လှိုင်မဟာစည်ဆရာတော်ကြီး

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

 

 

 

 

 

 

 

Hlaing Mahasi Sayadaw Gyi Bhaddanta Canda Vara

 

လှိုင်မဟာစည်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒာဝရ မဟာထေရ်


လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်
ယောဂီကျောင်လမ်း၊ (၁၁)ရပ်ကွက်၊ လှိုင်မြို့နယ်၊
မဟာစည်ဆရာတော်ဘုရား နှင့် နယ်လှည့်ဓမ္မကထိက အဖြစ် ၁၀ နှစ်
လှိုင်မဟာစည် ဝိပသာနာ ကျောင်းတိုက်တွင် ကျောင်းထိုင်အဖြစ် သာသနာပြုလာခဲ့သည်မှာ ၃၄ နှစ် တိုင်ခဲ့ပါပြီ

 

https://www.facebook.com/hlaingmahasi.meditationcentre

 

http://www.hlaingmahasi.org/

 

***********************************

 

ထေရဝါဒ ဗုဒ္ဓသာသနာတော် သုံးပါးပြု
လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက်
ယောဂီကျောင်းလမ်း၊ ၁၁-ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၅၂၆၁၈၂၊ ၅၁၉၇၅၀

လှိုှုင်မဟာစည် ပိပဿနာကျောင်းတိုက်


လှိုင်မဟာစည် ဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်ဟာ ကျေးဇူးတော်ရှင် ဆဋ္ဌသံဂီတိ ပုစ ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊ အရိယမဂ္ဂလမ်းညွှန်၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု မဟာစည် ဆရာတော် ဘုရားကြီးရဲ့ နည်းနာနိဿယအတိုင်း ကျင့်သုံးကြတဲ့ ကျောင်းများအနက်က တစ်ကျောင်းဖြစ်ပြီး ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၁-ရပ်ကွက်၊ ယောဂီကျောင်းလမ်း လှိုင်တက္ကသိုလ်အနီးမှာ တည် ရှိပါတယ်။ 

 

လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက်ဟာ သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်းဌာနဆိုတဲ့ အမည်နဲ့ ၁၉၃၃-ခုနှစ်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး ၁၉၇၉-ခုနှစ်၊ ဇန်နဝါရီလ ၂၇-ရက် မှာ ကမ္ဘာ့ဗုဒ္ဓသာသနာပြု မဟာစည်ဆရာတော်ဘုရားကြီးက သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်း ဌာနကို ၎င်းလက်ခံရရှိတဲ့နေ့မှာပဲ တပည့်အရှင်စန္ဒဝရ (ယခုလက်ရှိ လှိုင်မဟာစည်ဆရာတော် ဖြစ်သူ) ကို အပြီးအပိုင် လွှဲပြောင်းအပ်နှင်းပြီး ဆက်ခံသာသနာ ပြုစေတော်မူပါတယ်။ အဲဒီနေ့မှာပဲ မဟာစည် ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် လှိုင်မြို့နယ်အတွင်းမှာရှိတဲ့ မဟာစည် ကျောင်းတိုက်ဖြစ်လို့ လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက်လို့ သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်းဌာနကို အမည်သစ် ပညတ်စေတော်မူပြီး ကျောင်းထိုင်ဆရာတော် တပည့် အရှင်စန္ဒဝရ ကိုလည်း လှိုင်မဟာစည်ဆရာတော်လို့ ချီးမြှောက်ပေးတော်မူခဲ့ပါတယ်။

လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက်တွင် လိုင်စင်ဓာတ်ပုံ (၂)ပုံ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် ထောက်ခံစာတစ်စောင် ယူဆောင်ကာ အချိန်မရွေး လာရောက်ရှုမှတ် သာသနာပြုနိုင်ကြပါတယ်။


တရားအားထုတ်ရန်လာသူ မည်သူမဆို ဆွမ်း၊ ရေ၊ မီးစရိတ်စသည့် မည်သည့် အခကြေးငွေမျှ ပေးစရာမလိုဘဲ စိတ်အေးချမ်းသာစွာ တရားအားထုတ်နိုင်ကြပါတယ်။ မိမိ အားလပ်ချိန်နှင့် တရားအားထုတ်နိုင်စွမ်းပေါ် မူတည်၍ ၁-ရက်၊ ၂-ရက်၊ ၃-လ၊ ၁-နှစ် စသည် အချိန်ရသလောက် တရားရှုမှတ်နိုင်ကြပါတယ်။


