<![endif]-> <![endif]-> <![endif]-> <![endif]->

 

 

ဘဒ္ဒန္တသုစိတ္တာဘိဝံသ

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

Bhaddanta Thuseiltha Vivamsa

 

 

ရန်ကုန်မြို့၊ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော်

စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော်

လှည်းကူးမြို့၊ ဓမ္မာစရိယဥယျဉ်ကျောင်းတိုက် နာယကချုပ်ဆရာတော်

မန ္တလေးမြို့ မစိုးရိမ် တိပိဋက ပါဋိ မြန်မာ အဘိဓာန် ကျမ်းပြု အဖွဲ့ဝင်

 

 

အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊
အဂ္ဂမဟာပဏ္ဍိတ၊

ဘဒ္ဒန္တသုစိတ္တာဘိဝံသ
 

ကျောင်း လိပ်စာ။ ရန်ကုန် - အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်
စစ်တောင်းလမ်းနှင့် ရတနာလမ်းထောင့်၊ ၆၁-ရပ်ကွက်၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

google earth: View Dhammacriya University Location by Google Earth

 

Facebook: Dhammacariya Takkatho

 

Viber: +9595051194

 

(+၉၅)(၀၉)၅၀၅၁၁၉၄

(+၉၅)(၀၉)၉၇၈၀၂၉၈၃၀
(+၉၅) (၀၁)၅၉၀၅၃၄

 

 

Agga Maha gandha Vacaka Pandita

Bhaddanta Thuseiktha Vivamsa

Rector of the Yangon Dhammacariya University

Rector of the Sittwe Dhammacariya University

Patron of the Dhamma Thidagu Kyaung - Mandalay Masoyein New University

 

 

Yangon Dhammacariya University

 

Sittaung Street, Dagon Myothit, Saikkan Township, Yangon

Mobile:+95-9-5051194,

Tel: +95-1-590534

 

ရန်ကုန် ဓမ္မာစရိယတက္ကသိုလ်ကျောင်းတည်ရှိရာ နေရာကို Google Earth မှ ကြည့်လိုလျှင် အောက်ပါ Link တွင် ကြည့်နိုင်ပါသည်။
 

View Dhammacriya University Location by Google Earth

 

 

***************************

- ကိုယ့်ကိုကိုယ်မြှင့်၊ လူလိုကျင့်၊ လူနှင့်တူပါစေ

- မကောင်းမှုရှင်း၊ ကောင်းမှုသွင်း၊ စိတ်ရင်းဖြူပါစေ

- အဲဒါမှ - ဗုဒ္ဓဝါဒ - ကမ္ဘာ့မင်္ဂလာတွေ

***************************

      ချမ်းသာအောင်နေ

- ရသမျှနှင့် ရောင်ံရဲ၊ ရှိသမျှနှင့် တင်းတိမ်

- လျှောက်ပတ်သည်ကို သုံးစွဲ၊ ဘယ်တော့မှ မဆင်းရဲ။

***************************

သဗ္ဗေသတ္တာ ကမ္မဒါယာဒါ

- ကောင်းကံ -ဆိုးကံ၊ ဤနှစ်တန်၊ အမွေခံရမည်။

- ကောင်းကံပြုက၊ ဒို့ဘဝ၊ မုချ ချမ်းသာမည်။

- မကောင်းမှုကံ၊ ပြုတုံပြန်၊ ဧကန် ဆင်းရဲမည်။

 

 

၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ်တွင် အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော် ဘဒ္ဒန ္တသုစိတ္တာဘိဝံသ မှ ဓမ္မာစရိယ စာချတန်းအတွက် သင်ကြားပို့ချသော စာဝါ များ

 

၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၁)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၂)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၃)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၄)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၅)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၆)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၇)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၈)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (10)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၁၀)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၁၁)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၁၂)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၁၃)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၁၄)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၁၅)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၁၆)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၁၇)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၁၈)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၁၉)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၂၀)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၂၁)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၂၂)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၂၃)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၂၄)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၂၅)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၂၆)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၂၇)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၂၈)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၂၉)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၃၀)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၃၁)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၃၂)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၃၃)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၃၄)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၃၅)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၃၆)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၃၆)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၃၇)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၃၈)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၃၉)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၄၀)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၄၁)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၄၂)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၄၃)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၄၄)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၄၅)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၄၆)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၄၇)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၄၈)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၄၉)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၅၀)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၅၁)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၅၂)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၅၃)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၅၄)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၅၅)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၅၆)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၅၇)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၅၈)
၁၃၇၅ (၂၀၁၃) ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယ စာချတန်း စာဝါ အမှတ် (၅၉)
 

 

 

 


 

 

၁) ရန်ကုန် ဓမ္မစရိယ တက္ကသိုလ်၏ တစ်နေ့တာ ပုံရိပ်များ (ဗီဒီယို)

