အ
တခြား Mobile Phone များအတွက် Opera Browser ကို အသုံးပြုနိုင်ပါသည်။
Android version 2.1တွင် မြန်မာလို မမြင်ရပါ။ Android version 2.2 နှင့် ဒီထက်မြင့်သော Android Version များပါရှိသော Mobile, Tablet များကို အသုံးပြုက မြန်မာလို မြင်ရ နိုင်ပါသည်။
သံဃာ့ပဝါရဏာပွဲ၊ သိမ်ဆင်းလောင်းလှုပွဲနှင့် အဘိဓမ္မာအခါတော်နေ့
သာသနရံသီ မြန်မာဗုဒ္ဓဘာသာကျောင်းတော်ကြီးတွင် ကျင်းပမည့်၊
သံဃာ့ပဝါရဏာပွဲ။ သိမ်ဆင်းလောင်းလှုပွဲနှင့် အဘိဓမ္မာအခါတော်နေ့ ဖိတ်ကြားလွှာ
သီတင်းကျွှတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် စင်္ကပူနိုင်ငံ ဘုန်တော်ကြီးကျောင်းများတွင်
သီတင်းသုံးနေထိုင်တော်မူသော သံဃာတော်များ စုပေါင်း၍ သံဃာ့ပဝါရဏာ ကံဆောင်ခြင်း၊
ကံဆောင် သံဃာတော်များအား လှုဖွယ်ဝတ္ထုများ စုပေါင်းဆက်ကပ်လှုဒါန်းခြင်း၊
စုပေါင်းဘုရားရှိခိုးပူဇော်ခြင်းနှင့်
အဘိဓမ္မာတရားတော်များ ရွတ်ဆိုပူဇော်ခြင်းများကို အောက်ပါ အစီကစဉ်အတိုင်း
ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် စုပေါင်းကုသိုလ်ပါဝင်ကြပါရန် လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)
ညနေ (၅း၃၀) နာရီ - သံဃ ပဝါရဏာ ကံဆောင်ခြင်း
ကံဆောင်သံဃာတော် (၅၀) ပါးခန့်အား ပင့်ဆောင်ရန် ယာဉ်အလှုရှင်များ၊
သိမ်ဆင်းလောင်းလှူမည့် အလှူရှင်များ၊ ကပ္ပိယအဖြစ် လုပ်အားဒါနပေးလှူလိုသူများ
pawayanapwe.volunteers@gmail.com
သို့ အမည်၊ ဖုန်းနံပါတ်၊ email စာရင်းပေး၍ ကုသိုလ်ပါဝင်ကြပါရန်
ဖိတ်ခေါ်အပ်ပါသည်။
ဓမ္မမိတ်ဆွေများ။ ကိုဝင်းဗိုလ် 84572931, ကိုကျော်ဝင်း 97612747,
ဒေါ်မြနန်းနွယ် 90091368
မှတ်ချက် ။ ပုဝါရဏာပွဲမှ Buddhist Fellowship (YEO Building) သို့
ပါချုပ်ဆရာတော်ကြီး၏ တရားပွဲ သို့ သွားရောက်နာကြားလိုသူများအတွက် Bus တစီး
စီစဉ်ထားပါသည်။ ၆း၃၀ ကျောင်းကြီးမှ ထွက်ခွာပါမည်။
၂၀၁၂ သံဃာတော်စာရင်းနှင့် ယာဉ်အလှူရှင်စာရင်း
***********************************************************
သံဃာ့ပဝါရဏာပွဲ (စင်္ကာပူနိုင်ငံ)
http://www.youtube.com/watch?v=phHyl6V4BN8&feature=share
***********************************************************
သံဃာ့ပဝါရဏာပွဲ၊ အကြောင်း သိကောင်းစရာ
(ပ၀ါရဏာက္ခန္ဓက အနှစ်ချုပ်)
ချစ်သားရဟန်းတို့ …
*******************************
*******************************************************************************
မြန်မာ(၁၂)လရာသီပွဲတော်(၇)၊သီတင်းကျွတ်လ။
********************************************************** ၄-ပဝါရဏာက္ခန္ဓက
******************************************************************
စင်္ကာပူနိုင်ငံရှိ
ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ --
နေရာ။ Sasanaramsi Burmese Buddhist Temple မဟာသာသနရံသီ
မြန်မာဗုဒ္ဓဘာသာကျောင်းတော်ကြီး
(Topayoh ကျောင်းကြီး)
14, Tai Gin Road, (Off Ah Hood Road), Singapore
327873 Tel: 6251 1717
၃၀ အောက်တိုဘာ
၂၀၁၂ (အင်္ဂါနေ့)
အချိန်။
ညနေ (၆း၀၀) နာရီ - ကံဆောင်သံဃာတော်များအား
သိမ်ဆင်းလှူဖွယ်ဝတ္ထုများစုပေါင်းလှူဒါန်းခြင်း
- ပရိတ်သတ်မှ သံဃာတော်များအား ရှိခိုးကန်တော့ခြင်း
- သံဃာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ခြင်း
- လှူဒါန်းမှူအစုစုကို အမျှပေးဝေခြင်း
- ကျောင်းပေါင်းစုံမှ သံဃာတော်များ ပြန်ကြွခြင်း
ညနေ (၆း၃၀) နာရီ - စုပေါင်းဘုရားရှိခိုးပူဇော်ခြင်းနှင့် အဘိဓမ္မာတရားတော်များ ရွတ်ဆိုပူဇော်ခြင်း
မှတ်ချက်။
စဉ်
ကျောင်းအမည်
သံဃာအပါး
ယာဉ်အလှူရှင်
Contact
Remark
1
သာသနရံသီ မြန်မာဗုဒ္ဓဘာသာကျောင်းတော်ကြီး
estimated
(Toa Payoh ကျောင်းကြီး)
15
2
Satipatthana Meditation Centre (SMC ဆမ်းဘာဝမ်း)
2
ဦးကျော်ဟန်
9619 9540
will arrange
3
မင်္ဂလ၀ိဟာရ
1
?
4
Vipassana Meditation Centre (VMC)
1
ဦးမြင့်သန်း
9223 2060
confirm
5
ဝရဓာတုရတနာရာမအသင်းတော် (ဓာတ်တော်တိုက်)
3
?
6
ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ (Clementi ကျောင်း)
8
ကိုမိုးကျော်အောင်
9851 5641
confirm
? (need 1 more car)
7
ဗုဒ္ဓဂယာ သုခါရာမကျောင်း (U Thupiya)
3
ကိုကျော်မင်း+မနီလာလှိုင်
9765 7004
confirm
8
ဓမ္မဥယျာဉ် ဘုန်းတော်ကြီးကျောင်း (ဆမ်းဘာဝမ်း)
3
ကိုထွန်းမြင့်နိုင်
9459 1544
confirm
9
သစ္စာပါရမီ ဓမ္မရာဇာ တရားရိပ်သာ
3
ကိုမြတ်လင်း
9027 5317
confirm
10
ညောင်ကန်အေးကျောင်း
1
ကိုမင်းဇာနည်
9060 5292
confirm
11
အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရကျောင်းတိုက် (OBVS)
2
ကိုဒေးဗစ်ကျော်
9295 1369
confirm
12
ချမ်းမြေ့ရိပ်သာ
3
ဦးဇော်ထွန်း
9832 2294
to check
13
သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်း (Farrer Park)
2
?
14
လုမ္ဗနီ မြန်မာသီလရှင်ကျောင်း (Boonlay)
2
?
Estimated
49
Remark : Pa-auk Kyaung will not be able to attend.
၂၀၁၁ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ တွင်
စင်္ကာပူနိုင်ငံ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးတော်မူသော သံဃာတော်များ
စုပေါင်း၍
သံဃာ့ပဝါရဏာ ကံဆောင်ခြင်း၊ ဗီဒီယိုမှတ်တမ်း
ဤသာသနာတော်၌ တရားနှင့်လျော်၍ ညီညွတ်သော ပ၀ါရဏာကံကိုသာပြုရမည်။
သင် ချစ်သားရဟန်းတို့ ပ၀ါရဏာပြုခြင်းသည်…
(၁)အချင်းချင်း လိုက်လျောခြင်း။
(၂)အာပတ်မှ ထမြောက်ခြင်း။
(၃)၀ိနည်းကို ရှေ့ရှုခြင်း (၀ိနည်းကို အဓိကထား၍ ကျင့်ကြံခြင်း)။
… တို့ဖြစ်လတ္တံ့။
ရှင်တော်ဘုရားသည်…
ရဟန်းတော်အချင်းချင်း တစ်ပါးနှင့် တစ်ပါးညီညီညွတ်ညွတ် ပြောဆိုဆက်ဆံ
ပြုမူနေထိုင်ခြင်းကို နှစ်သက်တော်မူ၏။
(ပ၀ါရဏာက္ခန္ဓက အနှစ်ချုပ်)
သီတင်းကျွတ်နှင့် ပဝါရဏာပွဲ
ရှေးအခါ ˝သန်တူလ˝၊ ယခုအခါ ˝သီတင်းကျွတ်လ˝တွင် ဘာသာရေးနှင့် နှီးနွယ်သော ပွဲတော်များ
ကျင်းပလေ့ရှိခဲ့ကြသည်။ ရှေးမင်းများ လက်ထက်မှ ယနေ့တိုင် ဆင်နွှဲလာခဲ့ရာ ˝မြန်မာ့
ရိုးရာ ယဉ်ကျေးမှု တရပ်˝ အနေဖြင့် တည်ရှိနေပေတော့သည်။
တာဝတိံသာခေါ် မီးမြင့်မိုရ်ပွဲ
ဤသီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ တ၀ါတွင်းလုံး ကြွရောက်၍
အဘိဓမ္မာတရားတော် ချီးမြှင့်ရာမှ ˝သင်္ကဿမြို့တော်˝ သို့ ပြန်လည်ကြွရောက်တော်မူခဲ့သည်။
သင်္ကဿ မြို့သို့ ဆိုက်ရောက်တော်မူလာချိန်မှာ သီတင်းကျွတ်လပြည့်ည မှောင်ရီပျိုးစ
အချိန်ဖြစ်သည်။ မြို့သူမြို့ သားတို့သည် ဆီမီးထိန်ထိန် ညှိထွန်း၍ ဗုဒ္ဓမြတ်စွာကို
လှိုက်လှဲဝမ်းသာ ကြိုဆို ဦးညွှတ်ခဲ့ကြသည်။ ဗုဒ္ဓ မြတ်စွာသည် ၀ဲ ယာ ငွေစောင်းတန်း
ရွှေစောင်းတန်းတို့မှ နတ်ဒေ၀တာများ ခြံရံလျက် အလယ် ပတ္တမြား စောင်းတန်းမှ
ဆင်းသက်တော်မူလာခဲ့လေသည်။ ဤတာဝတိံသာနတ်ပြည်မှ ပြန်ကြွလာပုံကို ရည်မှန်း၍ ˝တာဝတိ
ံသာပွဲ˝ ခေါ် ˝မီးမြင့်မိုရ်ပွဲ˝ ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ တခမ်းတနား
ဆင်နွှဲ လာခဲ့ကြခြင်း ဖြစ်သည်။
အဘိဓမ္မာ အခါတော်သဘင်
ဗုဒ္ဓမြတ်စွာသည် မယ်တော်ဖြစ်ခဲ့ဘူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အားလုံးသော
နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြား တော်မူခဲ့သည်။ တ၀ါတွင်းလုံး ကျေးဇူးဆပ်ဒေသနာ
ဟောကြား၍ ဤသီတင်းဝါလ ကျွတ်ချိန်တွင် လူ့ပြည်သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။ ဤ
အထိမ်းအမှတ်ဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ပဋ္ဌာန်းအစရှိသော အဘိဓမ္မာခုနစ်ကျမ်းကို
စုပေါင်းညီညာ ပြိုင်တူ ရွတ်ဆိုကာဖြင့် ˝အဘိဓမ္မာ အခါတော်သဘင်˝ ကို
ဆင်ယင်ကျင်းပကြသည်။ နှစ်စဉ်လည်း မြန်မာ့ အသံမှ အဘိဓမ္မာခုနစ်ကျမ်း
ရွတ်ဖတ်ပူဇော်ကြပုံကို ထုတ်လွင့်ပေးခဲ့သည်။
ဝါကျွတ်ပူဇော် ကန်တော့ပွဲ
˝၀ါကျွတ်ပူဇော် ကန်တော့ပွဲ˝ မှာလည်း မြတ်ဗုဒ္ဓကို အားကျအတူယူ၍ ဖြစ်ပေါ်လာသော
အစဉ်အလာကောင်းတခု ဖြစ်သည်။ မှန်ပါသည် - ဗုဒ္ဓမြတ်စွာသည် တ၀ါတွင်းလုံး တာဝတိံသာ
နတ်ပြည် သို့ ကြွရောက်တော်မူ၍ မယ်တော်မိနတ်သားအား နို့ဖိုးဆပ် ဒေသနာ ဟောကြားတော်
မူခဲ့ပါပေ၏။ ဤမြတ်ဗုဒ္ဓ၏ ကျေးဇူးရှင်တို့အပေါ် ကျေးဇူးတရားသိ၍ ကျေးဇူးဆပ်တော်မူပုံကို
စံထားကာ ဗုဒ္ဓဘာသာဝင် တို့သည် ဤသီတင်းကျွတ် လပြည့်အခါတော်နေ့၌ ရဟန်းသံဃာတို့အား
ပူဇော်ခြင်း၊ မိဘ ဆရာသမားနှင့် အသက်သိက္ခာ ဂုဏ်ဝါကြီးရင့်သူတို့ကို
ကန်တော့ခြင်းဖြင့် ˝၀ါကျွတ်ပူဇော် ကန်တော့ပွဲ˝ ကို မြို့တိုင်း ရွာတိုင်း
ပြုလုပ်လေ့ ရှိကြသည်။
ကထိန်သင်္ကန်း လှူဒါန်းပွဲ
ဗုဒ္ဓမြတ်စွာသည် ၀ါတွင်းသုံးလ (၀ါဆိုလပြည့်ကျော် ၁-ရက်နေ့ သီတင်းကျွတ်လပြည့်ကျော်
၁-ရက်နေ့ထိ) ၀ါဆို ၀ါကပ်တော်မူခဲ့ကြသော ရဟန်းတော်များအား ကထိန်သင်္ကန်း ခံယူခွင့်ကို
အခွင့်ပြုတော် မူခဲ့သည်။ ထိုကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် သီတင်းကျွတ်လပြည့်မှ
တန်ဆောင်မုန်းလပြည့်အထိ တလ အတွင်းတွင် ကာလဒါနအဖြစ်
ကထိန်သင်္ကန်းလှူဒါန်းခွင့်ရကြသည်။ ထိုကထိန်သင်္ကန်း အလှူကို ဦးဦးဖျားဖျား
