

Dr. Nandamalabhivamsa
Rector
International Theravada Buddhist
Missionary University, Yagon
								
								ပါမောက္ခချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာ 
								နန္ဒမာလာဘိဝံသ
 
M.A; Ph.D
အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊
								အဂ္ဂမဟာပဏ္ဍိတ၊
								အဘိဓဇ မဟာရဋ္ဌဂုရု 
								ပါဠိ ပါရဂူ
								သ၊ စ၊ အ ဓမ္မာစရိယ
								အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် 
								ပါမောက္ခချုပ်
								အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ်
								သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်
								စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်၊ 
								တိုက်အုပ်ဆရာတော်
								
 
								The Dhamma Sahāya Sasana Centre
								Institude for Dhamma Education (IDE)
								Address: Aung Chan Thar Village @ 33miles and 2 
								furlongs,
								Pyin Oo Lwin Township, Mandalay Division, 
								Myanmar
 
http://www.drnandamalabhivamsa.com.mm
								Centre for Buddhist Studies (CBS),
								Mahāsubodhayon Monastery, Sagaing Hills, 
								Sagaing, Myanmar.
**************************************************
ဆရာတော်ကြီး၏ ထေရုပတ္တိ အကျဉ်း
								- (၁၃၀၁) ခုနှစ်၊တပေါင်းလပြည့်၊ 
								(၁၉၄၀)ခုနှစ်၊မတ်လ(၂၂)ရက်နေ့တွင် မန္တလေးတိုင်း၊ 
								စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ နေ ခမည်းတော် 
								ဦးစံလှ+မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်သည်။
								- (၁၃၀၅)ခုနှစ်၊(၁၉၄၄) အသက် ၅နှစ်သားအရွယ် 
								စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မှုကျောင်း၊ 
								ဆရာတော်ဦးကေလာသ(ဦးလေး ဘုန်းကြီး)ထံတွင် 
								မြန်မာစာပေနှင့် ဗုဒ္ဓစာပေများကို 
								စတင်သင်ကြားခဲ့သည်။
								- (၁၃၁၀)ခုနှစ်၊(၁၉၄၉)၊ဝါဆိုလဆန်း (၁၁)ရက်၊ အသက် 
								(၁၀)နှစ်အရွယ်တွင် 
								စစ်ကိုင်းတောင်ရိုး၊ဝိပဿနာဂန္ဓာရုံ ကျောင်းရှိ 
								အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမမြောက်ရွှေကျင်သာသနာပိုင် 
								စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုလျက် 
								ရှင်သာမဏေပြုခဲ့သည်။
								- (၁၃၁၄)ခုနှစ်၊(၁၉၅၃) အသက်(၁၃)နှစ်တွင် 
								အဘိဓမ္မာစာမေးပွဲသုံးဆင့် စတင်အောင်မြင်ခဲ့သည်။
								- (၁၃၁၇)ခုနှစ်၊ (၁၉၅၆)အသက်(၁၆)နှစ်တွင် 
								အစိုးရဓမ္မာစရိယတန်းကို 
								ဂုဏ်ထူးကျမ်း(၂)ကျမ်းနှင့်အတူအောင်မြင်၍ 
								သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ရရှိခဲ့သည်။
								- (၁၃၁၉)ခုနှစ်၊ (၁၉၅၇) သာသနာလင်္ကာရ 
								သာမဏေကျော်ဘွဲ့ကိုရရှိခဲ့သည်။
								- (၁၃၂၀)ခုနှစ်၊(၁၉၅၈) စစ်ကိုင်းမြို့ 
								မဟာသုဗေရုံတိုက်ကိုနောင်တော်များနှင့်အတူတည်ထောင်ကာ 
								ပဓာန စာချ၊တိုက်ကြပ်အဖြစ် 
								အဆင့်ဆင့်တာဝန်များထမ်းဆောင်ခဲ့သည်။
								- (၁၃၂၁)ခုနှစ်၊(၁၉၆၀)ပြည့်နှစ်တွင် 
								နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရာကြီးကို 
								ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ 
								နောင်တော်ရင်းဖြစ်သော ဘဒ္ဒ န္တနာရဒ ထံတွင် သဒ္ဒါ။ 
