

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
အဖွဲ့ဝင် ပေါင်း- ၄၇ပါး
တိုင်း- သံဃနာယက အဖွဲ့၊
နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဖွဲ့
အဖွဲ့ဝင် ပေါင်း- ၃၀၀ပါး
ဝိနိစ္ဆယခုံရုံး
အဖွဲ့ဝင် ပေါင်း- ၁၆ပါး
ဝိနည်းဓိုရ်အဖွဲ့
တယ်လီဖုန်း
ဥက္ကဋ္ဌဆရာတော် -၆၅၁၀၀၇
ဒုတိယဥက္ကဋ္ဌဆရာတော်- ၆၆၁၀၀၆၊ ၆၆၁၇၄၆
အကျိုးတော်ဆောင်ဆရာတော် -၆၂၁၀၀၈
တွဲဖက်အကျိုးတော်ဆောင်ဆရာတော်-၆၆၀၈၀၄၊ ၆၆၄၁၅၇
ဝိနိစ္ဆယအဖွဲ့ငယ် - ၆၆၁၀၀၅
သာသနာရေးရာအဖွဲ့ငယ် -၆၆၀၇၉၉
ပညာရေးရာအဖွဲ့ငယ် - ၆၆၀၇၆၆၊ ၆၆၄၄၆၅
ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီး
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် အစိုးရခေတ်၊ သာသနာတော်နှစ် ၂၅၂၄၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လဆန်း ၁၁+၁၂+၁၃+၁၄ ရက်၊ ခရစ်နှစ် ၁၉၈၀ ခုနှစ် မေလ ၂၄+၂၅+၂၆+၂၇ နေ့များတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးကို ရည်မှန်းချက် ထားရှိ၍ ပဲခူး-မြို့မဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ (ထိုစဉ်က အဂ္ဂမဟာပဏ္ဍိတ၊ နောင်အခါ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ပျံလွန်) ဦးဆောင်သော ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ဖြစ်မြောက်ရေး သံဃာ့ဝန်ဆောင် ဆရာတော် ၆၆-ပါးတို့ ကြီးမှူးပြီး မြန်မာတစ်နိုင်ငံလုံးမှ သံဃာတော် တစ်သိန်းကျော် (ထိုစဉ်က သံဃာဦးရေ) တို့၏ ကိုယ်စား သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော် (၁၈၁၂)ပါး တက်ရောက်လျက် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို တညီတညွတ်တည်း ဖွဲ့စည်း တည်ထောင်နိုင်ခဲ့ကြသည်။
၁၃၄၂-ခုနှစ်၊ နယုန်လ (၁၉၈၀- ပြည့်နှစ်၊ မေလ) တွင်
မြန်မာနိုင်ငံ သာသနာ သမိုင်းဝယ် ဂိုဏ်းပေါင်းစုံ
သံဃာတော်များ ညီညွတ်မှုရရှိသဖြင့် ရန်ကုန်မြို့၊
ကမ္ဘာအေး ကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူကြီး၌
မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ သံဃသမ္မုတိ-ရ
သံဃာ့ကိုယ်စလှယ် (၁၂၀၀) ကျော် တက်ရောက်သည့်
ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးကြီး အောင်မြင်စွာ
ကျင်းပနိုင်ခဲ့ပါသည်။
ယင်းအစည်းအဝေးကြီးက သမ္မုတိရ သံဃာ့ကိုယ်စလှယ်
