Dhamma Talk in Myanmar 

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

 

 

မြန်မာနိုင်ငံ ရဟန္တာမထေရ်မြတ်ကြီး များ

 

မုံလယ်တောရ ဆရာတော်ဘုရားကြီး မန္တလေးမြို့၌ ခန္ဓာဝန်ချ ချုပ်ငြိမ်းတော်မူ

Most venerable monle sayadaw gyi passed away on 28 Feb 2011 at 8AM in Mandalay Hospital.

******************************************************

မိုးကုတ်ဆရာတော်ကြီး၏ ဓမ္မနေ ္တဝါသိက၊ ဦးစီးပဓါန ဆရာတော်ကြီး

`အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မထေရ် ဘဒ္ဒန္တ ဇောတိက(လေး)`၏ ဓါတ်တော်များ

******************************************************

 

 

  မြန်မာနိုင်ငံ ပရိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ - ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်

 

 

မြန်မာနိုင်ငံ ရဟန္တာနှင့် ရဟန်းထူးများ (ပထမတွဲ)  -  မောင်ပန်းမွှေး

 

မြန်မာနိုင်ငံ ရဟန္တာနှင့် ရဟန်းထူးများ (ဒုတိယတွဲ) - မောင်ပန်းမွှေး

 

၁။ လယ်တီဆရာတော်ဘုရားကြီး

၂။ ကန္နီ ဆရာတော်ဘုရားကြီး

၂။ ဝေဘူဆရာတော်ဘုရားကြီး

၃။ အင်ချောင်ဆရာတော်ဘုရားကြီး

၃။ စွန်းလွန်း ဆရာတော်ဘုရားကြီး

၄။ တောင်တန်း သာသနာပြုဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ

၅။ မင်းကွန်းဆရာတော်ဘုရားကြီး ဦဝိစိတ္တသာရဘိဝံသ (နောက်ဆုံးခန္ဓာဝန်ချခါနီး ကပ်၍ ရဟန္တာဖြစ်သွားသည်) ဤအချက်သည် အငြင်းပွားဖွယ်ရှိပါသည်။ မှတ်ချက်တွင်ရေးသားသော အကြောင်းအရာ(သို့မဟုတ်) အရှင်ဆန္ဒာဓိကရေးသားသော ဘဝအဓိဋ္ဌာန် စာအုပ် စာမျက်နှာ ၅၄ကို ဖတ်ရှုပေးပါရန်)

၆။ မဟာစည်ဆရာတော်ဘုရားကြီး

၇။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး

၈။ သဲအင်းဂူဆရာတော်ဘုရားကြီး

၉။ မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး

၁၀။ ပထမ တော်ကူးဆရာတော်ဘုရားကြီး

၁၁။ ဒုတိယ တော်ကူးဆရာတော်ဘုရားကြီး

၁၂။ ဆားတောင်ဆရာတော်ဘုရားကြီး

၁၃။ ပခုက္ကူ အနိစ္စ ဆရာတော်ဘုရားကြီး

၁၄။ ပထမ ဖားအောက်ဆရာတော်ဘုရားကြီး

၁၅။ ဒုတိယ ဖားအောက်ဆရာတော်ဘုရားကြီး

၁၆။ သဒ္ဓမ္မရံသီဆရာတော် ဥုးကုဏ္ဍလာဘိဝံသ

 

 

 

၁၇။ အနာဂါမ် ဆရာသက်ကြီး (နောက်ဆုံးခန္ဓာဝန်ချခါနီး ကပ်၍ ရဟန္တာဖြစ်သွားသည်)

 

 

 

မိုးကုတ် နိဿယဖြင့် ပဋိပတ္တိ သာသနာပြု ရဟန္တာမထေရ်မြတ်ကြီး များ အချို့

 

 

၁။ ကျေးဇူးတော်ရှုင် မိုးကုတ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအသျှင်ဝိမလ ရဟန္တာမဟာထေရ်မြတ်ကြီး (၁၂၆၁ - ၁၃၂၄၊ သီတင်းကျွတ်လပြည့်ကျော်၊ ၄၊ ဗုဒ္ဓဟူးနေ့၊ နေ့လယ် ၁:၂၀)

