုလ်၊အရှင်ကုလိသ(M.A)နာလန္ဒာတက္ကသိုလ်အရှင်ဝိစာရ၊အရှင်စန္ဒဇောတိ
စသော တပည့် ရဟန်းတော်များးနှင့် တပည့်ကျောင်းသား/ ကျောင်းသူများ၊ ကျောင်း
ဒကာ/ကျောင်းအမ များနှင့်တိုင်ပင်က ရှေးအခါက ဆရာတော်ကြီးများ၏ အမွေနှစ်ကို ဆက်လက်
လက်ဆင့်ကမ်းယူသော သဘောဖြင့်လည်းကောင်း ဆရာတော်ကြီး တို့၏ အမွေနှစ်ကို ဆက်လက်ထိမ်း
သိမ်းနိုင်စေရန် အတွက်လည်း ကောင်း၊ မိမိတို့ကျေးရွာနှင့် နီးစပ်သော ကျေးရွာများမှ
ကလေးငယ်များ၊ မိမိကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ဆင်းရဲနွမ်းပါး
ပညာမသင်ကြား နိုင်သော သာသနာအကျိုး နိုင်ငံအကျိုး သယ်ပိုးနိုင်မည့် မျိုးဆက်သစ်
ကလေးငယ်များ၊ ပညာ ရည်နို့သောက်စို့နိုင်စေ၊ အမျိုးဘာသာ သာသနာကို ထိန်းသိမ်း စောင့်
ရှောက်နိုင်ပါစေ ဟူသော ရွယ်ရွယ်ချက်ဖြင့်၊၂၀၀၅-ခုနှစ် မတ်လ (၂၄)ရက်နေ့တွင်
ပြည်ထောင်စု မြန်မာ နိုင်ငံ တော် သာသနာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်၊
မူကြိုတန်း၊ သူငယ်တန်း၊ ပထမတန်း ၊ဒုတိယတန်း၊ တတိယတန်း မှ ၊စတုတ္ထတန်းအထိ ကျောင်းသား/
ကျောင်းသူ (၃၀၀)ဖြင့်စတင်၍ဖွင့်၍ လှစ်သင်ကြား ပေးနိုင်ခဲ့ပါသည်၊ ယခုဆိုလျှင်
ကျောင်းသား/ ကျောင်းသူပေါင်း ၃၀၀ကျော်နှင့် ဆရာ ရဟန်းတော်များ ဆရာ/ဆရာမ
များက၀ိုင်းဝန်း၍ သင်ကြားပေးနိုင်ခဲ့ပါပြီ၊ ယခုဆိုလျှင်ပညာ သင်နှစ်သည်(၄) နှစ်တာ
ခရီးသို့ကျော်လွန်၍ (၅)နှစ်တာ ခရီးသို့ဆက်လက် လျှောက်လှမ်းလျှက် ရှိပါသည်။ ရှေ့
ဆက်၍ ပညာသင်ကြား နိုင်ရန် အတွက်ပညာပါရမီဖြည့် ဆည်းကြမည့်၊ ပညာပါရမီအလှူရှင်များ
လိုအပ်လျှက်ရှိပါသည်၊ သို့ဖြစ်ပါသောကြောင့်၊ အနာဂတ် သားကောင်း၊
သမီးကောင်းများဖြစ်ပေါ်လာနိုင် စေရေးအတွက် ပညာပါရမီ၊ ပညာဒါန၊
အဖြစ်လှူဒါန်းနိုင်ပါသည် ဆိုသည့်အကြောင်းအကျိုး
မျှော်၍နှိုးဆော်တိုက်တွန်းလိုက်ပါသည်။
ကျောင်းသား/ကျောင်းသူများအတွက်လည်းအလှူရှင်များလိုအပ်လျှက်ရှိပါသည်၊
ပညာပါရမီအဖြစ်ကုသိုလ်ပါဝင် လိုသူများကို နွေးထွေးစွာ ကြိုဆိုလျှက်ရှိပါသည်၊
စိတ်ပါဝင်စားသူများ အောက်ပါ လိပ်စာ သို့ဆက်သွယ် မေးမြန်းလှူဒါန်းနိုင်ပါသည်၊
၁။ အရှင်ဇဋိလ အမှတ်(၅)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မြင်းစီးကျေးရွာ၊
ရွှေဘိုမြို့နယ်၊ စစ်ကိုင်းတိုင်း။
၂။ အရှင်ဝိသုတ နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ ဖုန်း၊ 91-9431477902
၃။ အရှင်ကုလိသ နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ ဖုန်း၊ 91- 9801741895
http://shwekyaungkyi.blogspot.com/
၂) ကျောင်းအမည် - အမှတ်(၄) ဘုန်းတော်ကြီးကျောင်း
ကျောင်းတည်ရှိရာ - စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ်(၅)ရပ်ကွက်၊ ဆင်ရုံရပ်၊
အမှတ်(၄) ဘုန်းတော်ကြီးကျောင်းသည် စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ်(၅)ရပ်ကွက်၊
ဆင်ရုံရပ်၊ တွင် တည်ရှိပါသည်၊ အမှတ်(၄) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၂၀၀၂
-ခုနှစ် တွင် သာသနာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး
သူငယ်တန်းမှ စတုတ္ထတန်း အထိ စတင်ဖွင့်လှစ်ခဲ့ ပါသည်၊။ စတင်ဖွင့်လှစ်သောနှစ်တွင်
မူလတန်းမှအဆင့်သာ သင်ကြားနိုင်ခဲ့ပြီး သုံးနှစ်မြောက်သော အခါ မူလွန် တန်းကို
စတင်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါသည်။ ယခု အခါ သူငယ်တန်းမှသည် ဒဿမတန်းအထိ
၂၀၀၈/၂၀၀၉-ပညာသင်နှစ်မှ စတင်၍ သင်ကြားပေးနိုင်ခဲ့ပါသည်၊ ယခု ဆိုလျှင် ကျောင်းသား/
ကျောင်းသူပေါင်း ၂၅၀ ကျော်ခန့်ပညာသင်ကြားပေးနိုင်ခဲ့ပါပြီ၊
ဘုန်းတော်ကြီးသင်ပညာကျောင်းဆို သည့် အတိုင်း အကုန်အကျ သက်သာစေရန်နှင့် ကျောင်းသား/
ကျောင်းသူများ ယဉ်ကျေးလိမ္မာလာစေရန် ရည်ရွယ်၍ ကျောင်းသားဆိုရင် သာမဏေများဝတ်ပေးပြီး။