 

 

၂) ၆-၁-၂၀၁၂  ဗုဒ္ဓရဲ့အသက် ဘယ်သူဆက်သလဲ တရားတော်

 

၃) ၁၂-၁-၂၀၁၂ သာသနာရေးဝန်ကြီးဋ္ဌာနမှ ကြီးမှုးကျင်းပသော ၁၃၇၂-၁၃၇၃ ခု (၂၀၁၁) အစိုးရ ဓမ္မာစရိယနှင့် နိကယ်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသော ဓမ္မာစရိယတက္ကသိုလ်မှ သာသနာ့အာဇာနည် (၉၅)ပါးတို့အား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားမှတ်တမ်း

 

 

၄) ၁၂-၂-၂၀၁၂ ဆရာတော်ဦးသုစိတ္တ၏ ရေစက်ချအလှု သြဝါဒ

 

၅) ၂၂-၁-၂၀၁၂ လူချင်းတူလျှက် အလွှာအသီးသီး ကွဲပြားခြားနားရခြင်းအကြောင်း တရားတော်

 

 

 

( ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော် ဘဒ္ဒန ္တသုစိတ္တာဘိဝံသ မှ တရိုတသေ သိမ်းဆည်းထားသည့် ဤ ရှားရှားပါးပါး မှန်ကန်သော ဗုဒ္ဓသာသနိက မြေပုံ နှင့် ပဌဝီကျမ်း စာအုပ်ကို Internet ပေါ် တင်ပြရန် dhammadownload အား လှုဒါန်းလိုက်ပါသည်။)

 ဗုဒ္ဓသာသနိက မြေပုံတော်ချုုပ်

 

   ဗုဒ္ဓသာသနိက ပဌဝီဝင်ကျမ်းကြီး

 


++++++++++++++++++++++++++++
Biography
++++++++++++++++++++++++++++


 

 

မန ္တလေးမြို့၊ မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင်၊ ရန်ကုန်မြို့ ဓမ္မာစရိယာတက္ကသိုလ် နာယကချုပ်၊ ဘဒ္ဒန ္တသုစိတ္တာဘိဝံသ၏ သက်တော်(၅၀)ပြည့် ရွှေရတုမော်ကွန်း

 


- ဆရာတော်လောင်းလျှာကို ဖခင် ဦးရွှေမြအောင်၊ မိခင် ဒေါ်ညိုနှင်းတို့မှ ရခိုင်ပြည်၊ ကျွန်းစဉ်မြေဒေသမှ သရက်တောင်ရွာတွင် မြန်မာသက္ကရာဇ် ၁၃၁၈၊ တပေါင်းလဆန်း ၈ရက်၊ (၈-၃-၁၉၅၇) သောကြာနေ့ နံက် ၉နာရီ ၃၆မိနစ်တွင် ဖွားမြင်ခဲ့ပါသည်။ ငယ်နာမည် မောင်မြရွှေဟု မှည့်ခေါ်ပါသည်။ ဇာတာအရ မောင်သန်းထွန်းဟုလည်း အမည်ပေးခဲ့ပါသည်။ မောင်မြရွှေမွေးဖွားပြီး ၃နှစ်အကြာတွင် မထင်မှတ်သော မုန်တိုင်းတစ်ခုကြောင့် ဖခင်ဦးရွှေမြအောင် ကွယ်လွန်ခဲ့ပါသည်။

 

- မြန်မာသက္ကရာဇ် ၁၃၂၇၊ တပေါင်းလဆန်း (၈)ရက်၊ မောင်မြရွှေ အသက် (၉)နှစ်ပြည့်နေ့တွင် ရခိုင်ရိုးရာ ဗုဒ္ဓဘာသာ ထုံဓလေ့အတိုင်း ဇာတိရွာ၌ သရက်တောင် ဆရာတော် ဘဒ္ဒန ္တ သုန္ဒရကို ဥပဇ္ဈာယ်ပြုလျက် သုစိတ္တရ ဘွဲ့ဖြင့် မိခင်ကြီးဒေါ်ညိုနှင်းက ရှင်သာမဏေပြုပေးခဲ့သည်။

 

- ရှင်သုစိတ္တသည် အသက် (၁၄)နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၃၃၃၊ နယုန်လဆန်း (၇)ရက်တွင် သရက်တောင်ဇာတိ နောင်တော် ဦးရာဇန္ဒ (ယ္ခု ပုသိမ်တိုက်အုပ်)နှင့်အတူ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ စာသင်သားရဟန်းသံဃာအများဆုံး ပညာဆည်းပူးရာ သဒ္ဓမ္မဂရု(ပုသိမ်)ကျောင်းတိုက်ကြီးသို့ သွားရောက်ပညာသင်ကြားခဲ့ရာ ၁၃၃၃ခုနှစ်တွင် အငယ်တန်း၊ ၁၃၃၄-တွင် အလတ်တန်း၊ ၁၃၃၅-ခုနှစ်တွင် အကြီးတန်းတို့ ဆက်တိုက် အောင်မြင်ခဲ့ပါသည်။