(၁၂၀၀)ကျော်မှ နိုင်ငံတော် ဗဟို သံဃာ့ ဝန်ဆောင်
ဆရာတော်အပါး (၃၀၀)ကို ရွေးချယ်ခဲ့ပါသည်။
နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်အပါး
(၃၀၀)မှ နိုင်ငံတော် သံဃာ့မဟာ နာယက (၃၃)ပါးကို
ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့ပါသည်။
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို (၁၉၈၀)
ပြည့်နှစ်တွင် (၃၃)ပါးဖြင့် စတင်
ဖွဲ့စည်းခဲ့တော်လည်း နောက်ပိုင်းတွင် ပြင်ဆင်၍
(၄၅)ပါး၊ (၄၇)ပါးတိုးချဲ့ ဖွဲ့စည်းခဲ့ရာ ယခုအခါ
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့မှာ (၄၇)ပါးအဖွဲ့
ဖြစ်နေပါပြီ။
ဝိနည်းဓိုရ်အဖွဲ့ အဆင့်ဆင့်
ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက အတည်ပြု ပြဋ္ဌာန်းခဲ့သော ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများအရ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများကို ဖြေရှင်း ဆုံးဖြတ်နိုင်ရန်အတွက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ အထူးအစည်းအဝေးက ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးသည့် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီအရ ဝိနည်းဓမ္မကံမှုခင်းများကို စစ်ဆေး ဆုံးဖြတ်ရာတွင် မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၊ ပြည်နယ်/တိုင်း သံဃဝိနိစ္ဆအဖွဲ့နှင့် နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့ ဟူ၍ အဆင့်သုံးဆင့် ခွဲခြား သတ်မှတ်ထားရှိသည်။
ထိုကဲ့သို့ သံဃဝိနိစ္ဆယအဖွဲ့များကို အဆင့်ခွဲခြားထားခဲ့သော်လည်း ဝိနည်းဓိုရ်ဆရာတော်များကိုမူ အဆင့်ခွဲခြားမှု မပြုဘဲ တပြေးညီ တစ်မျိုးတစ်စားတည်းသာ ရွေးချယ်ခဲ့သည်။
ဖွဲ့စည်းပေးသည့် သံဃနာယကအဖွဲ့၏ အဆင့်ကို လိုက်၍
ခွဲခြား သတ်မှတ်ခဲ့သည်။
မြို့နယ်သံဃနာယကအဖွဲ့က ဖွဲ့စည်းပေးလျှင်
မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ ဖြစ်သည်။
တဖန် ပြည်နယ်/တိုင်း သံဃနာယကအဖွဲ့က
ယင်းမြို့နယ်ဝိနည်းဓိုရ်များဖြင့်ပင်
ဖွဲ့စည်းပေးလျှင် ပြည်နယ်/တိုင်း
သံဃဝိနိစ္ဆယအဖွဲ့ဟု ခေါ်၍ နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့က ဖွဲ့စည်းပေးလျှင် နိုင်ငံတော်
သံဃဝိနိစ္ဆယအဖွဲ့ဟု ခေါ်ခဲ့သည်။
