

Tsunami
Sayadaw U Ottamasara
Thanlyin Pagoda Hill Meditation Centre,
Myanmar
တရားပွဲသတင်း
Dear Brother
and Sisters in Dhamma,
We are pleased to inform you that Tsunami Sayadaw U Ottamasara will be conducting dhamma talk in singapore. The details are as follow
Time : 5:00pm to 7:00pm
Date : 7 March 2010, Sunday
Venue : Informatic Campus ( Near Jurong East
MRT )
12 Science
Centre Road (S) 609079
Near Jurong East MRT
Opposite to Science Center
Map:
http://www.streetdirectory.com/asia_travel/travel/travel_id_3007/travel_site_111537/5/
သံလျင်ဘုရားကုန်းသဘာဝရိပ်သာ (ဆူနာမီ) အဝိဇ္ဖာမှ
ဝိဇ္ဖာသို့ ဆရာတော် ဦးဥတ္တမသာရ ကိုယ်ရေးအကျဉ်း
(၂၆.၁၀.၁၉၆၉) သီတင်းကျွတ်လပြည့်နေ့တွင် ဆရာတော်အား
စစ်ကိုင်းတိုင်း၊ကသာမြို့တွင်မွေးဖွားခဲ့သည်။
၁၉၉၄တွင် ရန်ကုန်တက္ကသိုလ်မှ (B.A
English)ဘွဲ့ရခဲ့သည်။ (၁၆)နှစ်အရွယ်မှစ၍
စီးပွားရေး လောကထဲ စတင်ဝင်ရောက်ခဲ့ပြီး
(၂၃)နှစ်တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း
စတင်ခဲ့သည်။ စီးပွားရေးအကြီးအကျယ် လုပ်ကိုင်နေဆဲ
စိတ်ဖိစီးမှုများကြုံတွေ့နေချိန် (၂၉)နှစ်အရွယ်တွင်
ဓမ္မမိတ်ဆွေတစ်ဦး၏ ဖိတ်ခေါ်ချက်အရ
အင်းစိန်-၁၀မိုင်ကုန်း ရွာမကြီးကျောင်းရှိ
(၅)ရက်တရားစခန်းလေးတွင် အချိန်ပိုင်း တရားနာ၊
တရားထိုင်ရာမှ မိုးကုတ်ဆရာတော်ကြီး ၏ တရားနှင့်
ပထမဆုံးစတွေ့ခဲ့သည်။
တရားနှင့်တွေ့ပြီး နေ့စဉ်ပုံမှန် တရားထုတ်ကာ
(၁.၆.၂၀၀၀)တွင် အဝိဇ္ဇာမှဝိဇ္ဇာသို့ တရား
အလှူတော်လုပ်ငန်း ကို စတင်ဖွင့်လှစ်ကာ
တရားစီဒီ၊တရားစာအုပ်၊တရားခွေ များ
အခမဲ့ငှားရမ်းပေးခဲ့ရာ မြန်မာနိုင်ငံတွင်
ဝိပဿနာတရားနှင့် ပတ်သက်ပြီး အစုံလင်ဆုံး
နေရာလေးဖြစ်ခဲ့လေသည်။ ထို့နောက်ဆရာကြီးဦးဘခင်
ရိပ်သာ သို့ဝင်၍ တရားအားထုတ်ခဲ့ပြီး နောက်(၈)လ
အကြာတွင် ဒုတိယအကြိမ်
ဦးဂိုအင်ကာရိပ်သာသို့ဝင်ရောက်၍ အထူးကြိုးစား
တရားအားထုတ်အပြီးတွင် စီးပွားရေးလုပ်ငန်း
အားလုံးရပ်စဲပြီး (၉)နှစ်တာ ကိုယ်တိုင်
ပင်ပင်ပန်းပန်း ရှာဖွေထားသမျှ တိုက်ခန်း၊ ဖုန်း၊
ကားနှင့် ငွေကြေး တစ်ပြားမကျန်ကို
တရားအလှူတော်လုပ်ငန်း ရေရှည်ရပ်တည်နိုင်ရန်အတွက်
အပြီးအပြတ် စွန့်လွှတ်လှူဒါန်းလိုက်သည်။
နောက်ဆုံး (၁၀)ရက် တရားစခန်းအဖြစ် မိုးကုတ်ဝိပဿနာ
အဖွဲ့ချုပ်မှ ထွက်လာအပြီးတွင် စိတ်ဖိစီးမှုများမှ
အ<ကင်းမဲ့ လွတ်ကင်းခဲ့လေသည်။ နောက်(၁၀)လ
ကြာသောအခါ၌ မိမိ စိတ်ဖိစီးမှုများမှ
အ<ကင်းမဲ့ လွတ်မြောက်ခဲ့သလို အခြားသူများလည်း
လွတ်မြောက်စေရန်အတွက် မိမိ သိရှိနားလည်ခဲ့သော
ဘုရားရှင်၏ လွတ်မြောက်လမ်းအစစ်
(ဝိပဿနာအကျင့်လမ်း)ကို အခြားသူများအား
သင်ပြပေးခြင်းဖြင့် သာသနာကို အသက်ထက်ဆုံး ပြုရန်
ယတိပြတ် ဆုံးဖြတ်ချက်ချကာ အသက်(၃၃)နှစ်ပြည့်သည့်
(၂၁.၁၀. ၀၂) သီတင်းကျွတ်လပြည့်နေ့တွင်
အလွန်ရခဲသော မြင့်မြတ်သော ရဟန်းဘဝသို့
အပြီးတိုင်ဝင်ရောက်ခဲ့သည်။
၂၀၀၇ ခုနှစ်တွင် ၄၅လမ်း
တရားရိပ်သာကိုဖွင့်လှစ်ခဲ့ပြီး၊၂၀၀၈ခုတွင်
သံလျင်တရားစခန်းကိုဖွင့်လှစ်ကာ
သေခါနီးလူများ၊ စိတ်ဓါတ်ကျအားငယ်နေသူများ၊
ရောဂါဝေဒနာရှင်များ၊ တရားကို
လုံးဝနားမလည်သေးသူများ၊ တရား ပျောက်နေသူများ၊
အများအကျိုးအထိရောက်ဆုံး ဆောင်ရွက်လိုသူများ၊
ဘဝအဓိပ္ပါယ် ရှာဖွေနေသူများ၊
အမှန်တရားကိုမြတ်နိုးသူများ နှင့် အကောင်းစစ်၊
ချမ်းသာအစစ်ကိုအလိုရှိသူများ အားလုံးကို
မိမိ(၃)နှစ်နီးပါး ကိုယ်တိုင်လက်တွေ့
လိုက်နာကျင့်သုံးသိရှိခဲ့သော ဝိပဿနာ
ရှုပွားနည်း(သစ္စာတရားနှလုံးသွင်းပုံ)
ကိုသင်ကြားပြသပေးခြင်းဖြင့်
လူမျိုးဘာသာမရွေး အခက်အခဲ ပြဿနာဖြစ်နေသူအားလုံး၏
အခက်အခဲ ပြဿနာများကို
အရှင်းပြေလည်သွားသည့်တိုင်အောင်
ကူညီစောင့်ရှောက်ဖြေရှင်းပေးလျှက်ရှိနေသည်မှာ
ယနေ့တိုင်ဖြစ်လေသည်။