 

- ၁၃၃၇ ခုနှစ် နယုန်လတွင် ဝါခင်းကုန်းဆရာတော် ဘဒ္ဒန ္တတိက္ခ (ယ္ခု -တောင်စလင်းတိုက်သစ် ပဓာန နာယကဆရာတော်)၏ ကူညီဆောင်မမှုဖြင့် မစိုးရိမ်တိုက်သစ်သို့ ရောက်ရှိခဲ့ပါသည်။ ရှင်သုစိတ္တသည် မစိုးရိမ်တိုက်သစ် ဓမ္မဒါယာဒ ကျောင်းနာယကဆရာတော် ဦးရာဇဓမ္မဘိဝံသ (ယ္ခုလက်ရှိ မစိုးရိမ်တိုက်များ၏ အဓိမတိ မဟာနာယက) ထံတွင် ခိုလှုံ၍ ဓမ္မစရိယတန်းကို အောင်မြင်အောင် အပတ်တကုတ် ကြိုးစားခဲ့ပါသည်။၁၃၃၈-ခုနှစ်တွင် အစိုးရဓမ္မာစရိယတန်းကို ဆရာတော် ဦးရာဇဓမ္မဘိဝံသထံ ဝင်ရောက်ဖြေဆိုရာ သုတ်သီလက္ခန် ပါဠိအဋ္ဌအထာကျမ်းကို အောင်မြင်ခဲ့ပါသည်။

 

- ၁၃၃၈-ခုနှစ် နယုန်လဆန်း (၃)ရက် ကြာသာပတေးနေံ နံနက် (ရး၂၉)နာရီ အချိန်တွင် မန ္တလေးအရှေ့မြောက်မြို့နယ်၊ သက်ပန်းကျောင်းတိုက်၊ ရွှေစည်သာသနာ့ရိပ်သာ၊ ခဏ္ဍသိမ်တော်၌ နိုင်ငံတော် သံဃမဟာနာယက ဒုတိယ ဥက္ကဋ္ဌ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ မစိုူရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန ္တသီရိန္ဒာဘိဝံသကို ဥပဇ္ဈာယ်ပြု၍ မန ္တလေးအရှေ့တောင်မြို့နယ်၊ မောရဂီဝါရပ်၊ ရွှေနန်းသိင်္ဂ ီဆေးတိုက်ကိုင်ရှင် ဘကြီးတော်သူ ဆရာခင် + ဒေါ်မြရင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းဘဝသို့ ရောက်ရှိခဲ့ပါသည်။

 

- ၁၃၄၀-ခုနှစ်တွင် မြင်းခြံသဒ္ဓမ္မပါလမူလစာသင်တန်းနှင့် မော်လမြိုင်သုသမာစာရအငယ်တန်းကို အောင်မြင်ခဲ့သည်။

- ၁၃၄၂-ခုနှစ်တွင် မြင်းခြံ သဒ္ဓမ္မပါလ သီးခြားစာသင်တန်းနှင့် အစိုးရဓမ္မာစရိယတန်း ကျမ်း(၃)ကျမ်းလုံးတို့ကို အောင်မြင်ခဲ့သဖြင့် "အရှင်သုစိတ္တ သာသနဓဇ ဓမ္မာစရိယ" ဘွဲ့တံဆိပ်ကို ရရှိခဲ့သည်။

 

- ၁၃၄၄-ခုနှစ်တွင် မန ္တလေးမြို့၊ ပရိယတ္တိသာသနဟိတ (သကျသီဟ) စာသင်တန်းကို နံပါတ်(၁) ဂုဏ်ထူးဖြင့် အောင်မြင်ပြီး၊ မြင်းခြံပရိယတ္တိသဒ္ဓမ္မပါလ စာချတန်း အဋ္ဌကထာကြီး (၃)ကျမ်းလုံးကို တနှစ်တည်းဖြင့် အောင်မြင်ခဲ့သဖြင့် "ဘဒ္ဒန ္တသုစိတာ ဘိဝံင - ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယ"  ဘွဲ့တံဆိပ်တော်ကို ရရှိခဲ့လေသည်။

- ၁၃၄၅-ခုနှစ်တွင် သကျသီဟစာချတန်း၊ ဓမ္မသင်္ဂဏီ ပါဠိအဋ္ဌကထာကျမ်း၊ ၁၃၄၆-ခုနှစ်တွင် သကျသီဟ သီလက္ခန်ကျမ်း၊ ၁၃၄၈-ခုနှစ်တွင် သကျသီဟ ပါရာဇိကဏ်ကျမ်းတို့ကို အောင်မြင်သဖြင့် "ဘဒ္ဒန ္တသုစိတ္တာ ဘီဝံသ - ပရိယတ္တိသာသနဟိတဓမ္မာစရိယာ" ဟူသော သကျသီဟ ဘွဲ့တံဆိပ်တော်ကို ရရှိခဲ့လေသည်။