ထိုသို့ ဖွဲ့စည်း ဆောင်ရွက်ရာတွင် ဝိနည်းဓိုရ်များ၏ အရည်အချင်းကို လိုက်၍ အချို့သော နိုင်ငံတော် ဝိနိစ္ဆယ ဆုံးဖြတ်ချက်များမှာ နည်းယူ စံပြုထိုက်သော်လည်း အချို့သော နိုင်ငံတော် ဝိနိစ္ဆယဆုံးဖြတ်ချက်များမှာ မြို့နယ်အဆင့်၊ ပြည်နယ်/တိုင်းအဆင့် ဝိနိစ္ဆယများလောက်ပင် အရည်အသွေး ပြည့်မှု မရှိသည်ကို တွေ့ခဲ့ကြသည်။
ယင်း ဟာကွက်ပျော့ကွက်များကို ဖြည့်စွက်နိုင်ရန်အတွက် ၁၃၄၇ ခုနှစ် နယုန်လတွင် ကျင်းပသော ဒုတိယအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးမှ ရွေးချယ် တင်မြှောက်လိုက်သည့် ဒုတိယအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပထမ အစည်းအဝေးကြီးက ဝိနည်း ဓမ္မကံ လုပ်ထုံး လုပ်နည်းများကို ပြင်ဆင် ဖြည့်စွက်ခဲ့ကြသည်။
ယင်း ပြင်ဆင် ဖြည့်စွက်ချက်များအရ မြို့နယ်ဝိနည်းဓိုရ်၊ ပြည်နယ်/တိုင်းဝိနည်းဓိုရ်များအဖြစ် ရှေးဦးစွာ ခွဲခြား၍ ရွေးချယ် သတ်မှတ်ပေးခဲ့သည်။
နိုင်ငံတော် ဝိနည်းဓိုရ်များ
ထိုမြို့နယ်ဝိနည်းဓိုရ်၊ ပြည်နယ်/တိုင်းဝိနည်းဓိုရ်များ၏ ဆုံးဖြတ်ချက်များကို မကျေနပ်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ အယူခံ စောဒနာလွှာ တင်သွင်းလာသော ဝိနည်းဓမ္မကံမှုခင်းများ တိကျ မှန်ကန်စွာ ဆုံးဖြတ်နိုင်စေရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် အပါး ၃၀၀ ထဲမှ ဝိနိစ္ဆယဆုံးဖြတ်မှု၌ လိမ္မာကျွမ်းကျင်ခြင်း၊ သိက္ခာဝါကြီးရင့်ခြင်း ဂုဏ်တို့နှင့် ပြည့်စုံသော ဆရာတော်ကြီးများကို နိုင်ငံတော် ဝိနည်းဓိုရ်အဖြစ် ရွေးချယ် သတ်မှတ်ခဲ့ကြသည်။
ရွေးချယ်ထားသည့် ၎င်းနိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်ကြီးများထဲမှ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ အပရဂေါယာနကျောင်းဆောင်၌ လေးလတိုင်တိုင် သီတင်းသုံးနေထိုင်၍ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်ကြီး ၁၅-ပါးကို ၅-ပါးလျှင် တစ်ဖွဲ့စီ ဖွဲ့စည်းထားပြီး ယင်း ဆရာတော်ကြီးများက ဝိနည်း ဓမ္မကံ အဓိကရုဏ်း မှုခင်းများကို ဆုံးဖြတ်တော်မူခဲ့ကြသည်။
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်များ