ကျောင်းသူ ဖြစ်ပါက သီလရှင်များ ၀တ်ပေးကာ ကျောင်းအုပ်ဆရာတော် ဦးသီလာနန္ဒ ကိုယ်တိုင်
ကြည့်ကြပ်၍ သင်ကြားပေးလျှက်ရှိပါသည်၊ သို့ဖြစ်ပါသောကြောင့် ပညာပါရမီ
ဖြည့်ဆည်းလိုသူများ အမှတ်(၄) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ နွေးထွေးစွာ
ကြိုဆိုလျှက်ရှိပါကြောင်း နှင့် မျိုးဆက်သစ် ကလေးငယ်များ အား လှိုက်လှဲစွာ
ကြိုဆိုပါကြောင်း အသိပေးနိုးဆော်အပ်သည်၊
ဆက်သွယ်ရန်လိပ်စာ။ ။ ဦးသီလာနန္ဒ
အမှတ်(၄) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
အမှတ်(၅) ရပ်ကွက် ၊ ဆင်ရုံရပ်၊ ရွှေဘို မြို့၊ စစ်ကိုင်းတိုင်း၊
ဖုန်း.0095+92054938
Gmail: gtymes.4@gmail.com
၃) ကျောင်းအမည် - စိတ္တသုခ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း
ကျောင်းထိုင်ဆရာတော် - ပဓာနနာယက ဆရာတော် ဦးပုညနန္ဒ
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ သတ္တမတန်းအထိ ၂၄၆၁ ယောက်
ကျောင်းအမျိုးအစား - (မူလွန်ကျောင်း)
လိပ်စာ - ရပ်ကွက် (ရ)၊ မောသီရိကွက်သစ်၊ နယ်မြေ (၂)၊ လားရှိုးမြို့၊
ရှမ်းပြည်မြောက်ပိုင်း
ဖုံး- ၀၈၂ ၂၂၇၀၅
လူမျိုး(ကျောင်းတက်နေသောကလေးများ) - ရှမ်း၊ ဗမာ၊ တရုတ်၊ မုန်းဝန်း၊ ကိုးကန့်၊
မာလီပါး၊ ဂေါ်ရခါး၊ ဟိန္ဒူ၊ ပလောင်၊ ဓနု၊ ၀၊ ရခိုင်၊ ကရင်၊ ကချင်၊ လားဟူ၊ မွတ်စလင်။
ဘာသာ (ကျောင်းတက် နေသောကလေးများ) - ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊အစ္စလာမ်
အကျဉ်းချုပ်အခြေအနေ -
ကျောင်းအဆောက်အဦးများသည် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် စုပေါင်း အလှူရှင်များ၊
ကုမ္မဏီများ၊ ဆရာ၊ ဆရာမ များမှာလည်း လခစားအနေဖြင့် မဟုတ်ဘဲ စေတနာ ၀န်ထမ်းများ
အနေဖြင့် မုန့်ဖိုးသာသာ ခရီးလမ်းစရိတ်အ နေဖြင့်ပေး သော ၃၀၀၀၀ ကျပ် လောက်သာ ရရှိသည်။
ထိုလောက်သောငွေကို ဆရာ၊
ဆရာမ ၂၀ ကျော် ၃၀ နီးပါးကို ပေးနိုင်ရန်မှာလည်း ပြင်ပ ကုမ္မဏီများ၏လစဉ်ထောက်ပံ့
ငွေနှင့် အလှူအတန်းများမှ ဒကာ၊ ဒကာမ များ၏ ဆရာတော်အား လှူဒါန်းသောငွေများနှင့်
သာပေးထားနိုင်ခြင်းဖြစ်သည်။
ကျောင်း၏ လက်ရှိလိုအပ်ချက် -
နှစ်စဉ်တိုးလာသော ကျောင်းသားဦးရေကြောင့် လိုအပ်လာ သော ကျောင်းအဆောက် အဦး၊
သင်ကြားရေးကို ကျွမ်းကျင်၊စိတ်ရှည် သောဆရာ၊ ဆရာမများနှင့် ရေရှည်
လုပ်ကိုင်နိုင်ရန်လုံလောက်သောထောက်အပံ့နှင့် လစာငွေ ၊ သင်ကြားရေးကို
အထောက်အကူပြုသော ပစ္စည်းများ၊ ကျောင်းသုံး ပစ္စည်းများ၊ ကျောင်းတွင်နေထိုင်သော
ကျောင်းသား သာမဏေ ရပ်ဝေး၊ တောင်တန်းဒေသများမှကလေး-၁၅၇ ယောက် အတွက် ဆွမ်းနှင့်
အခြားအသုံးအဆောင်လိုအပ်ချက်များ။
ဆရာတော်၏သဘောထား -
တချို့ကလေးတွေလည်း (ရ) တန်းအထိ မနေနိုင်ကြဘူး သူတို့မိဘက ခိုင်းလို့ရတဲ့အရွယ်၊
သေသေချာချာရေးတက်၊ ဖတ်တက်၊ တွက်တက်ရန် ခေါ်သွားကြတယ်၊ ရပ်ဝေးကလာတဲ့ တိုင်းရင်းသား
ကလေးတွေ ကြတော့လည်း ဒီမှာအတန်းကုန်ရင် သူတို့နေရပ် တောင်တန်းဒေသကိုပြန်ပြီးရရာ
အလုပ်ပြန်လုပ်ကြတယ်၊၊ မပြန်တဲ့သူတွေလည်းရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာကတော့
ဗုဒ္ဓဘာသာဆိုရင် ဘာသာရေး အခြေခံအုတ်မြစ်ကို ကောင်းကောင်းရရှိတယ်၊ အခြားဘာသာခြားတွေ
အနေနဲ့ကတော့ ယဉ်ကျေးသိမ်မွေ့မှုအခြေခံ၊ လူမှုရေးကျင့်ဝတ်၊ စိတ်ဓာတ်ကောင်း နှင့်
စည်းကမ်းလိုက်နာတက်မှု၊ ကိုယ်ကျင့်တရား၊ အကောင်းအဆိုးကို ပိုင်းခြားနိုင်မှု။
အပြစ်ကင်းတဲ့ အသက်မွေးမှုကို ရွေးချယ်နိုင်မှုတွေကိုတော့ ရရှိတယ်။ ပညာရေးအနေနဲ့
ရှေ့မဆက်နိုင်တဲ့ ကလေးတွေကလည်း သူတို့ရဲ့မျိုးဆက် တွေကြရင် သူတို့ထက်သာတဲ့
ပညာရေးကို မြှင့်တင်နိုင်မယ်လို့ ထင်ပါတယ်၊ တိုင်းရင်းသား ကလေးတွေနဲ့ကလည်း
ဗမာစာနဲ့ယဉ်ကျေးမှုကို သေသေချာချာ နားလည်သွားပြီဖြစ်တဲ့အတွက် သူတို့လေးတွေ
