ရနောင်းဋ္ဌာနီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

ရနောင်းဌာနီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

http://ranonghtarnischool.blogspot.com/

 

ပထမဦးဆုံးသော နိုင်ငံရပ်ခြား ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ထိုင်းနိုင်ငံ ၊ ရနောင်းမြို့) ထိုင်းမြန်မာနယ်စပ် - ဘဝမြှင့်တင်ရေးကျောင်း


နာယက ဆရာတော်ဘုရားကြီး ဘန္ဒန္တဂန္ဓမာလာလင်္ကာရ နဝမ ရွှေစင် တိပိဋကဓရ (မြင်းခြံဆရာတော်) သည် ၂၀၀၉ အင်္ဂလန်နိုင်ငံ အောက်စပိုစ် တက္ကသိုလ်တွင် ပညာသင်ယူပြီး ခေတ္တခဏ မြန်မာနိုင်ငံကို ပြန်လာချိန်တွင် တပည့်ဖြစ်သော ဦးဂုဏ၏ လျှောက်ထားတောင်းပန်ချက်အရ ကျောင်းကိုလက်ခံယူ ခဲ့လေသည်။

 

ပထမနှစ်တွင် ကျောင်းသား ဦးရေ ၁၅၀ သာ ရှိခဲ့လေ သည်။ နောက်ပိုင်းတွင် ထိုင်းနိုင်ငံတွင် ရှိနေသော အလုပ်သမားများ သည် မိမိတို့သားသမီးများ၏ ပညာရေးကို သင်ကြားပေးနေသော စာသင်ကျောင်းမှာ (၁၃) ကျောင်း ရှိလေသည်။ ထို(၁၃)ကျောင်း တိုသည် ဗုဒ္ဓဘာသာကျောင်းများ မဟုတ်ကြချေ။ ရနောင်းဌာနီ တစ်ကျောင်းသာလျှင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ဦးစီးဦး ဆောင် ပြုလုပ်နေသည်ဟု သိလာ ကြသောအခါ မိဘတို့သည် မိမိတို့၏ရင်သွေးငယ်များကို ရနောင်ဌာနီကျောင်း သို့လာရောက် အပ်နှံကြလေသည်။ ထို့ကြောင့် ကျောင်းသားဦးရေးမှာ ၄၅၀ အထိဖြစ် လာလေသည်။

 

ဆရာတော် ဦးဂန္ဓမာလာလင်္ကာရသည် ရနောင်းဌာနီကျောင်းတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက် ပြီး ရနောင်းဌာနီကျောင်းကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အဖြစ်ရပ်တည်ကာခံတပ်အဖြစ်တည်ဆောက်ခြင်းပင်ဖြစ်သည်ဟု အမိန့်ရှိလေသည်။ ဆရာတော်သည် ကလေးများ၏ စားရေး သောက်ရေး ဆရာ၊ဆရာမများ၏လစာများကျောင်း၏တိုးတက်ရေး စသည်တို့အတွက်ဆရာတော်ဦးကောသလ္လနှင့်တကွ ဆရာတော် နှစ်ပါးတို့ကို ကြီးကြပ်စေပြီး ကျောင်းအတွက် လိုအပ်ချက်များ ကိုထောက်ပံ့ပေးလျှက်ရှိပါသည်။ ထိုကျောင်းသူ/ကျောင်းသားများ၏ ပညာရေး၊စားဝတ်နေရေး၊ကျမ်းမာရေးများကိုတာဝန် ယူဆောင်ရွက် ပေးခဲ့ရာကျောင်းသားဦးရေများလာသည် နှင့်အမျှ အချို့သော အလှူရှင်များ ရှိသော်လည်း လစဉ် အလှူငွေ လိုအပ်ချက်များ ၊ အခက်အခဲများ ရှိလာခဲ့ပါသည်။
ပညာမြင့်မှ လူမျိုးမြင့်မည် ဟူသော စကားအရ ရပ်ဝေး မြေခြား အမိမြန်မာပြည်နှင့် ဝေးကွားနေကြသော မြန်မာကလေး ငယ်လေး များ ဘဝရှေးရေး စိတ်အေးချမ်းအောင် တဖက်တလှမ်းမှ ဝိုင်းဝန်းကူညီကြရန်တိုက်တွန်းနိုးဆော်အပ်ပါသည်။

 

သို့ဖြစ်ပါ၍ သဒ္ဒါကြည်လင် ပါရမီ၇ှင် သူတော်စင် သူတော်ကောင်း အနေဖြင့် ဆရာတော်များ နှင့်အတူပညာဒါနဖြစ်စေရန် ၊ မိမိတို့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ခြင်းဌာ ဖြစ်စေရန် တတ်စွမ်းသမျှ ပါဝင်လှူဒါန်း ကြပါရန် နိဗ္ဗာန်အကျိုး မျှော်၍ တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ရနောင်းဌာနီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါက http://ranonghtarnischool.blogspot.com/#  သို့ဝင်ရောက်ဖတ်ရှု့ နိုင်ပါသည်။


