ဘဒ္ဒန္တသီရိကဉ္စနာဘိဝံသ

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

 

 

 

 

တိပိဋက ယောဆရာတော်ကြီး သီတင်းသုံး၍ စီမံအုပ်ချုပ်သော

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ နန္ဒဝန်လမ်း၊

မဟာဝိသုဒ္ဓါရုံ(ပါဠိတက္ကသိုလ်) ရွှေကျင်တိုက်သစ် ပရိယတ္တိစာသင်တိုက်

တိုက်အုပ်ဆရာတော်

အဂ္ဂမဟာအကျော်၊ သာသနဓဇဓမ္မစရိယ၊ ဝိသိဋ္ဌ ဝိနိယဝိဒူ၊

ဝိနယပါဠိပါရဂူ၊ ပိဋကတ္ထယပါရဂူ၊ ဒိပိဋကဓရ (ပိဋိကတ်နှစ်ပုံဆောင်)၊

သမဏအာဇာနည်

 

ဘဒ္ဒန္တသီရိကဉ္စနာဘိဝံသ

 

 

☘️ ☘️ ☘️ ☘️ ☘️ ☘️ ☘️

ထေရုပ္ပတ္တိအကျဉ်း

 

လူ့ပြည်လူ့ရွာ ဖွားမြင်လာ

 

ဆရာတော် လောင်းလျာသည် မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်၊ ထန်းပင်ကုန်းကြီးရွာနေ ခမည်းတော် ဦးရွှေမန်း+မယ်တော် ဒေါ်တင်မြ တို့မှ ၁၃၂၄ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၇) ရက် ၁၅-၂-၁၉၆၃ (သောကြာနေ့) တွင် ဖွားမြင်ခဲ့ပါသည်။ မွေးချင်း (၇) ယောက် ရှိရာတွင် စတုတ္ထမြောက် သားရတနာဖြစ်သည်။

 

သာသနာတော်ဝင်စ ရှင်သာမဏေဘဝ

 

၁၃၇၇-ခုနှစ် တပေါင်းလဆန်း(၁၄) ရက်၊စနေနေ့တွင် ထန်းပင်ကုန်းကြီးရွာ အောင်ပြည့်ငြိမ်းချမ်းအရှေ့ကျွဲတဲကျောင်း ဆရာတော်ဘဒ္ဒ န္တတေဇောဘာသကို ဥပဇ္ဈာယ်ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယုကာ သာသနာတော်ဝင်စ ရှင်သာမဏေဘဝသို့ ရောက်ရှိခဲံပါသည်။ ဘွဲ့အမည်မှာ ရှင်သိရီကဉ္စန ဖြစ်ပါသည်။

 

အထက်တန်းတက်လှမ်း မြတ်ရဟန်း

၁၃၄၅-ခုနှစ်၊ နယုန်လဆန်း ( ၅ ) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ ဗဟန်း၊နန္ဒဝန်လမ်း၊ မဟာဝိသုဒ္ဓါရုံ ( ပါဠိတက္ကသိုလ်) ရွှေကျင်တိုက်သစ် ဒုတိယမြောက် ပဓာနနာယက ဆရာတော် ဘဒ္ဒ န္တကောဏ္ဍည ( တွဲဖက်အကျိုးတော်ဆောင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့) ကို ဥပဇ္ဈာယ်ပြုလျက် မြိတ်မြို့နေ ဦးယုံစိုင်+ဒေါ်စောရှင်၊ နတ်မောက်မြို့နေ မိဘနှစ်ပါး ၊တောင်စွန်းမြို့နေ ဦးကျော်ရွှေ+ဒေါ်ကျင်အေး စသော ဒါယကာ ဒါယိကာမများ၏ ပစ္စယာနုဂ္ဂဟခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ခဲ့ပါသည်။

 