ဒီလိုအခမဲ့ အေးချမ်းစွာ အားထုတ်နိုင်ရန်အတွက် လှိုင်မဟာစည် အကျိုးဆောင်များ၊ အလှူရှင်များက စုဗူးဖြင့် စု၍ လှူဒါန်းခြင်း၊ အခါအားလျှော်စွာ သဒ္ဓါအလျောက် လှူဒါန်းခြင်း၊ ဖြတ်ပိုင်းစာအုပ်များ အကျိုးဆောင်၍ လှူဒါန်းခြင်းတို့ဖြင့် ပြင်ပမှ ပံ့ပိုးလှူဒါန်းလျှက် ရှိပါတယ်။


လှိုင်မဟာစည် ယောဂီ စောင့်ရှောက်ရေးအဖွဲ့


ကျောင်းတိုက်အတွင်းမှာတော့ လှိုင်မဟာစည် ယောဂီစောင့်ရှောက်ရေးအဖွဲ့က ယောဂီ များ စိတ်ချမ်းသာစွာ တရားအားထုတ်နိုင်ရန်အတွက် လိုအပ်သော ကျောင်းအဆောက်အအုံ၊ သန့်ရှင်းသပ်ရပ်သော နေရာထိုင်ခင်း၊ အိမ်သာရေချိုးခန်း၊ ကျန်းမာရေးအတွက် ပြည့်စုံသော သန့်ရှင်းသည့် အစားအသောက်များ စသည်ပြည့်စုံစေရန် အမြဲတမ်း စီစဉ်ဆောင်ရွက်လျှက် ရှိပါတယ်။


လှိုင်မဟာစည် ယောဂီစောင့်ရှောက်ရေးအဖွဲ့ဆိုတာကတော့ ကျောင်းထိုင်အချုပ် ပဓာန နာယက လှိုင်မဟာစည်ဆရာတော် အရှင်စန္ဒဝရကို အမှူးထား၍ အောက်ပါရဟန်း သုံးပါးနှင့် သီလရှင်နှစ်ပါးက ဦးဆောင်တာဝန်ခံ ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။


၁။ ကမ္မဋ္ဌာနာစရိယ လှိုင်မဟာစည် အရှင်ပညာသာမိ
၂။ ကမ္မဋ္ဌာနာစရိယ လှိုင်မဟာစည် အရှင်ဇောတိပါလ
၃။ ကမ္မဋ္ဌာနာစရိယ လှိုင်မဟာစည် အရှင်ဉာဏောဘာသ
၄။ ကမ္မဋ္ဌာနာစရိယ လှိုင်မဟာစည် သီလရှင် ဒေါ်ကဉ္စနသိရီ
၅။ ကမ္မဋ္ဌာနာစရိယ လှိုင်မဟာစည် သီလရှင် ဒေါ်နာထကာရီ
အဲဒီတာဝန်ခံ ပုဂ္ဂိုလ် ၅-ဦးကိုတော့ ကျောင်းတိုက်မှာ အခါအားလျော်စွာ အချိန်ပို
လုပ်အားပေးလာသူ ဒကာ၊ ဒကာမများ၊ ကျောင်းတိုက်မှ သင်တန်းနည်းပြ ရဟန်းတော်များ၊
သီလရှင်များ၊ တိုင်းရင်းသား၊ သူကလေးများက ဝိုင်းဝန်းကူညီသာသနာပြုကြတာ ဖြစ်ပါတယ်။
 

လှိုင်မဟာစည် အမျိုးသမီးယောဂီ စောင့်ရှောက်ရေးအဖွဲ့


လှိုင်မဟာစည် ယောဂီစောင့်ရှောက်ရေးအဖွဲ့ရဲ့ လက်အောက်မှာတော့ အမျိုးသမီး ယောဂီစောင့်ရှောက်ရေးအဖွဲ့နှင့် တိုင်းရင်းသားကလေးများ လောကီလောကုတ္တရာ ပညာသင် ထောက်ပံ့ရေးအဖွဲ့ဆိုပြီး သီးသန့်ခွဲခြားဖွဲ့စည်းထားပါသေးတယ်။