ပြုလုပ်လိုသူ တို့သည် သီတင်းကျွတ်လပြည့်နေ့တွင် ˝ကထိန်သင်္ကန်း လှူဒါန်းပွဲ˝ ကို
သူ့ထက်ငါ ဦး ပြုလုပ်လှူဒါန်းလေ့ရှိကြပေသည်။
ပ၀ါဏာပွဲ
အထက်ပါ ဘာသာယဉ်ကျေးမှုပွဲတော်များကို ဗုဒ္ဓဘာသာဝင် မြန်မာပြည်ဖွား တိုင်းရင်းသားတို့
သည် နှစ်စဉ်မြင်တွေ့နေကြရပေသည်။ ကိုယ်တိုင်လည်း ပါဝင်ပြုလုပ် ဆင်နွှဲခဲ့ကြသည်။
ထို့ကြောင့် သီတင်းကျွတ်ပွဲတော်အခါတွင် ခြိမ့်ခြိမ့်သဲ ပျော်ပွဲဆင်ခဲ့ကြရသည်ကို
သတိတရ ရှိနေကြမည် မလွဲပေ။ သို့သော် - ˝ပ၀ါရဏာပွဲ˝ အကြောင်း သိသူကား နည်းလှပေမည်။
အဘယ့်ကြောင့်ဆိုသော် ဤ ˝သီတင်းကျွတ် ပ၀ါရဏာပွဲတော်˝ ကား ရဟန်းတော်များ
လိုက်နာကျင့်သုံးရန် ဗုဒ္ဓချမှတ်ပေးခဲ့သော ကျင့်စဉ်၊ လုပ်ထုံးလုပ်ရပ် ဖြစ်သောကြောင့်
ပါပေတည်း။
ပ၀ါရဏာ မှာ ပါဠိစကားဖြစ်သည်။ ˝ဖိတ်ကြားခြင်း˝ ဟု အဓိပ္ပါယ်ရ၏။ ˝မြင်ရ၍၊ ကြားရ၍၊
သံသယဖြစ်၍ အပြစ်ရှိသည်ဟု ထင်မြင်ပါက ပြောဆို ဆုံးမတော်မူပါ˝ ဟု ရဟန်းတော်
အချင်းချင်း ဖိတ်ကြားထားခြင်းကို ˝ပ၀ါရဏာ˝ ဟု ခေါ်ပါသည်။ ရဟန်းသံဃာတော်များအား
အချင်းချင်း ဤသို့ ဖိတ်ကြားရန် ပညတ်တော်မူခဲ့ရခြင်း အကြောင်းကို အနည်းငယ်
ချဲ့ပြပါဦးမည်။
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ဇေတ၀န်ကျောင်း၌ ၀ါကပ်တော်မူ၏။ ရဟန်း တော်တော်များများ
လည်း ကျောင်းတိုက်တခုတည်းမှာ စုပေါင်း ၀ါကပ်ကြသည်။ ထိုရဟန်းတို့သည်˝အချင်းချင်း
ညီညွတ်စွာ နေနိုင်ရေး၊ အငြင်းအခုန်ကင်းရေး၊ ချမ်းသာစွာ နေနိုင်ရေး˝ ဟူသော
ဦးတည်ချက်ဖြင့် မူချ၍ သဘောတူ ကျင့်သုံးရန် ဆုံးဖြတ်ကြသည်။ ထိုဆုံးဖြတ်ချက်ကား -
˝အချင်းချင်း စကားမပြောရ၊ ၀စီပိတ်နေရမည်˝ ဟူ၏။ ဆွမ်းခံရာမှ
အရင်ဆုံးပြန်လည်ရောက်ရှိလာသူသည် ခြေဆေးရေ၊ ခြေဆေးအင်ပျဉ်၊ ခြေပွတ် အိုးခြမ်း
တို့ကို ပြင်ဆင်ထားရမည်။ ဆွမ်းစားစရာ နေရာထိုင်ခင်း ခင်းကျင်းရမည်။ ပန်းကန်
ခွက်ယောက်များ ဆေးကြောရမည်။ နေရာထိုင်ခင်း သိမ်းဆည်းရမည်။ သောက်ရေ သုံးရေအိုးများ
နေထားတကျ ရှိစေ၍ ဆွမ်းစားကျောင်းကို တံမြက်လှည်း ရှင်းလင်းရမည်။ တစုံတဦးက သောက်ရေ
သုံးရေ အိုးတို့၌ ရေမရှိသည် ကို တွေ့မြင်လျင် ဖြည့်လောင်းရမည်။ တဦးတည်း မနိုင်လျင်
လက်အမူအရာဖြင့် အခြားရဟန်းတပါးကို ခေါ်၍ အကူအညီယူရမည်။ ဘယ်နည်းနှင့်မျှ
စကားပြောဆိုခြင်းကို မပြုရဟူသော ၀စီပိတ် စည်းကမ်းချက် များဖြင့် တ၀ါတွင်းလုံး
နေထိုင်ကြလေသည်။
ထိုရဟန်းတော်များသည် သီတင်းဝါလ ကျွတ်သောအခါ ဗုဒ္ဓမြတ်စွာထံသွားရောက် ဖူးမြှော်ကန်
တော့ကြလေ၏။ ဗုဒ္ဓမြတ်စွာသည် အာဂန္တုက ရဟန်းတော်များနှင့် ၀မ်းပန်းတသာ
မေးမြန်းပြောဆိုလေ့ ရှိသည့်အတိုင်း - ˝ချစ်သားတို့ ချမ်းချမ်းသာသာ
နေထိုင်ခဲ့ကြရပါရဲ့လား၊ တဦးနှင့် တဦး ခိုက်ရန်ငြင်းခုန်မှု ပြုခြင်း မရှိ
ညီညွတ်စွာ နေထိုင်နိုင်ကြပါရဲ့လား˝ ဟုမေးမြန်းတော်မူသည်။ ထိုအခါ ရဟန်းတော်များက
တ၀ါတွင်းလုံး သူတို့နေထိုင်ခဲ့ကြပုံကို လျှောက်ထား၍ ˝ချမ်းသာစွာ နေခဲ့ရပါကြောင်း˝
ပြန်ပြောင်း လျှောက် တင်ကြသည်။
ဤတွင် ဗုဒ္ဓမြတ်စွာသည် ရဟန်းတော်တို့ကို ကဲ့ရဲ့ ရှုံ့ချတော်မူသည်။
အပြစ်တင်တော်မူသည်။ ˝သင်တို့သည် ချမ်းချမ်းသာသာ မနေခဲ့ကြရပါဘဲ ချမ်းသာစွာ
နေခဲ့ကြရပါသည်˝ ဟု ၀န်ခံကြသည်။ သင်တို့ ၏ ၀စီပိတ်အကျင့်သည် တောတွင်း တိရစ္ဆာန်တို့၏
နေထိုင်နည်းသာ ဖြစ်သည်။ သိုးတွေရဲ့ နေနည်း ထိုင်နည်းသာ ဖြစ်သည်။
ရန်သူအချင်းချင်းတို့၏ အမူအကျင့်နည်းတွေသာ ဖြစ်သည်။ (ရန်သူဖြစ်လျင် အချင်းချင်း
မပြောနိုင်၊ မဆိုနိုင်ကြ။) သင်တို့သည် သာသနာတော်ကို မကြည်ညိုသေးသူတို့အတွက်
ကြည်ညိုလာရန်လည်းကောင်း၊ ကြည်ညိုပြီးသူတို့အတွက် ပိုမို၍
ကြည်ညိုသဒ္ဓါတက်စေရန်လည်းကောင်း မဖြစ်နိုင်ပေ˝ဟု ကဲ့ရဲ့ ရှုံ့ချတော်မူကာ - ˝သာသနာပ
တိတ္ထိတွေ ကျင့်စဉ်ဖြစ်သည့် ဤ လူအ အကျင့်၊ ၀စီပိတ် အကျင့်ကို ကျင့်သုံးက
ဒုက္ကဋ်အာပတ်သင့်စေ˝ ဟုသိက္ခာပုဒ် ပညတ်ပိတ်ပင်တော်မူခဲ့လေသည်။
ဗုဒ္ဓမြတ်စွာသည် ဤသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ၀ါကျွတ်ပြီးသော ရဟန်းတော်များအား
အပြစ်မြင်က ကြားက ယုံမှားသံသယဖြစ်က ရေငုံနှုတ်ပိတ် (၀စီပိတ်) မနေဘဲ
အချင်းချင်းပြောဆို ဆုံးမဖို့ ဖိတ်ကြားထားရန် ဆက်လက်မိန့်ကြားတော်မူခဲ့သည်။
ဤအချိန်အခါမှ စ၍ သီတင်းကျွတ် လပြည့်နေ့ရောက် တိုင်း ရဟန်းတော်များ၏ ˝ပ၀ါရဏာပွဲ˝သည်
ပြုလုပ်မြဲဖြစ်လေသည်။ ထိုကြောင့် ရှေးပညာရှိတို့က -
˝မြတ်သံဃာလဲ၊ ဖိတ်ကြားမြဲ၊ ခြိမ့်သဲ ပ၀ါရဏာ˝ဟု မော်ကွန်းထိုးခဲ့ကြခြင်း ဖြစ်ပေ၏။
ပ၀ါရဏာ ပြုလုပ်ပုံ အစီအစဉ်
ကျောင်းတိုက်ရှိ သံဃာအားလုံး သိမ်ထဲတွင် စုရုံးနေရာယူကြရသည်။ သံဃာအားလုံးစုံသော အခါ
သွက်လက်ချက်ချာသော ရဟန်းတပါးပါးက သံဃာအားလုံးကို အသိပေး လျှောက်ထားရ၏။ ˝အရှင်ဘုရား
တို့ --- သံဃာတော်သည် တပည့်တော်၏ စကားကို နားစိုက်တော်မူပါ၊ ယနေ့ ပ၀ါရဏာ
ပြုရမည့်နေ့ဖြစ်ပါ သည်၊ သံဃာတော်များ ညီလျှင် ပ၀ါရဏာ ပြုကြပါစို့˝။ ဤသို့
သံဃာအားလုံးအား အသိပေးပြီသော အခါ မထေရ်ကြီး (သံဃာပရိသတ်တွင် အကြီးဆုံးပုဂ္ဂိုလ်၊
သို့မဟုတ် ကျောင်းထိုင်ပုဂ္ဂိုလ်) ကစ၍ ဆောင့်ကြောင့် ထိုင်ကာ လက်အုပ်ချီမိုးလျက်
သိမ်အတွင်းရှိ သံဃာ အားလုံး ကြားသိအောင် ဖိတ်ကြား လျှောက်ထားရပါသည်။
˝ငါရှင်တို့ - - - မြင်းခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း (သုံးမျိုး)ဖြင့် သံဃာအား
ဖိတ်ကြားပါ၏။ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် မထိန်မချန်
အမှန်အတိုင်း ပြောဆို ဆုံးမကြပါ။ မိမိအပြစ်ကို သိမြင်ရလျှင် ကုစားပါမည်˝
ဟုသုံးကြိမ်တိုင်တိုင် လျှောက်ထား ရလေသည်။ ထို့နောက်ဝါစဉ်အလိုက် သံဃာအားလုံး
အငယ်ဆုံးရဟန်းအထိ လျှောက်ထားရလေ၏။ ဤကား ရဟန်းတော်များ သိမ်အတွင်း သဘော တူညီ
စည်းဝေး၍ ပ၀ါရဏာပြုလုပ်ရပုံဖြစ်ပါသည်။ ရဟန်းတော်များ သည် အချင်းချင်း
ဤသို့ဖိတ်ကြားထားသဖြင့် တစုံတရာ အပြစ်မြင်တွေ့ရလျှင် အချင်းချင်း ပြောဆိုညွှန်ပြ
ခြင်းဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ကြပေသည်။
ဗုဒ္ဓမြတ်စွာ ချမှတ်ပေးခဲ့သည့် ဤကျင့်စဉ်သည် နှစ်ပေါင်း
နှစ်ထောင့်ငါးရာကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ˝ခေတ်မီဆဲ˝ဖြစ်သည်။ မှန်ပေသည်။
ဗုဒ္ဓမြတ်စွာသည် ˝သာသနာတော် စည်ပင်သန့်ရှင်းရေး၊ ရဟန်းတော်များ ကိုယ်ကျင့်ကောင်းရေး˝
အတွက်ဝေဖန်ရေးကို အားပေးခဲ့သည်။ အမှန်အတိုင်းပြောဆိုနိုင် ရေးကို
အစဉ်တံခါးဖွင့်ပေးခဲ့သည်။ ချွတ်ချော်မှားယွင်းနေမှုများ မြင်နေပါလျက်၊ သိနေပါလျက်
ပြောခွင့်၊ ဆိုခွင့်မရှိ၊ အ အကြီးလို နှုတ်ပိတ် နှုတ်ဆိတ်နေရခြင်းမျိုးကို
လိုလားတော်မမူချေ၊ မိမိမှာ ချွတ်ယွင်းချက် အပြစ်တစုံတရာ ရှိနေလျင် အမြန်
အမှန်အတိုင်း ပြုပြင်နိုင်ရေးကိုလည်းကောင်း၊ ချွတ်ယွင်းချက် အမှားများ
တွေ့မြင်နေရလျှင် စိတ်သဘောထား ကြီးမားစွာဖြင့် မဆိုင်းမတွ ထောက်ပြ
နိုင်ရေးကိုလည်းကောင်း လမ်းဖွင့်ပေးတော်မူခဲ့လေသည်။
ဗုဒ္ဓမြတ်စွာသည် ဤကဲ့သို့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားခြင်းဖြင့် -
(၁) အညမညာနုလောမ = အချင်းချင်း ပြောခွင့် ဆိုခွင့် ရှိခြင်း။
(၂) အာပတ္တိ၀ုဋ္ဌာန = အမှားကို အမြန်ဆုံး ပြုပြင်နိုင်ခြင်း။
(၃) ၀ိနယပုရေက္ခာရ = ကိုယ်ကျင့်တရား မြင့်မားရေး ဦးတည်ခြင်း ဆိုသည့် အကျိုး ၃ -
မျိုးဖြစ်ထွန်း ရရှိနိုင်မည် ဖြစ်ကြောင်း အတိအလင်း မိန့်ကြားခဲ့ပေ၏။
ဗုဒ္ဓမြတ်စွာ၏ ဤပ၀ါရဏာ ကျင့်စဉ်သည် ပုဂ္ဂိုလ် အချင်းချင်းသာ မဟုတ်၊ အဖွဲ့အစည်းများ၊
နိုင်ငံအုပ်ချုပ်သူများပါ လိုက်နာကျင့်သုံးရမည့် နည်းလမ်းကောင်းများဖြစ်ပါသည်။
လောကတွင် ˝မမှားသော ရှေ့နေ၊ မသေသော ဆေးသမား˝ မရှိနိုင်ချေ။ အမြှော်အမြင်ရှိသူ
ပညာရှင်တို့၏ ညွန်ပြချက်၊ ဝေဖန်ချက်၊ မရယူဘဲ ˝ငါ့လှေ ငါထိုး၊ ပဂိုးရောက်ရောက်၊
ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်˝ ဟု ငါထင်ရာ ငါသဘော ငါတကော ကောနေပါလျှင်
ပျက်စီးဆုံးရှုံးခြင်း၊ နစ်နာခြင်းများဖြင့် ရင်ဆိုင်ရမည်မလွဲပေ။ ဤသို့ ˝ငါတကော
ကောနေသူများ˝ကို မြတ်ဗုဒ္ဓက ဆန့်ကျင်ဟန့်တားတော်မူခဲ့၏။ ˝အပြစ်မြင်လျှင်
အချင်းချင်းပြောဆို ညွှန်ပြခြင်း၊ အမှားများကို ပြုပြင်သွားခြင်းဖြင့်သာ ငါဘုရား၏
ပရိသတ်သည် ကြီးပွါး ချမ်းသာနိုင်သည်၊ ညီညွတ်သော အစည်းအရုံးသာ အငြင်းအခုန်
ခိုက်ရန်ကင်း၍ ချမ်းသာခြင်း သုခကို ရရှိနိုင်သည်˝ ဟု မိန့်ကြားတော်မူခဲ့သည်။
(၀ိနည်းပါဠိတော်)။
တခါက အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် အမှတ်တမဲ့ဖြစ်၍ သင်္ကန်းစ တဖက် လျှော့ကျ
နေလေ၏။ ထိုအခါ ရှင်သာမဏေ ငယ်လေးတပါးက ˝အရှင်ဘုရား - - - အရှင်ဘုရားရဲ့ သင်္ကန်းစ
မညီမညာ ဖြစ်နေပါတယ်˝ ဟု ထောက်ပြခဲ့သည်။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည် ˝မလောက်လေး
မလောက်စား ကိုရင်လေးက ငါ့ကို ပြောရပါမည်လား˝ ဟု အမှတ်ထားတော်မမူပေ။ သင်္ကန်းကို
ညီညာစွာ ပြင်ကိုင်ပြီး ˝ဆရာ - - - ဒီအတိုင်း ဟုတ်ပါပြီလား˝ ဟု တလေးတစား
မိန့်ကြားတော် မူခဲ့သည်။ ဤသည်မှာ ဗုဒ္ဓချမှတ်ပေးထားသည့် (ပ၀ါရဏာ) ကျင့်စဉ်ကြောင့်
ရှင်ငယ်လေးပင် အမှားကို ထောက်ပြရဲခြင်း၊ ထောက်ပြနိုင်ခြင်းဖြစ်သည်။
ဤသို့ အချင်းချင်းပြုပြင် ထိန်းသိမ်း၍ လာခဲ့ကြခြင်းကြောင့် ˝ထေရ၀ါဒ ရဟန်းတော်များ˝