ကျေးဇူးကြီးမား ဆရာများ

နတ်မောက်မြို့ ထန်းပင်ကုန်းကြီးရွာ၊ အောင်ပြည့်ငြိမ်းချမ်းအရှေ့ကျွဲတဲကျောင်း ဆရာတော် ဘဒ္ဒ န္တသူရိယ၊ဆရာတော်ဘဒ္ဒ န္တတေဇောဘာသ၊ ထန်းပင်ကုန်းကြီးရွာ မြောက်ကျောင်း ဆရာတော် ဘဒ္ဒ န္တ ပညာတေဇော၊ ကျောက်တံခါးကျောင်းဆရာတော် ဘဒ္ဒ န္တသာသန၊ မန္တလေး မြတောင်ကျောင်းတိုက် ရွှေဝါဝင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒ န ္တသာသနာဘိဝံသ၊ မစိုးရိမ်တိုက်ဟောင်း ဘဒ္ဒ န္တ ကောဝိဒါဘိဝံသ ၊ မစိုးရိမ်တိုက်သစ် ဘဒ္ဒ န ္တရာဇာဓမ္မာဘိဝံသ၊ ဘဒ္ဒ န္တကေသရာဘိဝံသ ၊ မြတောင်တိုက် သာယာဝင်းဆရာတော် ဘဒ္ဒ န ္တသာဂရာလင်္ကာရာဘိဝံသ ၊ နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒ န ္တကုမာရဘိဝံသ ၊တောင်စွန်း စမ်းအေးမြိုင်ဆရာတော် ဘဒ္ဒ န္တ နန္ဒဝံသာဘိဝံသ ၊ရန်ကုန်မြို့ ကျိုက်ဝိုင်းပစ္ဆိမာရုံဆရာတော် ဘဒ္ဒ န ္တန္ဒာဝုဓာဘိဝံသ၊ ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် စေတိယပါလကျောင်းဆရာတော် ဘဒ္ဒ န္တသောဘိတ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊တိပိဋက မဟာဂန္ဓာဝင် ရေစကြိုဆရာတော် ဘဒ္ဒ န္တ ဝါယာမိန္ဒာဘိဝံသ၊ဗဟန်း -မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ်၊ ဒုတိယမြောက်ပဓာန နာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးဆောင် ဘဒ္ဒ န္တ ကောဏ္ဍည၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော် ဘဒ္ဒ န္တ သီရိန္ဒာဘိဝံသ စာချ-ဒွိပိဋကကောဝိဒ ဘဒ္ဒ န္တ ကိတ္တသာရ၊ ဒေါပုံမြို့ သာသနာ့အလင်းရောင်ဆရာတော် ဒီဃနိကာယကောဝိဒ ဘဒ္ဒ န္တဇောတိက စသည်တို့ဖြစ်ပါသည်။

 

