


တရားတော်နာယူရန် ဖိတ်ကြားလွှာ
မင်္ဂလာပါ ဓမ္မမိတ်ဆွေတို့ခင်ဗျား
အခွင့်သင့်လာ မင်္ဂလာချိန်မှာ ကုသိုလ်ရတနာမိုး ရွာသွန်းဖြိုး၍ အသိဉာဏ်တိုးစေဖို့ ရည်သန်လို့ နှိုးဆော်ပါသည်ခင်ဗျား
သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်း (Portland, Oregon, USA) တွင် နဝမမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရ နှင့် ရွှေရတု တိပိဋက မြင်းမူဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ ဟောကြားချီးမြှင့်တော်မူသော တရားတော်ကို
( http://live.dhammathukha.com/) မှ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်သွားပါမည်။
တိုက်ရိုက်ထုတ်လွှင့်မည့်နေ့ရက်နှင့် အချိန်မှာ -
အမေရိကန်စံတော်ချိန်(Portland) ဖြင့်ဆိုလျင်
18-Jan-2010, တနင်္လာနေ့ (၁၈)ရက်နေ့ ညနေ - (၈) နာရီ နှင့်
19-Jan-2010 အင်္ဂါနေ့ (၁၉)ရက်နေ့ ညနေ - (၈) နာရီ ဖြစ်ပါမည်။
ရုရှားစံတော်ချိန်ဖြင့်ဆိုလျင်
19-Jan-2010 အင်္ဂါနေ့ (၁၉)ရက်နေ့ မနက် (၇) နာရီ နှင့်
20-Jan-2010 ဗုဒ္ဓဟူးနေ့ မနက် (၇)နာရီ ဖြစ်ပါမည်။
စင်္ကာပူစံတော်ချိန်ဖြင့်ဆိုလျင်
19-Jan-2010 အင်္ဂါနေ့ (၁၉)ရက်နေ့ နေ့လယ် (၁၂) နာရီ နှင့်
20-Jan-2010 ဗုဒ္ဓဟူးနေ့ နေ့လယ် (၁၂)နာရီ ဖြစ်ပါမည်။
လေးစားစွာဖြင့်
***************************
Others related information:
***************************
သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်း
Sirimangala Monastery
Resident Monk: Ashin Sirinda
လိပ်စာ၊
12634 NE Russell Street
Portland, Oregon
USA
Ph(503)253-5318
Cell (503)922-9934
သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်း website http://ashinsirinda.com/
****************************

မြင်းခြံဆရာတော်
ဒေါက်တာ ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရ
Dr Bhaddanta Ganda Mala Lankara
တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက
၉-ပါးမြောက် တိပိဋကဓရ၊
စစ်ကိုင်း၊ မင်းကွန်း၊ ဓမ္မနာဓကျောင်းတိုက်နှင့်
တိပိဋကကျောင်းတိုက် ကြီး (Seattle, Washington, USA) ၏ ဦးစီးပဓာန နာယက၊
Dhamma Talk Video
10-1-2009 အလုပ်လုပ်ပြီးမှ ဆုတောင်းပါ
**************************************************