ကြီးပြင်းလာတဲ့အခါ တိုင်းရင်းသားတစ်မျိုးနဲ့ တစ်မျိုးမုန်းတီးမှုတွေမထားဘဲ၊
ရင်းနှီးချစ်ခင် လာနိုင်မယ်လို မျှော်လင့်တယ်
၎) ကျောင်းအမည် - သာသနဟိတကာရီ မူလတန်း သီလရှင်ကျောင်း
ကျောင်းတာဝန်ခံဆရာလေး - ဒေါ်ဧသုဝတီ
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ လေးတန်းအထိ (မူကြို ၆၅ ယောက်အပါအ၀င် ၂၀၀
ကျော်)
ကျောင်းအမျိုးအစား - မူလတန်းကျောင်း
လိပ်စာ - ရပ်ကွက် ၈ ၊ လားရှိုးမြို.၊ ရှမ်းပြည်မြောက်ပိုင်း။
ဖုံး- ၀၈၂-၂၂၈၀၃၊ ၀၉၅၂၃၃၀၇၆
ကျောင်း၏လက်ရှိလိုအပ်ချက်- မိဘများထံမှ လစဉ်ခွဲတမ်းအနေဖြင့် ၅၀၀ မှ ၁၀၀၀
အထိကောက်ယူသော်လည်း လိုအပ်ချက်တစ်ချို့ရှိနေပါသေးသည်။ ပြင်ပအဖွဲ့စည်းတစ်ချို့မှ
အထာက်အပံ့ နှင့် ဆရာ၊မ များအတွက် သင်တန်းများရရှိထားသော်လည်း၊ ထိကဲ့သို့သော
သင်ကြားမှုပုံစံနှင့်ကျောင်းမျိုးကို ပိုမိုတိုးချဲ့နိုင်လျှင်ကောင်းပါမည်။ ယခုအခါ
ကျောင်းသားဦးရေကိုကန့်သတ်လက်ခံနေရသောကြောင့်ဖြစ်သည်။
ကျောင်းဆောင်တိုးချဲ့ဆောက်လုပ်ရန်နှင့် ဆရာမလစာအတွက်
ဆရာလေးတစ်ဦးတည်းဝန်ဖြင့်မထမ်းဆောင်နိုင်ပါ။ ပြင်ပမှဗဟုသုတဖြစ်စေသာ စာအုပ်စာတမ်း
ကလေးများအတွက်သော်လည်းကောင်း၊ ဆရာ၊မများတွက်သော်လည်းကောင်း၊၊ နည်းပညာများ၊
ကစားနည်းနှင့် ပစ္စည်းများကို ကြိုဆိုမျှော်လင့်လျှက်ရှိသည်။
၅) ကျောင်းအမည် - ရေဟော်ကျောင်းတိုက်
ကျောင်းထိုင်ဆရာတော် - ဆရာတော် ဦးဝါဿဝ
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ သတ္တမတန်းအထိ ၂၀၀ ကျော်
ကျောင်းအမျိုးအစား - (မူလွန်ကျောင်း)
လိပ်စာ - ပန်းတိမ်တောင်ရပ်၊ သီပေါမြို့၊ ရှမ်းပြည်မြောက်ပိုင်း။ ဖုံး- ၀၈၂-၈၀၀၆၅
ကျောင်း၏လက်ရှိလိုအပ်ချက်- ဆရာတော်မှာ ကိုယ်တိုင်ဆောက်လုပ်နေသော
ကျောင်းဆောင်သစ်တစ်ဆောင်အတွက် အလှူရှင်များလိုအပ်နေသည်။ ကျောင်းသားမိဘများမှာလည်း
ဆင်းရဲနွမ်းပါးသူများသာများသောကြောင့် ငွေးကြေးများများစားစားမထည့်ဝင်နိုင်ပါ။
ဆရာ၊ဆရာများမှာ လည်းစေတနာ့ဝန်ထမ်းလူငယ်များသာများပြီး သီးခြားလစာမရရှိကြပါ။
၆) ကျောင်းအမည် - အုန်းချော မူလွန်ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (အဘယခေမိက
အရိယာဝါသ အမှတ် ၉)
ကျောင်းထိုင်ဆရာတော် - ဦးဇဋိလ
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ သတ္တမတန်းအထိ ၄၀၀ ကျော်
ကျောင်းအမျိုးအစား - (မူလွန်ကျောင်း)
လိပ်စာ - အုန်းချောရွာ၊ မန္တလေးပြင်ဦးလွင် လမ်းမကြီး၊ ပုသိမ်ကြီး မြို့
ဖုံး- ၀၈၅-၄၀၀၁၇ (တဆင့်ခေါ် ဦးတင်စိုး)၊ ၀၈၅-၄၀၀၅၀ (တဆင့်ခေါ် ကိုရဲအောင်)
ကျောင်း၏လက်ရှိလိုအပ်ချက်- အနီးအနားရွာများမှ လက်လုပ်လက်စား မိသားစုများမှ
ကလေးများ၏အခြေခံပညာရေးအတွက်
အားထားနေရသော ဘက ကျောင်းဖြစ်သည်။ ကလေးများ သက်တောင့်သက်သာနှင့် မိုးလုံ
လေလုံစေရန်ကျောင်းဆောင်
လိုအပ်ချက်နှင့် ဆရာ၊မ များအတွက် လစာငွေ။ (
အခြားကျောင်းများနည်းတူလိုအပ်ချက်များရှိသည်။)
၇) ကျောင်းအမည် - စလေ အထက်တန်း ဘုန်းတော်ကြီးသင်ကျောင်း
ကျောင်းတာဝန်ခံဆရာမ - ဒေါ်လှလှမိုး
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ ၁၀တန်း အထိ ၁၄၂၉ ယောက်
ကျောင်းအမျိုးအစား - (အထက်တန်းကျောင်း)
လိပ်စာ - ဘုရားကြီးတောင်ဘက်မုတ်၊ ချမ်းမြသာစည်ရပ် ၊မန္တလေးမြို့
ဖုံး- ၀၉၂၀၁၉၂၁၄၊ ၀၉၂၀၅၁၄၇၀
ကျောင်း၏လက်ရှိလိုအပ်ချက်- အခြားကျောင်းများနည်းတူလိုအပ်ချက်များရှိသည်။
၈) ကျောင်းအမည် - မဲဖလန် ဘုန်းတော်ကြီးသင်ကျောင်း
ကျောင်းတာဝန်ခံ - ဦးနန္ဒိယ (ကျောင်းအုပ်- ဦးဝါယမ၊ ‘ဒုကျောင်းအုပ်-ဦးထေရိန္ဒ)
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ ရ တန်း အထိ ၂၅၈ ယောက်
ကျောင်းအမျိုးအစား - အမှတ် ၃၊ မူလွန်ကျောင်း
လိပ်စာ - ဘုရားကြီးအရှေ့ဘက်မုခ်၊ ချမ်းမြသာစည်ရပ် ၊မန္တလေးမြို့
ဖုံး- ၀၂၉၁၀၁၃၈၈၃
ကျောင်း၏လက်ရှိလိုအပ်ချက်- အခြားကျောင်းများနည်းတူလိုအပ်ချက်များရှိသည်။
