Dhamma Download

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

 

အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

 

 

 

 

download Myanmar font

 

Welcome to Dhammadownload

 

 

Dhammadownload e-learning အွန်းလိုင်း ဓမ္မသင်တန်းများ တက်ရောက်ရန်

 

  Please download our  dhamma-download mobile app  

click here==>          click here==>  

 

 

 

ဤ website တွင် ရှာဖွေရန်် အောက်ပါ box တွက် စာရိုက်ပါ

 


Quick Links
Updated on Topic name
University of Wisdom Land ပညာဘူမိတက္ကသိုလ် သုတဓမ္မ ဒီပလိုမာ သင်တန်းများ
  ပါမောက္ခချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ

ဟောကြားတော်မူသောတရားတော်များ

MP4

MP3

ပိဋကတ်သုံးပုံအနှစ်ချပ် ကျမ်းစာတော်
ကံကြီးကံငယ်ဆိုင်ရာ
ကမ္မာကမ္မဘာသာ
   
   

 

This is the Dhamma Download Home Page. In this Web Site , you can freely download or listen on-line most of the Dhamma Talks which were given by Myanmar monks over the years. This website is created by a group of Myanmar in Singapore, dedicated to all Buddhist all over the world.

 

ဗုဒ္ဓဘာသာဝင် တို့အတွက် မြတ်ဗုဒ္ဓ၏တရားတော်များကို လွယ်လင့်တကူ နာယူမှတ်သားနိုင်ရန်အတွက် dhammadownload.com ကို 2002 ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဆရာတော်ကြီးများ ဟောကြားခဲ့သော တရားတော်များကို OnLine Media Library အဖြစ် တင်ပြလာခဲ့သည်မှာ ယနေ့ဆိုလျှင် MP3 အသံ တရားတော် အပုဒ်ရေ ပေါင်း ၃ သောင်းကျော်၊ mp4 ဗီဒီယို တရားတော်ပေါင်း ၄ထောင်ကျော်၊ eBooks စာအုပ်ပေါင်း ၄ထောင်ကျော်တို့ကို စုစုပေါင်း ၂ တယ်ရာဂါဘိုက် ခန့်တင်ပြထားရာ ဗုဒ္ဓဘာသာဝင်တို့အတွက် ဒီဘဝနှင့်ပင် ခန္ဓာဉာဏ်ရောက် သစ္စာဆိုက်အောင် သူတော်ကောင်းတရားများ ကျင့်ကြံ အားထုတ်ဖို့ရန် အခွင့်ထူးကြီးပင်ဖြစ်ပါသည်။ ခေတ်နှင့် အညီ လိုက်၍ သူတော်စင်တို့၏ သွားရင်း လာရင်း ရရှိသည့် အားလပ်သည့် မိနစ်ပိုင်းလေးတွေမှာပင် တရားတော်များနှင့် ထိတွေ့နိုင်ရန် iPhone/iPAD နှင့် တချို့သော Mobile Device များပါ မကျန် dhammadownload.com ပေါ်ရှိှ တရားများကို နာယူနိုင်ရန် စီစဉ်ထားရှိပါသည်။ သို့ပါ၍ ဤကဲ့သို့သော အခွင့်ထူးကြီးကို လက်လွတ်မခံကြပဲ မိမိတို့ အခါအခွင့်သင့်သလို တရားတော်များကို http://www.dhammadownload.com တွင် နာယူကြပါရန်နှင့် နီးစပ်ရာ ဓမ္မမိတ်ဆွေများကိုလည်း ဤ website အကြောင်း သတင်းကောင်း ပါး ပေးကြပါရန် လေးနက်စွာ တိုက်တွန်း အပ်ပါသည်…

 

 

Our Website Hosted since 26 August 2002.

 

dhammadownload.com တွင် သူတော်စင် ဦးရေ (နေ့စဉ်) ၆၀၀၀ ခန့်၊ ဝင်ရောက်လည်ပါတ်သည့်အကြိမ်ပေါင်း (နေ့စဉ်) ၂ဝဝဝဝခန့်၊ တရားတော် ဒေါင်းလုပ်သည့်ပမာဏ (နေ့စဉ်) ၇၀၀ ဂစ်ဂါဘိုက် ခန့်၊ (လစဉ်)ဒေါင်းလုပ်သည့်ပမာဏ ၂၁တယ်ရာဘိုက်ခန့် ရှိကြောင်း အားရ ကြေနပ်ဖွယ် တွေ့ရှိရပါသည်။ သူတော်စင်များ ယခုလို အားသွန်ခွန်စိုက် တရားတော်များကို နာယူ မှတ်သား လေ့ကျင့် နေကြခြင်းကို ဓမ္မဒေါင်းလုပ် မိသားစုမှ အလွန်ပင် ဝမ်းမြောက် မိပြီး သူတော်စင်တို့၏ ဖြူစင် အေးချမ်းသော ကောင်းမှု ကုသိုလ်များအတွက် သာဓု ခေါ်ဆို မိပါသည်။