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် အဓိကရုဏ်း လေးမျိုးတို့အနက် သာသနာတော် တစ်ရပ်လုံးနှင့် သက်ဆိုင်သော ဓမ္မ အဓမ္မစသော အငြင်းပွားသည့် မှုခင်းများကို ဆုံးဖြတ်နိုင်ရန်အလို့ငှာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များထဲမှ သင့်လျော်သော အရေအတွက်ဖြင့် သီးခြား ဝိနည်းဓိုရ်အဖွဲ့ကို တိုက်ရိုက် ဖွဲ့စည်းပေးရမည်ဟု ဝိနည်း ဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စာအုပ်၏ အခန်း (၆)၊ ပုဒ်မ (၅၇)၌ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်ဖွဲ့စည်းခြင်းနှင့် စပ်၍ စည်းမျဉ်းရေးဆွဲထားခဲ့ကြသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် နိုင်ငံတော် ဗဟိုဝန်ဆောင် ဆရာတော်ကြီးများကို ဆုံးဖြတ်ရမည့် ဝိနိစ္ဆယအားလျော်စွာ (၅)ပါးမှ (၇)ပါးအထိ ပါဝင်စေလျက် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်ဆရာတော်များအဖြစ် အဖွဲ့အမှတ် (၁)၊ အဖွဲ့အမှတ် (၂) စသည်ဖြင့် ဖွဲ့စည်း၍ လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ၊ ကျောက်သင်္ဘောဝါဒ၊ ကြောင်ပန်းတောရဝါဒ၊ ကျောက်ပုံတောရဝါဒ၊ မိုးညိုဆရာတော်ဝါဒ၊ ရေတာရှည်အရှင်မာလာဝရဝါဒ၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ ဦးထင်၏ ထွန်တုံးလက်ကျန်ဝါဒ၊ ဉာဏစာဂီဝါဒများကို ဗုဒ္ဓမြတ်စွာ ဟောတော်မူသော ထေရဝါဒ ပိဋကတော်များနှင့် ဆန့်ကျင်လျှင် အဓမ္မဝါဒဟုလည်းကောင်း၊ ယင်းဝါဒများကို ရေးသား ဟောပြောကြသူ၊ လိုက်နာ ကျင့်ကြံ ကြိုးကုတ် အားထုတ်ကြသူနှင့် လိုလား နှစ်သက်စွာ ထောက်ခံ အားပေးကြသူ ရဟန်း ရှင် လူများကို အဓမ္မဝါဒီတို့သာ မည်ကုန်၏ဟုလည်းကောင်း ဆုံးဖြတ်စေခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာ ဟောတော်မူသော ထေရဝါဒ ပိဋကတော်များနှင့် မဆန့်ကျင်လျှင်မူ ဓမ္မဝါဒဟု ဆုံးဖြတ်စေခဲ့ကြသည်။
၁၃၄၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်(၂၀- ၁၁- ၈၀) နိုင်ငံတော် သံဃာ့မဟာနာယက (၃၃)ပါး စုံညီအစည်းအဝေးတွင် ထိုအဓမ္မဝါဒီ (၇)မျိုးတို့ကို ဓမ္မ အဓမ္မဝါဒီအဖြစ် စိစစ်ရန် ပိဋကတ် ကျမ်းတတ် ထိပ်သီးပညာရှင် ဆရာတော်များချည်း ပါဝင်သော `နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ (၇)ဖွဲ့ကို ဖွဲ့စည်းလိုက်ပါသည်။
ထို့နောက် ရှေးဦးစွာ အဖွဲ့အမှတ် (၁)ဖြစ်သော
ခရမ်းမြို့, ကိုင်းကုန်းဆရာတော် (ဘဒ္ဒန္တသုဒဿနထေရ်)
ဦးဆောင်သည့် (၇)ပါး ပါအဖွဲ့က `ကျောက်သင်္ဘောဝါဒကို
စိစစ်ပြီး အဓမ္မဝါဒအဖြစ် ဝိနိစ္ဆယချမှတ်ခဲ့ပါသည်။
ထို့နောက် အဖွဲ့အမှတ် (၂)ဖြစ်သော ထားဝယ်မြို့,
ဃောသိတာရုံဆရာတော် (ဘဒ္ဒန္တဃောသိတာဘိဝံသထေရ်)