စာကြည့်တိုက်တွင် ကလေးများနှင့် သင့်တော်သောစာအုပ်စာတမ်းများလည်းလိုအပ်သည်။
ယခုလက်ရှိတွင် ဆရာ၊မများကသေသေချာချာ ကလေးများကိုစာဖတ်ကျင့်ရရန်
လေ့ကျင်ပေးနေသော်လည်း လိုအပ်သောစာအုပ်စာတမ်းများကို ဖြည့်ဆည်းနိုင်ခြင်းမရှိသေးပါ။
၉) ကျောင်းအမည် - မင်္ဂလာကန်တော် (ကော့ထင်းရွာ) ဘုန်းတော်ကြီးသင်ကျောင်း
ကျောင်းအုပ်ဆရာတော် - အရှင်ဥာဏိန္ဒ ( ကျောင်းတာဝန်ခံ- ကိုညီညီလွင်)
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ ၈ တန်း အထိ ၅၀၀ ကျော်
ကျောင်းအမျိုးအစား - အမှတ် ၃၊ မူလွန်ကျောင်း
လိပ်စာ - ကော့ထင်းစံပြကျေးရွာ၊ ကျိုက်ထိုမြို့၊ မွန်ပြည်နယ်။
ဖုံး- ၀၅၇-၆၀၃၁၉
ကျောင်း၏လက်ရှိလိုအပ်ချက်- အခြားကျောင်းများနည်းတူလိုအပ်ချက်များရှိသည်။
အစိုးရကျောင်းတက်နေသော အထက်တန်းကျောင်းသား ( ၉ တန်း၊ ၁၀ တန်း)
ကျောင်းအိပ်ကျောင်းစား ကလေးများနှင့် ကိုရင်များအတွက် စားသောက်စရိတ်နှင့်
ကျောင်းစရိတ်များကို ယခုလက်ရှိတွင် ပြင်ပအဖွဲ့အစည်း တစ်ချိှု့မှ
ထောက်ပံ့ထားသော်လည်း ပြည့်စုံလုံလောက်ခြင်းမရှိပါ။
၁၀) ကျောင်းအမည် - ပညာရာမိက သီလရှင်ကျောင်း
ကျောင်းအုပ်ဆရာလေး - ဒေါ်ပညာစာရီ
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ ၄ တန်း အထိ ၁၆၀ ကျော်
ကျောင်းအမျိုးအစား - မူလတန်းကျောင်း
လိပ်စာ - ကျိုက်ပေါလောဘုရားအနီး၊ ကျိုက်ထိုမြို့၊ မွန်ပြည်နယ်။
ဖုံး- ၀၅၇-၆၀၄၃၄ ( တဆင့်ခေါ် သန်းထွန်းဦး)
ကျောင်း၏လက်ရှိလိုအပ်ချက်- အခြားကျောင်းများနည်းတူလိုအပ်ချက်များရှိသည်။
အနီးပတ်ဝန်းကျင်ရပ်ကွက်မှ အစိုးရကျောင်းမတက်နိုင်သော ဆင်းရဲသော
ကလေးများ၏မှီခိုအားထားရာအခြေခံပညာ ဘက မူလတန်းကျောင်းလေးဖြစ်သည်။ သို့သော်
ကျောင်းအုပ်ဆရာလေးမှာ ကျန်းမာရေးမကောင်းခြင်း၊ အလှူရှင်အားနည်းခြင်း၊
အဆောက်အဦးမတိုးချဲ့နိုင်ခြင်း၊ ငှားရမ်းထားသော ဆရာမ ၂ ယောက်အတွက် လစာအဖြစ်ပေးသော
၁၅၀၀၀ ကျပ်ကိုပင်မှန်မှန်မပေးနိုင်ခြင်းကြောင့် အခက်အခဲတွေ့နေရသည်။
မိဘများလည်းစိုးရိမ်ဝမ်းနည်းနေကြသည်။ ထပ်တိုးလာသော ကလေးများကိုလည်းလက်မခံနိုင်ပါ။
၁၁) ကျောင်းအမည် - ကင်းရွာကျောင်း ဘုန်းတော်ကြီးသင်ကျောင်း
ကျောင်းအုပ်ဆရာလေး - ဦးဓမ္ဓဒိန္န
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ ၇ တန်း အထိ ---
ကျောင်းအမျိုးအစား - မူလွန်ကျောင်း
လိပ်စာ - လှိုင် ရွှေပြည်အေးရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။
ဖုံး----
ကျောင်း၏လက်ရှိလိုအပ်ချက်- အခြားကျောင်းများနည်းတူလိုအပ်ချက်များရှိသည်။
၁၂) ကျောင်းအမည် - မဟာရွှေဂူလေး ဘုရား၊ မဟာပဒုမ အထက်တန်း ဘုန်းတော်ကြီးသင်ကျောင်း
ကျောင်းအုပ် - ဦးအောင်နိုင်ဦး
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ ၁၀ တန်း အထိ ၁၀၀၀ ကျော်
ကျောင်းအမျိုးအစား - အထက်တန်းကျောင်း
လိပ်စာ - ရွှေဂူလေးဘုရားအနီး၊ ပဲခူး။
ဖုံး- ၀၅၂-၂၁၅၆၀
ကျောင်း၏လက်ရှိလိုအပ်ချက်- အခြားကျောင်းများနည်းတူလိုအပ်ချက်များရှိသည်။
ယခုလက်ရှိတိုးချဲ့ဆောက်လုပ်နေသော ကျောင်းဆောင်အတွက် အရေးပေါ်
အလှူငွေလိုအပ်လျှက်ရှိသည်။
၁၃) မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမှာ ရွှေနဒီ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်လှစ်
ကျောက်ပန်းတောင်းမြို့ စိတ္တပါလဂူ စာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော်
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒအဂ္ဂဒ္ဒန္တလာဘနှင့် ကျေးဇူးတော်ရှင်မိဘများ ဖြစ်ကြသော
ဦးဘိုးဆင်+ ဒေါ်အေးစီ၊ ဦးတင်+ဒေါ်ကြီးစိန် တို့ကို အမှူးထားပြီး ရန်ကုန်မြို့
ခြံအမှတ် (၆၁၇-စီ) မာလာလမ်း၊ ကမာရွတ်မြို့နယ်တွင် နေထိုင်သော သီဟသုဓမ္မမဏိဇောတစရ