ထိုနည်းအတူ၊ ကျွန်တော်၊ ကျွန်မတို့ သည် ဗုဒ္ဓ၏ တရားတော်များကို ဤ website တွင် ပူဇော်တင်ပြရသော ကုသိုလ်အဖို့ဘာဂကို တရားနာကြရကုန်သော လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့နှင့် တကွ ၃၁-ဘုံသားတို့ အား အမျှပေးဝေ လိုပါသည်။ အားလုံး အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာပြီး  မြတ်ဗုဒ္ဓ၏ တရားတော်များ ရင်ဝယ်ပိုက်၍ ထာဝရ ငြိမ်းအေးကြပါစေ....

သူတော်ကောင်း၊ သူမြတ်လောင်းတို့ ပေးပို့သော ကုသိုလ် အဖို့ဘာဂ နှင့် အမျှကိုလည်း ကျွန်တော်၊ ကျွန်မတို့ က ဝမ်းမြောက် ဝမ်းသာ သာဓု အနုမောဓနာ ခေါ်ဆိုပါကုန်၏....

အားလုံး.....အမျှ....အမျှ....အမျှ....ယူတော်မူကြပါကုန်လော့.............

သာဓု....သာဓု.....သာဓု.......

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုု......ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု.......ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု.......
 

ဗုဒ္ဓဘာသာ သည် ပညာရေးစနစ်ကို အခြေခံသော ဘာသာတရားဖြစ်ပါသည်။ ဗုဒ္ဓ၏ စကားတော်များကို နားလည်၍ လက်တွေ့ဘဝတွင် ကျင့်သုံးနိုင်ရန် ဗုဒ္ဒဘာသာ ပညာရပ်များကို လေ့လာရေးသည် ဘာသာဝင်တိုင်း၏ တာဝန် ဖြစ်သည်။ ဗုဒ္ဒဘာသာ ပညာရပ်များကို လေ့လာခြင်းဖြင့် ဘာသာတရားကို စောင့်ရှောက်ကြပါစို့...

 

ကြိုတင်ခွင့်ပြူချက်

~~~~~~~~~~

 

ဓမ္မဒေါင်းလုပ် website ကို InternetTraffic နိုင်အောင် 1Gbps Internet Bandwidth, Dedicated Server with SSD Hardisk array များဖြင့်, စီစဉ်ထားပါသည်။ ယ္ခု ဓမ္မဒေါင်းလုပ် website မှ တရားတော်များ၏ URL Link များကို မိမိတို့၏ ကိုယ်ပိုင် website မှ တိုက်ရိုက် ပြန်လည် Link လုပ်၍ အသုံးပြုလိုပါက ခွင့်ပြူပါကြောင်း အသိပေးအပ်ပါသည်။

 

 

စကာင်္ပူနိုင်ငံ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ လိပ်စာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

Special Prayers for everyone

~~~~~~~~~~~~~~~~~

သဘာဝရဲ့ ဘေးအန ္တရယ်နှင့် ဒုက္ခဆင်းရဲတို့ကို ခံစားနေရသော လူ၊ နတ်၊ သတ္တဝါတွေ၊
ဘေးဒုက္ခအန ္တရယ်များကို ကျော်လွှားနိုင်ကြပါစေ...
ဘေးဒုက္ခခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ..
ကျန်းမာ..ချမ်းသာ ကြပါစေ...

၁။ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဥှိ စေဝါနုယုဥ္ဇန္တော၊ ရတ္တိန္ဒိ၀ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဥ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၄။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
၅။န စ ခုဒ္ဒ မာစရေ ကိဥ္စိ၊ ယေန ၀ိညူ ပရေ ဥပ ဝဒေယျုံ။ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘဝန္တု သုခိတတ္တာ။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာဝ နဝသေသာ။ ဒီဃာ ၀ါ ယေဝ မဟန္တာ၊ မဇ္စျိမာ ရဿကာ အဏုကထူလာ။
၇။ဒိဋ္ဌာ ၀ါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဥ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။
၉။မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၁၀။မေတ္တဥ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဥ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊ သယာနောယာဝတာဿ ၀ိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာတု။
၁၂။ ဒိဋ္ဌိဥ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ၀ိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။ မေတ္တသုတ္တံ နိဋ္ဌိတံ။