ဦးဆောင်သည့် (၇)ပါး ပါအဖွဲ့က (၁၃၂၅)ခုနှစ်လောက်က
တည်းက မြန်မာနိုင်ငံအတွင်း၌ ဓမ္မဟုတ်သည် မဟုတ်သည်
အငြင်းပွားကာ လူသိများ ထင်ရှားလှသော
`လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသူတေသနဝါဒ၊
ရွှေအဘိဓမ္မာဝါဒ တို့ကို-
ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒနှင့် ၎င်းကို ပံ့ပိုးထားသော
အချက်အလက်ဟူသမျှသည် နိကာယ်ငါးရပ်, ပိဋကတ်သုံးပုံ
ထေရဝါဒ ဗုဒ္ဓဝါဒနှင့် လုံးဝဆန့်ကျင်သော အဓမ္မဝါဒ
စစ်စစ်သာဖြစ်သည်ဟု လူသေ လူဖြစ်ဝါဒကို
ဝိနိစ္ဆယချမှတ်တော်မူကြသည် စောဒနာ
သောဓနာ(၂၁)ချက်ကို ပြည့်စုံစွာ သုံးသပ်စိစစ်၍
အဓမ္မဝါဒအဖြစ် ဝိနိစ္ဆယချမှတ်ခဲ့ပါသည်။
ထို့နောက် အဖွဲ့အမှတ် (၃)ဖြစ်သော ပုဇွန်တောင်,
ရွှေကျင်ကျောင်းတိုက် ဆရာတော်
(ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါး
ပါအဖွဲ့က `ကျောက်ပုံတောရဝါဒ ကို စိစစ်ပြီး
အဓမ္မဝါဒအဖြစ် ဝိနိစ္ဆယ ချမှတ်ခဲ့ပါသည်။
ထို့နောက် အဖွဲ့အမှတ် (၄)ဖြစ်သော ကျောက်မဲဆရာတော်
(ဘဒ္ဒန္တဩဘာသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့က
ရှေးယခင်နှစ်ပေါင်း (၈၀) လောက်ကတည်းက သာသနိက
ဆူးငြောင့်ကြီးအဖြစ် အမြစ်တွယ်ထင်ရှား လာခဲ့သော
`ကြောင်ပန်းတောရဝါဒ ကို-
`ကြောင်ပန်းတောရဝါဒသည် သက္ကာယ ဒိဋ္ဌိရှိလျှင်
ဗုဒ္ဓဘာသာမဖြစ်၊ သရဏဂုံမသည် ဟု ယူဆ ဟောပြော
ရေးသားသော အဓမ္မဝါဒသာ ဖြစ်ကြောင်း စသည်ဖြင့်
စိစစ်၍ အဓမ္မဝါဒ သာဖြစ်ကြောင်း
ဝိနိစ္ဆယချမှတ်ခဲ့ပါသည်။
ထိုနည်းအတူပင် အဖွဲ့အမှတ် (၅)ညောင်ရွှေ ဆရာတော်
(ဘဒ္ဒန္တဝိမလာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါး
ပါအဖွဲ့က `ဓမ္မနီတိဝါဒ ကိုလည်းကောင်း၊ အဖွဲ့အမှတ်
(၆) မန္တလေး ဆရာတော် (ဘဒ္ဒန္တဝေပုလ္လာဘိဝံသထေရ်)
ဦးဆောင်သည့် (၅)ပါးအဖွဲ့က `မိုးညိုဆရာတော်
(မြောက်ဥက္ကလာပ) ဝါဒ ကိုလည်းကောင်း၊ အဖွဲ့အမှတ်
(၇) ပါးအဖွဲ့က `ဦးမာလာဝရ (ရေတာရှည်)ဝါဒ
ကိုလည်းကောင်း၊ စိစစ်၍ အဓမ္မဝါဒများအဖြစ်
ဝိနိစ္ဆယချမှတ်တော် မူခဲ့ပါတယ်။
ထိုနောက်ပိုင်းတွင်လည်း `ဉာဏစာဂီ ဆရာဝါဒ၊ ဆူးလေ
ဦးမြင့်သိန်းဝါဒ၊ ဦးမြတ်သိန်းထွန်း ဝါဒ၊
ထွန်တုံး လက်ကျန် ဦးထင်ဝါဒ၊ တွံတေး
ဦးပုညာစာရဝါဒ၊ မော်လမြိုင် ဦကေသရ ဝါဒ
စသည်တို့ကို နိုင်ငံတော်သီးခြား
ဝိနည်းဓိုရ်အဖွဲ့များ ဖွဲ့လျက် စိစစ်ပြီး အဓမ္မဝါဒ