၂။ ဇီးတော တောရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအသျှင်သာဂရ ရဟန္တာအရှင်မြတ်ကြီး (၁၂၇၄ ~ ၁၃၄၄၊ ကဆုန်လကွယ်နေ့၊ သောကြာနေ့၊ သောကြာနေ့၊ ည ၁၂ မထိုးခင်)

(မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဇီးတောရွာ၊ မြသီတာကျောင်းတိုက်ကြီး၏ ပဓာန နာယက ဆရာတော်)

၃။ မြေငူတောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တကုသလ ရဟန္တာအရှင်မြတ်ကြီး ( ၁၂၇၆ - ၁၃၄၅၊ သီတင်းကျွတ်လဆန်း၊ ၁၄)
(မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ မြေငူရွာ၊ သရက်တော တောရကျောင်း)

၄။ နန္ဒာဝန်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသာသနာ့ ရဟန္တာအရှင်မြတ်ကြီး (၁၂၆၆ - ၁၃၅၄၊ ပြာသိုလဆန်း၊ ၅၊ နံနက် ၆:၃၀)
( ဧရာဝတီတိုင်း၊ မြန်အောင်မြို့၊ ဘဒလင်ရပ်၊ နန္ဒဝန်ကျောင်းတိုက်ကြီး)

၅။ မိုးယူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒာဝံသ ရဟန္တာအရှင်မြတ်ကြီး (၁၃၀၄ - ၁၃၆၆၊ တပို့တွဲလပြည့်ကျော်၊ ၁၃၊ အင်္ဂါနေ့၊ မနက်၊ ၉:၀၀)

( စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ဆည်ကြီးတောင်၊ မိုးယူရွာ)

၇။ ဆင်ဖြူကျွန်း၊ မိုးကုတ်ဓမ္မရိပ်သာဆရာတော်ဘုရားကြီး အသျှင်ဓမ္မသာရ ရဟန္တာအရှင်မြတ်ကြီး

၈။ အသုတ်မြို့၊ နန်းဦးဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုန္ဒရ ရဟန္တာအရှင်မြတ်ကြီး
(ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ နန်းဦးဓမ္မရိပ်သာကျောင်းတိုက်)
၉။ အောင်ခဲ့စဉ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောဝိဒ ရဟန္တာအရှင်မြတ်ကြီး
( စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရွေမုဋ္ဌောသာသနာ့ရိပ်သာ)

၁၀။ တစ်ဘဝသာသနာကျမ်းပြုအကျော် ဘဒ္ဒန္တယောသိတ ရဟန္တာအရှင်မြတ်ကြီး (၁၂၉၁ - ၁၃၆၈၊ တပို့တွဲလပြည့်ကျော်၊ ၆၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၇:၂၀)
( ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရေကူးဘူတာရုံလမ်း၊ သံဃတက္ကသိုလ်ကျောင်းတိုက်)

၁၁။ ပတ္တမြားရိပ်သာဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောဘိတ ရဟန္တာအရှင်မြတ်ကြီး ( ၁၂၉၁ - ၁၃၆၈၊ တပေါင်းလပြည့်ကျော်၊ ၇၊ သောကြာနေ့၊ နံနက် ၇:၃၀)
( မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ နန်းတော်ရာရပ်၊ ပတ္တမြားရိပ်သာ)

၁၂။ အနောက်ဂန့်ဂေါ မုံလယ်ဆရာတော် ဦးသံဝရ

 

 

 

မှတ်ချက်

 

 