ကို ယနေ့တွေ့မြင်နေရသေးခြင်း ဖြစ်သည်။ တခြားတပါးသော ဘာသာဝင်တို့၏ ထိုးနှက်ချက်၊
ဗုဒ္ဓဘာသာဝင် မဟုတ်သော မင်းဆိုး မင်းညစ်တို့၏ အဓမ္မနှိမ်နင်း တိုက်ဖျက်ချက်တို့၏
ဒဏ်ကား မသေးငယ်လှ၊ ခေတ် အဆက်ဆက် ထေရ၀ါဒ ရဟန်းတော်များ အလူးအလိမ့်ခံခဲ့ကြရသည်။
သို့သော်ရှိသမျှ အင်အား၊ ရှိသမျှ စွမ်းအားဖြင့် ထေရ၀ါဒ ကျင့်စဉ်ကို
ဗုဒ္ဓအလိုတော်ကျအတိုင်း မြဲမြဲ ဆုပ်ကိုင်လာခဲ့ကြသောကြောင့်သာ ဗုဒ္ဓမြတ်စွာသာသနာသည်
ယနေ့တိုင် ˝ဗေဒါပျံ အံကိုခဲ၊ ပန်းပန် လျက်ပဲ˝ ဟု ဆိုရမလို ဖြစ်သည်။
˝တစုံတရာသော အမှားအယွင်း တွေ့မြင် ကြားသိ သံသယရှိပါက ပြောဆိုပါ၊ မိမိအမှားကို
တွေ့ရလျှင် အမှန်ရောက်အောင် ပြင်ပါမည်˝ဟူသော ဤဖိတ်မံချက်ဖြင့် ရဟန်းတော်များ
အချင်းချင်း တံခါးဖွင့်ဝါဒ ကျင့်သုံး၍ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်
တော်မူလာခဲ့ကြပေသည်။ ဗုဒ္ဓချမှတ် တော် မူခဲ့သည့် ဤကျင့်စဉ်အတိုင်း ဗုဒ္ဓဘာသာဝင်တို့
တသွေမတိမ်း လိုက်နာကြမည်ဆိုပါလျင် နိုင်လို မင်းထက် မတရားနှိပ်စက်ခြင်း၊
အချင်းချင်းသတ်ဖြတ်ခြင်းများ ရှိတော့မည် မဟုတ်ပေ။ အချင်းချင်း သွေးစည်း ညီညွတ်၍
သာယာဝပြောသော လောကသစ်ကို ဖန်တီးနိုင်ကြပေလိမ့်မည်။
ဤကျင့်စဉ်မှ ကျွန်ုပ်တို့ သွေဖီကြလျှင်ကား -----
အရှင်မဟောသဓပဏ္ဍိတ
(၁၉၉၄ ခုနှစ်၊ အောက်တိုလထုတ်၊ လောကချမ်းသာ စာစောင်မှ)
မြန်မာ(၁၂)လရာသီပွဲတော်(၇)
သီတင်းကျွတ်လ၊
မီးထွန်းပွဲတော်၊ အဘိဓမ္မာ အခါတော်နေ့ နှင့် ပ၀ါရဏာပွဲ။
မြန်မာ(၁၂)လရာသီတွင် သီတင်းကျွတ်လသည် (၇)လမြောက်ဖြစ်ပ်ါသည်။ခရစ်နှစ်အားဖြင့်မူ
စက်တင်ဘာ၊အောက်တိုဘာလများအတွင်း ကျရောက်လေ့ရှိပါသည်။သီတင်းကျွတ်လကို ရှေးအခါက
“သန်တူလ” ဟူ၍လည်း ခေါ်လေ့ရှိကြပါသည်။“သန် – ကောက်စပါး ၊ တူ – ထူသည်၊
ထောင်သည်၊မတ်သည်။” -ဖြစ်၍ ၊ “ကောက်စပါးများ ထောင်မတ်သော လ” - ဟု
ိုကြပါသည်။ မြန်မာနိုင်ငံအရပ်ရပ် လယ်မြေတစ်ခွင်၌ ၊ မိုးရေဓါတ် ပြည့်ဝခဲ့သော
ကြောင့် ရှင်သန်ကြီးထွားလာသော ကောက်နှံစပါးပင်တို့ သည် မြစိမ်းကမ္ဗလာ
လွှမ်းသည့်နှယ် မြသားရောင်ခြယ်
လျက် တင့်တယ်လှပနေချိန် ဖြစ်ပါသည်။“သီတင်းကျွတ်”-ဟူသောအမည်မှာ “ ရဟန်းတော်များ
တစ်နေရာတည်းတွင် ၀ါဆိုသီတင်းသုံးနေရာမှ ကျွတ်လွတ်
လွန်မြောက်သောလ”-ဟုဆိုလိုပါသည်။ မိုးတွင်းကာလကို အထူးပြု၍ အရပ်တစ်ပါးသို့ 
သွားလာခြင်းမပြုပဲတစ်နေရာတည်းတွင် စာချ-စာသင် ၊ တရား ဘာဝနာပွားများမှု တို့ ကို
ပြုနေကြရာမှ လွန်မြောက်သောလ ဖြစ်ပါသည်။
သုံးလောကထွဋ်တင် မြတ်စွာဘုရားရှင်သည် ၀ါတော်(၇)၀ါအရောက်၊
မဟာသက္ကရာဇ်-၁၀၉-ခုနှစ်(ဘီစီ-၅၈၂)ခုနှစ်တွင်၊ တာဝတိံသာနတ်ပြည် ၊
ပင်လယ်ကသစ်ပင်ရင်း ကျောက်ဖျာထက်၌ ၊(မယ်တော် မာယာ တစ်ဖြစ်လဲ)သန္တုဿိတ နတ်သားကို
ကျေးဇူးဆပ်သောအားဖြင့် ၊ မယ်တော်မိနတ်သားနှင့်တကွ နတ်ဗြဟ္မာအပေါင်းတို
့အားဝါတွင်းသုံးလပတ်လုံး “အဘိဓမ္မာတရားတော်”ကို၊ ဟောကြားခြီးမြှင့်
တော်မူခဲ့ပါသည်။“ဓမ္မသိင်္ဂဏီ ၊ ၀ိဘင်း ၊ ဓါတုကထာ ၊ ပုဂ္ဂလ ပညတ် ၊ ကထာဝတ္ထု ၊ ယမိုက်
၊ ပဋ္ဌာန်း ” -ဟူသော အဘိဓမ္မာ(၇)ကျမ်း တရားတော်အစဉ်ကို ရက်ပေါင်း(၉၀)မျှ
ကြာအောင်ဟောကြားတော်မူရသည် ဖြစ်၍၊ လူပုဂ္ဂိုလ်များ တစ်ထိုင်တည်းဖြင့်
နာကြားခံယူနိုင်ရန် မစွမ်းသာသောကြောင့် ၊ နတ်ပြည်၌ ဟောကြားရခြင်း
ဖြစ်ပါသည်။လူတို့ ၏ က်တမ်းအချိန်အားဖြင့် ရက်(၉၀) ကြာမြင့်မည်ဖြစ်သော်လည်း
နတ်သက်တမ်း အချိန်အားဖြင့်မူ တစ်ရက်မျှပင် မရှိပါချေ။လူ့ ပြည် နှင့် နတ်ပြည်
အချိန်ကာလ ကွာခြားမှုကို လိုက်မီနိုင်အောင် နိမ္မိတ ဗုဒ္ဓ(ရုပ်ပွား
ဘုရားရှင်)တစ်ဆူကို ဖန်ဆင်း အကူအညီယူ လျက် နေ့ ညမနား အသံမစဲ
ဟောကြားတော်မူခဲ့ရပါသည်။ဘုရားရှင်တော်အစစ်သည် လူသားသဘာဝအရ ဆွမ်းခံခြင်း ၊
ဆွမ်းဘုဉ်းပေးခြင်း ၊ နားနေခြင်း အစရှိသည့် ပြုလုပ်ဖွယ် တို
့ပြုတော်မူချိန်တွင်၊ ရုပ်ပွားတော် ဘုရားရှင် ကကိုယ်တော်စား ဟောကြားမြဲ
ဟောကြားနေတော်မူပါသည်။ယခုခေတ်အခါ မြန်မာပြည်တစ်ဝှမ်း၌ ၊ အဘိဓမ္မာကျမ်းတော်လာ
“မဟာပဋ္ဌာန်းကျမ်းတော်ကြီး”ကို အသံမစဲ ရွတ်ဖတ်ပူဇေါ်ပွဲများ ကျင်းပပြုလုပ်
ကြရာတွင် ၊ ရဟန်းတော်များ အလှည့်ကျ လဲလှယ်၍ ရွတ်ဖတ် ပူဇေါ်ကြရပါသည်။
တရားတော်များ ဟောကြားမှု ပြီးဆုံးတော်မူ၍ သီတင်းကျွတ်လပြည့်နေ့ တွင် လူ
့ပြည်သို့ ပြန်လည်ဆင်းကြွတော်မူရာ ၊ နတ်တို့ ၏သခင် သိကြားမင်းက ရွှေစေါင်းတန်း ၊
ငွေစေါင်းတန်း ၊ ပတ္တမြားစေါင်းတန်း သုံးသွယ် ကိုဖန်ဆင်းခဲ့သည်။
စေါင်းတန်းဦးသည် နတ်ပြည်ရှိ မြင့်မိုရ်တောင် ကို ဆိုက်စေလျက် ၊
စေါင်းတန်းအခြေသည် ဟိမ၀န္တာတောင် အနီးမှ သင်္ကဿနဂိုရ်ပြည် ကို
ဆိုက်ရောက်စေခဲ့သည်။ရွှေစေါင်းတန်းတွင် နတ်ဒေ၀ါများ ၊ ငွေစေါင်းတန်းတွင်
ဗြဟ္မာများ ခြံရံလျက် ၊ အလယ် ပတ္တမြားစေါင်းတန်း မှ ရောင်ခြည်တော်စက်ဝန်း ဖြင့်
တင့်တယ်စွာ ကြွတော်မူလာသော မြတ်စွာဘုရားရှင်အား ၊ လူသားအပေါင်းတို့ က
အံ့သြ၀မ်းမြောက်စွာ ဖူးမျှော်ကြည်ညို ကြရသည်။အတုမဲ့ ကျက်သရေတော် ဖြင့်
ပြည့်စုံတော်မူသော ဘုရားရှင်ကို ဖူးမြင်ကြရသဖြင့် ၊ အတုယူအားကျကြ၍ “ဘုရားဆု”
ကို လူတိုင်း ပန်ဆင်ကြသည်-ဟု ဆိုပါသည်။လူတို့ သည် ဆီမီး တန်ဆောင်းများ
ပြုလုပ်ပူဇေါ်ကြ၍ ၊ ကောင်းကင်ယံ တစ်ခုလုံးတွင်လည်း နတ်၊ သိကြား ၊ ဗြဟ္မာ တို့ ၏
ကိုယ်ရောင်ကိုယ်ဝါ တို့  ထွန်းလင်းတောက်ပနေ သဖြင့်လူ့ ပြည် နှင့် နတ်ပြည်
ကိုတိုက်ရိုက်ဖူးမြင်ကြရသည် ဟု ဆိုပါသည်။ နောင်အခါ၌ သီတင်းကျွတ်လပြည့်နေ
့ရောက်တိုင်း ၊ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ သည် ကောင်းကင်ယံ နှင့်တကွ
တစ်လောကလုံးထိန်လင်းစေအောင် ၊မီးရှူး မီးပန်းများ ပစ်လွှတ်ကြ၍
၊ဆီမီးအလင်းရောင်များကို တန်ဆောင်းသဖွယ် စီတန်းညီညာစွာ ထွန်းညှိပူဇေါ်ကြလျက်
၊“မီးထွန်းပွဲတော်”များ ကျင်းပကြသည်။တာဝတိံသာနတ်ပြည် ကိုရည်မျှော်၍
ပြုလုပ်ကြခြင်းကြောင့်“တာဝတိံသာပွဲတော်” ဟူ၍လည်း ဆိုကြသည်။မြင့်မိုရ်
တောင်ဦးမှ ဘုရားရှင်ကြွဆင်းတော်မူလာခြင်းကို ရည်ညွှန်း၍“မြင့်မိုရ်ပွဲတော်”
ဟုလည်းခေါ် ကြပါသည်။မြို့ ၊ရွာ ၊ ရပ်ကွက် များရှိ အိမ် ၊ လမ်း ၊ ကျောင်း ၊
ဓမ္မာရုံ ၊ စေတီ ၊ ဘုရား ပုထိုး တို့ တွင် ၊ သီတင်းကျွတ်လပြည့်နေ့ သာမက ၊
အကြိုတစ်ရက်(အဖိတ်နေ့ ) နှင့် လပြည့်ကျော်(၁)ရက်နေ့  ပါ (၃)ရက်တိုင်တိုင်
ဆီမီး၊ ဖယောင်းတိုင်မီး ၊ လျှပ်စစ်မီးများ ရောင်စုံသွယ်တန်းလျက်
ွထွန်းညှိပူဇေါ်ကြပါသည်။မီးလည် မီးစင်္ကြာ အသွင်ဖန်တီး၍သော်လည်းကောင်း ၊
မှိတ်လိုက် လင်းလိုက် လျှပ်စစ်မီးပြေးများ ပြုလုပ်၍ သော်လည်းကောင်း ၊
အမျိုးမျိုးသော ကား ၊
လေယာဉ် ၊ သင်္ဘော ပုံသဏ္ဍာန်များ ဖြင့် မီးပုံး ၊မီးအိမ် ၊ မီးတိုင်များ စီမံ၍
သော်လည်းကောင်း ၊ စိတ်ကူးရှိသမျှ ဆန်းကြယ်စွာ ဆင်ယင်ထွန်းညှိ ပူဇေါ်လေ့
ရှိကြပါသည်။ဘုရားရင်ပြင်တော်တို့ ၌ ဆီမီးငါးထောင် ၊ ကိုးထောင် အစရှိသဖြင့်
ထွန်းညှိပူဇေါ်ကြ၍ ၊ မြို့ သူမြို့ သား ၊ ရပ်ကွက်သူရပ်ကွက်သား၊ ရွာသူရွာသားများ
သည် မိသားစုအလိုက် ၀တ်ကောင်းစားလှများ ဆင်ယင်ကြလျက် ၊ မီးထွန်းပွဲ ကို
သွားလာလှည့်လည် ကြည့်ရှု ကြပါသည်။လူငယ်ကာလသားများက မူ အပျော်သဘောဖြင့်
အသံမြည်သော ဗျောက်အိုး များကို ပစ်လွှတ်ဖေါက်ခွဲ
လ့ရှိကြပါသည်။ဝါတွင်းသုံးလတိုင်တိုင် ဟောကြားတော်မူရသော “အဘိဓမ္မာဒေသနာတော်”သည်
သီတင်းကျွတ်လပြည့်နေ့ အခါတွင် ပြီးဆုံးခဲ့ခြင်းကို ရည်ညွှန်း၍ “အဘိဓမ္မာအခါတော်နေ
့” -ဟု မြန်မာရှေးရိုးစဉ်လာ သတ်မှတ်ကျင်းပ ခဲ့ကြပါသည်။ထိုနေ့ တွင်
“အဘိဓမ္မာဒေသနာတော်”လာ ကျမ်းစာများကို ရွတ်ဖတ်ပူဇေါ်ခြင်း ၊
အဘိဓမ္မာအကြောင်းကိုဟောပြောနာယူကြခြင်း၊ အဘိဓမ္မာဆိုင်ရာ စာမေးပွဲများ
ကျင်းပပြုလုပ်ခြင်း စသည်တို့ ကို ပြုလေ့ရှိကြပါသည်။“အဘိဓမ္မာ” ဟူသည်မှာ “အဘိဓမ္မ”
ဟူသော ပါဠိစကားတော် ဖြစ်သည်။“အဘိ – သာလွန်ထူးကဲသော ၊ ဓမ္မ -တရားတော် ” ဖြစ်၍ ၊ “
အဘိဓမ္မ” ဟူသည် “ သာလွန်ထူးကဲသော တရားတော်” ဟု ဆိုလိုပါသည်။ ခန္ဓာ ၊အာယတန ၊ ဓါတ်
၊ သစ္စာ တည်းဟူသော တရားတို့ ကို “သုတ္တန်(သုတ္တန္တ)ဒေသနာတော်”ထက်
သာလွန်ထူးကဲစွာအကြွင်းအကျန်မရှိ ကုန်စင်အောင် အကျယ်ဖွင့်ပြ ရှင်းလင်း
ဟောကြားတော်မူထားသောကြောင့်“အဘိဓမ္မ” ဟူ၍ဆိုပါသည်။ အဘိဓမ္မာတရားတော် တို့ ကို
ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့ သာမက ဘာသာမတူ အယူကွဲပြား လူမျိုးခြား တို့ ကပင်
အထူးအလေးထား၍ နှစ်သက်မြတ်နိုး လေ့လာလိုက်စား ကြပါသည်။ရဟန်းတော်များသည်
ပ၀ါရဏာ(ဖိတ်ကြားမှု)ပြုခြင်းကို တစ်နှစ်လျှင်တစ်ကြိမ် သီတင်းကျွတ်လပြည့်နေ
့တိုင်းသိမ်အတွင်း၌ စုဝေးဆောင်ရွက်ကြရသည်။အတူနေ သီတင်းသုံးဖေါ်အချင်းချင်း
တစ်ပါးနှင့် တစ်ပါး အပြစ်များကိုမြင်လျှင် ၊ ကြားလျှင် ၊ ယုံမှား သံသယရှိလျှင်
၊ လွတ်ကင်းချမ်းသာအောင် ကုစားနိုင်ရန် ၊ သနားစေါင့်ရှောက်သောအားဖြင့် ၊
ထုတ်ဖေါ်ပြောကြားပါမည့် အကြောင်း ဖိတ်ကြားခြင်း ကို “ပ၀ါရဏာ” ဟု
ခေါ်ခြင်းဖြစ်ပါသည်။ရဟန်းတော်များအချင်းချင်း စိတ်ဝမ်းကွဲပြားမှုကို
ဖြေဖျောက်ရန်၊ အကျင့်သီလများ သန့် ရှင်းစင်ကြယ်စေရန် နှင့်စည်းလုံးညီညွတ်မှု
ရှိကြစေရန် ၊ ဘုရားရှင် က ပညတ်(သတ်မှတ်ချက်)ထားတော်မူခဲ့ခြင်း