လှိုင်မဟာစည် အမျိုးသမီး ယောဂီစောင့်ရှောက်ရေးအဖွဲ့ရဲ့ တာဝန်ကတော့ ကျောင်းတိုက်အတွင်း ဝိပဿနာတရား လာရောက်အားထုတ်ကြသော အမျိုးသမီးယောဂီများ၏ ဝိပဿနာတရား သင်ကြားရေး၊ နေထိုင်စားသောက်ရေး၊ သာမာန်ကျန်းမာရေးသာမက ကျောင်းတိုက် ၏ ရုံးလုပ်ငန်း ကိစ္စအ၀၀၊ ချက်ပြုတ်ရေး၊ ဝယ်ခြမ်းရေး၊ သန့်ရှင်းရေး၊ လုံခြုံရေး၊ အထွေထွေ ကိစ္စများ စသည်တို့ကို စီမံခန့်ခွဲရခြင်းပဲ ဖြစ်ပါတယ်။ စတင်ရောက်ရှိစ အမျိုးသမီးယောဂီများကိုလည်း ရှုနည်း၊ မှတ်နည်း၊ အချိုးကျ၍ လွယ်ကူစွာ ရှုမှတ်နိုင်စေရန် ကမ္မဋ္ဌာနာစရိယ၊ သင်တန်းနည်းပြ သီလရှင်တို့က ကိုယ်တိုင် သရုပ်ပြ
အနီးကပ်ကြီးကြပ် သင်ကြားပေးကြရပါတယ်။ သင်ကြားပေးပြီးသော် အချိုးကျကျ မှန်မှန်ကန်ကန် ရှုမှတ်နိုင်သည်အထိ စောင့်ကြည့်ပေးကြပါတယ်။
 


နေ့စဉ် ယောဂီများ အိပ်ရာထသည့် မနက် (၃)နာရီအချိန်မှ ညအိပ်ရာဝင် (၁၁)နာရီ အချိန် အနားယူသည်အထိ အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့က အလှည့်ကျ စောင့် ရှောက်ပေးပြီး ယောဂီများ အိပ်စက်အနားယူမှသာ အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ကျသူတို့လည်း အနားယူကြရပါတယ်။
ထို့အပြင် ယောဂီများ တရားအားထုတ်နေစဉ်အတွင်း အနှောက်အယှက်ကင်းကင်း တရားအားထုတ်နိုင်ရန်အတွက် ဧည့်သည်တွေ့ခြင်း၊ ပစ္စည်းပေးခြင်းကိစ္စတို့ကိုလည်း စနစ်တကျ ကန့်သတ်ထားရှိပါတယ်။ ကိစ္စအကြောင်းကြီးငယ်ရှိပါက အဖွဲ့သားအားလုံး မျက်နှာစုံညီစွာ
စုပေါင်းစည်းဝေး ဆုံးဖြတ်ခြင်းဖြင့် ကိစ္စပြီးမြောက်စေပါတယ်။


နယ် တရားစခန်းများ


ဒါတင်မကသေးပါဘူး။ လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက်အနေဖြင့် မြန်မာပြည် အနယ်နယ်အရပ်ရပ်သို့ မဟာသတိပဋ္ဌာန် ဝိပဿနာတရား ပြန့်ပွားစေရန်အလို့ငှာ ကမ္မဋ္ဌာနာစရိယများ စေလွှတ်၍ တရားစခန်းများ ဖွင့်လှစ်သင်ကြား သာသနာပြုကြပါသေးတယ်။ တရား
စခန်းခရီးစဉ် တစ်ခုလျှင် အနည်းဆုံး ၇-ရက်မှ ၁၇-ရက် အထိကြာမြင့်ပြီး တစ်နှစ်အတွင်းတရားစခန်း ၅-နေရာခန့် အလှည့်ကျ သာသနာပြု သွားရောက်ကြရပါတယ်။