အောင်မြင်ခဲ့သော စာမေးပွဲများနှင့် ဘွဲ့တံဆိပ်တော်များ

နိုင်ငံတော်အစိုးရ အဘိဓမ္မာစာမေးပွဲ ရိုးရိုး (၃) ဆင့် နှစ်ချင်းပေါက် ဘီးလင်းမြို့နယ် ဒုတိယ ဂုဏ်ထူးဆောင် ဋီကာကျော် နှစ်ချင်းပေါက် မွန်ပြည်နယ် ဒုတိယ၊ မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်၊ ပရိယတ္တိ သဒ္ဓမ္မဟိတ ဓမ္မာစရိယဘွဲ့ ၊ အစိုးရ သာသနဓဇ ဓမ္မာစရိယ တစ်နိုင်ငံလုံး ပထမ -အဂ္ဂအကျော်ဘွဲ့ ၊မိုးကုတ်မြို့ နိကာယ်သာသနာ ကြီးပွားရေး အသင်းစာမေးပွဲတွင် ပါရာဇိကဏ်/ပါစိတ်ပါဠိတော်ကို ပထမဂုဏ်ထူး ၊ သထုံမြို့ သုဝဏ္ဏဘူမိ ပရိယတ္တိသာသနဟိတအသင်း ပိဋကတ္တယပါရဂူစာမေးပွဲတွက် သာသနာ့ဇေတိပါလ ဓမ္မာစရိယ ဒုတိယစာချဘွဲ့ ၊သာသနဟိတဂဏဝါစက အာစရိယ ပထမစာချဘွဲ့ ၊သုဝဏ္ဏဘူမိပရိယတ္တိ သာသနဟိတပဉ္စနိကာယဏ္ဏ၀ ပိဋကတ္တပါရဂူဘွဲ့၊နိကာယုဇ္ဇောတကဝိနယဓရ အဂ္ဂဓမ္မာစရိယဘွဲ့ (ဗန်းမော်ဆရာတော်ကြီးဆု) ၊ နိုင်ငံတော်အစိုးရ နိကာယ်စာမေးပွဲ ဝိသိဋ္ဌဝိနယဝိဒူဘွဲ့ ( တစ်နိုင်ငံလုံး ဒုတိယ) ၊ ဝိနယ မဟာဝိဒူ၊ ပါစိတျာဒိ-စူဠဝဂ္ဂါဒိ၊ တိပိဋကဓရ-တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ဝိနယဓရ -ဝိနယကောဝိဒဘွဲ့ ၊ဒီဃဘာဏက ဒွိပိဋိကဓရဘွဲ့၊ ( ပိဋကတ်နှစ်ပုံဆောင်) တို့ဖြစ်ပါသည်။ ၂၀၁၈-ခုနှစ်၊ဇန္နဝါရီလ (၄) ရက်၊ လွတ်လပ်ရေးနေ့တွင် မြန်မာနိုင်ငံတော်အစိုးရမှ မဟာဂန္တဝါစက ပဏ္ဍိတ စာချဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

 

သာသနာရေး လောကရေး ဆောင်ရွက်ချက်များ

ဆရာတော်သည် သာသနာရေးဆောင်ရွက်ချက်အားဖြင့် ဗဟန်းမြို့နယ် ဝိနည်းဓိုရ်၊ ရန်ကုန်တိုင်း ဝိနည်းဓိုရ်၊ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ဝင်(ရွှေကျင်)၊ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင်၊ နိုင်ငံတော် ဝိနည်းဓိုရ်၊ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင် နာယကတာဝန်၊ ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ်အစည်းအဝေးကြီး၌ အကျိုးဆောင် အခမ်းအနားမှူးတာဝန်၊ ဒေါက်တာခင်ခင်ရီ ပရဟိတဖောင်ဒေးရှင်း နာယက၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗဟိုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲသြဝါဒ စရိယ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလ အသင်း၊ ပဓာနဦးဆောင်နာယက တာဝန်များအပြင် ဇာတိဖြစ်သော နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာ၌ သဒ္ဓမ္မပီတိသန္တိသုခအသင်းကြီး ကိုဖွဲ့စည်းပြီး ရှေးဟောင်းဘုရားများ ပြုပြင်ခြင်း ၊ကျေးရွာမူလတန်းကျောင်းကို မူလတန်းလွန်ကျောင်း တွဲဘက်အလယ်တန်းကျောင်း၊အလယ်တန်းကျောင်း၊ ယခုအခါ အထက်တန်းကျောင်းခွဲဖြစ်အောင် ကုညီပန့်ပိုးပေးခြင်း၊ သြင်္ကန်တွင်းကာလ၌ ရွာသူရွာသားများ ကုသိုလ်တိုးပွားအပါယ်မလားရအောင် ရဟန်းခံ၊ရှင်ပြု၊သီလရှင်ဝတ်ပေးပြီး ၇ -ရက် တရားစခန်းပွဲများကို (၈)ကြိမ်ရောက်လာသည်အထိ နှစ်စဉ် ပြုလုပ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။

 