ဖြစ်ပါသည်။ကျောင်းတစ်ကျောင်းတွင် သိက္ခာတော်(၀ါတော်) အစဉ်အလိုက်
ကျောင်းထိုင်ပုဂ္ဂိုလ်မှ အစ အတူနေ ရဟန်းတော်များအားလုံး စုံညီစွာစုဝေးလျက်
ဖိတ်မံပန်ကြားမှု ပြုကြရသည်။အချို့ မြို့ နယ် ဒေသများတွင်မူ ၊ မြို့ နယ် အလိုက်
ကျောင်းတိုက်အများမှ ရဟန်းတော်များအားလုံး စုစည်း၍ “စုပေါင်း ပ၀ါရဏာပွဲ” များ
ကျင်းပပြုလုပ်ကြသည်။ပ၀ါရဏာပြုပြီးတော်မူကြသော ရဟန်းတော်များအား ၊လူ ပုဂ္ဂိုလ်
များက သင်္ကန်း ၊ သပိတ် ၊ ထီး ၊ ဘိနပ် စသော လှူဖွယ် ပစ္စည်း တို့ ကိုဆက်ကပ်
လှူဒါန်းကြကာ ကုသိုလ်ယူကြပါသည်။ရဟန်းတော်များ၏ “ပ၀ါရဏာပွဲ ”ကို အတုယူ၍ ၊
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ သည် မိမိတို့ ၏ ကိုယ် ၊နှုတ်၊စိတ် အပြစ်ကြီး
အပြစ်ငယ်များ ပပျောက်ကင်းငြိမ်းအောင် ခွင့်လွှတ်သည်းခံ ကြပါရန်
ရည်ရွယ်တောင်းပန်ကာ ၊မိဘ၊ဆရာသမား ၊ သက်ကြီးရွယ်အို ပုဂ္ဂိုလ်များအား
ဝါကျွတ်အခါတွင် ကန်တော့ပူဇေါ်လေ့ရှိကြပါသည်။စားသောက်ဖွယ်၊ ဆေးပစ္စည်း ၊ ၀တ်စုံ
၊ဖယောင်းတိုင် အစရှိသော ပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလေ့ရှိကြသည်မှာ
ရိုးရာအစဉ်အလာ ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ အခြေခံပညာမှ အထက်တန်း
အဆင့်မြင့်ပညာ ၊ကောလိပ်၊တက္ကသိုလ်ကျောင်းများအားလုံးတို့ တွင်
သီတင်းကျွတ်အခါကာလသို့ ရောက်လျှင် ၊ အာစရိယပူဇေါ်ပွဲ(ခေါ်)ဆရာကန်တော့ပွဲ” များ
ပြုလုပ်၍ ၊ စာပေပညာသင်ကြားပေးဘူးသော ဆရာသမားတို့ ကို ပစ္စည်း၊ ၀တ္ထု များ
လှူဒါန်းလျက် ခမ်းနားကြီးကျယ်စွာ ကန်တော့ပူဇေါ်ကြခြင်း သည် ကမ္ဘာတွင် မရှိသော
မြန်မာတို့ ၏ ရိုးရာပညာရေး ၊ယဉ်ကျေးမှုဓလေ့ကောင်း တစ်ခုဖြစ်ပါသည်။ဤကဲ့သို့ 
ဝတ္ထုပစ္စည်းများ ထောက်ပံ လှူဒါန်း၍ ပူဇေါ်ခြင်း ကို “အာမိသပူဇာ” -ဟုခေါ်
ပါသည်။ဘုရားရှင် ဟောပြတော်မူခဲ့သော တရားတော်၊ဒေသနာတော်များကို
ရွတ်ဖတ်ပူဇေါ်ခြင်း ၊ နာယူကျင့်သုံးခြင်း ၊ ကျင့်ကြံအားထုတ်ခြင်း
ဖြင့်ရဟန်းသံဃာတော်များ၊ဆရာသမား၊မိဘ၊သက်ကြီးရွယ်အိုပုဂ္ဂိုလ်တို့ ၏ ဆုံးမသြ၀ါဒ
စကားများကို လေးစားလိုက်နာ ၊နားထောင်ကျင့်သုံးခြင်းတို့ မှာ “ဓမ္မပူဇာ” ဟု
ခေါ်ပါသည်။“အာမိသပူဇာ”နှင့်
“ဓမ္မပူဇာ” နှစ်ဖြာကျင့်သုံး ရွှင်ပြုံးမွေ့ လျော်ကြခြင်း သည် မြန်မာဗုဒ္ဓဘာသာဝင်
တို့ ၏ ယဉ်ကျေးမှုအနှစ်သာရ ပင်ဖြစ်ပါသည်။ ထူးခြားသော မြန်မာ့ရိုးရာ
အစဉ်အလာတစ်ခုမှာ ပျိုရွယ်သော လူငယ် လုလင်ပျို၊လုံမပျို တို့ သည်၊
အိမ်ထောင်ပြုခြင်း၊ လက်ထပ်မင်္ဂလာ အခမ်းအနားများ ကို ၀ါကျွတ်အခါရောက်မှ
စီစဉ်ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။ဝါတွင်းသုံးလအခါတွင် ရဟန်းတော်များသည်
အကျင့်မြတ် သိက္ခာတော်တို့ ကို ၊ အထူးစေါင့်စည်း
ကျင့်သုံးအားထုတ်တော်မူကြသကဲ့သို့  ၊ ဗုဒ္ဓဘာသာဝင်မြန်မာလူငယ်တို့ သည် လည်း ၊
အဗြဟ္မစရိယ(ဖို -မ စင်ကြယ်စွာ နေထိုင်ခြင်း)ကို
ထိန်းသိမ်းစေါင့်ရှောက်ကြခြင်းမှာ နှစ်ပေါင်းကြာမြင့်စွာ တည်တံ့လာခဲ့သော
ရိုးရာယဉ်ကျေးမှု အမွေအနှစ် တစ်ခုပင် ဖြစ်ပါတော့သည်။ ။
@mandalaygazette.com
၎-ပဝါရဏာက္ခန္ဓက
၁၂ဝ-မချမ်းသာဘဲနေခြင်း
၂ဝ၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော
ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ မြင်ဖူးကာမျှမိတ်ဆွေဖြစ်ကုန်သော
အတူနေအတူစား မိတ်ဆွေဖြစ်ကုန်သော များစွာသော ရဟန်းတို့သည် ကောသလတိုင်း ဇနပုဒ်၌
တစ်ခုသော ကျောင်းဝယ် ဝါဆိုကုန်၏။ ထိုအခါ ထိုရဟန်းတို့အား ''ငါတို့သည်
အဘယ်အကြောင်းဖြင့် အညီအညွတ် ဝမ်းမြောက် ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ ချမ်းသာစွာ
ဝါဆိုရပါကုန်အံ့နည်း၊ ဆွမ်းဖြင့်လည်း မပင်ပန်းကုန်ရာပါအံ့နည်း''ဟု အကြံဖြစ်၏။
ထိုအခါ ထိုရဟန်းတို့အား ''အကယ်၍ ငါတို့သည် အချင်းချင်း မခေါ်မပြောဘဲ ရှေးဦးစွာ
ရွာမှ ဆွမ်းခံ ပြန်လာသော ရဟန်းသည် နေရာကို ခင်းငြားအံ့၊ ခြေဆေးရေ
ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်း ကို အနီး၌ ထားငြားအံ့၊ ဆွမ်းဦးထည့်ရန် ခွက်ကို
ဆေး၍ ထားငြားအံ့၊သောက်ရေ သုံးဆောင်ရေကို တည်ထားငြားအံ့၊ ရွာမှ နောက်ကျ၍
ဆွမ်းခံပြန်လာသော ရဟန်းသည် စားကြွင်းရှိ၍ စားလိုလျှင် စားငြား အံ့၊ မစားလိုက
စိမ်းစိုသော မြက်သစ်ပင် မရှိရာအရပ်၌ စွန့်ပစ်ငြားအံ့၊ ပိုးမရှိသော ရေ၌မူလည်း
သွန်ငြား အံ့၊ ထိုရဟန်းသည် နေရာကို ခေါက်ငြားအံ့၊ ခြေဆေးရေ ခြေဆေးအင်းပျဉ်
ခြေပွတ်အိုးခြမ်းကို သိမ်းဆည်း ငြားအံ့၊ ဆွမ်းဦးထည့်ရန် ခွက်ကို ဆေး၍
သိမ်းဆည်းငြားအံ့၊သောက်ရေ သုံးဆောင်ရေကို သိမ်းဆည်း ငြားအံ့၊ ဆွမ်းစားဇရပ်ကို
တံမြက်လှည်းငြားအံ့၊ ရေမရှိ အချည်းနှီးသောသောက်ရေအိုးကိုလည်းကောင်း၊
သုံးဆောင်ရေအိုးကိုလည်းကောင်း၊ သန့်သက်ရေအိုးကိုလည်းကောင်း မြင်သော ရဟန်းသည်
တည်ထားငြား အံ့၊ အကယ်၍ ထိုရဟန်းသည် မချီနိုင်လျှင် အဖော်ကို လက်ယပ်ခေါ်၍
လက်တို့ဖြင့် မြှောက်ချီကာ တည်ထားငြားအံ့၊ ထိုအကြောင်းများကြောင့်
စကားမပြောဆိုငြားအံ့၊ ငါတို့သည် အညီအညွတ် ဝမ်းမြောက် ဝမ်းသာ
ငြင်းခုံခြင်းမရှိဘဲ ချမ်းသာစွာ ဝါဆိုနေရကုန်ရာ၏၊ ဆွမ်းဖြင့်လည်း
မပင်ပန်းကုန်ရာ''ဟု အကြံ ဖြစ်၏။
ထို့နောက် ထိုရဟန်းတို့သည် အချင်းချင်း မခေါ်မပြောကြကုန်၊ ရှေးဦးစွာ ရွာမှ
ဆွမ်းခံပြန်လာသော ရဟန်းသည် နေရာခင်း၏၊ ခြေဆေးရေ ခြေဆေးအင်းပျဉ်
ခြေပွတ်အိုးခြမ်းကို ထား၏၊ ဆွမ်းဦး ထည့်ရန် ခွက်ကို ရေဆေး၍ တည်ထား၏၊သောက်ရေ
သုံးဆောင်ရေကို တည်ထား၏၊ ရွာမှ နောက်ကျ၍ ဆွမ်းခံပြန်လာသော ရဟန်းသည်
စားကြွင်းရှိ၍ စားလိုလျှင် စား၏၊ မစားလိုက စိမ်းစိုသော မြက်သစ် ပင်မရှိသော
အရပ်၌ စွန့်ပစ်၏၊ ပိုးမရှိသော ရေ၌မူလည်း သွန်၏၊ ထိုရဟန်းသည် နေရာကို ခေါက်၏၊
ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို သိမ်းဆည်း၏၊ ဆွမ်းဦးထည့်ရန်
ခွက်ကို ရေဆေး၍ သိမ်းဆည်း၏၊သောက်ရေ သုံးဆောင်ရေကို သိမ်းဆည်း၏၊ ဆွမ်းစားဇရပ်ကို
တံမြက်လှည်း၏၊ ရေမရှိ အချည်းနှီးသောသောက်ရေအိုးကိုလည်းကောင်း၊
သုံးဆောင်ရေအိုးကိုလည်းကောင်း၊ သန့်သက်ရေအိုးကိုလည်းကောင်း မြင်သော ရဟန်းသည်
တည်ထား၏၊ အကယ်၍ ထိုရဟန်းသည် မချီနိုင်လျှင် အဖော်ကို လက်ယပ်ခေါ်၍ (အချင်းချင်း)
လက်တို့ဖြင့် မြှောက်ချီကာ တည်ထား၏၊ ထိုအကြောင်းများကြောင့် စကား မပြော။
ဝါမှထကုန်သော ရဟန်းတို့၏ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့ရန်
ချဉ်းကပ်ကြခြင်းသည် အလေ့ အထပင်ဖြစ်၏။
ထိုအခါ ထိုရဟန်းတို့သည် သုံးလလွန်မြောက်သဖြင့် ဝါမှ ထကုန်သည်ရှိသော်
အိပ်ရာနေရာကို သိမ်း၍ သပိတ်သင်္ကန်းကို ယူလျက် သာဝတ္ထိပြည်သို့ ဖဲသွားကုန်၏။
အစဉ်အတိုင်း ဖဲသွားကြသည်ရှိသော် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော
ဇေတဝန်ကျောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားကို
ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။
အာဂန္တုရဟန်းတို့နှင့် အတူတကွ ဝမ်းမြောက်စွာ နှုတ်ဆက်စကား ပြောကြားတော်မူခြင်းသည်
ဘုန်းတော်ကြီးသော မြတ်စွာဘုရားတို့၏ အလေ့အထပင် ဖြစ်၏။
ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ''ရဟန်းတို့ ကျန်းမာကြ၏လော၊
မျှတကြ၏လော၊ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ
ဝါကပ်ခဲ့ကြရကုန်၏လော၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိ ကြကုန်၏လော''ဟု
မေးတော်မူရာ-
''ကျန်းမာကြပါသည် မြတ်စွာဘုရား၊ မျှတကြပါသည် မြတ်စွာဘုရား၊ တပည့်တော်တို့သည်
အညီ အညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရပါသည်
မြတ်စွာဘုရား ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြပါကုန်သည် မြတ်စွာဘုရား''ဟု
(လျှောက်ထားကြကုန်၏။) ဘုရားသျှင်တို့သည် သိလျက်လည်း မေးတော်မူကုန်၏၊ သိလျက်လည်း
မေးတော်မမူကုန်။ အခါကို သိ၍ မေးတော်မူကုန်၏၊ အခါကို သိ၍ မေးတော်မမူကုန်။
ဘုရားသျှင်တို့သည် အကျိုးနှင့် စပ်သည်ကို မေးတော်မူကုန်၏၊ အကျိုးနှင့်
မစပ်သည်ကို မေးတော်မမူကုန်၊ ဘုရားသျှင်တို့သည် အကျိုးနှင့် မစပ်သည် တို့ကို
မဂ်ဖြင့် ပယ်တော်မူပြီးဖြစ်ကုန်၏။ ''တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့်တို့အား
သိက္ခာပုဒ် ကိုသော်လည်း ပညတ်ကုန်အံ့'' ဟူသော အကြောင်းနှစ်မျိုးတို့ဖြင့်
ရဟန်းတို့ကို မေးတော်မူကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ''ရဟန်းတို့ သင်တို့သည် အဘယ်သို့လျှင်
အညီအ ညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ ချမ်းသာစွာ
ဝါတွင်းသုံးလပတ်လုံး နေကုန်သနည်း၊ ဆွမ်းဖြင့်လည်း မပင်ပန်းကုန်သနည်း''ဟု
မေးတော်မူ၏။
အသျှင်ဘုရား ဤသာသနာတော်၌ မြင်ဖူးကာမျှ မိတ်ဆွေ ဖြစ်ကုန်သော အတူနေအတူစား
မိတ်ဆွေဖြစ်ကုန်သော များစွာသော အကျွန်ုပ်တို့သည် ကောသလတိုင်း ဇနပုဒ်၌ တစ်ခုသော
ကျောင်းဝယ် ဝါဆိုပါကုန်၏။ အသျှင်ဘုရား ထိုအကျွန်ုပ်တို့အား ''ငါတို့သည်
အဘယ်အကြောင်းဖြင့် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ ချမ်းသာစွာ
ဝါတွင်းသုံးလပတ်လုံး နေရပါကုန်အံ့နည်း၊ ဆွမ်းဖြင့်လည်း
မပင်ပန်းကုန်ရာပါအံ့နည်း''ဟု အကြံဖြစ်ပါသည်။