 

"သကျသီဟ" ဘွဲ့တံဆိပ်ရရှိဖို့ဆိုသည်မှာ ပြဒါးရှင်ဓါတ်လုံးဖြစ်အောင် ဖိုထိုးရသည်ထက်ပင် ခက်ပါသေးသည်။ မန ္တလေးမြို့၊ ပရိယတ္တိသာသနာဟိတအသင်းမှ ၁၂၆၅-ခုနှစ်တွင် စတင်ကျင်းပခဲ့သော ပရိယတ္တိသကျသီဟ စာမေးပွဲငို လယ်တီဆရာတော်ဘုရားကြီးကပင် "ဉာဏ်ကောင်းသူများကို ရွေးချယ်သတ်ပြစ်နေတဲ့ လူသတ်စာမေးပွဲ" ဟု ကင်ပွန်းတပ်ခဲ့ပါသည်။ ပရိယတ္တိစာသင်တန်း၊ စာချတန်းတို့၌ ပြဋ္ဌာန်းထားသော ကျမ်းစာများမှာ အလွန်များပြားလှရုံမက စာမေးပွဲဖြေဆိုလိုသောပုဂ္ဂိုလ်များသည် စာမေးပွဲ မဝင်မီ သင်းကြီးများရှေ့တွင် နှုတ်တက်အာဂုံဆောင်၍ အစမ်းသပ်ခံကြရပါသေး၏။ ကျေကျေညက်ညက်ရမှ စာမေးပွဲ ဝင်ခွင့် ရကြခြင်း ဖြစ်ပါသည်။ စာသင်တန်းနှင့် စာချတန်း၊ နှစ်တန်းလုံးကို အသက် (၃၅)နှစ်မတိုင်မီ အောင်မြင်အောင် ဖြေဆိုနိုင်မှသာ  "သကျသီဟ" ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်း ဖြစ်ပါသည်။

 

- ၁၃၃၉-ခုနှစ် ရဟန်းခံပြီးသည်နှင့် သိမ်းဆင်းသင်္ကန်းတော်မကျသေးမီမှာပင် မစိုးရိမ်တိုက်သစ် ဆရာတော် ဦးရာဇ၏ လက်ထောက် စာချတာဝန်ကို စတင်ထမ်းဆောင်ပါသည်။ ကိုယ့်အတွက်ဖြေဆိုရမည့် စာပေပရိယတ္တိ ကျမ်းပေါင်းများစွာကို မနားတမ်း လေ့လာမှတ်သားနေသည့်ကြားက ၁၃၃၉-ခုနှစ်တွင် သဂြိုလ်ကျမ်းကိုလည်းကောင်း၊ ၁၃၄၀-ခုနှစ်တွင် ဋီကာကျော်၊ မာတိသာ၊ ဓာတုကထာနှင့် အလတ်တန်း အဂုၤတ္တိုရ်ကျမ်းများကိုလည်းကောင်း၊ ၁၃၄၁-ခုနှစ်တွင် သြင်္ဂ ိုဟ်၊ သဒ္ဒါ၊ ရူပသိဒ္ဓိ၊ ဋီကာကျော်တို့ကိုလည်းကောင်း၊ ၁၃၄၃-ခုနှစ်တွင် ဆန်း၊ အထက်ယမိုက်၊ အဋ္ဌသာလိနီကျမ်းတို့ကိုလည်းကောင်း၊ ၁၃၄၅-ခုနှစ်တွင် ဆန်း၊ အထက်ယမိုက်၊ သီလက္ခန်အဋ္ဌကထာကိုလည်းကောင်း၊ ၁၃၄၆-ခုနှစ်တွင် ရူပသိဒ္ဓိ၊ အထက်ယမိုက်နှင့် ပါရာဇိကဏ် အဋ္ဌကထာကိုလည်းကောင်း၊ ၁၃၄၇-ခုနှစ်တွင် ဆန်း၊ ရူပသိဒ္ဓိနှင့် ပါရာဇိကဏ် အဋ္ဌကထာကိုလည်းကောင်း၊ ၁၃၄၈-ခုနှစ်တွင် ရူပသိဒ္ဓိ၊ အလင်္ကာ၊ အထက်ယမိုက်နှင့် ပါရာဇိကဏ်ကျမ်းများကိုလည်းကောင်း၊ ၁၃၄၉-ခုနှစ်တွင် ပါရာဇိကဏ်၊ ကစ္စာယနသာရ၊ ရူပသိဒ္ဓိကိုလည်းကောင်း၊ ၁၃၅၀-ခုနှစ်တွင် ပါရာဇိကဏ်၊ အထက်ယမိုက်၊ ဘေဒစိန္တာကိုလည်းကောင်း၊ ၁၃၅၁-ခုနှစ်တွင် ပါရာဇိကဏ်၊ ဆန်း၊ ရူပသိဒ္ဓိကိုလည်းကောင်း၊ ၁၃၅၂-ခုနှစ်တွင် ပါရာဇိကဏ်၊ ဆန်း၊ အထက်ယမိုက်ကိုလည်းကောင်း စဉ်ဆက်မပြတ် ပို့ချခဲ့လေသည်။