အထူးအားဖြင့် ၂၀၁၂-ခုနှစ်မှစ၍ ကျေးရွာအသီးသီးရှိ လောကီအတန်းစာများ သင်ကြားနေရသော ရှင်သာမဏေများအတွက် ယဉ်ကျေးလိမ္မာမှု နှင့် လောကုတ္တရာအပိုင်းအတွက် အထောက်အပံ့ဖြစ်အောင် ကျောင်းသား၊ ကျောင်းသူ ၊ အရပ်သား အရပ်သူများ အတွက်လည်း ယဉ်ကျေးလိမ္မာအသိပညာ ပြည့်ဝသူများဖြစ်အောင် ရည်ရွယ်ပြီး ပရိယတ္တိအခြေပြု ဗုဒ္ဓသာသနာ ယဉ်ကျေးမှု နှုတ်ဖြေ ရေးဖြေ စာမေးပွဲကြီးကို ကျင်းပပေးလျက်ရှိရာ ၂၀၁၂-ခုနှစ်တွင် ၄၂၆ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၇၁၇ ဦး၊၂၀၁၄ ခုနှစ်တွင် ၈၃၃ ဦး၊၂၀၁၅ ခုနှစ်တွင် ၉၉၁ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၁၀၀၆ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၁၀၇၅ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၀၉၆ ဦး ဖြေဆိုခဲ့သည်။ (၇)နှစ်တာအတွင်း စုစုပေါင်း ( ၆၁၄၄) ဦး ဖြေဆို၍ (၅၂၈၀ ) ဦးအောင်မြင်ခဲ့ပါသည်။ ရှင်သာမဏေ များအတွက် ပဗ္ဗဇ္ဇဓမ္မဝိနယတန်း၌ သုံးဆင့် သတ်မှတ်ပြီး တစ်ဆင့် တစ်ဆင့်၌ သုံးဘာသာစီပါဝင်ပြီး နှစ်စဉ်မေလ၌ စာမေးပွဲကျင်းပပါသည်။

 

မြန်မာနိုင်ငံသားအားလုံး ယဉ်ကျေးလိမ္မာ၍ အသိပညာ ဉာဏ်ရည်ဉာဏ်သွေးများ ပြည့်ဝသူများဖြစ်စေရန် အနာဂတ်မျိုးဆက်သစ်များကိုလည်း ယဉ်ကျေးလိမ္မာ၍ အသိပညာ ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဝသူများဖြစ်စေရန် နိုင်ငံနှင့် လူမျိုး ဘာသာ သာသနာကို အသိပညာပါသော ယုံကြည်မှုဖြင့် စောင့်ရှောက်သော အမျိုးသားကောင်းသား၊ အမျိုးသမီးကောင်းသမီးများဖြစ်စေရန် ရည်သန်လျက် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။

 

အေးမြရွှင်ပြုံး သီတင်းသုံး

 

ယခုအခါ ဆရာတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နန္ဒဝန်လမ်း၊မဟာဝိသုဒ္ဓါရုံ ( ပါဠိတက္ကသိုလ် ) ရွှေကျင်တိုက်သစ်၌ တိုက်အုပ်ဆရာတော်အဖြစ် စာပေပို့ချ သံဃာ့ဝေယျာဝစ္စဆောင်ရွက် စသည်ဖြင့် သာသနာ့တာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။

 

သြဝါဒ "ယဉ်ကျေးမှ လောကလူသုံးဆောင်

 

ကောင်းသည့် အလုပ်၊ငါလုပ်ဆောင်သည်၊

မကောင်းအလုပ်၊ နောက်ဆုတ်နေမည်၊

စိတ်ဖြူနှုတ်ကောင်း၊ကိုယ်ကောင်းစေမည်၊

တစ်ကိုယ်ကောင်း၊ အကောင်းများစေမည်။

 

အချိန်ဇယား၊ ဆွဲထားလုပ်ဆောင်၊

အချိန်မှီသုံး၊ အဖြုံးကိုရှောင်၊

ကိုယ်နှုတ်ယဉ်ကျေး၊ညွှန်ပေးနားထောင်၊

ယဉ်ကျေးမှ လောကလူ သုံးဆောင်။

 

စာတက် စိတ်ကောင်း၊ မိတ်ကောင်းရှိစေ၊

ကိုယ်လည်းလူကောင်း၊ မိတ်ကောင်းဖြစ်စေ၊

သီလအဝတ်၊နေ့တိုင်းဝတ်လေ၊

ပညာမြတ်၊ ခေါင်းတင် မောင်းနှင်လေ။

 