အဓိဌာန်


ထိုင်းနှင့် မြန်မာချစ်ကြည်စွာဖြင့်
ဆရာတော်များ စိတ်တူထားလျက်
ဒို့များရင်သွေး ပညာရေးနှင့်
ချင့်တွေးလိမ္မာ မြတ်ဘာသာကို
ခိုင်မာယုံကြည် လူ့စွမ်းရည်တို့
မြင့်စည်ထွန်းပြောင် မျိုးဂုဏ်ဆောင်ဖို့
ဝန်ဆောင်ကျွေးမွေး ပညာပေး၍
ဘဝနောင်ရေးသာစေမည်။


ရနှောင်းဌာန ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း အတွက် လှူဒါန်းနိုင်သည် ့ထာဝရကောင်းမှုများမှာ


ကျောင်းသားလူငယ်တစ်ဦးလျှင် S$ -20 (လစဉ်)
အဆောက်ဦး (ကျောင်းမြေဌားရမ်းခ) - S$ 280
ဆွမ်းဆန်တော် - $s 240
ယာဉ် အလှူ - $s 200
ပညာရေး ထောက်ပံမှု - S$ 128

ကျမ်းမာရေးစောင့်ရှောက်မှု - S$ 100

တနေ့တာကျွေးမွေးစာရိတ် - S$ 160

 

စသည်ဖြင့်အသီးသီး လှူဒါန်းနိုင်သလို အခြားသော အထွေထွေ ဖြစ်သော


- ဆရာ/ဆရာမများ၏ ကျောင်းလခများ
- ရေ/မီး မီတာခများ ၊အခြားသော အထွေထွေကုန်ကျစရိတ်များ ကိုလည်း သဒ္ဒါတရား နည်းများဆို ကုသိုလ်ပါဝင်နိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမြော်နိုးဆော်အပ်ပါသည်။
- မိမိတို့မွေးနေ့၊ မင်္ဂလာအစရှိသော အထိမ်းအမှတ် အလှူဒါနများကို လည်းနေ့ရက်အလိုက် အလှူရှင်ကဗ္ဗည်းထိုး လှူဒါန်းနိုင်ပါသည်။

 

 

လှုဒါန်းရန်
-----------

စင်္ကာပူတွင်ရှိကြကုန်သော အလှုရှင်များသည် အောက်ပါ DBS Saving Plus အကောင့်ထဲသို့ တိုက်ရိုက် လှုဒါန်းနိုင်ပါသည်...
၀၇၀-ဝ-၀၁၂၂၅၇
070-0-012257
 

 

အပြည်ပြည်ဆိုင်ရာများတွင်ရှိကြကုန်သော ဓမ္မမိတ်ဆွေ အပေါင်းတို့သည်.. အောက်ပါ Paypal  အကောင့်ထဲသို့ တိုက်ရိုက် send money ဖြင့်လှုဒါန်းနိုင်ပါသည်...

kyawlwin2000@gmail.com



အလှုငွေ လွှဲပြီးပါက အလှုရှင် စာရင်းပြုစုရန်အတွက် အောက်ပါ အကြောင်းအရာ ၃ ချက်ကို dhammadownload.admin@gmail.com  သို့ email ပို့ပေးပါရန်လည်း မေတ္တာ ရပ်ခံပါသည်...

၁) အလှုရှင်၏ နာမည် အပြည့် အစုံ၊
၂) လှုဒါန်းသည့် အကြောင်းအရာ -
ရနှောင်းဌာန ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း အတွက်
၃) လွှဲသည့် ပမာဏ -
 

 

 



 

 
စဉ် အလှုရှင်အမည် လှုဒါန်းသည့် နေ့   လှုဒါန်းငွေ
         
         
         