 

-အသက်(၂၀)စွန်းစ အရွယ်မှစ၍ မစိုးရိမ်တိုက်သစ်၌ စာချတာဝန်များကို ထမ်းဆောင်ခဲ့သော အရှင်သုစိတ္တသည် သကျသီဟ အောင်မြင်ပြီး၍ "အရှင်သုစိတ္တာဘိဝံသ" ဖြစ်လာသောအခါ မစိုရိမ်စာသင်တိုက်၏ စည်းမျဉ်းအရ - ကျောင်းထိုင် နာယကစာချဆရာတော်အဖြစ် ဓမ္မသီတဂူကျောင်းတွင် သီတင်းသုံးကာ စာပေပရိယတ္တိများ ဆက်တိုက်ပို့ချခဲ့သည်။

 

- မစိုးရိမ်တိုက်ကြီးနှစ်တိုက်၏ အဓိပတိမဟာနာယက ဆဋ္ဌသံဂါယနာ ဝန်ဆောင်သံဃာ့အဖွဲ့ဥက္ကဋ္ဌ၊ အစိုးရပထမကျော်၊ ပရိယတ္တိသာသနာဟိတဓမ္မာဏရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန ္တသူရိယာဘိဝံသမှာ ပထမဆုံး သကျသီဟ အဘိဝံ -ဖြစ်ပြီး ဘဒ္ဒန ္တသုစိတ္တာမှာ (၂၉၆)ပါးမြောက် သကျသီဟ အဘိဝံသ ဖြစ်ပါသည်။ မစိုးရိမ်တိုက်သစ်အနေဖြင့် ဆိုပါမူ ငါးပါးမြောက် သကျသီဟ အဘိဝံသ - ဘွဲ့ရ ဆရာတော်ဖြစ်ပါ၏။ မစိုးရိမ်တိုက်သစ်မှ ယ္ခုအချိန်အထိ အဘိဝံသ (၂၃)ပါး ပေါ်ထွက်ခဲ့ပြီးဖြစ်၏ ပရိယတ္တိအရေးနှင့် ပတ်သက်၍ မစိုးရိမ်တိုက်ကြီး အောင်မြင်ကျော်ကြားခြင်းမှာ စာသင် စာချ ရဟန်းသံဃာများမှအပ အခြားရဟန်းသံဃာများ လုံးဝ မရှိခြင်းကြောင့်ပင် ဖြစ်ပါသည်။

 

- ဘဒ္ဒန ္တသုစိတ္တဘိဝံသသည် ဓမ္မသီတဂူကျောင်း၌ သီတင်းသုံးလျှက် ကျောင်းထိုင်နာယက စာချတာဝန်များထမ်းဆောင်ရင်း ၁၃၄၈-ခုနှစ်မှ ၁၃၆၂-ခုနှစ်အတွင်း မစိုရိမ်တိပိဋက ပါဠိ+မြန်မာ အဘိဓာန်ကျမ်းပြုအဖွဲ့၌ ပါဝင်ကာ တိပိဋကပါဠိ+မြန်မာအဘိဓာန်နှင့် ပါဠိပဒပိတိဋကကျမ်းညွှန်းတို့ကိုလည်း ရေးသားပြုစုခဲ့၏။

 

- ၃-နှစ်တာ ဇာတိရပ်ရွာ သရက်တော်သို့ ယာယီခရီး ပြန်ကြွခဲ့စဉ် သရက်တောင်မှ ကျောင်းသားသူငယ်(၁၀၀)ကျော်နှင့် သာမဏေ(၁၆)ပါး၊ ရဟန်း(၂)ပါးတို့ကို အခြေခံဗုဒ္ဓဘာသာ စာပေများ သင်ကြားပေးခြင်း၊ ဥပုသ်သည်များအား တရားဟောခြင်းတို့ ပြုလုပ်ခဲ့သည်။

 

