SayaDaw U Latkana

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

SayaDaw U Latkana

 

                                                                                                 

 

စစ်ကိုင်းတိုင်း-စစ်ကိုင်းခရိုင်-စစ်ကိုင်းတောင်ရိုး ကျစွာချောင်ဆရာတော်

သာသနဓဇ သိရီပဝရဓမ္မာစရိယ
သာသနဓဇဓမ္မစရိယ ဒီဃနိကာယပါဠိပါရဂူ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
အဂ္ဂမဟာကမ္မဠာနာစရိယ

                                                                                                 

ဆရာတော်ဦးလက္ခဏ
ဟောကြားတော်မူသောတရားတော်များ
 

http://www.sayadawulakkhana.com/

http://blog.sayadawulakkhana.com/

 

***********************************

:: ထေရုပ္ပတ္တိအကျဉ်းချုပ် ::.

***********************************
ဘွဲ့အမည် ။ ။ အရှင်လက္ခဏ
မွေးသက္ကရာဇ် ။ ။ မြန်မာနှစ် ၁၂၉၇ ခု၊ ဦးတန်ခူးလဆန်း( ၁၅) ရက်၊
အင်္ဂလိပ်နှစ် ၁၉၃၅ ခု၊ ဧပြီလ (၁၇) ရက်၊ ဗုဒ္ဓဟူးနေ့။
အဖ၊အမိအမည် ။ ။ ဦးသာထယ်၊ ဒေါ်ဖွားစော (၂ -ဦးလုံးကွယ်လွန်)
မွေးရပ်ဇာတိ ။ ။ ရွာသစ်ရပ်၊ ကတောကျေးရွာ၊ မြင်းခြံခရိုင်၊ မန္တလေးတိုင်း။
ရှင်သာမဏေဖြစ်ခြင်း ။ ။ မြန်မာနှစ် ၁၃၀၉ ခု၊ အင်္ဂလိပ်နှစ်၊ ၁၉၄၇ ခု။
ဥပဇ္ဈယ်ဆရာ ။ ။ ဘဒ္ဒန္တ ဦးဥတ္တရ၊ ဒက္ခိဏာရာမကျောင်းတိုက်? ကတောကျေးရွာ၊ မြင်းခြံခရိုင်၊ မန္တလေးတိုင်း။
ရဟန်းဖြစ်ခြင်း ။ ။ ၁၃၁၆ ခု ပထမဝါဆိုလဆန်း (၄) ရက်၊ ၁၉၅၄ ခု၊ ဇွန်လ။
ဥပဇ္ဈယ်ဆရာ ။ ။ ဘဒ္ဒန္တ ဦးဝါသန၊ မဟာဝိဇိတာရုံကျောင်းတိုက်၊ ၆၈ လမ်း၊ ပတ်ကုန်းပျော်ဘွယ်ရပ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
ပစ္စည်းလေးပါးဒါယကာ ။ ။ ဒေါ်သော်တူမ ဒေါ်ထွေး၊ ရွာသစ်ရပ်၊ ကတောရွာ၊ မြင်းခြံခရိုင်၊ မန္တလေးတိုင်း။
အောင်မြင်ခဲ့သောစာမေးပွဲများ ။ ။ နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ နှင့် ပါဠိဓမ္မာစရိယ စာမေးပွဲများ၌ ပထမငယ်၊ ပထမလတ်၊ ပထမကြီးနှင့် စာချတန်း၊ သာသနဓဇသိရီပဝရဓမ္မာစရိယနှင့် သာသနဓဇဓမ္မာ စရိယဒီဃနိကာယပါဠိပါရဂူ၊
စာလိုက်ခဲ့သော ဆရာတော်နှင့်ကျောင်းတိုက်များ ။ ။ မြင်းခြံခရိုင်၊ ကတောကျေးရွာ၊  ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဦးဥတ္တရ။ စစ်ကိုင်းတောင်ရိုး၊
ရတနာ့မာန်အောင်ချောင်၊ ဆရာတော် ဘဒ္ဒန္တ ဦးဝါသနနှင့် ဆရာတော်ဦးဝိစာရိန္ဒာဘိဝံသ။ ဇေယျသိမ်ပါဠိတက္ကသိုလ်ဆရာတော်ဘဒ္ဒန္တအရှင်ပညိန္ဒာဘိဝံသနှင့်
ဆရာတော် ဘဒ္ဒန္တ ဦးအဂ္ဂဝံသာဘိဝံသ(ယခု မန္တလေးပေါက်မြိုင်ဆရာတော်)။ ပါဠိကာရီသုံးခွဆရာတော်ဘဒ္ဒန္တ ဦးဝရသာမီဘိဝံသ။  ပဠာန်းသိပ္ပံဆရာတော်ဘဒ္ဒန္တ ဦးဣန္ဒက(အဂ္ဂမဟာပဏ္ဏိတ)။ မန္တလေးမြို့၊မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဇယမေဒနီဝါဆိုဆရာတော် ဘဒ္ဒန္တအဂ္ဃိယ (အဂ္ဂမဟာပဏ္ဏိတ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ
သဒ္ဓမ္မဇောတိက၊ နဒ္ဒသမရွှေကျင်သာသနာပိုင်)။  မဟာဝိသုဒ္ဓါရုံတိုက်သစ်၊သံတော်ဆင့်ကျောင်းဆရာတော်ဘဒ္ဒန္တဦးဝါသဝါဘိဝံသ(ရန်ကုန်-ဗဟန်းဝိသုဒ္ဓါရုံရွှေကျင်ကျောင်းဆရာတော်)။ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊  မင်္ဂလဗိမာန်ဆရာတော်ဘဒ္ဒန္တဦးပညာသိရီဘိဝံသ။ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်
အာဂမနယူပဒေသကျောင်းဆရာတော်ဘဒ္ဒန္တဦး�ဏောဘာသ။ မိုးကောင်းကျောင်းတိုက်၊ ဒေးဝန်းအုပ်ကျောင်းဆရာတော်ဘဒ္ဒန္တဦးဇောတိက
(အဘိဓဇမဟာရဌဂုရု)။ မိုးကောင်းကျောင်းတိုက်၊ညောင်ရမ်းကျောင်းဆရာတော်ဘဒ္ဒန္တဦးသဇ္ဇနာဘိဝံသ (အဘိဓဇမဟာရဌဂုရု-စစ်ကိုင်းသဇ္ဇနာဆရာတော်)။
မန္တလေးမြို့၊ဘုရားကြီးကျောင်းတိုက်၊ ပေတောအုပ်ကျောင်းဆရာတော် ဘဒ္ဒန္တဦးသီလဝံသ။ စစ်ကိုင်းတောင်ရိုး၊ကျစွာချောင်ဆရာတော်ဘုရားကြီးဘဒ္ဒန္တဦးဝိရိယဆရာ
တော် တို့ဖြစ်သည်။
ရရှိသောဘွဲ့တော်များ ။ ။ သာသနဓဇ သိရီပဝရဓမ္မာစရိယ သာသနဓဇဓမ္မစရိယ ဒီဃနိကာယပါဠိပါရဂူ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဠာနာစရိယ
သာသနာရေးဆောင်ရွက်ချက်များ။ ။ မြို့နယ် ဝိနိစ္စယနှင့် တိုင်းဝိနိစ္စယ။
နိူင်ငံတော်သံဃာ့မဟာနာယက ဝိနည်းဓိုရ်သင်တန်း၌ တက်ရောက်ခဲ့ခြင်း။
ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းများြွကရောက်ပို့ချခဲ့ခြင်း။
မန္တလေးမဟာဝိဇိတာရုံကျောင်းတိုက်၊ ကျစွာချောင်မဟာဝိဇယရံသီစာသင်တိုက်တို့၌ စာပေများ ပို့ချခဲ့ခြင်း။
စစ်ကိုင်းတောင်ရိုး၊ ကျစွာချောင် မဟာအတုလရံသီကမ္မဠာန်းဌာန၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့၌ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်များနှင့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ နီပေါ၊ ဩစတေးလျ၊ ဥရောပ နိူင်ငံတို့၌ လက်တွေ့သတိပဌာန်တရားတော်များဟောကြားတော်မူလျက်ရှိပါသည်။
ယခုအခါ စစ်ကိုင်းတောင်ရိုး၊ ကျစွာချောင်၊ မဟာဝိဇယရံသီစာသင်တိုက်၊ မဟာအတုလရံသီဓမ္မရိပ်သာ၊ရှမ်းပြည်နယ် လွိုင်လင်မြို့ ကန်ဦးတောရကျောင်းတိုက်၊ ရန်ကုန်မြို့ သိရီလက္ခဏာရာမဒဂုံသာသနာ့ရိပ်သာ၊ မြင်းခြံခရိုင် ကတောရွာ ဒက္ခိဏာရာမ ကျောင်းတိုက်တို့၌ ပရိယတ်၊ ပဋိပတ် သာသနာ့တာဝန်အရပ်ရပ်တို့ကို ထမ်းဆောင်လျက်ရှိပါသည်။
လူမှုရေးဆောင်ရွက်ချက်။ ။ မြင်းခြံခရိုင် ကတောကျေးရွာ၊ စစ်ကိုင်းတိုင်းဝါပျက်ကျေးရွာနိူင်ငံတော်အစိုးရအခြေခံမူလတန်း ကျောင်းတို့၌ ကျောင်းသူကျောင်းသားများအား ကျောင်းဆောင်များနှင့်တကွ မြေနေရာတို့ကို လှူဒါန်း၍ ကျောင်းစရိတ်များ၊ ကျောင်းသားဝတ်စုံများ၊ ကျောင်းသုံးစာအုပ်များအပြည့်အစုံ ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
စစ်ကိုင်းမင်းကွန်းသွားကားလမ်းကိုလည်း ဧရာဝင်္တီကမ်းနားတလျှောက်မှ ဖောက်လုပ်ရန် ကတ္တရာခင်းလမ်းအထိ (သရက်ပင်ဆိပ်မှ ဝါးချက်ရွာဆုံးသည်အထိ) ခင်းကျင်းပေးခဲ့ပါသည်။
စစ်ကိုင်းတောင်ရိုး ဝါးချက်ဇီဝိတဒါန သံဃာ့ဆေးရုံကြီးကို ဆောက်လုပ်တည်ထောင်၍ စစ်ကိုင်းမင်းကွန်းနှင့် အနယ်နယ်အရပ်ရပ်မှ ရဟန်းသာမဏေ၊ သီလရှင်တို့အားအခမဲ့၊ လူဝတ်ကြောင်လူနာများအားသက်သာသော ကုသမှု နှုန်းထားများဖြင့် ပြည်တွင်းပြည်ပဆရာဝန်ကြီးများနှင့် ကုသပေးလျက်ရှိပါသည်။