များအဖြစ် ဝိနိစ္ဆယချမှတ်ခဲ့ကြပါသည်။
ဤအဓမ္မဝါဒအဖြစ် ဝိနိစ္ဆယချမှတ်ခံရပြီးသော
အဓမ္မဝါဒီများသည် အလှည့်ကျ နိုင်ငံတော် သံဃမဟာနာယက
ဆရာတော်ကြီးများ ရှေ့မှောက်၌-
(၁) ထိုအဓမ္မဝါဒများကို စွန့်လွှတ်ပါကြောင်း၊
(၂) ယခုချိန်မှစ၍ ရှေ့သို့ဆက်လက်ပြီး
ထိုအဓမ္မဝါဒများကို ဟောပြောခြင်း၊ ရေးသား ခြင်း၊
ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊
သင်တန်းပေးခြင်း စသည့် အမှုတို့ကို
မိမိတို့ကိုတိုင် လည်း ပြုလုပ်ကြမည်
မဟုတ်သည့်အပြင် တပည့် ဒါယကာ၊ ဒါယိကာမတို့အားလည်း
မပြုလုပ်ကြစေရန် တားမြစ် ဆုံးမဩဝါဒပေးမည်
ဖြစ်ပါကြောင်း။
(၃) ထိုဝါဒဆိုင်ရာ စာအုပ်စာတမ်းများ၊ တိတ်ခွေများ၊
အထိမ်းအမှတ်စသည်တို့ကို ဖျက်ဆီးခြင်း၊ သက်ဆိုင်ရာ
မြို့နယ်သံဃနာယက အဖွဲ့သို့ အပ်နှံခြင်းများကို
ပြုလုပ်မည်ဖြစ်ပါ ကြောင်း စသည်ဖြင့် ကိုယ်တိုင်
ပဋိညာဉ်ပြု လက်မှတ်ရေးထိုးကြရပါသည်။
ဤသို့ နှစ်ပေါင်းများစွာ ကတည်းက ဓမ္မဟုတ်သည်
မဟုတ်သည်ကို အငြင်းပွားကာ ဝိဝါဒါဓိ ကရုဏ်းကြီးများ
အဖြစ် တည်ရှိနေခဲ့သော အဓမ္မဝါဒီများကို ရှေးယခင်က
ဓမ္မအစစ်မှန်ကို တိကျမှန်ကန်စွာ သိမြင်တော်မူကြသော
ပညာရှိသူတော်စင် ဆရာတော် အရှင်မြတ်ကြီးများ
အများအပြား ရှိခဲ့တော်လည်း ယခု `နိုင်ငံတော်
သံဃမဟာနာယက ကဲ့သို့သော အဖွဲ့ အစည်းကြီး
မရှိသေးသဖြင့် သိလျက်ပင် မမြင်ချင်ဟန်
နေခဲ့ရပါသည်။
ယခုအခါ၌ကား နိုင်ငံတော်အတွင်းရှိ ဂိုဏ်းပေါင်းစုံ
သံဃာတော်များ အားလုံး၏ အမြင့်ဆုံး
အဖွဲ့အစည်းဖြစ်သည့် `နိုင်ငံတော် သံဃမဟာနာယက
အဖွဲ့ကြီး ပေါ်ပေါက် လာခဲ့သဖြင့် ထိုအဓမ္မဝါဒများကို
ဓမ္မဖြင့် ထင်ထင်ရှားရှား ခွဲခြား ပြသနိုင်ခွင့်
ရခဲ့ပါပေသည်။
ထို့ကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏
သာသနာတော်သည်လည်း အဓမ္မဝါဒ တည်းဟူသောဆီးနှင်း, မြူ,
တိမ်, သူရိန်, မီးခိုး ညစ်မျိုးငါး၀
ကင်းစင်ပသဖြင့် တက်သစ်စ နေဝန်း,
ထွန်းသစ်စလဝန်းကဲ့သို့ သန့်ရှင်းစင်ကြယ်
ခဲ့ရပါပေသည်။
ဤသို့ သာသနာတော် သန့်ရှင်းလာခဲ့ရခြင်းမှာ
`နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီး ပေါ်ပေါက်
လာခဲ့ရသောကြောင့် ပါပေတည်း။
ထို့ကြောင့် သာသနာတော်အတွက် အလွန် ကျေးဇူးတင်ထိုက်
ပူဇော်ထိုက်သော `နိုင်ငံတော် သံဃမဟာနာယက အဖွဲ့
ဆရာတော်ကြီးများနှင့် `ဝိနည်းဓိုရ် ဆရာတော်ကြီး