-ထိုမှ သရက်တောင်မှ မော်လမြိုင်သို့ ပြောင်ရွှေ့ သီတင်းသုံးစသ် ၁၃၅၄-၁၃၅၅ ခုနှစ်များအတွင်း မော်လမြိုင်မြို့၊သာသနာ့မာန်အောင် ဝဲပျံစာသင်တိုက်၌ ပါရာဇိကဏ်၊ သီလက္ခန်၊ အထက်ယမိုက်၊ ရူပသိဒ္ဓိကျမ်းများကို မနားမနေ သင်ကြားပို့ချရင်း ဥပုသ်သည်များအား တရားဟောခြင်းတို့ ပြုလုပ်ခဲ့သည်။ သဒ္ဓမ္မပါလ အသင်းမှ ကြီးမှုးကျင်းပသော နိကယ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ ဥဘတော ဝိဘင်းကို မဟာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့၏၊ သည်မျှသာမဟုတ်သေး၊ဓမ္မာစရိယ စာချတန်း စာသင်သားများအတွက် ရည်ရွယ်၍ စာမျက်နှာ ၅၀၀ ခန့်လောက်ထူသော သီလက္ခန်ဝါကျဥယျာဉ် ပ-တွဲနှင့် ဒု-တွဲကိုလည်း ပြုစုရေးသားလိုက်သေး၏။ တိပိဋက စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ရည်ရွယ်၍ ပါရာဇိကဏ်၊ ပါစိတ်ပါဠိတော် (၂)အုပ်ကို အာဂုံဆောင်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မဖြေဆိုခဲ့ပေ။

 

- ၁၃၅၆-ခုနှစ်တွင် မော်လမြိုင်မှ မန ္တလေးသို့ ပြန်လည်ရောက်ရှိလာပြီး မစိုးရိမ်တိုက်သစ်တွင် သီတင်းသုံးကာ ကျောင်းထိုင်နာယက စာချတာဝန်များငို ပြန်လည်ထမ်းဆောင်ရင်း စာချတန်းအတွက် လိုအပ်နေသော ပါရာဇိကဏ်ဝါကျဥယျာဉ် ပ-ဒု နှစ်တွဲကိုလည်းကောင်း၊ ဝိဂ္ဂဟနှင့် ဉာသ်ကောက်လမ်းညွှန်ကျမ်းနှင့် အတ္ထယောဇနာနယူအဒေသကျမ်းတို့ကိုလည်းကောင်း ပြုစုရေးသားခဲ့ပြန်သည်။

 

-၁၃၅၆-ခုမှ ၁၃၆၂-ခု အတွင်း မန ္တလေး၌ နေထိုင်စဉ် ၁၃၅၆-ခု ကမ္ဘာအေးကုန်းမြေ စတုတ္ထအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အဖွဲ့အစည်းကြီး၌ မန ္တလေး မဟာအောင်မြေမြို့နယ်မှ သမ္မုတိရသံဃာ့ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၁၃၅၆-ခုမှ ၁၃၆၂-ခုအထိ၊ မန ္တလေး မဟာအောင်မြေမြို့နယ် သံဃာ့ဝန်ဆောင်အဖြစ်လည်းကောင်း၊ ၁၃၅၆-၁၃၅၇-ခု နိုင်ငံတော် အစိုးရ ပါဠိပထမပြန် စာမေးပွဲ၊ မန ္တလေးမဟာအောင်မြေမြို့နယ် အ-ထ-က (၂၄) ပထမလတ်တန်းစာဖြေဋ္ဌာန ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှုအဖြစ်လည်းကောင်း၊ သံဃာ့တာဝန်များကို ကြေပွန်စွာထမ်းရွက်ခဲ့သည်။

 

- ၁၃၅၅-ခုနှစ်တွင် နွေရာသီ ဓမ္မစရိယသင်တန်းကို တီထွင် ဖွှု့်လှစ် သင်ကြားခဲ့ငည်။ မန ္တလေးသို့ ပြန်ကြွပြီးနောက်တွင်လည်း ၁၃၅၆/၅၇-ခု နွေရာသီများတွင် မော်လမြိုင်သို့ ကြွရောက်ငာ ဓမ္မစရိယသင်တန်းကို ပို့ချပေးခဲ့လေသည်။

 

-၁၃၅၈၊ ၁၃၅၉၊ ၁၃၆၀-ခုနှစ်များတွင်တော့ မန ္တလေး မစိုးရိမ်တိုက်သစ်တွင် သင်တန်း ပို့ချပေးခဲ့တော့သည်။