အသျှင်ဘုရား ထိုအကျွန်ုပ်တို့အား ''အကယ်၍ ငါတို့သည် အချင်းချင်း မခေါ်မပြောကြဘဲ
ရှေးဦးစွာ ရွာမှ ဆွမ်းခံပြန်လာသော ရဟန်းသည် နေရာကို ခင်းငြားအံ့၊ ခြေဆေးရေ
ခြေဆေးအင်းပျဉ် ခြေပွတ် အိုးခြမ်းကို အနီး၌ ထားငြားအံ့၊ ဆွမ်းဦးထည့်ရန် ခွက်ကို
ဆေး၍ ထားငြားအံ့၊သောက်ရေသုံးဆောင် ရေကို တည်ထားငြားအံ့၊ ရွာမှ နောက်ကျ၍
ဆွမ်းခံပြန်လာသော ရဟန်းသည် စားကြွင်းရှိ၍ စားလိုလျှင် စားငြားအံ့၊ မစားလိုက
စိမ်းစိုသော မြက်သစ်ပင် မရှိရာအရပ်၌ စွန့်ပစ်ငြားအံ့၊ ပိုးမရှိသော ရေ၌မူလည်း
သွန်ငြားအံ့၊ ထိုရဟန်းသည် နေရာကို ခေါက်ငြားအံ့၊ ခြေဆေးရေ ခြေဆေးအင်းပျဉ်
ခြေပွတ်အိုးခြမ်းကို သိမ်းဆည်းငြားအံ့၊ ဆွမ်းဦးထည့်ရန် ခွက်ကို ဆေး၍
သိမ်းဆည်းငြားအံ့၊သောက်ရေ သုံးဆောင်ရေကို သိမ်းဆည်းငြားအံ့၊ ဆွမ်းစားဇရပ်ကို
တံမြက်လှည်းငြားအံ့၊ ရေမရှိအချည်းနှီးသောသောက်ရေအိုးကိုလည်းကောင်း၊
သုံးဆောင်ရေအိုးကိုလည်းကောင်း၊ သန့်သက်ရေအိုးကိုလည်းကောင်း မြင်သော ရဟန်းသည်
တည်ထားငြားအံ့၊ အကယ်၍ ထိုရဟန်းသည် မချီနိုင်လျှင် အဖော်ကို လက်ယပ်ခေါ်၍
လက်တို့ဖြင့် မြှောက် ချီကာ တည်ထားငြားအံ့၊ ထိုအကြောင်းများကြောင့်
စကားမပြောဆိုငြားအံ့၊ ငါတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ
ချမ်းသာစွာ ဝါဆိုနေကုန်ရာ၏၊ ဆွမ်းဖြင့်လည်း မပင်ပန်းကုန်ရာ''ဟု အကြံဖြစ်ပါသည်။
အသျှင်ဘုရား ထိုအခါ အကျွန်ုပ်တို့သည် အချင်းချင်း မခေါ်မပြောကြကုန်၊ ရှေးဦးစွာ
ရွာမှ ဆွမ်းခံ ပြန်လာသော ရဟန်းသည် နေရာကို ခင်းပါသည်၊ ခြေဆေးရေ ခြေဆေးအင်းပျဉ်
ခြေပွတ်အိုးခြမ်းကို ထားပါသည်၊ ဆွမ်းဦးထည့်ရန် ခွက်ကို ရေဆေး၍
တည်ထားပါသည်၊သောက်ရေသုံးဆောင်ရေကို တည် ထားပါသည်၊ ရွာမှ နောက်ကျ၍
ဆွမ်းခံပြန်လာသော ရဟန်းသည် စားကြွင်းရှိ၍ စားလိုလျှင် စားပါသည်၊ မစားလိုက
စိမ်းစိုသော မြက်သစ်ပင်မရှိသော အရပ်၌ စွန့်ပစ်ပါသည်၊ ပိုးမရှိသော ရေ၌လည်း
သွန်ပါသည်၊ ထိုရဟန်းသည် နေရာကို ခေါက်ပါသည်၊ ခြေဆေးရေ ခြေဆေးအင်းပျဉ်
ခြေပွတ်အိုးခြမ်းကို သိမ်း ဆည်းပါသည်၊၊ ဆွမ်းဦးထည့်ရန် ခွက်ကို ရေဆေး၍
သိမ်းဆည်းပါသည်၊သောက်ရေသုံးဆောင်ရေကို သိမ်းဆည်းပါသည်၊ ဆွမ်းစားဇရပ်ကို
တံမြက်လှည်းပါသည်၊ ရေမရှိ အချည်းနှီးသောသောက်ရေအိုးကိုလည်းကောင်း၊
သုံးဆောင်ရေအိုးကိုလည်းကောင်း၊ သန့်သက်ရေအိုးကိုလည်းကောင်း မြင်သော ရဟန်းသည်
တည်ထားပါသည်၊ အကယ်၍ ထိုရဟန်းသည် မချီနိုင်လျှင် အဖော်ကို လက်ယပ်ခေါ်၍
(အချင်းချင်း) လက်တို့ဖြင့် မြှောက်ချီကာ တည်ထားပါသည်၊ ထိုအကြောင်းများကြောင့်
စကားမပြောပါ၊ အသျှင်ဘုရား အကျွန်ုပ်တို့သည် ဤသို့ ပြု၍ အညီအညွတ်
ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ ချမ်းသာစွာ ဝါတွင်း သုံးလပတ်လုံး
နေရပါကုန်သည်၊ ဆွမ်းဖြင့်လည်း မပင်ပန်းပါကုန်ဟု လျှောက်ကြကုန်၏။
ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏၊ ရဟန်းတို့ ဤ (မဂ်ဖိုလ်မှ)
အချည်းနှီး ဖြစ်သော ယောက်ျားတို့သည် မချမ်းသာဘဲ နေကုန်လျက် ''ချမ်းသာစွာ
နေကုန်၏''ဟု ဝန်ခံကုန်ဘိ၏။ ရဟန်းတို့ ဤ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော
ယောက်ျားတို့သည် နွားတို့၏ နေခြင်းကဲ့သို့ နေကုန်လျက် ''ချမ်းသာစွာ နေကုန်၏''ဟု
ဝန်ခံကုန်ဘိ၏။ ရဟန်းတို့ ဤ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့သည်
ဆိတ်တို့၏ နေခြင်းကဲ့သို့ နေကုန်လျက် ''ချမ်းသာစွာ နေကုန်၏''ဟု ဝန်ခံကုန်ဘိ၏။
ရဟန်းတို့ ဤ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့သည် ရန်သူတို့၏
နေခြင်းကဲ့သို့ နေကုန်လျက် ''ချမ်း သာစွာနေကုန်၏''ဟု ဝန်ခံကုန်ဘိ၏။
ရဟန်းတို့ အဘယ့်ကြောင့် (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့သည်
တိတ္ထိတို့ ဆောက် တည်အပ်သော သူအကဲ့သို့ စကားမဆိုသော အကျင့်ကို
ဆောက်တည်ကုန်ဘိသနည်း၊ ရဟန်းတို့ ဤ (ရဟန်းတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော
သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့ တော်မူ၍ တရားစကားကို
ဟောတော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။
ရဟန်းတို့ တိတ္ထိတို့ ဆောက်တည်အပ်သော စကားမဆိုသော အကျင့်ကို မဆောက်တည်အပ်၊
ဆောက်တည်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ဝါမှ ထသော ရဟန်းတို့အား မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ
သုံးပါးသော အကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း 'ပဝါရဏာပြုခြင်း' ငှါ ခွင့်ပြု၏၊
ထိုသို့ ဖိတ်ကြားခြင်းသည် သင် တို့အတွက် အချင်းချင်း လိုက်လျောခြင်း အာပတ်မှ
ထမြောက်စေခြင်း ဝိနည်းကို ရှေးရှုခြင်းဖြစ်လတံ္တ့။
ရဟန်းတို့ ဤသို့ ဖိတ်ကြားရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည်
သံဃာကို သိစေရမည်။
၂၁ဝ။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ယနေ့ကား
ဖိတ်ကြားအပ်သော 'ပဝါရဏာ' နေ့တည်း၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါ ရှိသောကံသည်
ဖြစ်ငြားအံ့၊ သံဃာသည် ဖိတ်ကြားရာ၏ 'ပဝါရဏာပြုရာ၏'' 'ဟု (သိစေရမည်ဟု
မိန့်တော်မူ၏)။
မထေရ်ကြီးဖြစ်သော ရဟန်းသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍
ဆောင့်ကြောင့်ထိုင်ပြီးလျှင် လက်အုပ်ချီကာ-
''ငါ့သျှင်တို့ သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ
အသျှင်တို့သည် အကျွန်ုပ်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော့၊
(အပြစ်ကို) မြင်သည်ရှိသော် ကုစားပါအံ့။
ငါ့သျှင်တို့ နှစ်ကြိမ်မြောက်လည်း သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ၊
ကြား၍ဖြစ်စေ၊ ယုံမှား၍့ဖြစ်စေ အသျှင်တို့သည် အကျွန်ုပ်အား အစဉ်သနားခြင်းကို
အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ် ကို) မြင်သည်ရှိသော် ကုစားပါအံ့။
ငါ့သျှင်တို့ သုံးကြိမ်မြောက်လည်း သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ၊
ကြား၍ဖြစ်စေ၊ ယုံမှား ၍ဖြစ်စေ အသျှင်တို့သည် အကျွန်ုပ်အား အစဉ်သနားခြင်းကို
အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ် ကို) မြင်သည်ရှိသော် ကုစားပါအံ့''ဟု
ပြောဆိုရာ၏။
သီတင်းငယ်ဖြစ်သော ရဟန်းသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍
ဆောင့်ကြောင့်ထိုင်နေပြီးလျှင် လက်အုပ်ချီကာ-
''အသျှင်ဘုရားတို့ သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊
ယုံမှား၍ဖြစ်စေ အသျှင် တို့သည် အကျွန်ုပ်အား အစဉ်သနားခြင်းကို အကြောင်းပြု၍
ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည် ရှိသော် ကုစားပါအံ့။
အသျှင်ဘုရားတို့ နှစ်ကြိမ်မြောက်လည်း သံဃာကို။ပ။ အသျှင်ဘုရားတို့
သုံးကြိမ်မြောက်လည်း သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊
ယုံမှား၍ဖြစ်စေ အသျှင်တို့သည် အကျွန်ုပ်အား အစဉ်သနားခြင်းကို အကြောင်းပြု၍
ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည်ရှိသော် ကုစားပါအံ့''ဟု ပြော ဆိုရာ၏။
၂၁၁။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မထေရ်ကြီးဖြစ်သော ရဟန်းတို့
ဆောင့်ကြောင့်ထိုင်လျက် ပဝါရဏာပြုစဉ် နေရာတို့၌ နေကုန်၏။ အလိုနည်းသော
ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်း တို့သည် မထေရ်ကြီးဖြစ်သော ရဟန်းတို့
ဆောင့်ကြောင့်ထိုင်လျက် ပဝါရဏာ ပြုကုန်စဉ် နေရာတို၌ နေကုန်ဘိသနည်း''ဟု ကဲ့ရဲ
့ကုန်၏၊ ရူတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထိုရဟန်းတို့သည်
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။
''ရဟန်းတို့ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မထေရ်ကြီးဖြစ်သော ရဟန်းတို့
ဆောင့်ကြောင့်ထိုင်လျက် ပဝါရ ဏာ ပြုစဉ် နေရာတို့၌ နေကုန်၏ဟူသည် မှန်သလော''ဟု
စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်
ကဲ့ရဲ့ တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော
ယောက်ျားတို့သည် မထေရ်ကြီးဖြစ်သော ရဟန်းတို့ ဆောင့်ကြောင့် ထိုင်လျက်
ပဝါရဏာပြုစဉ် နေရာတို့၌ နေကုန်ဘိသနည်း၊ ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီရဟန်းတို့ ပြုမိသော
အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း ကြည်ညိုပြီးသော
သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့ တော်မူ၍ တရားစကားကို
ဟောတော်မူပြီးလျှင် ရဟန်း တို့ကို-
''ရဟန်းတို့ မထေရ်ကြီးဖြစ်သော ရဟန်းတို့ ဆောင့်ကြောင့်ထိုင်လျက် ပဝါရဏာ ပြုစဉ်
နေရာတို့၌ မနေအပ်၊ နေသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းတို့ အားလုံးသော
ရဟန်းတို့သည် ပင်လျှင် ဆောင့်ကြောင့်ထိုင်လျက် ဖိတ်ကြားခြင်ငှါ
'ပဝါရဏာပြုခြင်းငှါ' ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
ထိုအခါ အိုမင်းမစွမ်းသော မထေရ်ကြီးတစ်ပါးသည် 'ရဟန်းအားလုံး ပဝါရဏာ
ပြုပြီးသည်တိုင် အောင်'ဟု ဆောင့်ကြောင့်ထိုင်ကာ ဆိုင်းငံ့ရသည်ဖြစ်၍ မူးဝေလျက်
လဲကျလေ၏။ မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ (မိမိ) ပဝါရဏာပြုစဉ်အတွင်း ဆောင့်ကြောင့်ထိုင်နေခြင်းငှါ၊
