Saddhammaramsi Sayadaw

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

Saddhammaramsi SayaDaw

Bhaddanta Kundalabhivamsa

Agga Maha Kammatthanacariya             

 

မဟာစည်ရတ္တညုနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊

သဒ္ဓမ္မရံသီရိပ်သာများအားလုံး၏ အဓိပတိဆရာတော်ကြီး

 

ဘဒ္ဒန ္တကုဏ္ဍလာဘိဝံသ

ဟောကြားတော်မူသောတရားတော်များ

 

 

သဒ္ဓမ္မရံသီကျောင်းတိုက်

ဇေယျာခေမလမ်း၊ ရှစ်မိုင်၊ မရမ်းကုန်းမြို့နယ် ၊
၀၁.၆၆၁၅၉၇ ၊ ၀၉၄၉၇၇၁၃၅၃

http://www.saddhammaramsi.com/

*************************

ကျေးဇူးတော်ရှင် ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး၊ ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ အရှင်သူမြတ် (သက်တော် (၉၁) နှစ်သက်တော် (၉၁) နှစ်) သည် (၁၆-၁၂-၂၀၁၁) နေ့ မြန်မာစံတော်ချိန် နံနက် (၇:၃၅) နာရီတွင် ရန်ကုန်မြို့၊ သဒ္ဓမ္မရံသီရိပ်သာကြီး ၌ ခန္ဓာဝန်ချတော်မူခဲ့ပြီးဖြစ်ပါသည်။

*************************

Biography of SayaDaw

 

The Ven: Saddhammaransi Sayadaw U Kundalabivamsa was born in the year 1921 and at the age of nine, he was noviciated. In the year 1940, he was ordained as a noble monk with Sayadaw U Dhammapiya as the preceptor. He studied at the Medini Monastery, Kyaukgone, Yangon and became a lecturer in the same monastery.

In the year 1977, he practised the vipassana meditation, under the guidance of the most Ven: Mahasi Sayadaw at the Mahasi Sasanayeiktha Meditation Centre. He became a meditation teacher in the year 1978. With the permission of the Ven: Mahasi Sayadaw, the Saddhammaransi Meditation Centre was established in the year 1979 by Sayadaw U Kundalabivamsa.

Saddhammaransi Sayadaw expounds Dhamma discourses and gives instruction for the vipassana meditation and at the same time he publishes many books since then. Thus he propagates the Buddha's Sasana not only in Myanmar, but also in many other countries. Since 1994, the Western Countries such as U.S.A., Canada, France, Germany. Italy, Switzerland, Netherland, Belgium, as well as the Eastern Countries like Malaysia and Singapore sponsored for the Dhamma Dhuta (Dhamma messenger) programs. The numerous retreats guided by Sayadaw in these countries foster and propagate the Theravada Buddha's Sasana (The Elders view of the Buddha's Teaching). The number of people coming from these countries to study and practise the vipassana meditation under the Mahasi's guidance, at the Saddhammaransi Meditation Centre, increases month after month.

Sayadaw preaches at the Saddhammaransi Meditation Centre on every Sabbath Day in the morning session after giving nine precepts to the practising yogi and the pious Sabbath observers. He also delivers the noble dhamma sermons on every full-moon day in the afternoon session. The tape recorded suitable dhamma discourses are chosen from the numerous preachings, to be translated and published as "Dhamma Ratana". "Ratana" is rendered as "pleasant, desirable". Therefore the dhamma discourses in this website are conducive for the development of supramundane pleasure and happiness.

 

************************************

ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ အကျဉ်း

၁။ ဘွဲ့တော် - ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)

၂။ ကျောင်းတိုက် - သဒ္ဓမ္မရံသီရိပ်သာ၊ အမှတ် (၇)၊ ဇေယျာခေမာလမ်း၊ (၆) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်း။

၃။ အသက်၊ သိက္ခာ၊ ဂိုဏ်း - သက်တော် (၉၁)၊ သိက္ခာတော် (၇၂) ဝါ၊ ရွှေကျင်ဂိုဏ်း။

၄။ မွေးသက္ကရာဇ် - (၁၂၈၃) ခုနှစ်၊ နယုန်လဆန်း (၁) ရက်၊ တနင်္လာနေ့။

၅။ ဇာတိရပ်ရွာနှင့် ခမည်းတော် မယ်တော်တို့၏အမည် - ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဝင်းကဒတ်ရွာ၊ ဦးသာဖြိုး+ဒေါ်ပုတို။

၆။ ရှင်သာမဏေပြုခြင်း - (၁၂၉၃) ခုနှစ်၊ ဝါဆိုလဆန်း (၁၂) ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောင်းတော်ရာကျောင်းတိုက် နမူနာစံကျောင်းဆရာတော် ဘဒ္ဒန္တခေမာကို ဥပဇ္ဈာယ်ပြ၍ ရှင်သာမဏေအဖြစ်သို့ရောက်သည်။