တိုင်းရင်းသားကလေးများ လောကီလောကုတ္တရာ ပညာသင် ထောက်ပံ့ရေးအဖွဲ့


ပြည်နယ်နှင့် တိုင်းတရားစခန်းများကို သွားရောက်ဖွင့်လှစ် ဝိပဿနာ သာသနာပြုရာ မှစ၍ မဖွံ့ဖြိုးသော ဒေသအချို့မှ ပညာဆက်လက်သင်ကြားလိုသော်လည်း အကြောင်းအမျိုး မျိုးကြောင့် ပညာဆက်လက် မသင်ကြားနိုင်သည့် ပညာသင်အရွယ် ချင်း၊ ကရင်၊ ပအို့ဝ်၊ ဝ၊ ပဒေါင်၊ မွန်၊ ဗမာ စသော ကလေးငယ်များကို တွေ့ရှိခဲ့ပါတယ်။ ထိုအခါမှ အစပြု၍ ပညာသင်နိုင်သည့်အရွယ် ကလေးများ၏ ဘဝကို လောကီပညာ၊ လောကုတ္တရာပညာ နှစ်မျိုး
ဖြင့် မြှင့်တင်ပေးလိုသော နာယကချုပ် ဆရာတော်၏ မေတ္တာနှင့် ဆန္ဒအရ ၁၉၉၈-ခုနှစ်တွင် တိုင်းရင်းသားကလေးများ လောကီလောကုတ္တရာ ပညာသင် ထောက်ပံ့ရေးအဖွဲ့ကို စတင်ဖွဲ့ စည်းခဲ့ပါတယ်။
ရန်ကုန်မြို့ လှိုင်မဟာစည်ကျောင်းတိုက်သို့ တိုင်းရင်းသားကလေးများကို စနစ်တကျ လက်ခံခေါ်ယူ၍ စား၊ ဝတ်၊ နေ၊ သာမာန်ကျန်းမာရေးတို့ကို တာဝန်ယူပြီး အခြေခံပညာကျောင်း များတွင် ပညာသင်ကြားစေခဲ့ပါတယ်။ ကလေးများကို လောကီ အခြေခံပညာသာမက လောကုတ္တရာပညာဖြစ်သော ဗုဒ္ဓအဘိဓမ္မာတရားတော်များ၊ ကုသိုလ် အကုသိုလ်၊ သုစရိုက် ဒုစရိုက်ခွဲခြားနည်းများ၊ ဝိပဿနာတရား ရှုမှတ်နည်းများကိုလည်း သင်ကြားပေး၍ သာသနာ
ပြုစေပါတယ်။ ထို့ပြင် ကျောင်းတိုက်၏ ဝေယျာဝစ္စလုပ်ငန်းများကိုလည်း သင်ကြားပေး၍ တာဝန်ခွဲေ၀ သာသနာပြုစေပါတယ်။
ကလေးများကို လက်ခံစဦးအချိန်က အနည်းငယ်သာ လက်ခံသင်ကြားပေးနိုင်ခဲ့သော် လည်း တစ်နှစ်ထက်တစ်နှစ် တိုး၍ လက်ခံခဲ့ရာ ယခု ၂၀၀၈-ခုနှစ်ဆိုလျှင် ကျောင်းသား ကျောင်းသူ ၉၀-ဦး ရှိလာပြီဖြစ်ပါတယ်။ တိုင်းရင်းသားကလေးများ၏ လောကီပညာရေး၊ လောကုတ္တရာပညာရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ ကျန်းမာပျော်ရွှင်၍ ဗဟုသုတတိုးပွား ရေးတို့ကို အဖွဲ့က ဂရုစိုက်၍ စီစဉ်ဆောင်ရွက်ပေးလျှက် ရှိပါတယ်။
ကလေးများ ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန် ပညာသင်ကြားစရိတ်၊ သင်ထောက်ကူ ပစ္စည်းများ၊ အဝတ်အစား၊ အသုံးအဆောင်၊ စားသောက်စရာများကို ပြင်ပအလှူရှင်များ၊ လှိုင်မြို့နယ် ဆွမ်းခံလမ်းတစ်လျှောက် ဆွမ်းအလှူရှင်များက ဝိုင်းဝန်းလှူဒါန်းကြပြီး Child Focused Network, ဗြိတိသျှသံရုံး အခြေခံဖွံ့ဖြိုးမှု အစီအစဉ်ကဲ့သို့သော အဖွဲ့အစည်းအချို့ ကလည်း ရံဖန်ရံခါ စွမ်းနိုင်သလောက် လှူဒါန်းကြပါသေးတယ်။ ကလေးများ ပညာသင်ကြားရေးအတွက် ကျောင်းတွင်းမှ အုပ်ချုပ်ရေးအဖွဲ့က စနစ် တကျ အချိန်မှန် စာကြိုးစားနိုင်ရန် အစဉ်အမြဲ ကြီးကြပ်ပေးပြီး ပြင်ပမှ စေတနာရှင်၊ ဝါသနာ ရှင် ဆရာ ဆရာမများက လာရောက်သင်ကြား ပညာဒါနပြုပေးကြပါတယ်။


နွေရာသီ မိဂဒါဝုန် ပိပဿနာသင်တန်း

ထို့ပြင်လည်း ရန်ကုန်မြို့တွင်း နေထိုင်ကြပြီး လှိုင်မဟာစည် ကျောင်းတိုက်၏ လောကုတ္တရာပညာ သင်ကြားလိုသော ကလေးများကိုလည်း ဗုဒ္ဓယဉ်ကျေးမှုနှင့် တရားတော်တို့ကို မှန်ကန်စွာ သိမြင်တတ်မြောက်စေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်တိုင်း ကလေးများ အတွက် လှိုင်မဟာစည် မိဂဒါဝုန် ဝိပဿနာသင်တန်းကို တစ်လသင်တန်း ဖွင့်လှစ်၍ လက်ခံ သင်ကြားပေးလျှက် ရှိပါတယ်။