ပဝါရဏာပြုပြီးနောက် နေရာ၌ ထိုင်နေခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
------
၁၂၁-ပဝါရဏာကံလေးမျိုး
၂၁၂။ ထိုစဉ်အခါ၌ ရဟန်းတို့အား ''ပဝါရဏာတို့သည် အဘယ်မျှတို့နည်း''ဟု အကြံဖြစ်၏၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ စာတုဒ္ဒသီပဝါရဏာ ပန္နရသီ
ပဝါရဏာဟူ၍ ပဝါရဏာတို့သည် နှစ်ပါးရှိကုန်၏။
ထိုအခါ ရဟန်းတို့အား ''ပဝါရဏာကံတို့သည် အဘယ်မျှတို့နည်း''ဟု အကြံဖြစ်ပြန်၏။
မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ပဝါရဏာကံတို့သည်
တရားနှင့် မလျော်၍ ဝဂ်ဖြစ်သော 'အစုကွဲသော' ပဝါရဏာကံ၊ တရားနှင့် မလျော်၍
ညီညွတ်သော ပဝါရဏာကံ၊ တရား နှင့် လျော်၍ ဝဂ်ဖြစ်သော 'အစုကွဲသော' ပဝါရဏာကံ၊
တရားနှင့် လျော်၍ ညီညွတ်သော ပဝါရဏာကံ ဟူ၍ ဤလေးပါးရှိကုန်၏။
ရဟန်းတို့ ထိုလေးပါးသော ပဝါရဏာကံတို့တွင် တရားနှင့် မလျော်၍ ဝဂ်ဖြစ်သော
ပဝါရဏာကံကို မပြုအပ်၊ ငါသည်လည်း ဤသို့ သဘောရှိသော ပဝါရဏာကံကို ခွင့်မပြု။
ရဟန်းတို့ ထိုလေးပါးသော ပဝါရဏာကံတို့တွင် တရားနှင့် မလျော်၍ ညီညွတ်သော ပဝါရဏာ
ကံကိုလည်း မပြုအပ်၊ ငါသည်လည်း ဤသို့ သဘောရှိသော ပဝါရဏာကံကို ခွင့်မပြု။
ရဟန်းတို့ ထိုလေးပါးသော ပဝါရဏာကံတို့တွင် တရားနှင့် လျော်၍ ဝဂ်ဖြစ်သော ပဝါရဏာကံ
ကိုလည်း မပြုအပ်၊ ငါသည်လည်း ဤသို့ သဘောရှိသော ပဝါရဏာကံကို ခွင့်မပြု။
ရဟန်းတို့ ထိုလေးပါးသော ပဝါရဏာကံတို့တွင် တရားနှင့် လျော်၍ ညီညွတ်သော ပဝါရဏာကံ
ကိုသာ ပြုရမည်၊ ငါသည်လည်း ဤသို့ သဘောရှိသော ပဝါရဏာကံကိုသာ ခွင့်ပြု၏။ ရဟန်းတို့
ထို့ကြောင့် ဤသာသနာတော်၌ တရားနှင့်လျော်၍ ညီညွတ်သော ပဝါရဏာကံကိုသာ ပြုကုန်အံ့ဟု
သင် တို့သည် ကျင့်ကြံအားထုတ်ကြကုန်ရာသတည်းဟု (မိန့်တော်မူ၏)။
------
၁၂၂-ပဝါရဏာပေးခြင်းကို ခွင့်ပြုခြင်း
၂၁၃။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့ စည်းဝေးကြလော့၊ သံဃာသည်
ပဝါရဏာပြုလတံ္တ့''ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသည်ရှိသော် တစ်ပါးသော
ရဟန်းသည် မြတ်စွာ ဘုရားကို ''အသျှင်ဘုရား နာဖျားသော ရဟန်း ရှိနေပါ၏၊
ထိုရဟန်းသည် မလာနိုင်ပါ''ဟု လျှောက်၏။ ရဟန်းတို့ နာဖျားသော ရဟန်းသည် ပဝါရဏာကို
ပေးခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့ ဤသို့ပေးရမည်-
ထိုနာဖျားသော ရဟန်းသည် ရဟန်းတစ်ပါးထံသို့ ချဉ်းကပ်ပြီး၍ လက်ဝဲတစ်ဖက် ပခုံးထက်၌
ဧကသီကို စံပယ်တင်၍ ဆောင့်ကြောင့်ထိုင်လျက် လက်အုပ်ချီကာ ''ပဝါရဏာကို ပေးပါ၏၊
အကျွန်ုပ်၏ ပဝါရဏာကို ဆောင်ယူပါလော့၊ အကျွန်ုပ်၏ ပဝါရဏာကို ပြောကြားပါလော့၊
အကျွန်ုပ်၏ အကျိုးငှါ ဖိတ် ကြားပါလော့''ဟု ပြောဆိုအပ်၏။ ကိုယ်ဖြင့် သိစေအံ့၊
နှုတ်ဖြင့် သိစေအံ့၊ ကိုယ်နှုတ်နှစ်ပါးဖြင့် သိစေအံ့၊ ပဝါရဏာကို ပေးသည် မည်၏။
ကိုယ်ဖြင့် မသိစေအံ့၊ နှုတ်ဖြင့် မသိစေအံ့၊ ကိုယ်နှုတ်နှစ်ပါးဖြင့် မသိစေ အံ့၊
ပဝါရဏာကို ပေးသည် မမည်။
ဤသို့လျှင် အကယ်၍ ပဝါရဏာပေးခြင်းကို ရငြားအံ့၊ ဤသို့ရခြင်းသည် ကောင်း၏။ အကယ်၍
မရငြားအံ့၊ ရဟန်းတို့ ထိုနာဖျားသော ရဟန်းကို ညောင်စောင်းဖြင့်သော်လည်းကောင်း၊
အင်းပျဉ်ဖြင့်သော်လည်းကောင်း သံဃာ့အလယ်သို့ ယူဆောင်ကာ ပဝါရဏာပြုရမည်။ ရဟန်းတို့
အကယ်၍ သူနာပြု ရဟန်းတို့အား ''ငါတို့သည် သူနာကို နေရာမှ
ရွှေ့ပြောင်းကုန်ငြားအံ့၊ အနာသော်လည်း တိုးပွါးလတံ္တ့၊ သေခြင်းသော်လည်း
ဖြစ်လတံ္တ့''ဟု အထင်ရှိသည်ဖြစ်အံ့၊ ရဟန်းတို့ နာဖျားသော ရဟန်းကို နေရာမှ
မရွှေ့မပြောင်းစေအပ်၊ သံဃာသည် ထိုနေရာသို့ သွား၍ ပဝါရဏာပြုရမည်၊ ဝဂ်ဖြစ်သော
'အစုကွဲသော' သံဃာသည် ပဝါရဏာ မပြုအပ်သည်သာလျှင်တည်း၊ အကယ်၍ ပဝါရဏာပြုငြားအံ့၊
ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ အကယ်၍ ပဝါရဏာကို ဆောင်သော ရဟန်းသည် ပဝါရဏာကို
ပေးပြီးသည်ရှိသော့်ထိုပေးရာအရပ်၌ပင်လျှင် အရပ်တစ်ပါးသို့ ဖဲသွားငြားအံ့၊
တစ်ပါးသော ရဟန်းအား ပဝါရဏာကို ပေးရ မည်။ ရဟန်းတို့ ပဝါရဏာ ဆောင်ယူသွားသော
ရဟန်းသည် ပဝါရဏာကို ပေးပြီးသည်ရှိသော် ထိုပေး ရာအရပ်၌ပင်လျှင် လူထွက်ငြားအံ့။ပ။
သေငြားအံ့။ သာမဏေဟု ဝန်ခံငြားအံ့။ သိက္ခာကို စွန့်သောသူဟု ဝန်ခံငြားအံ့။
အဆုံးစွန်သော ပါရာဇိကဝတ္ထုသို့ ရောက်သောသူဟု ဝန်ခံငြားအံ့။ ရူးသောသူဟု ဝန်ခံငြား
အံ့။ စိတ်ပျံ့လွင့်သောသူဟု ဝန်ခံငြားအံ့။ ဝေဒနာနှိပ်စက်သောသူ 'ခံစားသောသူ'ဟု
ဝန်ခံငြားအံ့။ အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်ထားသူဟု ဝန်ခံငြားအံ့။
အာပတ်ကို မကုစားခြင်းကြောင့် နှင်ထုတ် ထားသူဟု ဝန်ခံငြားအံ့။ ယုတ်ညံ့သော
မိစ္ဆာအယူကို မစွန့်ခြင်းကြောင့် နှင်ထုတ်ထားသူဟု ဝန်ခံငြားအံ့။ ပဏ္ဍုက်ဟု
ဝန်ခံငြားအံ့။ ပေါင်းသင်းမှုကို ခိုးသူဟု ဝန်ခံငြားအံ့။ တိတ္ထိဘောင်သို့
ပြောင်းရွှေ့သူဟု ဝန်ခံငြားအံ့။ တိရစ္ဆာန်ဟု ဝန်ခံငြားအံ့။ အမိသတ်သူဟု
ဝန်ခံငြားအံ့။ အဖသတ်သူဟု ဝန်ခံငြားအံ့။ ရဟန္တာကို သတ်သူဟု ဝန်ခံငြားအံ့။
ရဟန်းမိန်းမကို ဖျက်ဆီးသူဟု ဝန်ခံငြားအံ့။ သံဃာကို သင်းခွဲသူဟု ဝန်ခံငြားအံ့။
ဘုရားကို သွေးစိမ်းတည်အောင် ပြုသူဟု ဝန်ခံငြားအံ့။ ဥဘတောဗျည်းဟု ဝန်ခံငြားအံ့။
တစ်ပါးသော ရဟန်းအား ပဝါရဏာကို ပေးရမည်။
ရဟန်းတို့ အကယ်၍ ပဝါရဏာကို ဆောင်သော ရဟန်းသည် ပဝါရဏာကို ပေးအပ်ပြီးသော်
လမ်းခရီးအကြား၌ အရပ်တစ်ပါးသို့ ဖဲသွားငြားအံ့၊ ပဝါရဏာကို ဆောင်သည် မမည်။
ရဟန်းတို့ အကယ်၍ ပဝါရဏာကို ဆောင်သော ရဟန်းသည် ပဝါရဏာကို ပေးအပ်ပြီးသော်
လမ်းခရီးအကြား၌ လူထွက်ငြားအံ့။ပ။ သေငြားအံ့။ သာမဏေဟု ဝန်ခံငြားအံ့။ သိက္ခာကို
စွန့်သောသူဟု ဝန်ခံငြားအံ့၊ အဆုံးစွန်သော ပါရာဇိကအာပတ်သို့ ရောက်သောသူဟု
ဝန်ခံငြားအံ့။ ရူးသူဟု ဝန်ခံငြားအံ့။ စိတ်ပျံ့လွင့်သောသူဟု ဝန်ခံငြားအံ့။
ဝေဒနာနှိပ်စက်သောသူဟု ဝန်ခံငြားအံ့။ အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ် ထားသော
ရဟန်းဟု ဝန်ခံငြားအံ့။ အာပတ်ကို မကုစားခြင်းကြောင့် နှင်ထုတ်ထားသော ရဟန်းဟု
ဝန်ခံ ငြားအံ့။ ယုတ်ညံ့သော မိစ္ဆာအယူကို မစွန့်ခြင်းကြောင့် နှင်ထုတ်ထားသော
ရဟန်းဟု ဝန်ခံငြားအံ့။ ပဏ္ဍုက်ဟု ဝန်ခံငြားအံ့။ ပေါင်းသင်းမှုကို ခိုးသောသူဟု
ဝန်ခံငြားအံ့။ တိတ္ထိတို့ဘောင်သို့ ပြောင်းရွှေ့ သွားသူဟု ဝန်ခံငြားအံ့။
တိရစ္ဆာန်ဟု ဝန်ခံငြားအံ့။ အမိသတ်သူဟု ဝန်ခံငြားအံ့။ အဖသတ်သူဟု ဝန်ခံ ငြားအံ့။
ရဟန္တာကို သတ်သူဟု ဝန်ခံငြားအံ့။ ရဟန်းမိန်းမကို ဖျက်ဆီးသောသူဟု ဝန်ခံငြားအံ့။
သံဃာ ကို သင်းခွဲသောသူဟု ဝန်ခံငြားအံ့။ ဘုရားကို သွေးစိမ်းတည်အောင် ပြုသောသူဟု
ဝန်ခံငြားအံ့။ ဥဘတောဗျည်းဟု ဝန်ခံငြားအံ့၊ ပဝါရဏာကို ဆောင်သည် မမည်။
ရဟန်းတို့ အကယ်၍ ပဝါရဏာကို ဆောင်သော ရဟန်းသည် ပဝါရဏာကို ပေးပြီးသော် သံဃာ့
ဘောင်သို့ ရောက်၍ အရပ်တစ်ပါးသို့ ဖဲသွားငြားအံ့၊ ပဝါရဏာကို ဆောင်သည် မည်၏။
ရဟန်းတို့ အကယ်၍ ပဝါရဏာကို ဆောင်သော ရဟန်းသည် ပဝါရဏာကို ပေးပြီးသော်
သံဃာ့ဘောင်သို့ ရောက် ပြီးမှ လူထွက်ငြားအံ့။ပ။ သေငြားအံ့။ သာမဏေဟု
ဝန်ခံငြားအံ့။ သိက္ခာကို စွန့်သောသူဟု ဝန်ခံငြားအံ့။ အဆုံးစွန်သော
ပါရာဇိကအာပတ်သို့ ရောက်သောသူဟု ဝန်ခံငြားအံ့။ ရူးသူဟု ဝန်ခံငြားအံ့။
စိတ်ပျံ့လွင့်သောသူဟု ဝန်ခံငြားအံ့။ ဝေဒနာ နှိပ်စက်အပ်သောသူဟု ဝန်ခံငြားအံ့။
အာပတ်ကို မရှုခြင်းကြောင့် နှင် ထုတ်ထားသော ရဟန်းဟု ဝန်ခံငြားအံ့။ အာပတ်ကို
မကုစားခြင်းကြောင့် နှင်ထုတ်ထားသော ရဟန်းဟု ဝန်ခံငြားအံ့။ ယုတ်ညံ့သော
မိစ္ဆာအယူကို မစွန့်ခြင်းကြောင့် နှင်ထုတ်ထားသော ရဟန်းဟု ဝန်ခံငြားအံ့။ ပဏ္ဍုက်ဟု
ဝန်ခံငြားအံ့။ ပေါင်းသင်းမှုကို ခိုးသောသူဟု ဝန်ခံငြားအံ့။ တိတ္ထိတို့ဘောင်သို့
ပြောင်းရွှေ့ သွားသူဟု ဝန်ခံငြားအံ့။ တိရစ္ဆာန်ဟု ဝန်ခံငြားအံ့။ အမိသတ်သူဟု
ဝန်ခံငြားအံ့။ အဖသတ်သူဟု ဝန်ခံ ငြားအံ့။ ရဟန္တာကို သတ်သောသူဟု ဝန်ခံငြားအံ့။
ရဟန်းမိန်းမကို ဖျက်ဆီးသောသူဟု ဝန်ခံငြားအံ့။ သံဃာကို သင်းခွဲသောသူဟု
ဝန်ခံငြားအံ့။ ဘုရားကို သွေးစိမ်းတည်အောင် ပြုသောသူဟု ဝန်ခံငြားအံ့။
ဥဘတောဗျည်းဟု ဝန်ခံငြားအံ့၊ ပဝါရဏာကို ဆောင်သည် မည်၏။
ရဟန်းတို့ အကယ်၍ ပဝါရဏာကို ဆောင်သော ရဟန်းသည် ပဝါရဏာကို ပေးပြီးသော် သံဃာ့
ဘောင်သို့ ရောက်ပြီးနောက် အိပ်ပျော်သည်ဖြစ်၍ မပြောကြားငြားအံ့၊ ပဝါရဏာကို
ဆောင်သည် မည်၏။ ပဝါရဏာ ဆောင်သော ရဟန်းအား အာပတ် မသင့်။ ရဟန်းတို့ ပဝါရဏာကို
ဆောင်သော ရဟန်းသည် အကယ်၍ ပဝါရဏာကို ပေးပြီးလျှင် သံဃာ့ဘောင်သို့ ရောက်မှ
မေ့လျော့သည်ဖြစ်၍ မပြောကြားမိငြား အံ့။ပ။ သမာပတ် ဝင်စားသည်ဖြစ်၍
မပြောကြားမိငြားအံ့၊ ပဝါရဏာကို ဆောင်သည် မည်၏။ ပဝါရဏာ ဆောင်သော ရဟန်းအား အာပတ်
မသင့်။ ရဟန်းတို့ ပဝါရဏာကို ဆောင်သော ရဟန်းသည် အကယ် ၍ ပဝါရဏာကို ပေးပြီးလျှင်
သံဃာ့ဘောင်သို့ ရောက်မှ မပြောလိုသဖြင့် စေတနာရှိ၍ မပြောကြားငြားအံ့၊ ပဝါရဏာကို
ဆောင်သည် မည်၏၊ ပဝါရဏာဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းတို့
ထိုပဝါရဏာနေ့၌ ပဝါရဏာကို ပေးသော ရဟန်းသည် သံဃာအား ပြုဖွယ်ကိစ္စရှိအံ့ဟု
ဆန္ဒကိုလည်း ပေးခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
------
၁၂၃-ဆွေမျိုးစသည်တို့က ဖမ်းယူခြင်း
