Dhamma Download

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

download Myanmar font

 

 

 

 

 

ပြည်ပမှ အဘိဓမ္မာ စာသင်သားများ ဝမ်းမြောက်ဖွယ်



ပြည်ပရောက် ဓမ္မမိတ်ဆွေ အပေါင်းတို့ အတွက် အဘိဓမ္မာ စာမေးပွဲများ အလွယ်တကူ ဖြေဆိုနိင်ရန်အတွက်

ပြည်ထောင်စုမြန်မာနိုင်ငံ၊ သာသနာရေးဝန်ကြီးဌာနမှ ပြည်ပတွင် အဘိဓမ္မာစာမေးပွဲ ကျင်းပခွင့်ကို
 


၁) စင်္ကာပူနိုင်ငံရှိ မင်္ဂလာဝိဟာရကျောင်း ကို လည်းကောင်း၊


www.mangalavihara.org.sg
Mangala Vihara Buddhist Temple, 30 Jalan Eunos, Singapore 419495
 


၂) အင်္ဂလန် နိုင်ငံရှိ လန်ဒန်ဝိဟာရကျောင်း ကို လည်းကောင်း


http://www.londonvihara.org.uk/
1 Old Church Lane, Kingsbury, London, NW9 8TG Tel: 020 8200 6898
 


အထက်ဖေါ်ပြပါ ကျောင်းများကို၊ ပြည်ပ အဘိဓမ္မာ စာစစ်ဋ္ဌာန (၂) နေရာအဖြစ် တရားဝင် ခွင့်ပြုခဲ့ပါသည်။
 

 


**************************************
အင်္ဂလန်နိုင်ငံတွင် အဘိဓမ္မာ ဖြေဆိုလို သူများ အတွက်
**************************************

ဆက်သွယ်ရန်။
ဦးတောသန (University of Roehampton, London)
အဘိဓမ္မာ သင်တန်းမှူး
လန်ဒန်ဝိဟာရကျောင်း
လန်ဒန်မြို့

Tel: (+44) 07515 432 086

email: vtosana@gmail.com


**************************************
စင်္ကာပူနိုင်ငံတွင် အဘိဓမ္မာ ဖြေဆိုလို သူများ အတွက်
**************************************

စင်္ကာပူနိုင်ငံတွင် အဘိဓမ္မာစာမေးပွဲ ဖြေဆိုမည့် ပုဂ္ဂိုလ်များအနေဖြင့် ဝင်ခွင့်တောင်းခံလွှာနှင့် ဝင်ခွင့်ကဒ်များကို မင်္ဂလာဝိဟာရကျောင်း (Mangala Vihara Buddhist Temple, 30 Jalan Eunos, Singapore 419495) တွင် ရယူနိုင်ပါသည်။ ဖောင်ဖြည့်ရာတွင် လိုအပ်သည့် အချက်အလက်တို့ကို ဝင်ခွင့်တောင်းခံလွှာနှင့် ဝင်ခွင့်ကဒ်တွင် ကြည့်ရှုနိုင်ပါသည်။

ဖြေဆိုသူတစ်ဦးလျှင်
ဝင်ခွင့်တောင်းခံလွှာ (၂) စုံ၊
ဝင်ခွင့်ကဒ် (၂)စုံ ဖြည့်ရမည်။

ဝင်ခွင့်ကဒ်တွင် ဓာတ်ပုံနှစ်ပုံကပ်၍ ဓာတ်ပုံအလွတ် (၂) ပုံ၏ နောက်ကျောတွင် ဖြေဆိုမည့်သူ၏အမည်၊ အဘအမည်၊ ဖြေဆိုမည့်စားမေးပွဲကို ထင်ရှားစွာ ရေးသားပေးပို့ရမည်။

စာမေးပွဲ ဖြေဆိုမည့်သူများအနေဖြင့် တစ်ဦးလျှင် (၂) လက်မပတ်လည် ဓာတ်ပုံ (၄) ပုံ ယူဆောင်ကာ အောက်ပါ နေ့ရက်များတွင် မင်္ဂလာဝိဟာရကျောင်းသို့ လာရောက်၍ ဖောင်ဖြည့်နိုင်သည်။

ဗုဒ္ဓဟူးနေ့ ။ ။ ည (ရး၃၀) နာရီမှ (၉း၀၀) အထိ
စနေနေ့ ။ ။ ညနေ (၄း၀၀) နာရီမှ (၆း၃၀) အထိ
တနင်္ဂနွေနေ့ ။ ။ ညနေ (၄း၀၀) နာရီမှ (၆း၃၀) အထိ

မိမိအစီအစဉ်ဖြင့် ဖောင်ဖြည့်သူများသည် ဝင်ခွင့်တောင်းခံလွှာများကို နိုဝင်ဘာ (၁၁) ရက်၊ တနင်္ဂနွေနေ့ နောက်ဆုံးထား၍ မင်္ဂလာဝိဟာရကျောင်းသို့ ပြန်လည်ပေးပို့ရမည်။

*** စာမေးပွဲကျင်းပမည့်ရက် ***
အဘိဓမ္မာပထမဆင့် (ဒီဇင်ဘာလ (၁၀) ရက်၊ တနင်္လာနေ့)
အဘိဓမ္မာဒုတိယဆင့် (ဒီဇင်ဘာလ (၁၁) ရက်၊ အင်္ဂါနေ့)
အဘိဓမ္မာတတိယဆင့် (ဒီဇင်ဘာလ (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့)

စာမေးပွဲကျင်းပမည့်အချိန် ။ ။ စင်ကာပူစံတော်ချိန် မွန်းလွဲ ၁:၃၀ မှ ညနေ ၅:၃၀ အထိ
ကျင်းပမည့်နေရာ ။ ။ မင်္ဂလာဝိဟာရကျောင်း၊ Chew Quee Neo Hall

စုံစမ်းရန် ။ ။ ဦးစက္ကပါလ (၈၅၉၈၈၁၇၇)
ဦးအံ့ထူးနိုင် (၉၀၂၅၄၉၀၉)


အဘိဓမ္မာ နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကြေငြာချက်
http://www.abhidhammafoundation.org/materials/Exam/forms/AbhidhammaExamAnnouncement.pdf

အဘိဓမ္မာစာမေးပွဲ ဝင်ခွင့်တောင်းပုံစံ (ပုဏ်ထူးဆောင်) *** ရိုးရိုးနှင့် ဝိသုဒ္ဓိမဂ် အတွက် ကျောင်းတွင်ထုတ်ယူပါရန် ***

http://www.abhidhammafoundation.org/materials/Exam/forms/AbhidhammaExamRegistrationForm.pdf

အဘိဓမ္မာ ၊ အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ၊ ဝိသုဒ္ဓိမဂ် ဝင်ခွင့်လက်မှတ်
http://www.abhidhammafoundation.org/materials/Exam/forms/AbhidhammaExamEntranceForms.pdf