အထက်ပါ စာရင်းသည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဒွိဟဖြစ်စရာ ရှိပါသည်။ ဤစာရင်းကို အာနာပါန ကမ္မဋ္ဌာန်းနှင့် ဎိပဿနာ အားထုတ်သော ယောဂီများမှ သမာဓိ တရားအာရုံဖြင့် တာဝတိ`ံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ဝင်ပေါက်၏ ဘယ်ဘက် အခြမ်း ရွှေရောင် နံရံတွင် ကဗ္ဗည်းထိုး မှတ်တမ်းတင် ထားသော ဤကမ ္ဘာမြေ (တောင်ကျွန်း) နိုင်ငံအရပ်ရပ် မှ ရဟန္တာ ကြီးများ၏ ဘွဲ့အမည်နှင့် မဂ်ကျသော နေ့စွဲ စာရင်းမှ မြန်မာဆရာတော်ကြီးများ၏ စာရင်း တပိုင်းတစ ကို တရားအာရုံဖြင့် မြင်ရသမျှကို ပြန်လည် ပြုစုထားပါသည်။  မှန်သည်၊ မှားသည်ကိုတော့ ခွဲခြားရန် မလွယ်ကူသဖြင့် မိမိတို့ အသိဉာဏ်ဖြင့် ချင့်ချိန် ယုံကြည်ကြစေလိုပါသည်။

 

တာဝတိ`ံသာနတ်ပြည် စူဠာမဏိ စေတီတော်၏ နံရံတွင် ကဗ္ဗည်းထိုး ထားသည့်စာရင်းမှာ နိုင်ငံပေါင်းစုံမှ ဆရာတော်ကြီးများ၏ မူလဘွဲ့အမည်ရင်းကိုသာ အသုံးပြုထားပြီး မြန်မာနိုင်ငံတွင် ရိုးရာဓလေ့အရ ဆရာတော်ကြီးများ၏ မူရင်းဘွဲ့အမည်အစား ဆရာတော်ကြီးများ သီတင်းသုံးသော ကျောင်းအမည်၊ သို့မဟုတ် နေရာဒေသ အမည် စသဖြင့် နာမ်စား ခေါ်ဆိုရိုး ထုံးစံရှိသည့်အလျှောက် နတ်ပြည်မှ စာရင်းနှင့် မြန်မာများခေါ်ဆိုသုံးစွဲသည့်အမည်ကို တိုက်ကြည့်ရန် အခက်အခဲရှိပါသည်။

 

နတ်ပြည် ရှိ ရဟန္တာကြီးများ၏ စာရင်းသည် အလွန်များပြားလှပါသည်။ ထိုစာရင်းမှ မည်သည့် ဘွဲ့အမည်သည် မြန်မာပြည်မှ ဆရာတော်ဖြစ်ကြောင်း ခွဲခြားရန်လဲ ခက်ခဲပါသည်။ ထို မှတဖန် ဘွဲ့အမည်ကို မြန်မာအများစုခေါ်ဆိုသော အမည်သို့ပြောင်းလဲရန်လည်း အခက်အခဲရှိပါသည်။ သို့ဖြစ်ပါ၍ လက်လှမ်းမှီသလောက်ကိုသာ ဖေါ်ပြထားပါသည်။

 

တာဝတိ`ံသာနတ်ပြည် စူဠာမဏိ စေတီတော်၏ ဂူ ဝင်ပေါက် ဘယ်ဘက်အခြမ်း အတွင်းနံရံတွင် ရဟန္တာ ကြီးများ၊ အနာဂမ်၊ သက္ဒါဂမ်၊ သောတာပန်များ၏ အမည်ကို မှတ်တမ်းတင်ထားပြီး ညာဘက်အခြမ်း ဂူနံရံတွင် မြတ်စွာဘုရားဟောကြားခဲ့သော အဘိဓမ္မာတရားတော်များကို မှတ်တမ်း တင်ကဗ္ဗည်းထိုးထားပါသည်။ ရုတ်တရက်ကြည့်လျှင် ရွှေရောင်နံရံပေါ်တွင် ဓါးနှင့် မြောက်များစွာ ချစ်ထားသလို အရာများသကဲ့သို့ ဖြစ်ပေါ်နေပြီး စာတလုံးခြင်းကို အာရုံပြုလျှင် သင့်လျှော်သည့် ဘာသာဖြင့် ထင်ရှားပြသပါသည်။

 