-၁၃၆၁-ခုနှစ်မှ စ၍ နွေရာသီ ဓမ္မာစရိယသင်တန်းကို ရန်ကုန်မြို့တွင် စတင်ပို့ချခဲ့ရာ-

- ပထမအကြိမ်၊ ၁၃၆၁-ခုနှစ်တွင် သင်တန်းသား၊သူ (၄၈၂) ဦး

- ဒုတိယအကြိမ် ၁၃၆၂-ခုနှစ်တွင် သင်တန်းသား၊သူ (၁၁၃၂)ဦး

- တတိယအကြိမ် ၁၃၆၃-ခုနှစ်တွင် သင်တန်းသား၊သူ (၁၅၅၄)ဦး

-စတုတ္ထအကြိမ် ၁၃၆၄-ခုနှစ်တွင် သင်တန်းသား၊သူ (၁၃၅၉)ဦး

-ပဉ္စမအကြိမ် ၁၃၆၅-ခုနှစ်တွင် သင်တန်းသာ၊သူ (၁၁၅၈) ဦး

- ဆဋ္ဌမအကြိမ် ၁၃၆၆-ခုနှစ်တွင် သင်တန်းသား၊သူ (၁၁၃၈) ဦး

- ရန်ကုန်မြိုက၌ နွေရာသီသင်တန်း (၆)ကြိမ် ပို့ချ ပြီးဖြစ်ပါသည်။

 

- ၁၃၆၄-ခုနှစ် (၄-၁-၂၀၀၃) သက်တော် (၄၆)နှစ် အရွယ်မှာပင် နိုင်ငံတော်အစိုးရ၏ ဆက်ကပ်လှုဒါန်းသော "အဂ္ဂမဟာဂန ္တဝါစကပဏ္ဍိတဘွဲ့" တံဆိပ်ကို လက်ခံ ရရှိခဲ့ပါသည်။

 

- ၆-၁-၂၀၀၄ ဃုနှစ်တွင် တာမွေအလိုတော်ပြည့်ကျောင်းတိုက်မှ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်သို့ စာသင်သား ၁၁၇ပါးနှင့်အတူ ပြောင်းရွှေ့ သီတင်းသုံးခဲ့ပါသည်။ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်သည် ၁၀ဧက (အလျှား၁၆၄ပေ၊ အနံ ၆၂ပေ) သုံးထပ်ကျောင်ဆောင်ကြီးဖြစ်သဖြင့် စာသင်သား တစ်ထောင်ခန့် သီတင်းသုံး၍ ပညာရှာမီးနိုင်သော အဆောက်အအုံကြီးဖြစ်ပါသည်။

 

-အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်သို့ပြောင်းရွှေ့သီတင်းသုံးသည့်နှစ်မှာပင် ထိုင်းဘုရင်မင်းမြတ်သည် "သူ၏ကထိန်အလှုအား ဓမ္မာစရိယတက္ကသိုလ်ကို ကပ်လှုလိုပါသည်" ဟု စုံစမ်းလျှောက်ထားပြီး သူ၏ ကထိန်သင်္ကန်းကို ထိုင်းဘုရင်ကိုယ်တိုင် မဆပ်ကပ်နိုင်သော်ငြား ဆွေတော်မျိုးတော်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ တခမ်းတနား လာရောက်ဆက်ကပ်ခဲ့လေသည်။

 

- စာသင်သား ၁၁၇ပါးနှင့် စတင်ခဲ့သော ဓမ္မာစရိယတက္ကသိုလ်တွင် ၁၃၆၆-ခုနှစ် စာသင်သံဃာ ၁၄၇-ပါး၊ ၁၃၆၇-ခုနှစ် စာသင်သံဃာ ၁၇၈ပါး၊ ၁၃၆၈-ခုနှစ်တွင် ၂၀၇ပါး၊ တစ်စစ တိုးပွားလာ၏။

 

- စာသင်သားသံဃာ(၂၀၀)ကျော်တို့၏ ဆိုးရေး၊ ကောင်းရေး၊ ပညာထူးချွန်ရေး စသော များမြောင်လှသည့် တာဝန်ဝတ္တရားများကို မနေမနား ကြိုးပမ်းရသကဲ့သို့ ဓမ္မာစရိယတန်းအတွက် လိုအပ်သော အဋ္ဌသာလိနီဝါကျ ဥယျာဉ် ပထမတွဲ၊ ဒုတိယတွဲ၊ နှစ်တွဲကိုလည်း ပြီးစီးအောင် ရေးသားပြုစုရပေငည်။ ယ္ခုဆိုလျှင် ဘဒ္ဒန ္တ သုစိတ္တာဘွဝံသ ဓမ္မစရိယ စာချတန်းအတွက် ရေးသားပြုစုခဲ့ပြီးသမျှ ကျမ်းစာအုပ်များမှာ-

 

၁။ ပါရာဇိကဏ် ဝါကျဥယျာဉ် - ပထမတွဲ  (ဘဒ္ဒန ္တသုစိတ္တာဘိဝံသ)

 


၂။ ပါရာဇိကဏ် ဝါကျဥယျာဉ် - ဒုတိယတွဲ  (ဘဒ္ဒန ္တသုစိတ္တာဘိဝံသ)

 


