Sayadaw Ahshin Teikkanyarna Linkara

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

 

 

 

 

 

Sayadaw

Ahshin Teikkanyarna Linkara

 

Sasanadaza Dhammacariya

M.A Buddhism (University of Kelaniya, Sri Lanka)

 

 

 

အရှင်တိက္ခဉာဏာလင်္ကာရ

ပရိယတ္တိသာသနာ လင်္ကာရ သာမဏေကျော်ဘွဲ့၊
သာသာနဓဇဓမ္မာစရိယဘွဲ့၊ ဝိနယဝိဒူဘွဲ့

MA Buddhism (Sri Lanka) ဘွဲ့ရ International Kanni Foundation အတွင်းရေးမှူး

*****************************************

ဆရာတော်  အရှင်တိက္ခဉာဏာလင်္ကာရမှ  ၀၁-၀၁-၂၀၁၀ စင်္ကာပူနိုင်ငံ သစ္စာပါရမီကျောင်းတွင်ဟောကြားသော

စိတ်ကိုဘယ်လိုလေ့ကျင့်ကြမလဲ တရားတော်

***************************************************

 

ဆရာတော်  အရှင်တိက္ခဉာဏာလင်္ကာရမှ  ၀၃-၀၁-၂၀၁၀( တနင်္ဂနွေနေ့)  စင်္ကာပူစံတော်ချိန် ငါးနာရီတွင် စင်္ကာပူနိုင်ငံ Informatics ခန်းမကြီးတွင်  ဟောကြားသော

ဘဝအောင်မြင်ရေးတရားတော်

***************************************************

 

အရှင်တိက္ခဉာဏာလင်္ကာရ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

မြန်မာကောဇာသက္ကရာဇ် ၁၃၄၀ ခု ကဆုန်လပြည့်ကျော် (၆)ရက်၊ ခရစ်နှစ် ၁၉၇၈ ခု မေလ ( ၂၇ ) ရက်နေ့တွင် မကွေးတိုင်း ဂန့်ဂေါမြို့ ခင်သာရပ်ကွက်၌ ခမည်းတော် ဦးအံ့မော် မယ်တော် ဒေါ်ဟန်အေးတို့မှ ဖွားမြင်သည်။ အသက် ၁၁ နှစ်အရွယ်တွင် သာသနာ့ဘောင်သို့ စတင်ဝင်ရောက်သည်။ ရန်ကုန် မန္တလေးမြို့များ၌ စာပေကျန်းဂန်များ လေ့လာသင်ယူသည်။ သာမဏေကျော်ဘွဲ့၊ ဝိနယဝိဒူဘွဲ့၊ သာသနာဓဇဓမ္မာစရိယဘွဲ့ တို့ကိုရရှိ အောင်မြင်ပြီး သီရိလင်္ကာနိုင်ငံ ကေလနိယ တက္ကသိုလ်မှ M.A Buddhism ဘွဲ့ကို ရရှိသည်၊

ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်၊ ဗဟန်း ဝိသုဒ္ဓါရုံတိုက်သစ် နှင့် မန္တလေးမြို့ ဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်းတိုက်တို့၌ စာပေများပို့ချခဲ့သည်။ ဇာတိရပ်ရွာ၌ အုံ့တုံးတောင်တောရ ဓမ္မရိပ်သာကို ဆရာနှင့်တွဲကာ ဦးဆောင်ပြုဖွင့်လှစ်ခဲ့ပြီး တရားဓမ္မများ ဟောပြောပြသခဲ့သည်။ မြေဇင်းတောရ ဆရာတော်ဘုရားကြီး၏ နည်းအတိုင်း ကျင့်ကြံအားထုတ်ခဲ့သည့် အတွေ့အကြုံကို အဖြူရောင်သံစဉ် ရေဒီယိုမှ ကမ္ဘာတဝှန်း တရားချစ်ခင် သူတော်စင်တို့ သိအောင် ဟောပြောဖြန့်ဝေသည်။

ထို့အပြင် ဆရာတော်သည်

http://www.kannifoundation.org/
http://www.yawcommunity.net/
http://www.tknn.org/
http://www.lotusfoundationmm.org/

စသည့် အင်တာနက်စာမျက်နှာများ၌ ဘုရားရှင်၏ ဓမ္မများ သန့်ရှင်းတည်တံ့စွာ ပြန်ပွားရန်ရည်ရွယ်လျက် စာပေများရေးသားခြင်း တရားချစ်ခင် သူတော်တို့မေးသည့် ဓမ္မမေးခွန်းများကို ဖြေဆိုပေးခြင်းဖြင့် တပိုင်တနိုင် သာသနာ့အရေး ဆောင်ရွက်လျက်ရှိသည်။

၁။ လူမှုရေး လုပ်ငန်းများအဖြစ် ပြည်ပရောက် ယောနယ်အသင်းများကို ဦးဆောင် ဖွဲ့စည်းပြီးခြင်း။

၂။ Metta World Foundation မေတ္တာကမ္ဘာလူမှုကူညီရေး အသင်းကိုလည်း ဖွဲ့စည်းကာ မြန်မာပြည်ရှိ လိုအပ်သည့်နေရာများကို ကူညီပေးခြင်း။

၃။ Lotus Foundation International အသင်း၏ နာယကအဖြစ်ဆောင်ရွက်လျက် မြန်မာပြည်ရှိလိုအပ်သည့်နေရာများကို အကူအညီပေးခြင်း၊

၄။ Internationl Kannifoundation ၏ အတွင်းရေးမှူးအဖြစ်ဆောင်ရွက်လျှက် ဘုရားရှင်၏ ဘဝလွတ်မြောက်ရေး ဝိပဿနာတရားများ ပြန့်ပွားအောင် ဆောင်ရွက်ခြင်း၊

၅။ တဖက်မှာလည်း မပြီးပြတ်သေးသည့် ပညာရေးအတွက် အမေရိကန်နိုင်ငံ Los Angelesမြို့ရှိ University of the Westတွင် မြေဇင်းတောရ ကမ္မဋ္ဌာန်းနည်းကို ကမ္ဘာသိအောင် စာတမ်းပြုစုပြီး တက်ရောက်သင်ယူရန် ပြင်ဆင်လျှက်ရှိပါသည်။

ဆက်သွယ်ရန်..

Ashintikkha1@yahoo.com

Ashintikkha1@gmail.com

 

 

ဆရာတော်ရေးသားဖြန့်ဝေသည့် ဓမ္မဆိုက်များ
http://www.tknn.org

http://www.yawcommunity.com

http://www.kannifoundation.org

 

ကန္နိနည်းနိသယဆိုင်ရာ ဖတ်ရှုသင့်သော စာအုပ်ကောင်းများ

 

ကန္နီနည်းသမထ-ဝိပဿနာကျင့်စဉ်ကျမ်း (အရှင်ကေလာသ)