								သင်္ဂဟဓပိဋက အခြေခံများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ 
								ကျမ်းစားများသင်ယူခဲ့ပြီး၊ ဇယမေဓနီ ၊ 
								ဝါဆိုကျောင်းဆရာတော် ဘဒ္ဒ န္တ အဂ္ဃိယ 
								(ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု) 
								ထံဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစားများကို 
								သင်ယူခဲ့သည်။ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ 
								တိုက်ရှိ နောင်တော်များဖြစ်ကြသည့် နာယက၊ 
								တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံတွင် သကျသီဟ၊ 
								စေတိယင်္ဂဏတန်းဆိုင်ရာ ကျမ်းစာများကိုသင်ယူခဲ့သည်။ 
								ရန်ကုန်မြို့ ဇမ္ဗူဒီပကျောင်းဆောင်တွင် 
								တိပိဋကပါဠိ+မြန်မာအဘိဓာန်ကျမ်းပြုအဖြစ် 
								ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒ န္တ 
								ဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကို စတင်သင်ယူခဲ့သည်။
								- (၁၃၂၄)ခုနှစ်၊ (၁၉၆၃) ရန်ကုန်စေတိယင်္ဂဏ  အဘိဝံသ 
								ဘွဲ့ကိုရရှိခဲ့သည်။
								- (၁၃၂၅)ခုနှစ်၊ (၁၉၆၄) သာသနာဓဇဓမ္မယစရိယ 
								ဝိနယပါဠိပါရဂူဘွဲ့ကိုရရှိခဲ့သည်။
								- (၁၃၂၅)ခုနှစ်၊ (၁၉၆၄) မန္တလေး သကျသီဟ 
								အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။
								- (၁၃၃၂)ခုနှစ်၊ (၁၉၇၃)မှစတင်၍ 
								ကျမ်းစာများရေးသားပြုစုခဲ့ရာ အင်္ဂလိပ်/မြန်မာ 
								နှစ်ဘာသာဖြင့် ကျမ်းစာများကို 
								ထုတ်ဝေခဲ့ပြီးဖြစ်သည်။
								- (၁၃၃၉)ခုနှစ်၊ (၁၉၈၀) မှအစပြု၍ 
								သာသနာရေးဆောင်ရွက်ချက်များ-ပထမအကြိမ်သံဃအဖွဲ့အစည်းအဆင့်ဆင့်အတွက် 
								စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်) 
								အဖွဲ့ဝင် အဖြစ်လည်းကောင်း ၊ဓမ္မယစရိယစာမေးပွဲ 
								အကျိုးဆောင် အဖြစ်လည်းကောင်း၊ နိုင်ငံတော် 
								ဗဟိုသံဃဝန်ဆောင် (ရွှေကျင်) အဖြစ်လည်းကောင်း ၊ 
								ပထမပြန်စာမေးပွဲပြဋ္ဌာန်းကျမ်းစာ ပြင်ဆင်ရေးအဖွဲ့ 
								အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲစည်းမျဉ်း 
								စည်းကမ်းရေးဆွဲရေး အဖွဲ့ဝင်၊နိုင်ငံတော်သီးခြား 
								ဝိနည်းဓိုရ်အဖွဲ့အမှတ်(၁/၉၈) ၏ ဝိနည်းဓိုရ် 
								၊ပထမပြန်စာမေးပွဲကျင်းပရေး အဖွဲ့(စစ်ကိုင်း)၏ 
								ပုစ္ဆကအဖွဲ့ ဥက္ကဌ အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။
								- (၁၃၄၇)ခုနှစ်၊ (၁၉၈၆) အိန္ဒိယနိုင်ငံ၊ 
								အာသံပြည်နယ်နှင့် အရုဏ ချယ်ပရာဒေ့ရှ်မှ ရဟန်း၊ 
								သာမဏေ၊ ကျောင်းသားငယ်များ အားမြန်မာစာနှင့် 
								အဘိဓမ္မာ တို့ကိုပို့ချပေးခဲ့သည်။
								- (၁၃၄၈)ခုနှစ်၊ (၁၉၈၇) သီရိလင်္ကာနိုင်ငံ၊ 
								ဘော်ရဲလာမြို့ Y.M.B.A အသင်းတိုက်တွင် အဘိဓမ္မာကို 
								အင်္ဂလိပ်ဘာသာဖြင့်ပို့ချပေးခဲ့သည်။
								- (၁၃၅၀)ခုနှစ်၊ (၁၉၈၉) သီရိလင်္ကာနိုင်ငံ 
								University of Kelaniya မှ M.A (Buddhist Studies) 
								ဘွဲ့ကိုရရှိခဲ့သည်။
								- (၁၃၅၅)ခုနှစ်၊ (၁၉၉၄) 
								အမေရိကန်ပြည်ထောင်စု၊မေရိလင်းပြည်နယ်၊ဘိလ်ဗားစပရင်းမြို့ 
								၊မင်္ဂလာရာမကျောင်းတိုက်တွင် 
								မြန်မာဗုဒ္ဓဘာသာဝင်တို့အား 
								အဘိဓမ္မာဘာသာရပ်ကိုပို့ချပေးခဲသည်။
								- (၁၃၅၇)ခုနှစ်၊ (၁၉၉၆) နိုင်ငံတော်မှ  
								အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့ကိုဆက်ကပ်ခဲ့သည်။ သီတဂူ 
								ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ပါမောက္ခအဖြစ် ဆောင်ရွက်ကာ 
								Department of Language Studies တွင် English 
								Diploma Class နှင့် B.A တန်းများရှိ 
								ဘာသာရပ်များကို လည်းကောင်း၊ 
								အမေရိက၊ကိုရီးယား၊မက္ကဆီကို၊ဂျာမဏီ၊ပြင်သစ် 
								စသောနိုင်ငံများမှ ကျောင်းသား/ကျောင်းသူများအား 
								ပါဠိဘာသာ၊အဘိဓမ္မာ ဘာသာရပ်များကို 
								လည်းကောင်းသင်ကြားပို့ချပေးခဲ့သည်။
								- (၁၃၅၈)ခုနှစ်၊ (၁၉၉၇) 
								အမေရိကန်ပြည်ထောင်စု၊ဘော်လတီမိုးမြို့၊ကေလာသဝိဟရကျောင်းရှိ 
								မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မ 
								ညသင်တန်းပို့ချပေးခဲ့သည်။
								- (၁၃၆၀)ခုနှစ်၊ (၁၉၉၉) 
								ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒ 
								ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ သြဝါဒစရိယ ဧည့်ပါမောက္ခအဖြစ် 
								ပြည်တွင်းပြည်ပကျောင်းသားများအား 
								စာပေပို့ချပေးခဲ့သည်။
								- (၁၃၆၁)ခုနှစ်၊ (၂၀၀၀) နိုင်ငံတော်မှ 
								အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ကိုဆက်ကပ်ခဲ့သည်။
								- (၁၃၆၄)ခုနှစ်၊ (၂၀၀၃) အိန္ဒိယနိုင်ငံ၊ 
								မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကိုရရှိခဲ့သည်။ 
								ထိုနှစ်မှစတင်၍ ဂျာမဏီ၊ 
								နယ်သာလန်၊သြစတြီးယား၊အင်္ဂလန်၊ 
								စင်္ကာပူ၊မလေးရှား၊ကိုးရီးယား နိုင်ငံများသို့ 
								နှစ်စဉ်မပျက်ကြွရောက်၍ အဆိုပါနိုင်ငံသားများအား 
								အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေလျက်ရှိသည်။
								- (၁၃၆၇)ခုနှစ်၊ (၂၀၀၆) 
								ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ 
								ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
								- (၁၃၈၁)ခုနှစ်၊ (၂၀၂၀)  နိုင်ငံတော်မှ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့ကိုဆက်ကပ်ခဲ့သည်။
								- ယခုအခါ ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ 
								သည်စစ်ကိုင်းမြို့ မဟာသုဗောဓာရုံစာသင်တိုက် 
								၏ပဓာနနာယကဆရာတော် တာဝန်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် 
								တွင် ပါမောက္ခချုပ်တာဝန်များကို ထမ်းဆောင်ရင်း 
								Diploma သင်တန်းများနှင့် B.A ပ၊ဒု၊တတိယ 
								နှစ်များတွင် စာပေပို့ချပေးတော်မူခြင်း၊ 
								ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ 
								ပါမောက္ခချုပ်၊အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ 
								ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ရင်း 
								လူသားများအကျိုးအတွက် 
								တရားဓမ္မများဟောပြောခြင်းဖြင့် သာသနာပြုလျက်ရှိသည်။
************************************************** Dhamma Talk Audio
**************************************************
	![]()  | 
										University of Wisdom Land ပညာဘူမိတက္ကသိုလ် | 
ပါမောက္ခချုပ်ဆရာတော်၏ တရားတော်များကို အမျိုးအစားတူရာစုဆည်းမှု။
								
								
								
								
								
April
၁၃-၄-၂၀၂၃ ဘာဝနာလုပ်ငန်းအကြောင်း
၁၄-၄-၂၀၂၃ ဓါတုကမ္မဋ္ဌာန်း (ဓါတ်ကမ္မဋ္ဌာန်း)
၁၅-၄-၂၀၂၃ တွယ်တာမှုမှကင်း၍လွတ်မြောက်ခြင်း အပိုင်း(၁)
၁၆-၄-၂၀၂၃ တွယ်တာမှုမှကင်း၍လွတ်မြောက်ခြင်း အပိုင်း(၂)
၁၇-၄-၂၀၂၃ တွယ်တာမှုမှကင်း၍လွတ်မြောက်ခြင်း အပိုင်း(၃)