များအား `သံဃမဟာနာယက ငွေရတုသဘင် အခါ၌
ထိုကျေးဇူးတော်တို့ကို အောက်မေ့ ကော်ရော်
ပူဇော်အပ်ပါသတည်း။
(သို့သော် နိုင်ငံတော် သံဃမဟာနာယက
ဆရာတော်ကြီးအချို့နှင့် ဝိနည်းဓိုရ်
ဆရာတော်ကြီးအချို့တို့ကား ဘဝနတ်နန်း
စံမြန်းတော်မူခဲ့ကြပြီး လေပြီတကား။)
အဖွဲ့အမှတ် (၁) ခရမ်းမြို့, ကိုင်းကုန်းဆရာတော် (ဘဒ္ဒန္တသုဒဿနထေရ်) ဦးဆောင်သည့် (၇)ပါး ပါအဖွဲ့
အဖွဲ့အမှတ် (၂) ထားဝယ်မြို့, ဃောသိတာရုံဆရာတော် (ဘဒ္ဒန္တဃောသိတာဘိဝံသထေရ်) ဦးဆောင်သည့် (၇)ပါး ပါအဖွဲ့
အဖွဲ့အမှတ် (၃) ပုဇွန်တောင်, ရွှေကျင်ကျောင်းတိုက် ဆရာတော် (ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့
အဖွဲ့အမှတ် (၄) ကျောက်မဲဆရာတော် (ဘဒ္ဒန္တဩဘာသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့
အဖွဲ့အမှတ် (၅) ညောင်ရွှေ ဆရာတော် (ဘဒ္ဒန္တဝိမလာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့
အဖွဲ့အမှတ် (၆) မန္တလေး ဆရာတော် (ဘဒ္ဒန္တဝေပုလ္လာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါးအဖွဲ့
အဖွဲ့အမှတ် (၇) ပါးအဖွဲ့
အဖွဲ့အမှတ် (၂)
၁၃၄၃ ခုနှစ် နယုန်လပြည့်ကျော် ၉ ရက် (၂၆-ဇွန်-၁၉၈၁)နေ့တွင် ဖွဲ့စည်းသည်။
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ
၁။ ဘဒ္ဒန္တဃောသိတာဘိဝံသ၊ ဃောသိတာရာမတိုက်၊
ထားဝယ်မြို့၊ တနင်္သာရီတိုင်း။ (သဘာပတိ)
[ယခု - အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊
အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ပျံလွန်]
၂။ ဘဒ္ဒန္တဇဝနာဘိဝံသ၊ ဇဝနာဘိဝံသာရုံကျောင်းတိုက်၊
ကြို့ပင်ကောက်မြို့၊ ပဲခူးတိုင်း။ (အဖွဲ့ဝင်)
[အဂ္ဂမဟာပဏ္ဍိတ]
၃။ ဘဒ္ဒန္တဓမ္မာဘိဝရ၊
ကံတွင်းဆုတောင်းပြည့်ကျောင်းတိုက်၊ ပြည်မြို့၊
ပဲခူးတိုင်း။ (အဖွဲ့ဝင်)
[ယခု - အဂ္ဂမဟာပဏ္ဍိတ]
၄။ ဘဒ္ဒန္တကုမာရ၊ မဟာဝိသုတာရာမတိုက်၊ မကွေးမြို့၊
မကွေးတိုင်း။ (အဖွဲ့ဝင်)
[ယခု - အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊
အဘိဓဇမဟာရဋ္ဌဂုရု၊ အကျိုးတော်ဆောင်ချုပ်၊
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့]
၅။ ဘဒ္ဒန္တဉာနိက၊ ပဇ္ဇောတာရုံကျောင်းတိုက်၊
မြောင်းမြမြို့၊ ဧရာဝတီတိုင်း။ (အဖွဲ့ဝင်)
[နောင် - အဂ္ဂမဟာပဏ္ဍိတ၊ ပျံလွန်]
စောဒက (တရားလို) ဆရာတော်
စုဒိတက (တရားခံ) ပုဂ္ဂိုလ်
သောဓနာ (ချေပလွှာ)