တာဝတိ`ံသာနတ်ပြည် စူဠာမဏိ စေတီတော်သည် ရွှေတိဂုံစေတီ်တော်မြတ်ကြီးနှင့် ဆင်တူယိုးမှားရှိသော်လည်း  စူဠာမဏိ စေတီတော်သည် အောက်ခြေ အတွင်း၌ လှိုဏ်ဂူပါသော စေတီတော် ဖြစ်ပါသည်။ မန္တလေးမြို့ရှိ ဘုရားနီစေတီတော်နှင့် ပုံစံတူ ဖြစ်ပါသည်။ (ဘုရားနီ စေတီ ပြန်လည်တည်ဆောက်စဉ်က ဆရာတော်ကြီးတပါးပါးမှ တရားအာရုံဖြင့် မြင်ရသော စူဠာမဏိ စေတီပုံစံတူကို ဆောက်လုပ်ခဲ့သည်ဟု ယူဆရပါသည်)။ စူဠာမဏိ စေတီတော်၏ ဂူ ဝင်ပေါက်သည် တပေါက်တည်းရှိပြီး၊ လှိုဏ်ဂူအတွင်း ဝင်ပေါက်တည့်တည့်တွင် ရွှေရောင်ပလ္လင် အထက်၌ ဗုဒ္ဓမြတ်စွာဘုရား၏ ရွှေရောင် ရုပ်ပွားတော်တဆူနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်နှင့် ဆံတော်များကို ဖန်အုပ်ဆောင်း အစရှိသော အကာအကွယ်မပါသော ရွှေကလပ်ပေါ်တွင် ကြည်ညို ဖွယ် ဖူးတွေ့နိုင်ပါသည်။ (နတ်ပြည်တွင် သူခိုး၊ ဓါးပြရန် မရှိ၍ အကာအကွယ်မထားခြင်းဟု ယူဆရပါသည်။ ) စူဠာမဏိ စေတီ တော် ၏ အဆောက်အအုံတခုလုံးကို  ရွှေရောင် ဖြင့်တည်ဆောက်ထားပါသည်။  စူဠာမဏိ စေတီ တော်တည်ရှိသောနေရာသည် ဤကမ ္ဘာ အရှေ့မြောက် ဘက် အထက် အရပ်ဝန်းကျင်၌ တည်ရှိပြီး၊ သကြားမင်းနေထိုင်သော ဘုံဗိမ္မာန်သည် အနောက်ဘက် အထက် အရပ်ဝန်းကျင်၌ ပါသည်။ လှိုဏ်ဂူ၏ အကျယ်အဝန်း(သို့မဟုတ်) နတ်ပြည်ရှိ   ပုံသန္တာန်များသည် ကြီးမားလှသဖြင့် လူသားမျက်စေ့ဖြင့် မြင်နိုင်ပါစေဟု မေတ္တာပြု၍ ဖူးမျှော်နိုင်ပါသည်။

 

 

 

 

ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် ဗုဒ္ဓမြတ်ဘုရား၏ တရားတော်များနှင့် ကမ္မဋ္ဌာန်း ဎိပဿနာကျင့်စဉ်များကို ယုံကြည်စိတ်ချစွာ အားထုတ်ပြီး တရားထူးတရားမြတ်များ လျှင်မြန်စွာ ရနိုင်ကြပါစေ..........

 

 

 

မဟာစည်ဆရာတော်ဘုရားကြီး ဦးသောဘန မဟာသာရနှင့် နတ်သားတပါးတို့၏ အမေးအဖြေ ဆွေးနွေးခန်း(အသံ)

 

 

 

 

 

အခြား သိမှတ်ဖွယ် အချက် အလက်များ

 

 

သူတော်စင် အများစုတို့သည် ငယ်စဉ်အခါမှ ဗုဒ္ဓဘာသာစာပေများကို ထိတွေ့ရင်းနှီးကြပေလိမ့်မည်။ ဘာသာရေးအကြောင်းအရာဆိုလျှင် ငရဲမင်းကြီး၏ အခန်းကဏ္ဏသည် မပါလျှင် မပြီးသော အကြောင်း အရာ တခုဖြစ်သည်။ ပန်းချီ၊ ပန်းပု စာပေ အနုပညာရှင်ကြီးများသည် မိမိတို့၏ စိတ်ကူးဖြင့် မှန်းဆ၍ ငရဲပြည်၏ မြင်ကွင်းကို ပုံဖေါ်၍ ပန်းချီ ရုပ်ပြ ပုံဆောင်များကို ရေးဆွဲခဲ့ကြသည်ကို ကြုံတွေ့ဖူးကြပါလိမ့်မည်။