၂၁၄။ ထိုအခါ တစ်ပါးသော ရဟန်းကို ထိုပဝါရဏာနေ့၌ အဆွေအမျိုးတို့သည် ဖမ်းယူကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းကို
ထို ပဝါရဏာနေ့၌ အဆွေအမျိုးတို့သည် ဖမ်းယူကုန်အံ့၊ ထိုအဆွေအမျိုးတို့ကို
ရဟန်းတို့သည် ''ဒါယကာတို့ တောင်းပန်ပါ၏၊ သင်တို့သည် ဤရဟန်းကို
ပဝါရဏာပြုပြီးသည်တိုင်အောင် တစ်ခဏမျှ လွှတ်ကြကုန် လော့''ဟု ပြောဆိုရမည်။
ဤသို့ ပြောဆိုသည့်အတိုင်းရခဲ့သော် ကောင်း၏၊ အကယ်၍ မရခဲ့သော်
ထိုအဆွေအမျိုးတို့ကို ရဟန်းတို့သည် ''ဒါယကာတို့ တောင်းပန်ပါ၏၊ ဤရဟန်း
ပဝါရဏာပြုပြီးသည်တိုင်အောင် သင်တို့သည် တစ်ခဏမျှ သင့်တင့်လျောက်ပတ်သော အရပ်၌
နေကုန်လော့''ဟု ပြောဆိုရမည်။ ဤသို့ ပြောဆိုသည့် အတိုင်းရခဲ့သော် ကောင်း၏၊ အကယ်၍
မရခဲ့သော် ထိုအဆွေအမျိုးတို့ကို ရဟန်းတို့သည် ''ဒါယကာတို့ တောင်းပန်ပါ၏၊
သင်တို့သည် ဤရဟန်းကို သံဃာ့ပဝါရဏာပြုပြီးသည်တိုင်အောင် တစ်ခဏမျှ သိမ်အပ သို့
ဆောင်ကုန်လော့''ဟု ပြောဆိုရမည်။ ဤသို့ ပြောဆိုသည့်အတိုင်းရခဲ့သော် ကောင်း၏၊
အကယ်၍ မရခဲ့သော် ဝဂ်ဖြစ်သော 'အစုကွဲသော' သံဃာသည် ပဝါရဏာမပြုအပ်၊ အကယ်၍
ပဝါရဏာပြုငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းကို ထိုပဝါရဏာနေ့၌ မင်းတို့သည် ဖမ်းယူကုန်အံ့။ပ။
ခိုးသူတို့သည် ဖမ်းယူကုန်အံ့၊ သေသောက်ကြူးတို့သည် ဖမ်းယူကုန်အံ့၊ ရန်သူဖြစ်သော
ရဟန်းတို့သည် ဖမ်းယူကုန်အံ့။ ရဟန်းတို့သည် ထိုရန်သူဖြစ်သော ရဟန်းတို့ကို
''အသျှင်တို့ တောင်းပန်ပါ၏၊ ဤရဟန်း ကို ပဝါရဏာပြုပြီးသည်တိုင်အောင် တစ်ခဏမျှ
လွှတ်ကြကုန်လော့''ဟု ပြောဆိုရမည်။
ဤသို့ ပြောဆိုသည့်အတိုင်းရခဲ့သော် ကောင်း၏၊ အကယ်၍ မရခဲ့သော် ရန်သူဖြစ်သော ရဟန်း
တို့ကို ရဟန်းတို့သည် ''အသျှင်တို့ တောင်းပန်ပါ၏၊ ဤရဟန်း
ပဝါရဏာပြုပြီးသည်တိုင်အောင် သင်တို့သည် တစ်ခဏမျှ သင့်တင့်လျောက်ပတ်သော နေရာ၌
နေကုန်လော့''ဟု ပြောဆိုရမည်။
ဤသို့ ပြောဆိုသည့်အတိုင်းရခဲ့သော် ကောင်း၏၊ အကယ်၍ မရခဲ့သော် ထိုရန်သူဖြစ်သော
ရဟန်း တို့ကို ရဟန်းတို့သည် ''အသျှင်တို့ တောင်းပန်ပါ၏၊ သင်တို့သည် ဤရဟန်းကို
သံဃာ့ပဝါရဏာပြုပြီးသည်တိုင်အောင် တစ်ခဏမျှ သိမ်အပသို့ ဆောင်ပါကုန်လော့''ဟု
ပြောဆိုအပ်ကုန်၏။ ဤသို့ ပြောဆိုသည်ရှိသော် ပြောဆိုသည့် အတိုင်းရခဲ့သော်
ကောင်း၏၊ အကယ်၍ မရခဲ့သော် ဝဂ်ဖြစ်သော သံဃာသည် ပဝါရဏာမပြုအပ်၊ အကယ်၍
ပဝါရဏာပြုငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
------
၁၂၄-သံဃာ့ပဝါရဏာ စသည်အပြား
၂၁၅။ တစ်ရံရောအခါ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါးသော ရဟန်းတို့
နေကုန်၏။ ထိုအခါ ထိုရဟန်းတို့အား ''မြတ်စွာဘုရားသည် 'သံဃာသည် ပဝါရဏာပြုအပ်၏'ဟု
ပညတ် တော်မူ၏၊ ငါတို့သည်ကား ငါးယောက်တို့သာ ဖြစ်ကုန်၏၊ ငါတို့သည် အဘယ်သို့
ပဝါရဏာပြုရမည် နည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို
လျှောက်ကြကုန်၏။ ရဟန်းတို့ ဤ ငါးပါးသော ရဟန်းတို့အား သံဃာ့ပဝါရဏာပြုခြင်းငှါ
ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
၂၁၆။ တစ်ရံရောအခါ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ လေးပါးသော ရဟန်းတို့သည်
နေကုန်၏။ ထိုအခါ ထိုရဟန်းတို့အား ''မြတ်စွာဘုရားသည် 'ငါးပါးသော ရဟန်းတို့အား
သံဃာ့ ပဝါရဏာပြုခြင်းငှါ ခွင့်ပြုတော်မူ၏၊ ငါတို့သည်ကား လေးယောက်တို့သာ
ဖြစ်ကုန်၏၊ ငါတို့သည် အဘယ်သို့ ပဝါရဏာပြုရမည်နည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လေးပါးသော
ရဟန်းတို့အား အချင်းချင်း ပဝါရဏာပြုခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့ ဤသို့
ပဝါရဏာပြုရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် ထိုရဟန်းတို့ကို
သိစေရမည်-
''အသျှင်တို့သည် အကျွန်ုပ်၏ (စကားကို) နာတော်မူကုန်လော့၊ ယနေ့ ပဝါရဏာနေ့ ဖြစ်၏၊
အကယ်၍ အသျှင်တို့အား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ အကျွန်ုပ်
တို့သည် အချင်းချင်း ပဝါရဏာပြုကုန်အံ့''ဟု (သိစေရမည်)။
မထေရ်ကြီးဖြစ်သော ရဟန်းသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍
ဆောင့်ကြောင့်ထိုင်ပြီးလျှင် လက်အုပ်ချီကာ ထိုရဟန်းတို့ကို ''ငါ့သျှင်တို့
အကျွန်ုပ်သည် အသျှင်တို့ကို ဖိတ်ကြား ပါ၏၊ မြင်သဖြင့်လည်းကောင်း၊
ကြားသဖြင့်လည်းကောင်း၊ ယုံမှားသဖြင့်လည်းကောင်း အသျှင်တို့သည် အကျွန်ုပ်ကို
အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည်ရှိသော်
ကုစား ပါအံ့။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ငါ့သျှင်တို့ အကျွန်ုပ်သည်
အသျှင်တို့ကို ဖိတ် ကြားပါ၏၊ မြင်သဖြင့်လည်းကောင်း၊ ကြားသဖြင့်လည်းကောင်း၊
ယုံမှားသဖြင့်လည်းကောင်း အသျှင်တို့သည် အကျွန်ုပ်ကို အစဉ်သနားခြင်းကို
အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည်ရှိသော် ကုစားပါအံ့''ဟု
ပြောဆိုရမည်။
သီတင်းငယ် ရဟန်းသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဆောင့်ကြောင့်
ထိုင်ပြီးလျှင် လက်အုပ်ချီကာ ထိုရဟန်းတို့ကို ''အသျှင်ဘုရားတို့ အကျွန်ုပ်သည်
အသျှင်တို့ကို ဖိတ်ကြား ပါ၏၊ မြင်သဖြင့်လည်းကောင်း၊ ကြားသဖြင့်လည်းကောင်း၊
ယုံမှားသဖြင့်လည်းကောင်း အသျှင်တို့သည် အကျွန်ုပ်ကို အစဉ်သနားခြင်းကို
အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည်ရှိသော် ကုစား ပါအံ့။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်ဘုရားတို့ အကျွန်ုပ်သည်
အသျှင်တို့ကို ဖိတ်ကြားပါ၏၊ မြင်သဖြင့်လည်းကောင်း၊ ကြားသဖြင့်လည်းကောင်း၊
ယုံမှားသဖြင့်လည်းကောင်း အသျှင်တို့သည် အကျွန်ုပ်ကို အစဉ်သနားခြင်းကို
အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည်ရှိသော် ကုစားပါအံ့''ဟု
ပြောဆိုရမည်။
တစ်ရံရောအခါ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ သုံးပါးသော ရဟန်းတို့သည် နေကုန်၏။
ထိုအခါ ထိုရဟန်းတို့အား ''မြတ်စွာဘုရားသည် 'ငါးပါးသော ရဟန်းတို့အား
သံဃာ့ပဝါရဏာပြုခြင်းငှါ လေးပါးသော ရဟန်းတို့အား အချင်းချင်း ပဝါရဏာပြုခြင်းငှါ'
ခွင့်ပြုတော်မူ၏၊ ငါတို့သည်ကား သုံးယောက်တို့သာတည်း၊ ငါတို့သည် အဘယ်သို့
ပဝါရဏာပြု ရမည်နည်း''ဟု အကြံဖြစ်၏။ မြတ်စွာ့ဘုရားအား ဤအကြောင်းကို
လျှောက်ကြကုန်၏။ ရဟန်းတို့ သုံးပါးသော ရဟန်းတို့အား အချင်းချင်း
ပဝါရဏာပြုခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့ ဤသို့ ပဝါရဏာပြုအပ်၏။ ကျွမ်းကျင်လိမ္မာ၍
စွမ်းရည်ရှိသော ရဟန်းသည် ထိုရဟန်းတို့ကို သိစေအပ်ကုန်၏-
''အသျှင်တို့သည် အကျွန်ုပ်၏ (စကားကို) နာတော်မူပါကုန်လော့၊ ယနေ့ ပဝါရဏာနေ့တည်း၊
အကယ်၍ အသျှင်တို့အား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ အကျွန်ုပ်
တို့သည် အချင်းချင်း ပဝါရဏာပြုကုန်အံ့''ဟု (သိစေအပ်ကုန်၏)။
မထေရ်ကြီးဖြစ်သော ရဟန်းသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍
ဆောင့်ကြောင့် ထိုင်ပြီးလျှင် လက်အုပ်ချီကာ ထိုရဟန်းတို့ကို ''ငါ့သျှင်တို့
အကျွန်ုပ်သည် အသျှင်တို့ကို ဖိတ်ကြား ပါ၏၊ မြင်သဖြင့်လည်းကောင်း၊
ကြားသဖြင့်လည်းကောင်း၊ ယုံမှားသဖြင့်လည်းကောင်း အသျှင်တို့သည် အကျွန်ုပ်ကို
အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည်ရှိသော်
ကုစား ပါအံ့။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ငါ့သျှင်တို့ အကျွန်ုပ်သည်
အသျှင်တို့ကို ဖိတ် ကြားပါ၏၊ မြင်သဖြင့်လည်းကောင်း၊ ကြားသဖြင့်လည်းကောင်း၊
ယုံမှားသဖြင့်လည်းကောင်း အသျှင်တို့သည် အကျွန်ုပ်ကို အစဉ်သနားခြင်းကို
အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည်ရှိသော် ကုစားပါအံ့''ဟု
ပြောဆိုအပ်ကုန်၏။
သီတင်းငယ် ရဟန်းသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဆောင့်ကြောင့်
ထိုင်ပြီးလျှင် လက်အုပ်ချီကာ ထိုရဟန်းတို့ကို ''အသျှင်ဘုရားတို့ အကျွန်ုပ်သည်
အသျှင်တို့ကို ဖိတ်ကြား ပါ၏၊ မြင်သဖြင့်လည်းကောင်း၊ ကြားသဖြင့်လည်းကောင်း၊
ယုံမှားသဖြင့်လည်းကောင်း အသျှင်တို့သည် အကျွန်ုပ်ကို အစဉ်သနားခြင်းကို
အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည်ရှိသော် ကုစား ပါအံ့။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်ဘုရားတို့ အကျွန်ုပ်သည်
အသျှင်တို့ကို ဖိတ်ကြားပါ၏၊ မြင်သဖြင့်လည်းကောင်း၊ ကြားသဖြင့်လည်းကောင်း၊
ယုံမှားသဖြင့်လည်းကောင်း အသျှင်တို့သည် အကျွန်ုပ်ကို အစဉ်သနားခြင်းကို
အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည်ရှိသော် ကုစားပါအံ့''ဟု
ပြောဆိုရမည်။
၂၁၇။ တစ်ရံရောအခါ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ နှစ်ပါးသော ရဟန်းတို့သည်
နေကုန်၏။ ထိုအခါ ထိုရဟန်းတို့အား ''မြတ်စွာဘုရားသည် 'ငါးပါးသော ရဟန်းတို့အား
သံဃာ့ ပဝါရဏာပြုခြင်းငှါ လေးပါးသော ရဟန်းတို့အား အချင်းချင်း ပဝါရဏာပြုခြင်းငှါ
သုံးပါးသော ရဟန်း တို့အား အချင်းချင်း ပဝါရဏာပြုခြင်းငှါ' ခွင့်ပြုတော်မူ၏။
ငါတို့သည်ကား နှစ်ယောက်တို့သာတည်း။ ငါတို့သည် အဘယ်သို့ ပဝါရဏာပြုရပါ
မည်နည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။