ရွှေရတု တိပိဋက မြင်းမူဆရာတော်
ဘဒ္ဒန္တဝံသပါလာလင်္ကာရ
တိပိဋကဓရ၊ တိပိဋကကောဝိဒ၊
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
Biography
ဇာတိချက်ကြွေ မွေးရပ်မြေ
ဆရာတော် ဘဒ္ဒန္တဝံသပါလာ လင်္ကာရ သည် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကွက်ကွင်းကျေးရွာ
(ယခု ခွက်ခွင်းရွာ) ခမည်းတော် ဦးကျော် + ဒေါ်ကျင်မြိုင် တို့မှ ၁၃၂၇ ခုနှစ်
တန်ဆောင်မုန်းလဆန်း (၁၀)ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသော သားရတနာ ဖြစ်ပါသည်။
.
ဥပသမ္ပဒ မင်္ဂလာ
၁၃၄၆ ခုနှစ် တပေါင်းလပြည့် အင်္ဂါနေ့တွင် မန္တလေးမြို့ မှန်ကင်းပဇ္ဇောတာရုံကျောင်းတိုက်
ခဏ္ဍာသိမ်တော်၌ ဆရာတော် ဘဒ္ဒန္တနာဂဝံသ ကို ဥပဇ္ဈယ်ပြုလျက် မန္တလေးမြို့ သူဌေးတန်းရပ်
ကျောင်းတကာကြီး ဦးဖိုးမှီ + ကျောင်းဒါယိကာမကြီး သုဓမ္မသဂီၤ ဒေါ်ရွှေညွန့် သား
ကိုဌေးလွင် မိသားစု တို့၏ ပစ္စယာနုဂ္ဂကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့
ရောက်ရှိတော်မူခဲ့သည်။
.
ပညာသင်ကြားဆရာများ
ဆရာတော် ဘဒ္ဒန္တဝံသပါလာ လင်္ကာရသည် မြင်းမူမြို့နယ် ခွက်ခွင်းရွာ
အောင်မြေဘုမ္မိကျောင်းတိုက် ဆရာတော် ဦးပဝရ၊ မုံရွာမြို့ ပဇ္ဇောတာရုံကျောင်းတိုက်
ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသ နှင့် တိုက်အုပ်-တိုက်ကြပ်
စာချဆရာတော်များ၊ မင်းကွန်း တိပိဋကဓရ ဓမ္မဘဏ္ဍာရိက အဘိဓဇ မဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ
သဒ္ဓမ္မဇောတိက ဆရာတော်ဘုရားကြီးနှင့် မန္တလေးမြို့ဗန်းမော်ကျောင်းတိုက် ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ ဗုဒ္ဓစာပေပါရဂူ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ တို့ထံ၌ ပရိယတ္တိစာပေများကို
သင်ကြားဆည်းပူးတော်မူခဲ့ပါသည်။
.
ဝင်နွှဲအောင်မြင် စာမေးပွဲသဘင်
ရှင်သာမဏေဘဝဖြင့်ပင် အစိုးရဓမ္မာစရိယဘွဲ့နှင့် ပရိယတ္တိသာသနာလင်္ကာရ
သာမဏေကျော်ဘွဲ့နှင့် အခြားဘွဲ့တံဆိပ်တော်ပေါင်းများစွာတို့ကို ရရှိတော်မူပြီးနောက်
နိုင်ငံတော်အစိုးရ တိပိဋဓရ ရွေးချယ်ရေး စာမေးပွဲကြီးကို ၁၃၄၇ ခုနှစ်မှ
စတင်ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၅ နှစ်အကြာ ၁၃၆၁ ခုနှစ်တွင် ပိဋကသုံးပုံ အာဂုံ-ရေးဖြေ
နှစ်ထွေစလုံး ပြီးစီအောင်မြင်တော်မူသဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တော်ကို
ရရှိတော်မူသည်။ ဆရာတော်သည် သုတ္တန်ပိဋကကို အာဂုံပြန်ဆိုရာ၌ ဂုဏ်ထူးဖြင့်
အောင်မြင်တော်မူသဖြင့် ဝိသိဌဒီဃ ဘာဏကဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။
.
သာသနာရေးအတွက် ဆောင်ရွက်ချက်
ဆရာတော်ဘဒ္ဓန္တဝံသပါလာလင်္ကာရသည် တိပိဋကဓရ ပန်းတိုင်သို့ ၁၅ နှစ်တိုင်တိုင် မနားမနေ
ချီတက်တော်မူပြီးနောက် မင်းကွန်း တိပိဋကနိကာယ ကျောင်းတိုက်၌ စီမံအုပ်ချုပ်မှု နာယက
ဆရာတော်များအဖွဲ့ မဟာနာယက အဖြစ်ဖြင့် မင်းကွန်းဆရာတော် ဘုရားကြီး၏
သာသနာပြုလုပ်ငန်းများကို ဆက်ခံကာ သာသနာပြုတော်မူပါသည်။
.
ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်
ဆရာတော် ဘဒ္ဓန္တဝံသပါလာလင်္ကာရသည် ၁၃၆၆ ခုနှစ်တွင် နိုင်ငံတော်အစိုးရက
ဆက်ကပ်လှူဒါန်းသည့် တိပိဋဓရ ဓမ္မဘဏ္ဍာရိက ဘွဲ့တံဆိပ်တော်ကို ံရရှိတော် မူခဲ့ပါသည်။
.
ယခုလက်ရှိ သာသနာပြုလုပ်ငန်းများ
ဆရာတော် ဘဒ္ဓန္တဝံသပါလာလင်္ကာရသည် မင်းကွန်းတိပိဋက ကျောင်းတိုက်ကြီး၌ပင်
သီတင်းသုံးနေထိုင်ကာ တိပိဋကကောဝိဒဘွဲတော် ရရှိပြီးသည့် အချိန်မှစ၍
အနယ်နယ်အရပ်ရပ်သို့ လှည့်လည်ပြီး တရာဒေသနာတော်များကို မနေမနား ဟောကြားချီးမြှင့်၍
သာသနာပြုတော်မူလျက် ရှိပါသည်။
.
ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်း
ဆရာတော်သည် မိမိမွေးဖွားရာ ဇာတိဖြစ်သော ခွက်ခွင်းကျေးရွာ တွင် အခြေခံပညာ
အထက်တန်းကျောင်းကြီးကို ဆောက်လုပ်လှူဒါန်းခြင်း၊ တိပိဋကဇီဝိတဒါန တိုက်နယ်ဆေးရုံကို
ဆောက်လုပ်လှူဒါန်းခြင်း နှင့် အခြားသော ပရဟိတ လုပ်ငန်းများကို
ဆောင်ရွက်တော်မူပါသည်။ ယခုအခါ ဆရာတော်သည် တိ-နိ စီမံအုပ်ချုပ်မှု မဟာနာယက တာဝန်ကို
ထမ်းဆောင်လျက် မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေ၌ သီတင်းသုံး၍
မင်းကွန်းဆရာတော်ဘုရားကြီး၏ ကိုယ်စား မိမိကဲ့သို့ တိပိဋကဓရ အရှင်မြတ်များ
ပေါ်ထွက်စေရန် အစွမ်းကုန် ကြိုးပမ်းတော်မူလျှက် ရှိပါသည်။