 

အာနာပါန ကမ္မဋ္ဌာန်းနှင့် ဎိပဿနာအားထုတ်သော ယောဂီများသည် သမာဓိ တရားအာရုံဖြင့် ငရဲပြည်သို့လည်း စူစမ်း လေ့လာခဲ့ကြပါသည်။

ထိုယောဂီများ၏ အဆိုအရ ငရဲမင်းကြီးသည် ပန်းချီသရုပ်ဖေါ်များသကဲ့သို့ ချိုကြီးများနှင့် ကြောက်စရာ အသွင်သဏ္ဍန် မဟုတ်ဘဲ အလွန်တရာလှပ ချောမောသော နတ်သား တပါးသာဖြစ်ကြောင်း သိရှိရပါသည်။ (သူ၏အတိတ်ဘဝ ကုသိုလ်ကြောင့်သာ ငရဲမင်းကြီးအဖြစ် အမှုထမ်းနေရသည်ဟု ယူဆရပါသည်။)

 

ငရဲမင်းကြီးသည် အလွန်တရာ သဘောကောင်းပြီး သတ္တဝါများကို ငရဲမှ ခံစားစေလိုစိတ် ရှိဟန်မတူပါ။ ငရဲသား သတ္တဝါအပေါင်းတို့ ငရဲခံမှုများကို လျှော့ပေါ့စေရန် ယ္ခင်ကပြုခဲ့ဘူးသော အလှုဒါနများကို သတိရအောင် ကူညီပြောပြပေးတတ်သည်ဟု သိရှိရပါသည်။ အထူးသဖြင့် သူတော်စင်တို့အမျှပေးဝေသည့်အခါ ငရဲမင်းကိုလည်း တိုင်တည် အမျှဝေခဲ့ဘူးမည်ဖြစ်ပါသည်။ ထိုသို့ငရဲမင်းကြီးကို တိုင်တည် အမျှပေးဝေခဲ့သည့် ကုသိုလ်ကို ပြန်လည်သတိရရန် ငရဲမင်းကြီးက ဘယ်နေ့ဘယ်အချိန်က သူ့ကို ဘယ်လိုကုသိုလ်ပြု၍ အမျှပေးဝေခဲ့ကြောင်း သတိရရန် ပြောပြပေးတတ်သည်ဟုလည်း သိရှိရပါသည်။

 

ငရဲမင်းကြီးသည် လပြည့်၊ လကွယ် နေ့များတွင် နတ်ပြည်သို့တက်၍ ဥပုသ်သီလ ဆောက်တည်တတ်ပါသည်။ ဤအချက်ကို အကြောင်းပြုခဲ့ဟန်တူပါသည်။ အချို့သော လူကြီးသူမများက လပြည့်၊ လကွယ် နေ့များတွင် သေလျှင် အပါယ်တံခါးပိတ်သည်ဟု ပြောစမှတ်ရှိကြပါသည်။  ဤအချက်ကို သမာဓိ တရားအာရုံဖြင့် ငရဲပြည်သို့စူးစမ်းလေ့လာခဲ့ကြသော ယောဂီများကို မေးမြန်းရာ ငရဲမင်းကြီး နတ်ပြည်သို့သွား၍ ဥပုသ်သီလ ဆောက်တည်နေခြင်းကြောင့် ငရဲမင်းကြီး အလုပ်ပြန်ဆင်းတဲ့အထိ စောင့်နေကြရခြင်းပါ၊ ငရဲကျဖို့ တစ်ရက်နောက်ကျခြင်းမျှသာဖြစ်သည်ဟု ရှင်းပြကြပါသည်။

 

ထို့အပြင် ပြိတ္တာတို့သည်လည်း ငရဲမင်းကြီး၏ထံတွင် စစ်ချက်ယူရကြောင်း ကြားသိရပါသည်။

 

ပါချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ယမမင်း၏ ဆန္ဒ တရားတော် (အသံ)

 

ပါချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော သတ္တဝါတို့၏ (၃၁) ဘုံအကြောင်း  ၂၈-၃-၂၀၀၉