         
၂၀ Terry & Kyi Kyi Chan ၁၅-၇-၂၀၁၃ ယူအက်ဒေါ်လာ ၄၀
၁၉ အောင်မျိုးကျော်နှင့်သန်းမြတ်ဝေမိသားစု ၁၀-၆-၂၀၁၃ စင်္ကာပူဒေါ်လာ ၄၀
၁၈ မခိုင်ခိုင်စန်း  ၂၂-၂-၂၀၁၃ စင်္ကာပူဒေါ်လာ ၁၀၀
၁၇ စိုးသူအောင် ၁၂-၁-၂၀၁၃ စင်္ကာပူဒေါ်လာ ၂၀
၁၆ မလင်းနန္ဒာဟန် ၊ မစုနှင်းပွင့်ဆွေ မိသားစု  ၂၄-၁၁-၂၀၁၂ စင်္ကာပူဒေါ်လာ ၂၀
၁၅ မလင်းနန္ဒာဟန် ၊ မစုနှင်းပွင့်ဆွေ မိသားစု ၂၄-၁၁-၂၀၁၂ စင်္ကာပူဒေါ်လာ ၂၀
၁၄ မလင်းနန္ဒာဟန် ၊ မစုနှင်းပွင့်ဆွေ မိသားစု ၂၄-၁၁-၂၀၁၂ စင်္ကာပူဒေါ်လာ ၂၀
၁၃ ဦးသန်းနိုင် ဒေါ်ဥမ္မာအောင် သား ဘုန်းမြတ်ကျော် ၁၃-၁၁-၂၀၁၂ စင်္ကာပူဒေါ်လာ ၁၁
၁၂ ကိုဇော်ဝင်းနိုင်မိသားစု  ၁-၁၁-၂၀၁၂ စင်္ကာပူဒေါ်လာ ၂၀၀
၁၁ စောနန္ဒာဝင်း သူငယ်ချင်းများကောင်းမှု  ၁၅-၁၀-၂၀၁၂ စင်္ကာပူဒေါ်လာ ၃၀၀
၁၀ မလင်းနန္ဒာဟန် ၊ မစုနှင်းပွင့်ဆွေ မိသားစု  ၃၁-၈-၂၀၁၂ စင်္ကာပူဒေါ်လာ ၂၀
မထက်နန္ဒာဝင်း  ၃၁-၈-၂၀၁၂ စင်္ကာပူဒေါ်လာ ၂၀
ကိုစောရန်အော်သိန်း+မလင်းလင်းထိုက် ၃၁-၈-၂၀၁၂ စင်္ကာပူဒေါ်လာ ၂၀
ကိုဖြိုးဝေကျော်+ မဝတ်ရည်အေး  ၃၁-၈-၂၀၁၂ စင်္ကာပူဒေါ်လာ ၂၀
ဦးတင်အောင်+ဒေါ်မွှေးမွှေးမိသားစု  ၂၀-၇-၂၀၁၂ စင်္ကာပူဒေါ်လာ ၅၀
မလင်းနန္ဒာဟန် ၊ မစုနှင်းပွင့်ဆွေ မိသားစု  ၁၃-၇-၂၀၁၂ စင်္ကာပူဒေါ်လာ  ၂၀
မထက်နန္ဒာဝင်း  ၁၃-၇-၂၀၁၂ စင်္ကာပူဒေါ်လာ ၂၀
မလင်းလင်းထိုက်ဦး ၁၃-၇-၂၀၁၂ စင်္ကာပူဒေါ်လာ ၂၀
ကိုနေလင်းထွန်းအောင်+မတင်လေးနွယ် သမီး ခိုင်နေနွယ် ၆-၇-၂၀၁၂ စင်္ကာပူဒေါ်လာ  ၁၅၀
ကိုနေမင်းသူ + မဝါဝါထွန်း (ShweRooms.com မိသားစု) ၁၃-၆-၂၀၁၂ စင်္ကာပူဒေါ်လာ  ၁၀၀
         
         
         
  ခန့်မှန်းခြေ စုစုပေါင်း စင်္ကာပူဒေါ်လာ     ၁၂၂၀
         
         
         
စဉ် ဆရာတော်အား ပြန်လည်  အပ်နှံငွေ      
         
ဆရာတော်အား ဓမ္မဒေါင်းလုပ်မှ ပြန်လည် အပ်နှံငွေ ၁၅-၉-၂၀၁၃ စင်ကာပူဒေါ်လာ ၂၁၂
ဆရာတော်အား အေးဇာလီမှ ပြန်လည် အပ်နှံငွေ ၁၅-၉-၂၀၁၃ စင်ကာပူဒေါ်လာ ၁၀၁၁
         
  စုစုပေါင်း ပြန်လည် အပ်နှံငွေ     ၁၂၂၃
         
  ခန့်မှန်းခြေ စုစုပေါင်း စင်္ကာပူဒေါ်လာ (လက်ကျန်ငွေ)     -၃

 

 


စာသင်ကလေးငယ်များနှင့် ကျောင်း တနေ့လုပ်ငန်းစဉ်များကို ဓါတ်ပုံ မှတ်တမ်းလေး များကို တဖက်တွင် ကြည့်ရှုသဒ္ဒါပွား များနိုင်ပါသည်။
 

 

ရနောင်းဌာနီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဝင်း

 

 

နေစဉ် နံနက် (၈း၃၀) တွင် ဘုရားဝတ်တတ်ပြီးနောက် ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ကြီးနည်းဖြင့် ၁၀မိနစ်တရားထိုင်နေသော ကလေးငယ်များ

 

ဆရာတော်များနှသ့် အလှုရှင်များမှ ဌားရမ်းပေးသော ကျောင်းကားဖြင့် ကျောင်းလာနေသော ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များ

 

 

 

ကလေးငယ်များနှင့် စောင့်ရှောက်ပေးနေသော သံဃာတော်များ

 

ကလေးငယ်များနေ့လည်စာစားသုံးနေကြစဉ်

 

 

 

နေ့လည်စာသင်ချိန်ပြီးနောက် ကျောင်းသန့်ရှင်းရေးပြုလုပ်နေကြသော ကလေးငယ်များ