ရဟန်းတို့ နှစ်ပါးသော ရဟန်းတို့အား အချင်းချင်း ပဝါရဏာပြုခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့ ဤသို့ ပဝါရဏာပြုရမည်။
မထေရ်ကြီးဖြစ်သော ရဟန်းသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍
ဆောင့်ကြောင့် ထိုင်ပြီးလျှင် လက်အုပ်ချီကာ သီတင်းငယ်ဖြစ်သော ရဟန်းကို
''ငါ့သျှင် အကျွန်ုပ်သည် အသျှင့်ကို ဖိတ်ကြားပါ၏၊ မြင်သဖြင့်လည်းကောင်း၊
ကြားသဖြင့်လည်းကောင်း၊ ယုံမှားသဖြင့်လည်းကောင်း အသျှင်သည် အကျွန်ုပ်ကို
အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုပါလော့၊ (အပြစ်ကို) မြင်သည်ရှိသော်
ကုစားပါအံ့။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ငါ့သျှင် အကျွန်ုပ်သည် အသျှင့်ကို
ဖိတ်ကြားပါ၏၊ မြင်သဖြင့်လည်းကောင်း၊ ကြားသဖြင့်လည်းကောင်း၊
ယုံမှားသဖြင့်လည်းကောင်း အသျှင်သည် အကျွန်ုပ်ကို အစဉ်သနားခြင်းကို အကြောင်းပြု၍
ပြောဆိုပါလော့၊ (အပြစ်ကို) မြင်သည်ရှိသော် ကုစားပါအံ့''ဟု ပြောဆို ရမည်။
သီတင်းငယ်ဖြစ်သော ရဟန်းသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍
ဆောင့်ကြောင့်ထိုင်ပြီးလျှင် လက်အုပ်ချီကာ မထေရ်ကြီးဖြစ်သော ရဟန်းကို
''အသျှင်ဘုရား အကျွန်ုပ်သည် အသျှင်ဘုရားကို ဖိတ်ကြားပါ၏၊ မြင်သဖြင့်လည်းကောင်း၊
ကြားသဖြင့်လည်းကောင်း၊ ယုံမှားသဖြင့်လည်းကောင်း အသျှင်သည် အကျွန်ုပ်ကို
အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုပါလော့၊ (အပြစ်ကို) မြင်သည်ရှိသော်
ကုစားပါအံ့။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်ဘုရား အကျွန်ုပ်သည်
အသျှင်ဘုရားကို ဖိတ်ကြားပါ၏၊ မြင်သဖြင့်လည်းကောင်း၊ ကြားသဖြင့်လည်းကောင်း၊
ယုံမှားသဖြင့်လည်းကောင်း အသျှင်သည် အကျွန်ုပ်ကို အစဉ်သနားခြင်းကို အကြောင်းပြု၍
ပြောဆိုပါလော့၊ (အပြစ်ကို) မြင်သည်ရှိသော် ကုစားပါအံ့''ဟု ပြောဆိုရမည်။
၂၁၈။ တစ်ရံရောအခါ ကျောင်းတစ်ကျောင်းဝယ် ထိုပဝါရဏာနေ့၌ တစ်ပါးသော ရဟန်းသည် နေ၏။
ထိုအခါ ထိုရဟန်းအား ''မြတ်စွာဘုရားသည် 'ငါးပါးသော ရဟန်းတို့အား
သံဃာ့ပဝါရဏာပြုခြင်းငှါ လေးပါးသော ရဟန်းတို့အား အချင်းချင်း ပဝါရဏာပြုခြင်းငှါ
သုံးပါးသော ရဟန်းတို့အား အချင်းချင်း ပဝါရဏာပြုခြင်းငှါ နှစ်ပါးသော
ရဟန်းတို့အား အချင်းချင်း ပဝါရဏာပြုခြင်းငှါ' ခွင့်ပြုတော်မူ၏၊ ငါသည်ကား
တစ်ပါးတည်းသာတည်း။ ငါသည် အဘယ်သို့ ကျင့်ရပါမည်နည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။
ရဟန်းတို့ ဤသာသနာတော်၌ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ တစ်ပါးသော ရဟန်းသည်
နေ၏၊ ရဟန်းတို့ ထိုရဟန်းသည် ရဟန်းတို့ ဝင်ထွက်ရာဖြစ်သော စည်းဝေးရာဇရပ်၊ မဏ္ဍပ်၊
သစ်ပင်ရင်းတို့ကို တံမြက်လှည်း၍သောက်ရေသုံးဆောင်ရေ တည်ထားပြီးလျှင် နေရာကို
ခင်းလျက် ဆီမီး ညှိထွန်းကာ ထိုင်နေရမည်။ အကယ်၍ အခြားသော ရဟန်းတို့သည်
လာကုန်ငြားအံ့၊ ထိုရဟန်းတို့နှင့် အတူ ပဝါရဏာပြုရမည်။ အကယ်၍ မလာကုန်ငြားအံ့၊
''ယနေ့ ငါ့အတွက် ပဝါရဏာနေ့တည်း''ဟု အဓိဋ္ဌာန်ရမည်။ အကယ်၍ အဓိဋ္ဌာန်ခြင်းကို
မပြုငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ထိုသို့ ပဝါရဏာပြုရာ၌ ရဟန်းငါးပါးနေသော ကျောင်း၌ တစ်ပါးသော ရဟန်း၏
ပဝါရဏာကို ဆောင်၍ လေးပါးသော ရဟန်းတို့သည် သံဃာ့ပဝါရဏာကို မပြုအပ်၊ အကယ်၍ ပဝါရဏာ
ပြုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ထိုသို့ ပဝါရဏာပြုရာ၌ လေးပါးနေသော ကျောင်းဝယ် တစ်ပါးသော ရဟန်း၏
ပဝါရဏာကို ဆောင်၍ သုံးပါးသော ရဟန်းတို့သည် အချင်းချင်း ပဝါရဏာကို မပြုအပ်၊
အကယ်၍ ပဝါရဏာပြုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ထိုသို့ ပဝါရဏာပြုရာ၌ သုံးပါးနေသော ကျောင်းဝယ် တစ်ပါးသော ရဟန်း၏
ပဝါရဏာကို ဆောင်၍ နှစ်ပါးသော ရဟန်းတို့သည် အချင်းချင်း ပဝါရဏာကို မပြုအပ်၊
အကယ်၍ ပဝါရဏာပြုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ထိုသို့ ပဝါရဏာပြုရာ၌ ရဟန်းနှစ်ပါးနေသော ကျောင်း၌ တစ်ပါးသော ရဟန်း၏
ပဝါရဏာကို ဆောင်၍ တစ်ပါးသော ရဟန်းသည် အဓိဋ္ဌာန် ပဝါရဏာကို မပြုအပ်၊ အကယ်၍ အဓိဋ္ဌာန်
ပဝါရဏာပြုငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
------
၁၂၅-အာပတ်ကို ကုစားနည်း
၂၁၉။ တစ်ရံရောအခါ တစ်ပါးသော ရဟန်းသည် ထိုပဝါရဏာနေ့၌ အာပတ် သင့်၏။ ထိုအခါ ထို
ရဟန်းအား ''မြတ်စွာဘုရားသည် 'အာပတ်နှင့်တကွ ပဝါရဏာ မပြုအပ်'ဟု ပညတ်တော်မူ၏၊
ငါသည်လည်း အာပတ် သင့်၏၊ ငါသည် အဘယ်သို့ ကျင့်ရပါမည်နည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။
ရဟန်းတို့ ရဟန်းသည် ပဝါရဏာနေ့၌ အာပတ် သင့်၏၊ ထိုရဟန်းသည် တစ်ပါးသော ရဟန်း
အထံသို့ ချဉ်းကပ်ပြီးလျှင် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍
ဆောင့်ကြောင့်ထိုင်ပြီးလျှင် လက်အုပ်ချီကာ -
''ငါ့သျှင် ငါသည် ဤမည်သော အာပတ်သို့ ရောက်၏၊ ထိုအာပတ်ကို ပြောကြားပါ၏''ဟု
ပြောဆို ရမည်။
ထိုဒေသနာခံသော ရဟန်းက ''အာပတ်ကို ရှုလော့''ဟု ပြောဆိုရမည်။ ''ကောင်းပါပြီ
ရှုပါအံ့''ဟု (အာပတ်သင့်သော ရဟန်းက) ပြောဆိုရမည်။ ''နောင်အခါ စောင့်စည်းလော့''ဟု
(ဒေသနာခံသော ရဟန်းက ပြောဆိုရမည်)။ ရဟန်းတို့ ရဟန်းသည် ထိုပဝါရဏာနေ့၌ အာပတ်၌
ယုံမှားရှိ၏၊ ရဟန်းတို့ ထိုရဟန်းသည် တစ်ပါးသော ရဟန်းအထံသို့ ချဉ်းကပ်ပြီးလျှင်
လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဆောင့်ကြောင့်ထိုင်ပြီးလျှင်
လက်အုပ်ချီကာ ''ငါ့သျှင် အကျွန်ုပ်သည် ဤမည်သော အာပတ်၌ ယုံမှားရှိပါ၏၊ အကြင်အခါ၌
ယုံမှားမရှိသည်ဖြစ်အံ့၊ ထိုအခါ၌ ထိုအာပတ်ကို ကုစားပါအံ့''ဟု ဆို၍
ပဝါရဏာပြုရမည်။ ထိုယုံမှားခြင်းကြောင့် ပဝါရဏာ၏ အန္တရာယ်ကို
မပြုအပ်သည်သာလျှင်တည်းဟု (မိန့်တော်မူ၏)။
------
၁၂၆-အာပတ်ကို ထင်ရှားစွာပြုခြင်း
၂၂ဝ။ တစ်ရံရောအခါ တစ်ပါးသော ရဟန်းသည် ပဝါရဏာပြုသည်ရှိသော် အာပတ်ကို သတိရ၏။
ထိုအခါ ထိုရဟန်းအား ''မြတ်စွာဘုရားသည် 'အာပတ်နှင့်တကွ ပဝါရဏာမပြုအပ်'ဟု
ပညတ်တော်မူ၏၊ ငါသည်ကား အာပတ် သင့်၏၊ ငါသည် အဘယ်သို့ ကျင့်ရပါမည်နည်း''ဟု
အကြံဖြစ်၏။ မြတ်စွာဘုရား အား ဤအကြောင်းကို လျှောက်၏။
ရဟန်းတို့ ရဟန်းသည် ပဝါရဏာပြုသည်ရှိသော် အာပတ်ကို သတိရ၏။ ရဟန်းတို့ ထို
ရဟန်းသည် အနီးဖြစ်သော ရဟန်းကို ''ငါ့သျှင် အကျွန်ုပ်သည် ဤမည်သော အာပတ်သို့
ရောက်၏၊ ဤနေရာမှ ထသော် ထိုအာပတ်ကို ကုစားပါအံ့''ဟု ပြောဆို၍ ပဝါရဏာပြုရမည်၊
ထိုအာပတ်ဟူသော အကြောင်းကြောင့် ပဝါရဏာ၏ အန္တရာယ်ကို မပြုအပ်သည်သာလျှင်တည်း။
ရဟန်းတို့ ရဟန်းသည် ပဝါရဏာပြုသည်ရှိသော် အာပတ်၌ ယုံမှားရှိ၏၊ ရဟန်းတို့
ထိုရဟန်းသည် အနီး ဖြစ်သော ရဟန်းကို ''ငါ့သျှင် အကျွန်ုပ်သည် ဤမည်သော အာပတ်၌
ယုံမှားရှိ၏၊ ယုံမှား ကင်းသောအခါ ထိုအာပတ်ကို ကုစားပါအံ့''ဟု ပြောဆို၍
ပဝါရဏာပြုရမည်၊ ထိုအာပတ်၌ ယုံမှားခြင်း ဟူသော အကြောင်းကြောင့် ပဝါရဏာ၏
အန္တရာယ်ကို မပြုအပ်သည်သာလျှင်တည်းဟု (မိန့်တော်မူ၏)။
------
၁၂၇-သဘောတူအာပတ်ကို ကုစားနည်း
၂၂၁။ တစ်ရံရောအခါ ကျောင်းတစ်ကျောင်းဝယ် ထိုပဝါရဏာနေ့၌ သံဃာအားလုံးသည် သဘောတူ
ဝတ္ထုကြောင့် သင့်သော အာပတ်သို့ ရောက်၏။ ထိုအခါ ထိုရဟန်းတို့အား
''မြတ်စွာဘုရားသည် 'သဘော တူဝတ္ထုကြောင့် သင့်သော အာပတ်ကို ဒေသနာမကြားအပ်၊
သဘောတူဝတ္ထုကြောင့် သင့်သော အာပတ်ကို မခံယူအပ်'ဟု ပညတ်တော်မူ၏၊
ဤသံဃာအားလုံးသည်လည်း သဘောတူဝတ္ထုကြောင့် သင့်သော အာပတ် သို့ ရောက်၏၊ ငါတို့သည်
အဘယ်သို့ ကျင့်ရပါမည်နည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ထိုပဝါရဏာနေ့၌ သံဃာအားလုံးသည်
သဘောတူဝတ္ထုကြောင့် သင့်သော အာပတ်သို့ ရောက်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည်
တစ်ပါးသော ရဟန်းကို ''ငါ့သျှင် သွားလော့၊ ထိုအာပတ်ကို ကုစား၍ လာခဲ့လော့၊
ငါတို့သည် သင်၏ အထံ၌ ထိုအာပတ်ကို ကုစားပါကုန်အံ့''ဟု ဆို၍ အနီးအနားကျောင်းသို့
နေ့ချင်းပြန် စေလွှတ်ရမည်။ ဤသို့ ရခဲ့သော် ကောင်း၏။ အကယ်၍ မရခဲ့သော်
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်-
''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤသံဃာအားလုံးသည်
သဘောတူဝတ္ထုကြောင့် သင့်သော အာပတ်သို့ ရောက်၏၊ အာပတ်မရှိ စင်ကြယ်သော တစ်ပါးသော
ရဟန်းကို တွေ့သောအခါ ထိုရဟန်း၏ အထံ၌ ထိုအာပတ်ကို ကုစားလတ္တံ့''ဟု ဆို၍
ပဝါရဏာပြုရမည်၊ ထိုအာပတ်ဟူသော အကြောင်းကြောင့် ပဝါရဏာ၏ အန္တရာယ်ကို မပြုအပ်။
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ထိုပဝါရဏာနေ့၌ သံဃာအားလုံးသည်
သဘောတူဝတ္ထုကြောင့် သင့်သော အာပတ်၌ ယုံမှားရှိသည်ဖြစ်အံ့၊ ကျွမ်းကျင်လိမ္မာ၍
စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်- ''အသျှင်ဘုရားတို့ သံဃာသည်
အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤ သံဃာအားလုံးသည် သဘောတူဝတ္ထုကြောင့်
သင့်သော အာပတ်၌ ယုံမှားရှိ၏၊ ယုံမှားကင်းသောအခါ ထိုအာပတ်ကို ကုစားပါအံ့''ဟု
ဆို၍ ပဝါရဏာပြုရမည်၊ ထိုအာပတ်၌ ယုံမှားခြင်းဟူသော အကြောင်းကြောင့် ပဝါရဏာ၏
အန္တရာယ်ကို မပြုအပ်သည်သာလျှင်တည်းဟု (မိန့်တော်မူ၏)။
ပဌမအခန်း ပြီး၏။