 

 

စေတီပုထိုးများ

 

၁) ဒုဿစေတီ သည် ဗြဟ္မပြည် အကနိဋ္ဌဘုံတွင် တည်ရှိပါသည်။

၂) မေတ္တာသဟာရစေတီတော်သည် ဗြဟ္မပြည် အောက်ဆုံးဘုံ ဗြဟ္မပြရိသဇ္ဖာဘုံတွင် တည်ရှိပါသည်။ (ဤျစေတီသည် စာပေကျမ်းဂန်ထဲတွင် မပါဝင်သဖြင့် အငြင်းပွား စရာ ရှိပါသည်)

၃) စူဠာမဏိ စေတီတော်သည် တာဝတိ`ံသာနတ်ပြည်တွင် တည်ရှိပါသည်။

 

 

 

မှတ်ချက်

 

 

စူဠာမဏိ စေတီတော် အကြောင်းကို ဖေါ်ပြစဉ်က ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်နှင့် ဆံတော်များကို ဖန်အုပ်ဆောင်း အစရှိသော အကာအကွယ်မပါသော ရွှေကလပ်ပေါ်တွင် ကြည်ညို ဖွယ် ဖူးတွေ့နိုင်ပါသည်။ (နတ်ပြည်တွင် သူခိုး၊ ဓါးပြရန် မရှိ၍ အကာအကွယ်မထားခြင်းဟု ယူဆရပါသည်။ ) ဟူ၍ ရေးသားခဲ့ပါသည်။ နတ်တို့သည် ငါးပါးသီလ လုံခြုံပါသလားဟု မေးစရာရှိပါသည်။

ဤအချက်ကို ယောဂီများနှင့် ပြန်လည်ဆွေးနွေးရာ ငါးပါးတွင် ၄-ပါးတော့ လုံကြပါသည်။ သို့သော် နတ်ပြည်တွင် သေရည်၊သေရက် သောက်စားသော နတ်(အသူရာနတ်) များရှိကြသည်ဟု သိရှိရပါသည်။ တချို့သော နတ်သမီးတို့သည် အတိတ်ဘဝ ကုသိုလ်အားနည်းမှုကြောင့် ဘုံကိုပိုင်ဆိုင်သော နတ်သားတပါးပါး၏ဘေး၌ှ ဇနီး-နတ်သမီးဘဝအဖြစ်သို့ မဖြစ်ပဲ ထီးထီးကြီးလဲ သွားဖြစ်တတ်ပါသည်။ ထိုအခါ ထိုနတ်သမီးသည် ပိုင်ရှင်မဲ့ဖြစ်သည့်အလျှောက် မည့်သည့်နတ်သားကိုမဆို ကာယ-ကာမဆန္ဒဖြည့်စွက်ပေးရသည့် အခြေအနေမျိုးဖြင့် နေရသော နတ်သမီး များလည်းရှိသည်ဟု ကြားသိရပါသည်။ မှန်၊ မမှန်တော့ မသိပါ။

 

သို့ပါ၍ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် လူ့ဘဝသို့ရခိုက် နတ်ပြည်၊  ဗြဟ္မပြည် များကို မတောင့်တဘဲ နိဗ္ဗာန်သို့သာရည်စူး၍ ကမ္မဋ္ဌာန်း ဎိပဿနာကျင့်စဉ်များကို ယုံကြည်စိတ်ချစွာ အားထုတ်ပြီး တရားထူးတရားမြတ်များ လျှင်မြန်စွာ ရနိုင်ကြပါစေ..........

 

 

 

တခြား အချက်အလက်များ

 

- နတ်များသည် နတ်ဘုံ တခုမှ တခုသို့ ကူသန်း သွားရောက် လည်ပါတ်ရန် မစွမ်းသာ ဟုဆိုပါသည်။ အထက်ဘုံမှ တန်းခိုးကြီးသော နတ်များ သာလျှင် (ဥပမာ - သကြားမင်းကြီး) နတ်ပြည်ရှိ ဘုံများနှင့်၊ လူ့ပြည် ဘုံများကို ကူးသန်းသွာလာနိုင်ပါသည်။