 

********************************

 

 

 

စလေမြို့ စလေပါဋိတရာမ ဓမ္မရိပ်သာ၌ ၁၀ရက်တိုင်တိုင် ကျင်းပအပ်သော သတိပဋ္ဌာန် ဝိပဿနာ ဘာဝနာ တရားစခန်းပွဲ၌ ဟောကြားအပ်သော သတိပဋ္ဌာန် ဝိပဿနာ ဘာဝနာ ရှုမှတ်နည်း အခြေခံ တရားတော်

 

၁။ ၉-၁၂-၂၀၀၁

၂။ ၁၀-၁၂-၂၀၀၁

၃။ ၁၁-၁၂-၂၀၀၁

၄။ ၁၂-၁၂-၂၀၀၁

၅။ ၁၃-၁၂-၂၀၀၁

၆။ ၁၄-၁၂-၂၀၀၁

၇။ ၁၅-၁၂-၂၀၀၁

၈။ ၁၆-၁၂-၂၀၀၁

၉။ ၁၇-၁၂-၂၀၀၁

၁၀။ ၁၈-၁၂-၂၀၀၁

 

 

၂၄-၅-၂၀၀၂ ကြိုက်ရာရွေးချယ်လမ်လေးသွယ် (စကာၤပူနိုင်ငံ။ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း)