ဦးစိုးသိမ်း+ သီရိသုဓမ္မသိင်္ဂီဒေါ်ဆင်နု ရွှေနဒီမိသားစု တို့က ဆောက်လုပ် လှူဒါန်းသော
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ရှိ ''ရွှေနဒီ'' ပရဟိတ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းကို စိတ္တပါလဂူ ကျောင်းစာသင်တိုက်ဝင်း အတွင်းမှာ ''ရွှေနဒီပရဟိတ
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း'' ဖွင့်လှစ်ခဲ့ပါသည်။ ''ရွှေနဒီ'' ပရဟိတ
ဘုန်းတော်ကြီးသင် ပညာရေးကောင်းသည် မြေ(၇)ဧက ကျယ်ဝန်းသည့် ကွက်လပ်တွင် ဆောက်လုပ်
ထားရှိပြီး စာသင်ကျောင်း တစ်ကျောင်းတွင် ရှိသင့်သော ကျောင်းထောက်ကူ ပစ္စည်းများ
စုံလင်စွာ ထားရှိထားပါသည်။
ယင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို (၂၇၊၅၊၂ဝ၁ဝ) ရက်တွင် စတင်
ဖွင့်လှစ်ပြီး ဘုန်းတော်ကြီးသင် ပညာရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း သိရှိရပါသည်။ ''ရွှေနဒီ''ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး
ကျောင်းတော်ကြီးသည် စိတ္တပါလဂူကျောင်း စာသင်တိုက်ကြီး၏ ထေရ်စဉ်ဝါလိုက် ပဓာနနာယက
ဆရာတော်ကြီးများ၏ အုပ်ချုပ်မှု အောက်တွင်သာ ရှိနေမည်ဖြစ်ပြီး ထိုကျောင်းတော်ကြီး
ရေရှည်တည်မြဲ ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ ကြားသိသမျှသော လူ၊ ပုဂ္ဂိုလ် သူတော်စင်
အပေါင်းတို့မှလည်း လုပ်အားဒါန၊ အလှူတော် ဒါနများဖြင့် ဝိုင်းဝန်းကူညီ စောင့်ရှောက်
ကုသိုလ်တော် ယူနိုင်ကြကြောင်းလည်း သိရှိရပါသည်။ ဆက်သွယ် လှူဒါန်းနိုင်သော
ဌာနများမှာ -
၁။ ''ရွှေနဒီ''ပရဟိတ ဘုန်းတော်ကြီးကျောင်း ဝ၆၁-၅၁၄၅၆၊ ၅၁၄၅၇
၂။ ဦးဆန်းဝင်းအောင် ဝ၆၁-၅ဝ၂၇၅ (ကျောက်ပန်းတောင်း)
၃။ ဦးအောင်ကျော်မိုး ဝ၆၁-၅ဝ၃၇၂ (ကျောက်ပန်းတောင်း)
၎။ ဦးသန်းဝင်း ဝ၆၁-၅၁၅၃ဝ (ကျောက်ပန်းတောင်း)
၅။ ဗိုလ်မှူးကြီးနေဝင်း(ငြိမ်း) ဝ၁-၅၅၉၄၇၂ (ရန်ကုန်)
၆။ ဗိုလ်မှူးစိုးလှိုင် ဝ၆၇-၄ဝ၈ဝ၈၂ (နေပြည်တော်) ၇။ ဦးစိုးမင်း ဝ၁-၆၈၂၄၇ဝ၊
၆၈၂၄၇၁ (ရန်ကုန်)သို့
ဆက်သွယ် လှူဒါန်းကြောင်း သိရှိရပါသည်။
၁၄) မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ရပ်ကွက်ရှိ စောမွန်လှပေါ်တော်မူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို (၂ဝဝ၂)ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ရှင်သာမဏေ အပါအဝင် ကျောင်းသားကျောင်းသူ (၅ဝဝ)ကျော်ကို ဆရာမ (၁၂)ယောက်ဖြင့် အလယ်တန်း ပညာရေး အထိ သင်ကြားပေးလျက် ရှိသည်။ နှစ်စဉ် တိုးတက် များပြားလာသော ကျောင်းသားဦးရေကြောင့် စာသင်ကျောင်းနှင့် စာသင်ဆောင် မလုံလောက်မှုကြောင့် နှစ်စဉ် စာသင်ကျောင်းဆောင်များ တိုးချဲ့ ဆောက်လုပ်လျက် ရှိရာ ယခုအခါ ဆရာတော်မှ ပေ(၃ဝ)၊ပေ(၉ဝ)အဆင်မြင့် ကျောင်းဆောင်ကြီး တစ်ဆောင်ကို ဆောက်လုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။ မည်သည့် အကြောင်းကြောင့်ဖြစ်စေ စောမွန်လှပေါ်တော်မူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ဆက်သွယ်လိုပါက (ဝ၉-၂ဝ၃၁၇၅၈)သို့ လည်းကောင်း၊ (ဝ၉-၆၅ဝဝ၁၉၉)သို့ လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
၁၅) မြိတ်မြို့ ကလွင်ကျေးရွာရှိ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၌ တည်ရှိသည့် သံသရာအေး ဘုန်းတော်ကြီးကျောင်းကို ၁၉၆၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၂၀၀၃ခုနှစ်တွင် ကျောင်းသား ၁၄၉ဦးဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကို စတင်ခဲ့သည်။ ကျောင်စတင် ဖွင့်လှစ်ချိန်မှ စ၍ ဘုန်းတော်ကြီးကျောင်း အဆောက်အအုံနှင့် ၀ါးဖြင့် ဆောက်လုပ် ထားသည့် အဆောက် အအုံ များတွင် ပညာ သင်ကြားပေး ခဲ့သည်။ နှစ်စဉ်ပင် ပြင်ဆင်မှုများ ပြုလုပ် နေခဲ့ရသည်ဟု သိရသည်။