ဗဟုသုတ၊ရှာကြပါလေ၊

အဆိပ် ဆေးဝါး၊ခွဲခြားရှာလေ၊

ဆရာ-မိဘဈ နိစ္စရိုသေ၊

သူတော်ကောင်း ရိပ်ကောင်းရှိပါစေ။

 

ကိုယ်လှ သူလှ ဘဝလှ ၊ အလှတူစေချင်ပါသည်။

ကိုယ်ရ သူရ လိုတာရ အရတူစေချင်ပါသည်။

ကိုယ်ကောင်း သူကောင်း၊ အကျင့်ကောင်း၊ အကောင်းတူစေချင်ပါသည်။

 

☘️ ☘️ ☘️ ☘️ ☘️ ☘️ ☘️

 

သင်ကြားပို့ချသော တရားတော်များ

 

 

၂၆-၄-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၁) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၂၇-၄-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၂) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၂၈-၄-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၃) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၂၉-၄-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၄) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၃၀-၄-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၅) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၁-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၆) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၂-၅-၂၀၁၅ ဗုဒ္ဓအောင်ပွဲ ကိုယ့်အောင်ပွဲ တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

 

၃-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၇) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၄-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၈) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၅-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၉) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

 

၆-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၁၀) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၇-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၁၁) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၈-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၁၂) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၉-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၁၃) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၁၀-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၁၄) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၁၁-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၁၅) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၁၂-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၁၆) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၁၃-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၁၇) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၁၄-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၁၈) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၁၅-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၁၉) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၁၆-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၂၀) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၁၇-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၂၁) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

 

၂၇-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၂၂) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၂၈-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၂၃) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၂၉-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၂၅) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၃၀-၅-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၂၇) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၁-၆-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၂၇) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၂-၆-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၂၈) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

၃-၆-၂၀၁၅ ဧတဒဂ်ဘွဲ့ခံ ဆုထူးပန်တို့၏ ဓမ္မဂုဏ်ပြ ဘဝပန်းချီ အပိုင်း(၂၉) တရားတော်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာလမ်း အောင်ချမ်းသာရပ်ကွက် ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ

 

 

ဗုဒ္ဓဟောကြား ငါးရာငါးဆယ် ဇာတ်တော်များ အစီအစဉ်

 

၁-၈-၂၀၁၈ ဗုဒ္ဓဟောကြား ငါးရာငါးဆယ် ဇာတ်တော်များ အစီအစဉ် နိဒါန်း

၁-၈-၂၀၁၈ ငါးရာငါးဆယ် အပိုင်း(၁) အပဏ္ဏကဇာတ်တော်

၂-၈-၂၀၁၈ ငါးရာငါးဆယ် အပိုင်း(၂) - (၂) ဝဏ္ဏပထဇာတ်၊ သေရိဝဇာတ်

၃-၈-၂၀၁၈ ငါးရာငါးဆယ် အပိုင်း(၃) - (၄)စူလသေဋ္ဌိဇာတ်၊ (၅)တဏ္ဍုလနာဠိဇာတ်

၄-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၄) - (၆)ဒေဝဓမ္မဇာတ်၊ (၇) ကဋ္ဌဝါဟနဇာတ်၊(၈) ဂါမဏိဇာတ်

၅-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၅) - (၉) မဃဒေဝဇာတ်၊ (၁၀) သုခဝိဟာရီဇာတ်၊ (၁၁) လက္ခဏမိဂဇာတ်

၆-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၆) - (၁၂)နိဂြောဓဇာတ်၊ (၁၃) ကဏ္ဍိဇာတ်

၇-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၇) - (၁၄) ဝါတမိဂဇာတ်၊ (၁၅)ခရာဒိယဇာတ်၊ (၁၆) တိပလ္လတ္ထဇာတ်၊ (၁၇) မာလုတဇာတ်

၈-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၈) - (၁၉)အာယာစိတဘတ္တ၊ (၂၀)နဠပါနဇာတ်၊ (၂၁)ကုရုင်္ဂမိဂဇာတ်

၉-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၉) - (၂၂) ကုက္ကရဇာတ်တော်၊ (၂၃) ဘောဇာဇာနိယဇာတ်၊ (၂၄) အာဇညဇာတ်

(break) ၁၀-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၁၀) - (၂၅) တိတ္ထဇာတ်၊ (၂၆) မဟိဠာမုခဇာတ်၊ (၂၇) အဘိဏှဇာတ်

၁၁-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၁၁) - (၂၈) နန္ဒိဝိသာလဇာတ်၊ (၂၉)ကဏှဇာတ်၊ (၃၀)မုနိကဇာတ်

၁၂-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၁၂) - (၃၁)ကုလာဝကဇာတ်

၁၃-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၁၃) - (၃၂)နစ္စဇာတ်၊ (၃၃) သမ္မောဒမာနဇာတ်၊ (၃၄) မစ္ဆဇာတ်

၁၄-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၁၄) - (၃၅) ဝဋ္ဋကဇာတ်

၁၅-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၁၅) - (၃၆)သကုဏဇာတ်၊ (၃၇)တိတ္တိရဇာတ်၊ (၃၈)ဗကဇာတ်၊ (၃၉)နန္ဒဇာတ်

(break) ၁၆-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၁၆) - (၄၀)ခဒိရင်္ဂါရဇာတ်၊ (၄၁)လောသကဇာတ်

၁၇-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၁၇) - (၄၁)လောသကဇာတ်၊ (၄၂)ကပေါတဇာတ်

၁၈-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၁၈) - (၄၃)ဝေဠုကဇာတ်၊ (၄၄)မကသဇာတ်၊ (၄၅)ရောဟိဏီဇာတ်၊ (၄၆)အာရာမဒူသကဇာတ်

၁၉-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၁၉) - (၄၇)ဝါရုဏိဒူသကဇာတ်၊ (၄၈)ဝေဒဗ္ဗဇာတ်

၂၀-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၂၀) -  (၄၉)နက္ခတ္တဇာတ်၊ (၅၀)ဒုမ္မေဓဇာတ်

၂၁-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၂၁) - (၅၁)မဟာသီလဝဇာတ်၊ (၅၂)စူဠဇနကဇာတ်

၂၂-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၂၂) -  (၅၃)ပုဏ္ဏပါတိဇာတ်၊ (၅၄)ကိ ံဖလဇာတ်၊ (၅၅)ပဉ္စာဝုဓဇာတ်

၂၃-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၂၃) -  (၅၆)ကဉ္စနက္ခန္ဓဇာတ်၊ (၅၇)ဝါနရိန္ဒဇာတ်၊ (၅၈)တယောဓမ္မဇာတ်

၂၆-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၂၄) - (၅၉)ဘေရိဝါဒကဇာတ်၊ (၆၀)သင်္ခဓမ္မဇာတ်

၂၇-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၂၅) - (၆၁)အသာတမန္တဇာတ်၊ (၆၂)အဏ္ဍဘူတဇာတ်၊ (၆၃)တက္ကပဏ္ဍိတဇာတ်

၂၉-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၂၆) -  (၆၄)ဒုရာဇာနဇာတ်၊ (၆၅)အနဘိရတိဇာတ်၊ (၆၆)မုဒုလက္ခဏဇာတ်

၃၀-၈-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၂၇) -  (၆၇)ဥစ္ဆင်္ဂဇာတ်၊ (၆၈)သာကေတဇာတ်၊ (၆၉)ဝိသဝန္တဇာတ်

၁-၉-၂၀၁၈ ငါးရာငါးဆယ်  အပိုင်း(၂၈) -  (၇၀)ကုဒ္ဒါလဇာတ်၊ (၇၁)ဝရုဏဇာတ်၊ (၇၂)သီလဝနာဂရာဇဇာတ်