၃။ သီလက္ခန်ဝါကျဥယျာဉ်-ပထမတွဲ  (ဘဒ္ဒန ္တသုစိတ္တာဘိဝံသ)

 


၄။ သီလက္ခန်ဝါကျဥယျာဉ်-ဒုတိယတွဲ  (ဘဒ္ဒန ္တသုစိတ္တာဘိဝံသ)

 


၅။ အဋ္ဌသာလိနီဝါကျဥယျာဉ်- ပထမတွဲ  (ဘဒ္ဒန ္တသုစိတ္တာဘိဝံသ)

 


၆။ အဋ္ဌသာလိနီဝါကျဥယျာဉ်- ဒုတိယတွဲ  (ဘဒ္ဒန ္တသုစိတ္တာဘိဝံသ)

 

၇။ ဝိဂ္ဂဟနှင့် ဉာသ်ကောက်လမ်းညွှန်

 

၈။ အတ္ထယောဇနာန ယူပဒေသကျမ်း တို့ ဖြစ်ပါသည်။

 

 

 

 

စင်္ကာပူနိုင်ငံတွင် ဖေဖေါ်ဝါရီ ၉ရက်၊ ၁၀ရက်၊ ၁၁ရက်၊ ၁၂ရက်၊ ၁၆ရက် (၅)ရက်တာ ကျင်းပသော ဆရာတော် ဘဒ္ဒန ္တသုစိတ္တာဘိဝံသ၏ ဗုဒ္ဓအဘိဓမ္မာ (အဘိဓမ္မာ ရက်တို အထူးသင်တန်း)  မှ ရုပ်သံ မှတ်တမ်းများ

 

01 အဘိဓမ္မာရက်တိုသင်တန်း 9-2-2013-(830am-) introduction

http://youtu.be/3jwRVKls3Cg

 

02 အဘိဓမ္မာရက်တိုသင်တန်း 9-2-2013-(9am-to-10am) 

http://youtu.be/ZnpXIG4ZMyk

 

 03 အဘိဓမ္မာရက်တိုသင်တန်း 9-2-2013-(1030am-to-1130am) 

http://youtu.be/5JtKrNO-f_E

 

04 အဘိဓမ္မာရက်တိုသင်တန်း 9-2-2013-(1pm-to-230pm)

http://youtu.be/I9PlOc4ZQ-g

 

05 အဘိဓမ္မာရက်တိုသင်တန်း 9-2-2013-(3pm-to-530pm)

http://youtu.be/xRX4DZfhE_k

 

06 အဘိဓမ္မာရက်တိုသင်တန်း 10-2-2013-(9am-to-10am)

http://youtu.be/e33zdhE21k8

 

07 အဘိဓမ္မာရက်တိုသင်တန်း 10-2-2013-(1030am-to-11130am)

http://youtu.be/F-JHn86dZPI

 

08 အဘိဓမ္မာရက်တိုသင်တန်း 10-2-2013-(1pm-to-230pm)

http://youtu.be/PImXArc7slE

 

09 အဘိဓမ္မာရက်တိုသင်တန်း 10-2-2013-(330pm-to-530pm)

http://youtu.be/HwsTitnbghM

 

10 အဘိဓမ္မာရက်တိုသင်တန်း 11-2-2013-(9am-to-10am)

http://youtu.be/KgcSUnaEL3Q

 

11 အဘိဓမ္မာရက်တိုသင်တန်း 11-2-2013-(1030am-to-1130am)

http://youtu.be/jtyfGqB17z4

 

12 အဘိဓမ္မာရက်တိုသင်တန်း 11-2-2013-(1pm-to-2pm)

http://youtu.be/81XZ7-hmP70

 

13 အဘိဓမ္မာရက်တိုသင်တန်း 11-2-2013-(230pm-to-330pm)

http://youtu.be/vBiDnL8ESHg

 

14 အဘိဓမ္မာရက်တိုသင်တန်း 11-2-2013 (4pm-to-530pm)


http://youtu.be/tYH3Y1d9LdM

 

15 အဘိဓမ္မာရက်တိုသင်တန်း 12-2-2013 (9am-to-10am)

http://youtu.be/zHGHfS4twEM

 

16 အဘိဓမ္မာရက်တိုသင်တန်း 12-2-2013 (1030am-to-1130am)

http://youtu.be/VZmgFR-ZTyk

 

17 အဘိဓမ္မာရက်တိုသင်တန်း 12-2-2013 (1pm-to-2pm)

http://youtu.be/U5oVXkWRpBg

 

18 အဘိဓမ္မာရက်တိုသင်တန်း 12-2-2013 (230pm-to-330pm)

http://youtu.be/v7FbMJoYouc

 

19 အဘိဓမ္မာရက်တိုသင်တန်း 12-2-2013 (4 to 5:30pm)

http://youtu.be/wcfQq3HuAUY