၁၆) အနန္တမေတ္တာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဇောတိကလမ်းမကြီး။ ၁၂၆ ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်။ ရန်ကုန်တိုင်းဒ
တဆင့်ဖုန်း -
Ananta Myatta Monastery Education
Zawtika Road, 126 Qtr
East Dagon Township,
Yangon.
Tel : c/o ..........................
၁၇) ပိတောက်ရွှေဝါ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း
ပိတောက်ရွှေဝါ
ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို ၁၉၅၈ ခုနှစ်က စတင် တည်ထောင် ခဲ့ပြီး
ကျောင်းဖွင့်သည့် သက်တမ်း ၄၉ နှစ် ရှိပြီ ဖြစ်ကာ နှစ်စဉ် ကျောင်းသား တစ်ရာခန့်
လာရောက် ပညာ သင်ကြား ကြကြောင်း သိရသည်။
''ကျောင်းဖွင့် စက နယ်စပ် ဒေသ ကလေးငယ်တွေ အတွက် အဓိက ရည်ရွယ် ဖွင့်လှစ်ခဲ့ ပေမယ့်
ပညာသင် ကြားဖို့ အခက် အခဲရှိတဲ့ ကလေးငယ်တွေ အားလုံးကို လက်ခံပေး ပါတယ်။ ဘယ်လို ကလေး
တွေကိုပဲ လက်ခံမယ် ဆိုတဲ့ သတ်မှတ် ချက်တွေ မရှိ ပါဘူး။ ယောက်ျားလေး၊ မိန်းကလေး
အားလုံး သာသနာ့ဘောင် ၀င်စေပြီး စောင့်ရှောက် ပေးပါတယ်''ဟု နာဂလိုဏ်ဂူ ဆရာတော် လယ်တီ
ဘဒ္ဒန္တဇာ ဂရာဘိဝံသက မိန့်ကြားတော် မူပါသည်။ နာဂလိုဏ်ဂူ ဘုန်းတော်ကြီး သင်ပညာရေး
ကျောင်းကို ၁၉၉၃ ခု နှစ်တွင် ကလေးဝ ဆရာတော်မှ ရန်ကုန်မြို့၊ နာဂ လိုဏ်ဂူ ဘုရား
ကုန်းမြေ ၌ '၀' ကျောင်းသား ၁၇ ယောက်ဖြင့် စတင် ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ကြောင်း
သိရှိ ရပါသည်။ ဖွင့်လှစ်ပြီးချိန်မှ စ၍ နယ်စပ် ဒေသနှင့် တောင်တန်းဒေသ များမှ
တိုင်းရင်းသား ပေါင်းစုံ တစ်ထောင်ကျော် နှစ်စဉ် လာရောက်၍ အခမဲ့ ပညာ သင်ကြားလျက်
ရှိကြောင်း သိရှိ ရပါသည်။
ကျောင်းအိပ် ကျောင်းစား အဖြစ် လက်ခံကာ ပညာ သင်ကြား ပေးသော အဆိုပါ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်း များတွင် ပညာ သင်ကြားမှု အတွက် လိုအပ်သော စာအုပ်၊ ခဲတံ၊ ဘောပင်များသာ
မက ကျန်းမာရေး စောင့်ရှောက်မှု များကို လည်း စေတနာရှင် များ၏ လှူဒါန်းမှု များဖြင့်
ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း သိရသည်။ ဘုန်းတော်ကြီးသင် ပညာရေး သည်
မြန်မာနိုင်ငံ၏ ပထမ အစ ပညာသင်ကြားရေး စနစ် တစ်ခု ဖြစ်ခဲ့ ပြီး မြန်မာတို့၏ ဘာသာရေး၊
ယဉ်ကျေးမှု နှင့် ပညာရေးတို့ အတွက် အထောက် အကူ တစ်ရပ် အဖြစ် ယနေ့တိုင် ဆက်လက် တည်ရှိ
နေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘုန်းတော်ကြီးသင် ပညာကျောင်းများ သည်
ခေတ်စနစ် နှင့် လိုက်လျောညီ ထွေသော သင်ကြားမှုများ ကိုလည်း ပြောင်းလဲ နိုင်ခဲ့ပြီး
မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း အဆင့်များ အထိ သင်ကြား ပေးနိုင် ခဲ့သော်လည်း
အလယ်တန်း နှင့် အထက်တန်း ပညာ သင်ကြား ခြင်းကို ၂၀၀၉-၂၀၁၀ ပညာသင်နှစ်မှ စ၍ သင်ကြားမှု
ရပ်နားခဲ့ကြောင်း Weekly Eleven တွင် ဖော်ပြထားပါသည်။
၁၈) ကလေးဝတောရဘုန်းတော်ကြီးသင်ပညာရေးကျောင်း
ကလေးဝတောရဘုန်းတော် ကြီးသင် ပညာရေးကျောင်းများကို ၁၉၉၄ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ရာ ၁၆ နှစ်တာရှိပြီဖြစ်သည်။ ၄င်းကာ လအတွင်း နယ်စပ်နှင့် တောင်တန်း ဒေသများမှ ရဟန်းသာမဏေ၊ သီလရှင် ၁၁၈၉၅ ပါးကို ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် တွဲ၍ အတန်း ပညာကိုပါ သင်ကြားပေးနိုင်ခဲ့ ကြောင်းသိရသည်။ ထို့ပြင် မြန်မာနိုင်ငံဘုန်းတော် ကြီးသင်ပညာရေးကျောင်း ပညာ ရေးကြီးကြပ်မှု ဗဟိုအဖွဲ့ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သော ကလေးဝ တောရဆရာတော်သည် နာဂလိုဏ် ဂူဘုရားကုန်းမြေကလေးဝတောရ ပညာရေးကျောင်း၊ နန္ဒမူရိပ်သာ သီလရှင်ပညာရေးကျောင်း၊ ရန်ကုန် လယ်တီမူ ဝိပဿနာရိပ်သာဘုန်း တော်ကြီးသင်ပညာရေးကျောင်း၊ တောင်ဒဂုံအောင်သပြေစွယ်တော် ကျောင်းတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပဲခူးမြို့မဟာပဒုမ ရွှေဂူလေးဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းနှင့် မဟာကြီးဘုန်း တော်ကြီးသင်ပညာရေးကျောင်း တောင်ကြီးမြို့အောင်သပြေတပ်စခန်း စွယ်တော်ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတို့ကို ဖွင့်လှစ်၍ နယ်စပ် နှင့် တောင်တန်းဒေသမှ ရဟန်း သာမဏေနှင့် သီလရှင်များကို ဗုဒ္ဓ ယဉ်ကျေးမှုနှင့်တွဲ၍ လောကီ လော ကုတ္တရာပညာများပါ သင်ကြားပေး လျက် ထေရဝါဒသာသနာပြန့်ပွား စေရန် ဆောင်ရွက်နေသည်ဟု သိရ သည်။ အဆိုပါ ကလေးဝတောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ရဟန်းသာမဏေနှင့်သီလရှင် များအပြင် ကျောင်းသားကျောင်း သူများပါ သင်ကြားပေးလျက်ရှိရာ တက္ကသိုလ်အသီးသီးမှ ဘွဲ့ရရှိသူ ၆၆ ဦးရှိသွားပြီဖြစ်သည်။ ၄င်းအပြင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့်ရေကူး အဖွဲ့ချုပ်တို့၌ပါဝင်ကစား၍ လာအို နိုင်ငံတွင် ကျင်းပသော ၂၆ ကြိမ် မြောက် အရှေ့တောင်အာရှအားက စားပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ဆုအ ပြင် အခြားဆုတံဆိပ် ၁၃ ဆုရရှိ ထားကြောင်းသိရသည်။
၁၉) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ တောင်စွန်းမြို့၊ မြို့ဦးပရဟိတ
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် နိုင်ငံအ၀ှမ်းမှ မိဝေး၊ ဖဝေး၊ မိမဲ့၊
ဖမဲ့ဘ၀နှင့် နွမ်းပါးနုံချာရှာသည့် ကလေးငယ်များအား စောင့်ရှောက်ပေးနေသည့်
ကျောင်းကြီးဖြစ်သည်။ (၂၀၀၁)ခုနှစ်မှစပြီး ကလေးငယ်(၃၅)ဦးအား
စတင်ပြုစုစောင့်ရှောက်ခဲ့ပြီးနောက် နိုင်ငံတော်အစိုးရ၊ သာသနာရေးဝန်ကြီးဌာန၏
ခွင့်ပြုချက်ဖြင့် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအဖြစ် ဖွင့်လှစ်ကာ
လောကီအတန်းပညာ စာပေများအား သင်ကြားပို့ချပေးနေခဲ့ရာ ကျောင်းသားကျောင်းသူဦးရေ
တစထက်တစ တိုးတက်များပြားလာနေပြီး (၂၀၀၈-၀၉)ခုနှစ် ပညာသင်နှစ်တွင်
ကျောင်းသားကျောင်းသူ အရေအတွက် (၂၀၃)ဦးထိကို ပညာသင်ကြားပေးလျက်ရှိသည်။
ကျောင်းအုပ်ဆရာတော်နှင့်အတူ စေတနာရှင် ဆရာ၊ ဆရာမ(၇)ဦးတို့က မိဘမဲ့
ကျောင်းသူကျောင်းသားများအား ပညာသင်ကြားပေးရင်း နိုင်ငံတော်အစိုးရက ချမှတ်ထားသည့်
ပညာရေးလမ်းညွှန်ချက်အတိုင်း လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန်၊ ပညာနှင့်ဘ၀ကို
တည်ဆောက်ပြီး အနာဂတ်၏ နိုင်ငံ့ဝန်ထမ်းကောင်း၊ သာသနာ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်
အစဉ်တစိုက် အားထုတ်ကြိုးပမ်းနေကြသည်။
ထို့အပြင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲ၊ YMBAမင်္ဂလာစာမေးပွဲနှင့်
ယဉ်ကျေးလိမ္မာသင်တန်းများအတွက်ပါ စနစ်တကျ တွဲဖက်စီမံ သင်ကြားပေးလျက်ရှိပြီး
သင်တန်းသား မိဘမဲ့ကလေးငယ်များ ယဉ်ကျေးခြင်း၊ အဆင့်အတန်းမြင့်ခြင်း၊
ပညာရည်ထူးချွန်ခြင်းစသည့် ဘက်စုံဘ၀ တိုးတက်ရေးအတွက်
ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ ကလေးများ၏ အတန်းပညာအတွက် မူလတန်းအဆင့်မှ
အလယ်တန်းအဆင့်သို့ တိုးမြှင့်သင်ကြားပေးနိုင်ရန်လည်း ကျောင်းအုပ်ချုပ်မှုအဖွဲ့က
စီမံစိုင်းပြင်းလျက်ရှိသည်။ တောင်စွန်းမြို့၊ မြို့ဦးစာသင်တိုက်ကဲ့သို့
တောင်စွန်းမြို့၊ သော်ကမြောက်ကျောင်းနှင့် ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာမှ
ပရဟိတ တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးကျောင်းတို့သည်လည်း ပရဟိတ ပညာသင်ကြားပေးမှု
လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ အများအကျိုးဆောင် ပရဟိတ
ပညာသင်ကြားရေး ဌာနများသို့ အလှူငွေများ ပေးအပ်လှူဒါန်းလိုသည့်
စေတနာရှင်များအနေနှင့် သက်ဆိုင်ရာ ဘုန်းတော်ကြီးသင် ပရဟိတစာသင်တိုက်များအလိုက်
အလှူငွေများ ပေးအပ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။