သို့ဖြစ်ပါ၍ လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက်သည် လောကီပညာ၊ လောကုတ္တ ရာ ပညာဆည်းပူးလိုသူ မည်သူမဆို လာရောက်ဆည်းပူးနိုင်ရန် ကြီးမြတ်သော နေရာဌာန တစ်ခုဖြစ်ပြီး လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက်ကလည်း မည်သူ့ကိုမဆို အမြဲနွေးထွေး လှိုက်လှဲစွာ ကြိုဆိုလျှက် ရှိပါတယ်။


လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက်

ယောဂီကျောင်းလမ်း၊ ၁၁-ရပ်ကွက်၊
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၅၂၆၁၈၂၊ ၅၁၉၇၅၀

 

MP3 တရားတော်များ

 

 

၁။ မိဂဒါဝုန် ဝိပဿနာ အလုပ်ပေးတရားတော်

၂။ ထိုင်လျှက် ရှုမှတ် နိဗ္ဗာန်ရ တရားတော်

၃။ ရပ်လျှက် ရှုမှတ် နိဗ္ဗာန်ရ တရားတော်

၄။ လမ်းလျှေက် ရှုမှတ် နိဗ္ဗာန်ရ တရားတော်

၅။ အိပ်လျှက် ရှုမှတ် နိဗ္ဗာန်ရ တရားတော်

၆။ အိပ်ပျော် ရှုမှတ် နိဗ္ဗာန်ရ တရားတော်

၇။ ဝေဒနာနုပဿနာ တရားတော်

၈။ မီးလွတ် စားသောက် နိဗ္ဗာန်ရောက် တရားတော်

၉။ အကောင်းခြေထောက် လိုရာရောက် တရားတော်

၁၀။ အကောင်းမြင်မှ ဘုရားမြင် လောကုတ္တရာ သရဏဂုံတင် တရားတော်

 

၁၁။ကိုယ်ကျိုးရှာတတ် မိန်းမမြတ် တရားတော်

၁၂။ လူ့အရေး မျောက်တွေးကဲ့ရဲ့သည့် တရားတော်

၁၃။ အလှမခင် နိဗ္ဗာန်ဝင် တရားတော်

၁၄။ ရခဲခြင်း ဒုလ္လဘ ငါးပါး တရားတော်

၁၅။ ပေးလှုတတ်လျှင် နိဗ္ဗာန်ဝင် တရားတော်

၁၆။ ဥပုသ်သည် ငါးဦး တရားတော်

၁၇။ အတွေးသမား အပြောသမားတို့ လက်လှမ်းမမီသော မဂ်ဖိုလ်နိဗ္ဗာန် တရားတော်

၁၈။ သတိနှိုးဆော် တမန်တော် တရားတော်

၁၉။ ဒါနကြောင့် သံသရာမရှည်ပါ တရားတော်

၂၀။ စည်းလုံးမပြေ ကောင်းကောင်းနေ တရားတော်

 

၂၁။ ဗောဓိပက္ခိ တရားတော်ကြီး

၂၂။ သစ္စာလေးပါး တရားတော်ကြီး

၂၃။ ဘာကြောင့် မဟာသတိပဋ္ဌာန် ဝိပဿနာခေါ်ပါသလဲ တရားတော်

၂၄။ ဒါနတိုင်းဟာ မြတ်သည်သာ တရားတော်

၂၅။ လူ တိရစ္ဆာန် လမ်းခွဲ တရားတော်

၂၆။ ကျားရန်အေးဖို့ နွားမမွေးနဲ့ တရားတော်

၂၇။ နိဗ္ဗာန်မွေးမြူရေး တရားတော်

၂၈။ ဆရာ တပည့် ဆက်ဆံရေး တရားတော်

၂၉။ ရန်ဘေးကင်းကြောင်း တရားတော်

၃၀။ သတိပဋ္ဌာန်ဖြင့် ပယ်ရမည့် ဂတိ(၅)မျိုး တရားတော်

၃၁။ သူစိလောမစုတ် (ဆေးလိပ်နှင့် ကွမ်း ရှောင်ကြဉ်ကွယ်) တရားတော်

၃၂။ ယေယျာဝစ္စ အနုမောဒနာ တရားတော်

၃၃။ အပါယ်လွတ်မြောက် နိဗ္ဗာန်ရောက် တရားတော်