

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သောမဗုဒ္ဓိ
တန့်ကြည့်တောင် ရန်အောင်ချမ်းသာဆရာတော်
အရှင်သောမဗုဒ္ဓိ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ တန့်ကြည့်တောင် ရန်အောင်ချမ်းသာဆရာတော် အရှင်သောမဗုဒ္ဓိသည်
၁၉၇၃ခုနှစ်မှ စတင်၍
မြန်မာပြည်အရပ်ရပ်နှင့်အမေရိကန်ပြည်တို့တွင် ဗုဒ္ဓမြတ်စွာ၏ သတိပဋ္ဌာန်
တရားတော်များကို လုံ့လဝီရိယတင်းတင်းထား၍ ဟောပြောပြသလျက်ရှိပါသည်။
စင်္ကာပူနိုင်ငံသို့ ယခုနှစ်တွင် တတိယအကြိမ်အဖြစ် ကြွရောက်မည်ဖြစ်ပါသည်။
၂၆-၆-၂၀၁၀ နေ့တွင် စင်္ကာပူသို့ဆရာတော်ကြွရောက်လာမည်ဖြစ်ပြီး စင်္ကာပူတွင် ဆရာတော် ခေတ္တသီတင်းသုံး နေစဉ်အတွင်း
ဝိပဿနာတရားအားထုတ်လိုသော ယောဂီများအတွက် အောက်ပါ အစီအစဉ်အတိုင်း ဝိပဿနာအလုပ်ပေးတရား ( ၇ ရက် အဓိဋ္ဌာန်ပွဲ ) ဟောကြားပြသမည်ဖြစ်ပါသည်။
စတင်မည့်နေ့ရက် နှင့် အချိန် ၂၆-၆-၁၀ (စနေနေ့) နေ့လည် ၃း၀၀ နာရီ
ပြီးဆုံးမည့်နေ့ရက် နှင့် အချိန် ၃-၇-၁၀ (စနေနေ့) နံနက် ရး၀၀ နာရီ
တရားရိပ်သာ နေရာ Camp Christine, 71 Jalan Bahtera, Singapore 719922
တရားအားထုတ်လိုသော ယောဂီများ စာရင်းပေးသွင်းနိုင်ပါကြောင်း
နှိုးဆော်အပ်ပါသည်။
ဆက်သွယ်ရန်
ကိုကျော်စွာ HP: 9457 9409
For details instruction for activities, please visit to the following website
http://tant-kyi-taung-sg.blogspot.com