၂၀) ဦးအာစိဏ္ဏ၊ တေဇာရာမ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း
ရွှေပြည်သာမြို့ နယ်၊ ရန်ကုန်တိုင်း
ယခင်က လှိုင်မြို့နယ်(၁၅)ရပ်ကွက် အနောက်အုတ်ကျင်းတွင် တည်ရှိခဲ့သော
ဘုန်းကြီးကျောင်း ပတ်ဝန်းကျင် သည် စက်ရုံပေါင်း များစွာ တည်ရှိသော နေရာဒေသဖြစ်ပြီး
၎င်းစက်ရုံများတွင် အလုပ်လုပ်ကြသော အခြေခံ အလုပ်သမား လူတန်းစား မိသားစုများမှာ
စက်ရုံနှင့် နီးသောရပ်ကွက်များတွင် အလွန်ဆင်းရဲစွာ နေထိုင် ကြပြီး သူတို့ သားသမီး
အများစုမှာ မူလတန်းပညာကိုပင် ပြီးဆုံးအောင် မသင်ကြားနိုင်ကြဘဲ အရွယ်ရောက်သည်နှင့်
မိဘများ နည်းတူ စက်ရုံများတွင် အလုပ်ဝင်ကြခြင်း သံသရာကို မနှစ်မြို့သော ဆရာတော်က
နွမ်းပါးသူ ကလေးများအတွက် ဘုန်းတော်ကြီးသင် အခြေခံမူလတန်းကျောင်းကို
၁၉၆၄တွင်တည်ထောင်ပြီး ပိုမို ကောင်းမွန်သော ဘဝများ သို့ရောက်ရှိ စေရန်ကူညီပံ့ပိုး
ပေးခဲ့ကြောင်း သိရသည်။။
၂၁) ပဲခူးကျောက်တန်းရွာ ဝေဠုဝန် စာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်း ပညာရေးရန်ပုံငွေ
နှစ်ကျပ်ကွက်နင်းတဲ့ ယောက်ဖ DVD ဇာတ်ကား ပြသမည် ပဲခူးမြို့နယ်၊ ကျောက်တန်းရွာရှိ
ဝေဠုဝန် စာသင်တိုက်မှ ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်း အတွက် ပညာရေး ရန်ပုံငွေ
အဖြစ် နှစ်ကျပ်ကွက်နင်းတဲ့ ယောက်ဖ ဒီဗီဒီဇာတ်ကားကို (၆၊၆၊၂ဝ၁ဝ)ရက်၊ နံနက်
(၈)နာရီတွင် ရန်ကုန်မြို့၊ မြေနီကုန်းရှိ ရွှေမန်း ရုပ်ရှင်ရုံတွင် ပြသပေးမည်ဟု
ထုတ်လုပ်သူ ဦးမြတ်စိုး (ရဲကျော်သူ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး)က
လျှပ်တစ်ပြက်သို့ ပြောသည်။ ဝေဠုဝန် စာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတ
ကျောင်းသည် ငွေပင်ငွေရင်း ကျောထောက်နောက်ခံ အားနည်းသော်လည်း ပရဟိတ လုပ်ငန်း၊
လူမှုရေးလုပ်ငန်း စိတ်ဝင်စားသော ဒကာ၊ ဒကာမများ၏ ပံ့ပိုး လှူဒါန်းမှုများဖြင့်
ခက်ခဲစွာ ရပ်တည်လျှက် ရှိနေသည်။ တိုးတက် များပြားလာသော ကျောင်းသားဦးရေတို့ အတွက်
လုံလောက်သော အဆောက်အဦနှင့် ပရိဘောဂများ ပြည့်စုံမှု မရှိသေးသော်လည်း ပညာမပြတ်
သင်ကြားနိုင်ရေး အတွက် ယာယီကျောင်းဆောင် များဖြင့်ပါ အောင်မြင်အောင် ကြိုးပမ်းလျက်
ရှိနေပါသည်။ မဝေးသော ကာလတွင်လည်း အလယ်တန်း အဆင့်သို့ တိုးချဲ့ကာ
ကျောင်းဆောင်သစ်ကြီး များဖြင့် သင်ကြားပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
စေတနာရှင်များ အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ သဒ္ဓါထက်စွာဖြင့် ပညာရေးအတွက်
ကုသိုလ်ပြုချင်ကြလျှင် ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်း၊
ကျောက်တန်းရွာ၊ ပဲခူးမြို့နယ်၊ ဖုန်း (ဝ၉ ၅၁ ၂၂၆၄၁)သို့ ဆက်သွယ်
လှူဒါန်းနိုင်ကြကြောင်း သိရသည်။
- ထောက်ကြန့်ရှိ ရွှေကျီးသာဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊
- အင်းတကော် မဟာဂုဏိကာရာမ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
- ရဲမွန်ဘက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
- မိုးကုတ်မြို့ရှိ ရတနာသိဒ္ဓိပရဟိတ မိဘမဲ့ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း
- နာဂလိုဏ်ဂူ နှင့် ပိတောက် ရွှေဝါ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း
- ကျောက်ဆည်မြို့ မြင်းစိုင်း အနောက်ရပ်ကွက်ရှိ ဆင်ဖြူရှင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
- ကလေးမြို့ ကလေးတက္ကသိုလ်အနီး တက္ကသိုလ်မုခ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
- ပဲခူးတိုင်း အလိုင်နီဆည်ထိပ်ရှိ အမှတ် ( ၅ ) အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
- အမရဝတီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် (မင်္ဂလာဒုံ)