၇။ ရဟန်းပြုခြင်း - (၁၃၀၂) ခုနှစ်၊ တပွဲတွဲလဆန်း (၁၂) ရက်နေ့တွင် ဖိုးစမ္ပါရွာ၊ ကန်ကြီးကျောင်းဆရာတော် ဘန္ဒန္တဓမ္မပိယကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ရောက်သည်။

၈။ စာပေသင်ယူခြင်း - ညောင်လေးပင်တောရကျောင်းတိုက်၊ ရန်ကုန်မြို့ကျောက်ကုန်း မေဒိနီကျောင်းတိုက်၊ ညောင်တုန်းမြို့ ရွှေဟင်္သာတောရကျောင်းတိုက်တို့၌ ပရိယတ္တိစာပေများကို သင်ယူခဲ့ပါသည်။

၉။ အောင်မြင်ခဲ့သော စာမေးပွဲများ - သာသနဓဇသိရီပဝရ ဓမ္မစရိယ၊ စေတိယင်္ဂဏဓမ္မစရိယတို့ကို အောင်မြင်ခဲ့ပါသည်။

၁၀။ ခံယူခဲ့သော ဘွဲ့တံဆိပ်တော်များ - မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ဆက်ကပ်သော မဟာကမ္မဋ္ဌာနာစရိယနှင့် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်များ ခံယူရရှိခဲ့ပါသည်။

၁၁။ စာပေပို့ချခြင်း - ရန်ကုန်မြို့ ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက်၌ တပည့်များအား ပိဋကတ်ကျမ်းစာများကို သင်ကြားပို့ချပေးခဲ့ပါသည်။ မရမ်းကုန်းမြို့နယ်၊ သဒ္ဓမ္မရံသီရိပ်သာ၌ တပည့်များအား ပိပဿနာရှုမှတ်ပုံ၊ နည်းနိဿယည်းများကို ပို့ချသင်ကြား ပြသခဲ့ပါသည်။

၁၂။ သာသနာရေးတာဝန် ဆောင်ရွက်ချက်များ - ပြည်ပသာသနာအတွက် ဆောင်ရွက်ခဲ့သည်မှာ (၁၉၉၄) ခုနှစ်မှစ၍ (၂၀၀၂) ခုနှစ်အထိ အနောက်တိုင်းနိုင်ငံ၊ အရှေ့တိုင်းနိုင်ငံများ၌ တရားဟော၊ တရားပြ ဆောင်ရွက်ခဲ့ပါသည်။ (၁၃၄၀) ပြည့်နှစ်မှစ၍ မဟာစည်ရိပ်သာ နာယက ကမ္မဋ္ဌာနာစရိယအဖြစ် ဆောင်ရွက်ခဲ့ခြင်း၊ သဒ္ဓမ္မရံသီရိပ်သာ၌ ဝိပဿနာတရား ဟောကြားပြသခြင်းစသော သာသနာ့တာဝန်များကို ဆောင်ရွက်ခဲ့ပါသည်။

၁၃။ ရေးသားပြုစုသောကျမ်းဂန်များ - ဒုက္ခကင်းဝေး ပေါင်းသင်းရေး၊ မင်းဆင်ပမာ ကျင့်ဖွယ်ရာ၊ ယခုဘ၀ ကောင်းမြတ်လှ၊ ဒုလ္လဘသိဖွယ် ဝိနည်းငယ်၊ သိကောင်းစရာ ဓမ္မပဒေသာ (ပထမတွဲမှစ၍ ဧကာဒသမတွဲ) ဣန္ဒြေစွမ်းအင် ထက်မြက်ကြောင်း (၉)ပါး တရားတော်၊ ပဋ္ဌာန်းနှင့် ဝိပဿနာစသော ကျမ်းစာအုပ်ငယ်များကို ရေးသားခဲ့ပါသည်။

၁၄။ ရဟန်းရှင်၊ လူတို့၏ ကြည်ညိုလေးစားမှု - ကမ္မဋ္ဌာန နယဒေသကဂုဏ်၊ ဝိပဿနာဓုရာဝဟဂုဏ်၊ သီလ သမာဓိ ပညာဂုဏ်၊ နာယကဂုဏ် စသည်တို့နှင့် ပြည့်စုံသောကြောင့် ရဟန်းရှင်လူ အများပြည်သူတို့၏ ကြည်ညိုလေးစားမှုကို ခံယူရရှိတော်မူပါသည်။
 

************************************

 

 

Dahma teaching on 7 days Vipassana Retret

held from 29-12-2002 to 5-1-2003 at

 

Buddha Dhamma Mandala Society

567A Balestier Road Singapore 329884

(Translated by U Tin Oo Hlaing)

 

1. 30-12-2002   8pm

The advice of Venerable Kaccayana

2. 31-12-2002  8pm

Three kinds of Essence

3. 1-1-2003  8pm

The three ways

4.  2-1-2003   8pm

Three kinds of feelings

5. 3-1-2003   8pm

Four Characteristic Qualities of a Stream Winner

6. 4-1-2003  8pm

Discource on Supporting the Vipassana right view of knowledge